Tuesday, May 7, 2013
အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး
Posted on 6:03 AM by tun tun
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ထဲက တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဖေါ်ပြပြီး
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊ စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁) ဦး ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့ ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB ( နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့ ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့ ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ် Hefajat –e- Islam ဘာသာရေး အဖွဲ့တို့ကြား နိုင်ငံ အနှံ့အပြားမှာ တိုက်ခိုက်မူတွေ အပြန်အလှန် ပေါ်ပေါက်နေတဲ့ အတွက် ခရီးသွားလာရေး လုပ်ငန်း တွေဟာလည်း ရပ်တန့်နေပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ၊ ဘတ်စ်ကား တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အချက် (၁၃) ချက်ပါတဲ့ တောင်းဆိုချက်ကို တောင်းဆိုထားပြီး အစိုးရက အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဒက္ကားမြို့တော်ကို လေးဘက် လေးတန်က ၀ိုင်းပြီး ဆန္ဒပြ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင် သိန်းချီပြီး ပါဝင်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီက ထောက်ခံထားပြီး အစ္စလာမ်မစ် Hefajat –e-
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တာဝန်ရှိသူတွေက အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ အကြီးအကဲ Allama Shafi ကို ဒက္ကားကနေ သူ့နေရပ် စစ်တကောင်းမြို့ကို လေယာဉ်နဲ့ အတင်းအကျပ် ပြန်ပို့လိုက်ပြီ အထွေထွေ အတွင်းရေ့းမှူး Junaid Babunagari ကိုတော့ မနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
ခုလို ဖြစ်ပျက်နေတဲ့ အပေါ် ဘင်္ဂလာဒေခ်ျ့က သာမန်ပြည်သူတွေ အကြားမှာ အထူး စိုးရိမ်မူတွေလည်း တိုးပွားနေပါတယ်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး"
Leave A Reply