Thursday, May 9, 2013

ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ်

Posted on 5:13 AM by tun tun

ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ် 

ရန်ကုန်၊မေ ၈။

ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပပြုလုပ်သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့် ရခိုင်အမျိုးသားအင်အားစုများ တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ရခိုင်ဟာ သယံဇာတတွေ၊လယ်မြေတွေ ပေါများတယ်။အခုချိန်မှာလယ်စိုက်ဖို့လည်း အဆင်သင့်မဖြစ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေက စိုက်ပြီးသားလယ်တွေလည်း ကောင်းကောင်း မရိတ်သိမ်းလိုက်ရဘူး။ဒီအချိန်မှာ ကျွန်တော်တို့ ဒါတွေကို ဘယ်လိုကျော်လွှားကြမလဲ။ ဒါတွေကို ကျော်လွှားဖို့ စွမ်းရည် မြင့်တဲ့လူတွေ လိုနေပါပြီ။ ဘယ်လောက်ပဲ စွမ်းရည် မြင့်နေပါစေ။ လူတွေ ကွဲပြားနေရင်လည်း အပိုပါပဲ။ ဒါကြောင့် အားလုံး စုစုစည်းစည်းရှိဖို့ လိုပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင် မြန်မာပြည်၌လူဦးရေသန်း၆၀ ရှိသည့်အနက် ရခိုင်လူမျိုးစုဦးရေမှာ ၃ သန်းခန့်သာရှိပြီးရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းနေကြောင်း၊ရခိုင်ပြည်နယ်အတွင်း အမှန်တကယ်နေထိုင်သူမှာ ၂သန်းကျော် သာရှိကြောင်းသိရသည်။

“မြန်မာအစ ပျူကဆိုပြီးခု ပျူလူမျိုးဆိုတာ မရှိတော့ဘူး။ တစ်ချိန်တုန်းကရခိုင် ဘယ်လို ရွှေထီးဆောင်းခဲ့လဲ။ကျွန်တော်တို့ မစောင့်ရှောက်ရင် ကျွန်တော်တို့ ရခိုင်ဆိုတာ စာအုပ်ထဲမှာပဲ ကျန်ခဲ့မှာ။ဒါကြောင့် ရခိုင် ပြည်သူပြည်သားတွေကို ရခိုင်ပြည်ကြီးက အမြဲတမ်းနွေးထွေးစွာ ကြိုဆိုနေပါတယ်” ဟု ဦးဇော်အေးမောင်ကပြောကြားသည်။

ရခိုင်လူမျိုးများအနေဖြင့် မိမိလူမျိုးကို ထိန်းသိမ်းရမည်ဖြစ်ပြီးမိမိအရပ်ဒေသကို ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်သည်ဟု ဆိုရာတွင်လည်း ဥပဒေနှင့်အညီသာ စောင့်ရှောက်သွားမည်ဖြစ်ပြီး ဥပဒေအကာအကွယ်အောက်တွင် လိမ္မာပါးနပ်စွာ စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်

No Response to "ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ်"

Leave A Reply