Tuesday, May 7, 2013
ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ သတ်မှတ်ကျင်းပသော ရခိုင်အမျိုးသားနေ့
Posted on 7:16 AM by tun tun
မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးတိုင်းလိုလို အမျိုးသားနေ့များကို ယခုအခါ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပလာကြသည်။ ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနြေ
မြောက်ဦးမြို့သည် ရခိုင်တစ်မျိုးသားလုံး၏ ဘူမိနက်သန် နန်းစိုက်ရာ နေရာဖြစ်သည်။ ထိုနေရာကို ရခိုင်ဘုရင် မင်းစောမွန်က ရွေးချယ်ခဲ့သည်။ ရခိုင်လောင်းကြက်မြို့မှ မြောက်ဦးမြို့တည်နေရာသို့ နန်းမြို့တော်ကို ပြောင်းရွှေ့စဉ် မိန်လဂ်၊ မိန်စန်းနှင့် တည်ပါက သူ၏ အသက်ရှည်ပြီး၊ တိုင်းပြည်အသက်တိုမည်။ ကန်လဂ်၊ ကန်စန်းနှင့် တည်ပါက သူ၏ အသက်တိုပြီး တိုင်းပြည်အသက်ရှည်မည်ဟု ပုရောဟိတ်များက ဆိုလာသောခါ မိမိအသက်တိုပြီး တိုင်းပြည်အသက်ရှည်ရန်ကိုသာ ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့သည်။ မင်းစောမွန်သည် ရခိုင်လူမျိုးတည်တံ့ခိုင်မြဲရေး
ရခိုင်လူမျိုးတို့သည် ဗျာလ်လရုပ်ကို လာဘ်ကောင်အဖြစ် အသုံးပြုခဲ့ကြသည်။ ဘုရားပုထိုးစေတီကျောင်းကန်များတ
´´စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှီမြောက်ဦး´´ ဟု စာဆိုနှင့်အညီ ရခိုင်ဘုရင်မင်းဘာကြီးလက်ထက်တွင
ငါတို့ပြည်ကို ငါတို့အသက်ဆက်ကြပါစို့။
အို......ရခိုင်သူ၊ ရခိုင်သားအပေါင်းတို့
ကျွန်ုပ်တို့အားလုံး မင်းစောမွန်နှင့် ရခိုင်အာဇာနည် သျှင်မြ၀ါတို့
ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုတို့ကို အလေးအမြတ်ထားကြလော.............
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတည်တံ့ရေးကို အားပြုကြလော...................
အဖရခိုင်ပြည်အကျိုးအတွက်
သင်တို့၏ စိတ်နှင့်ကိုယ်ကို သဲတစ်မှုန်၊ မြူတစ်မှုန်အဖြစ် အားစိုက်ကြလော.................
လုံ့လပြုကြလော၊ ညီညွတ်ကြလော...................
ယခုလာမည့် ၂၀၁၃ ခုနှစ်၊ တော်သလင်းလပြည့်တော် (၁) ရက်နေ့ကို
၅၈၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့အဖြစ်
တစ်မျိုးသားလုံး အလေးအနက်ထားကြလောဟု တိုက်တွန်းလိုက်ပါသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
၁-၃-၂၀၁၃
အာရကန်လှိုင်းသံအမှတ် (၆) ပါ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မိတ်ဆွေဖတ်ပြီး တခြားရခိုင်သူ၊ ရခိုင်သားများထံသို့ ဖြန့်ဝေပေးပါ။ မိတ်ဆွေ၏ အကြံဥာဏ်များ၊ ဝေဖန်လွှာများကို လည်း ကြိုဆိုပါသည်။
ဦးဦးကျော်သိန်း
မြောက်ဦးမြို့နယ်အတွင်းရေးမှူး
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်။
ဤဆောင်းပါးသည် ယခု ရခိုင်ပြည်သူတစ်ရပ်လုံး၏ အမျိုးသားနေ့သတ်မှတ်ရေးအတွက် တစ်ဖက်တလမ်းမှ အထောက်အကူးပြုရန် ပြန်လည် တင်ပြပေးခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No Response to "ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ သတ်မှတ်ကျင်းပသော ရခိုင်အမျိုးသားနေ့"
Leave A Reply