Saturday, January 12, 2013

KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်

Posted on 4:17 PM by tun tun


သတင်း - ပြည်တွင်း
Kachin 0723113ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ အစိုးရ၏ ဒေါ့ဖုန်ယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောပါသည်။ 
ဒေါ့ဖုန်ယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြနေပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ () နာရီ အထိ မသိရသေးဘူး။ဟု ဆိုပါသည်။
ထို့အပြင် ယနေ့ မနက်ပိုင်း၌လည်း လိုင်ဇာမြို့ အနောက်ဖက် () မိုင်အကွာ၌ ရှိသော ခါရာဘွန် တောင်ဖက်၌ တနေ့လုံး တိုက်ပွဲဖြစ်ပွား နေခဲ့သလို မြစ်ကြီးနား-လိုင်ဇာလမ်းကြောင်းမှ နမ်းဆန်ယန် ကျေးရွာ ၀န်းကျင်၌လည်း တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ တနေကုန် တိုက်ပွဲဖြစ်ပွားနေသော်လည်း လက်နက်ကြီးများမှ တပါး လေကြောင်း တိုက်ခိုက်မှု မရှိဟု ဆိုပါသည်။
ဇန္နာဝါရီ () ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သော KIA တပ်ရင်း (၂၄) စခန်း နေရာဖြစ်သည့် ဖွန်းပျန်ဘွမ် စခန်းနေရာ ဖက်၌ ယနေ့ တိုက်ပွဲများ မရှိသဖြင့် KIA တပ်များသည် စခန်း ၀န်းကျင်ကို ရှင်းလင်းခဲ့ရာ ထိခိုက် ဒါဏ်ရာ ရရှိထားသော နေရာများစွာကို တွေ့ရှိရပါသည်။
http://www.facebook.com/photo.php?v=409665399113665&set=vb.100002106266061&type=2&theater
အစိုးရ တပ်များသည် ဤကဲ့သို့ ထိခိုက်ကျဆုံးမှု များပြားသောကြောင့် () ရက်တာမျှ စစ်ဆင်မှု မလုပ်နိုင်တော့ဘဲ လှုပ်ရှားမှု နဲပါးလာခြင်းဖြစ်သည်ဟု KIA ဖက်မှ ယူဆထားပါသည်။ ဤသို့သော အခြေအနေမျိုးကြောင့် KIA မှတန်ပြန် စစ်ဆင်မှု ပြုလုပ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်ပါသည်။ 
U Zaw Raw
နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသော ကချင်ခေါင်းဆောင်များ (ဓါတ်ပုံ KIA)
အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး ရည်ရွယ်ချက်များကို မသိရသော်လည်း ၄င်းတို့၏ လှုပ်ရှားမှုများမှာ ငြိမ်သက်နေပါ သည်။ ဤငြိမ်သက်မှုသည် ငြိမ်းချမ်းရေးအတွက် ပြည်သူ့ လွှတ်တော်၏ တိုက်တွန်းချက်နှင့်လည်း သက်ဆိုင်နိုင်သ လို၊ သွေးစည်းညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ၏ ထုတ်ပြန်ချက်နှင့်လည်း သက် ဆိုင်နိုင်ပါသည်။ http://www.phophtaw.org/burmese/index.php/statement-pressrelease/statement/2634------kiokia--.html
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများသည်လည်း အစိုးရ စစ်ဆင်ရေးများကို ရှတ်ချသည့် အနေနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံအပါဝင် UN ကလည်း စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား ခဲ့ပြီးဖြစ်ပါသည်။ ဤသို့ကြောင့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးသည် အစိုးရအပေါ်၌သာ မူတည်မည်ဖြစ် ပါသည်။

No Response to "KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်"

Leave A Reply