Tuesday, August 20, 2013

ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ

Posted on 7:24 PM by tun tun


Dr.Aye Chan's open-letter to the BBC Myanmar Section in Myanmar and English
..............................
...............

Credit to: ဇွဲသစ် (ရမ္မာမြေ)
...................................


++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဘီဘီစီ အသံလွှင့်ဌာန ခင်ဗျာ
၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ မနက်ပိုင်းမြန်မာဘာသာအစီအစဉ်မှာ ဗြိတိန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း၏ ဥက္ကဌဆိုသူ ဦးထွန်းခင်နဲ့ ဘီဘီစီတို့ အင်တာဗျူးကို နားဆင်လိုက်ရပါတယ်။ ဒီကိစ္စမှာ ဘက်နှစ်ဘက်က ရှုမြင်သုံးသပ် နိုင်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက မူဆလင်တွေအပေါ် မြန်မာစစ်တပ်က ပြင်ပြင်းထန်ထန် နှိပ်ကွပ်ခဲ့မှုတွေကို ကျွန်တော်တို့ မငြင်းပါဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ ရက်စက်စွာ နှိပ်ကွပ်မှုကို ခံစားခဲ့ရသူတွေဟာ မူဆလင်တွေ ချည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် သတင်းမီဒီယာတွေက တခြား မျိုးနွယ်စုတွေထက် ရိုဟင်ဂျာတွေကို ဘာ့ကြောင့် ပိုပိုကဲကဲ စိုးရိမ်ပူပန်နေရသလဲဆိုတာကို ကျွန်တော်တို့ သိချင်ကြ ပါတယ်။
‘ရိုဟင်ဂျာ’ ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုဖို့ဆိုတာက ဆွေးနွေးဖြေရှင်းစရာ ပြဿနာတစ်ရပ် ဖြစ်နေပြန်ပါတယ်။ ဒီ ‘ရိုဟင်ဂျာ’ လို့ ခေါ်သူတွေဟာ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ခံကာလက လယ်ယာမြေတွေမှာ ခိုင်းစေခဲ့တဲ့ ဘင်္ဂါလီသူရင်းငှားတွေက ဆင်းသက်လာသူတွေသာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကိစ္စကို သမိုင်းကောက်ကြောင်းတွေနဲ့ သက်သေပြခဲ့ပါပြီ။ ကျွန်တော့်ဆောင်းပါးကို ‘အရှေ့တိုင်းနှင့်အာဖရိက ဘာသာရပ်သင်ဌာနမှ ထုတ်ဝေ သော မြန်မာနိုင်ငံသုတေသန စာစောင်အတွဲ (၃-၂) (SOAS Bulletin of Burma Research 3-2)’ မှာ ဖတ်ရှုနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို အချေအတင် ဆွေးနွေးဖို့ ကျွန်တော့်အနေနဲ့ အဆင်သင့် ရှိနေပါတယ်။ သူတို့တွေဟာ ကိုလိုနီခေတ်က ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်ခဲ့ကြပါတယ်။ ရခိုင်တွေကလည်း သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ရခိုင်ပြည်နယ်မှာ သူတို့သာ လူများစုဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးမကြေညာမီမှာပဲ ရခိုင်ပြည်နယ်ကို အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံ) အတွင်း ထည့်သွင်းပေါင်းစည်းပေးဖို့ သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။ ပါကစ္စတန်ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုချက်ကို လက်မခံတဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ကြေညာခဲ့ကြပါတယ်။ တောတွင်းစစ်ပွဲမှာ သူတို့တွေ အရေးနိမ့်သွားတဲ့အခါ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အမည်နာမကို ဖန်တီးမွေးဖွားပြီး သူတို့အတွက် ‘ရိုဟင်ဂျာနိုင်ငံ’ ကို တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးနွယ်စုတစ်စု ဘယ်တုန်ကမှ မရှိဖူးခဲ့ပါ။
လွှတ်တော်အမတ် ဆမစ်က ပြောခဲ့တယ်။ ပါကစ္စတန်နီတွေ၊ အာရပ်တွေနဲ့ အိန္ဒိယလူမျိုးတွေဟာ မျိုးဆက်များစွာ နေထိုင်လာကြပြီးနောက် ဗြိတိန်နိုင်ငံသားတွေ ဖြစ်လာကြပါတယ်တဲ့။ ကျွန်တော် ဆမစ်နဲ့ သဘောတူပါတယ်။ ဒါပေမယ့် အဲဒီ ဗြိတိန်နိုင်ငံတွင်းသို့ ပြောင်းရွှေဝင်ရောက်နေထိုင်လာသူတွေဟာ ‘နိုင်ငံတော်ပိုင်နယ်မြေတစ်ခုကို ပေးပါ’ ဆိုပြီး မတောင်းဆိုပါဘူး။ စကော့လူမျိုးတွေ၊ အိုင်းရစ်တွေ၊ ဝေလနယ်သားတွေလိုမျိုး သီးခြားမျိုးနွယ်စု အဖြစ်ရပ်တည်နိုင်မှုကို တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ မြောက်ပိုင်းပင်လယ်ထဲမှာတောင် သူတို့တွေအတွက် သီးခြားနိုင်ငံ တောင်းဆိုမနေကြပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလူမျိုးလို့သာ ခေါ်ကြပါတယ်။ (၁၉၄၇) ခုနှစ်မှာ ဒီစစ်တကောင်းနယ်သား ဘင်္ဂါလီတွေက ရခိုင်တိုင်းကို နှစ်ပြည်ထောင်အဖြစ် ပိုင်းခြားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်လို့များ ပြောင်းရွှေ့ဝင်ရောက်နေထိုင်လာသူတွေကိုသာ ဘိုးဘွားပိုင်မြေကို တစ်စိတ်တစ်ဒေသအနေနဲ့ ပေးလိုက်ရမယ်ဆိုရင် ဒေသခံရခိုင်သူ၊ ရခိုင်သားတွေ ဘယ်လိုမျိုး ခံစားရမှာလဲ? ကျွန်တော့်အနေနဲ့ ဘီဘီစီ နဲ့ ဦးထွန်းခင်ကို ဒီလိုပဲ မေးခွန်းထုတ်ချင်ပါတယ်ခင်ဗျာ။

ရိုးသားဖြူစင်စွာ

အေးချမ်း
သမိုင်းပါမောက္ခ
အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဌာန
၁-၄-၁ ၀ါကာဘာ၊ မီဟာမာဟု၊ ချီဘာ ၂၆၁-၀၀၁၄၊
ဂျပန်နိုင်ငံ။


ဘာသာပြန်သူ = ဇွဲသစ် (ရမ္မာမြေ)

Source : http://www.wontharnu.com/index.php/2012-05-03-00-20-35/72-open-letter-of-draye-chan-to-bbc-burmese

Original Letter by Dr. Aye Chan
...........................................

Dear BBC:

I listened to your interview with U Tun Khin, the Chairman of the Rohingya Association of Britain on the morning Burmese program of September 1st, 2010. There are two dimensions in this case. We don't deny these Muslims have faced severe suppressions in the northern Arakan by the Burmese military. However, they are not only ethnic group under brutal oppression of the junta. We are wondering why the world's famous medias are more concerned with Rohingya than other ethnic minorities.

To recognize "Rohingya" as a national indigenous people is a different issue. These people were descendents of the Bengali agricultural laborers in the British colonial period. I have historically proved that. You can read my article in "SOAS Bulletin of Burma Research 3-2." I am ready to debate with any scholar on this topic. They came to live in Arakan State in the colonial period. The Arakanese people welcomed. After the Second World War, they were the majority in that area and before the declaration of independence they demanded the area to be incorporated into East Pakistan that is now Bangladesh. When the Pakistani leaders discouraged their demand they declared Jihad on the Union of Burma. When they lost the jungle war, they created the term "Rohingya," calling for the "Rohingya State" for them. There has never been such an ethnic group in Burmese history.



I agree what the Congressman Smith said that after living for generations these Pakistani, Arabs and Indians became British Citizens. But these immigrants in Britain are not demanding a national territory. They are not demanding a separate ethnic identity, like Scottish, Irish or Whales. They are not calling for a national area of themselves even in the North Sea. They call themselves British. In 1947 these Chittagonian Bengalis demanded the partition of Arakan into two states. How would the native Arakanese feel if their ancestral land is divided to give away a part to the immigrants? I want to ask BBC and U Tun Khin.
Sincerely,

Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan
Tel. (Office)

http://arakanindobhasaa.blogspot.com/2011/11/sky-high-liar-bbcs-kye-tha-ma-on-sunday.html

............
Sources: Rakhapura

No Response to "ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ"

Leave A Reply