Monday, August 19, 2013

စုကြည်က နိုင်ငံခြားသားကို ယူထားလို့ လက်ရှိဖွဲ့စည်းပုံ အတိုင်းဆိုရင် သမ္မတမဖြစ်နိုင်လို့ ပြင်ခိုင်းနေတာပေါ့ လို့ပြောပြခဲ့ပါတယ်။

Posted on 5:28 PM by tun tun

စုကြည်က နိုင်ငံခြားသားကို ယူထားလို့ လက်ရှိဖွဲ့စည်းပုံ အတိုင်းဆိုရင် သမ္မတမဖြစ်နိုင်လို့ ပြင်ခိုင်းနေတာပေါ့ လို့ပြောပြခဲ့ပါတယ်။
အဲဒီစကားကြားလိုက်တော့ အတွေးထဲမှာ စုကြည်သာ မြန်မာနိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ခိုင်းဖို့ ပြောစရာမလိုဘဲ အလိုအလျောက် ပြည်သူတင်မြှောက်တဲ့ ၂၀၁၅ သမ္မတဖြစ်ခွင့်ရမှာ သေချာပါတယ်။

ဒါပေမယ့် နိုင်ငံခြားသားကိုလက်ထပ်မိလို့ သမ္မတဖြစ်ခွင့်မရခဲ့ရင်လဲ စိတ်ထိခိုက် မနေပါနဲ့။ ကိုယ်ကိုယ်တိုင် ပြန်ပြင်လို့မရတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့လို့ သား (၂) ယောက်တောင် ရနေပြီ မို့လား။

စုကြည်သာ ရွှေအိမ်သည်ဆိုတဲ့ မင်းသမီးလေးလို မျိုးစောင့်တရားရှိခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ တွေးမိပါ တယ်။ ရွှေအိမ်သည် ကိုတော့ နိုဘယ်ဆုရှင်စုကြည် သိမယ်ထင်ပါတယ်။
ကျန်စစ်သားမင်းကြီးရဲ့ သမီး ပုဂံနှင်းဆီလို့ တင်စားခေါ်ဝေါ်ခဲ့ ရတဲ့ ပုဂံပြည်ရဲ့ အနာဂတ် အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မင်းသမီး တစ်ပါးဖြစ်ပါ တယ်။ ရွှေအိမ်သည် မင်းသမီးလေးရဲ့ မျိုးစောင့်တရားထိန်းသိမ်းခဲ့ပုံလေးကို သမိုင်းကြောင်းထဲက အတိုင်း ပြန်သတိရစေဖို့ ပြောပြ ချင်ပါတယ်။

ပုဂံဧကရာဇ် နိုင်ငံတော်ရဲ့ အရှင်သခင် ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်သည်နဲ့ ပဋိက္ခရားကုလား မင်းသားတို့ ချစ်ကြိုက်နေတာ ကို တစ်နေ့တော့ သိသွားတယ်။ အဲဒီလို သိသွားတဲ့ နောက်ပိုင်း ညီလာခံ သဘင်မှာ သမီးတော်လေးရဲ့ ချစ်ရေးချစ်ရာကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး မှူးကြီး မတ်ရာတွေနဲ့ တိုင်ပင်တယ်။

ကျန်စစ်သားမင်းကြီးကို မှူးမတ်တွေက ဘယ်လိုလျှောက်တင်ခဲ့သလဲဆိုတော့

“ မှန်လှပါမင်းကြီး …. ရွှေအိမ်သည် မင်းသမီးလေးကို ပဋိက္ခရား ကုလားမင်းသားနဲ့ လက်ထပ်ထိမ်းမြှားပေးမယ်ဆိုရင် ပုဂံနေပြည်တော်ဟာ နောင် အရှည်မှာ ကုလားပြည်ဖြစ်တော့မယ် ”

လို့ လျှောက်တင်ခဲ့ကြပါတယ်။
ဒီတော့ ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်သည်ကို ပဋိက္ခရား ကုလားမင်းသားနဲ့ မပေးစားခဲ့ပါဘူး။ ရွှေအိမ်သည် မင်းသမီးလေးကလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အဿဝတီဓမ္မ ၏ သား၊ နာဂသမန်း ဆိုတဲ့ ကိုယ့်နိုင်ငံသားကိုပဲ သဘောတူ ကြည်ဖြူစွာ လက်ထပ်ခဲ့တယ်၊

နောက်ပိုင်းမှာ အလောင်းစည်သူ အလောင်းအလျာကို မွေးဖွားခဲ့တယ်။ ယနေ့အချိန်ထိ ပုဂံပြည်ဟာ စေတီပုထိုး ဂူအမျိုးမျိုးနဲ့ မြန်မာ့ ယဉ်ကျေးမှု ဗိသုကာ မြို့တော်အဖြစ် နောင်သားစဉ်မြေးဆက်တိုင်အောင် ဂုဏ်ယူဝင့်ကြွားနေရဆဲပဲ ဖြစ်ပါတယ်။

အကယ်၍ ရွှေအိမ် သည် မင်းသမီးသာ ပဋိက္ခရားနဲ့ လက်ထပ်ခဲ့ရင် ပုဂံပြည်ရဲ့ စေတီဘုရားတွေနေရာမှာ ဗလီတွေ များနေရာယူနေပြီလား မပြောတတ် ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မှ အမေစု သမ္မတဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မထောက်ခံနိုင်ဘူးလို့ဘဲ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။

စုကြည်သာ ရွှေအိမ်သည် မင်းသမီးလို မျိုးစောင့်တရားရှိခဲ့လျှင် ၂၀၁၅ မှာ သမ္မတဖြစ်ခွင့်ရနိုင်ပါတယ် ။ အခုတော့ …. ။

အောင်ချေ(စစ်တွေ)

No Response to "စုကြည်က နိုင်ငံခြားသားကို ယူထားလို့ လက်ရှိဖွဲ့စည်းပုံ အတိုင်းဆိုရင် သမ္မတမဖြစ်နိုင်လို့ ပြင်ခိုင်းနေတာပေါ့ လို့ပြောပြခဲ့ပါတယ်။ "

Leave A Reply