Sunday, August 18, 2013

စစ်တေမြို့တွင် ရခိုင်သယံဇာတအကျိုးစီးပွားများကို ရခိုင်ပြည်သူ၊ ပြည်သားများခံစားခွင့်ရရှိစေရန် ဆန္ဒပြုလက်မှတ် စုဆောင်းရှင်းလင်းပွဲ ကျင်းပပြီးစီး

Posted on 5:39 PM by tun tun



============================RSV
စစ်တွေ၊ သြဂုတ်(၁၈)
ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးစီးဦးဆောင်ပြီးပြုလုပ်သည့် ရခိုင်သယံဇာတအကျိုးစီးပွားများကို ရခိုင်ပြည်သူ၊ ပြည်သားများခံစားခွင့်ရရှိစေရန် ဆန္ဒပြုလက်မှတ် စုဆောင်းရှင်းလင်းပွဲ တစ်ရပ်အား ယနေ့ ၁၈-၈-၂၀၁၃ နေ့၊ နေ့လည် (၁း၀၀)နာရီတွင် စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဦးခိုင်ပြည်စိုး၊ ဦးသန်းထွန်း၊ ဦးသာပွင့်နှင့် ဒေါ်အေးနုစိန်တို့မှ တက်ရောက်လာသူများအား ဆန္ဒပြုလက်မှတ်စုဆောင်းရခြင်းအကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို (၃း၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ရခိုင်လူထုများမှ ရခိုင်သယံဇာတအကျိုးစီးပွားများကို ရခိုင်ပြည်သူ၊ ပြည်သားများခံစားခွင့်ရရှိစေရန်
ဆန္ဒပြုလက်မှတ်ရေးထိုးသည့်စာရွက်တွင် စိတ်ပါဝင်စားစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။

No Response to "စစ်တေမြို့တွင် ရခိုင်သယံဇာတအကျိုးစီးပွားများကို ရခိုင်ပြည်သူ၊ ပြည်သားများခံစားခွင့်ရရှိစေရန် ဆန္ဒပြုလက်မှတ် စုဆောင်းရှင်းလင်းပွဲ ကျင်းပပြီးစီး"

Leave A Reply