Monday, August 19, 2013

ရခိုင်မြေမှာ မစ္စတာကင်တားနား ယောင်လို့ တောင် ခြေချဖို့  မသွားမိပါစေနဲ့ တော့

Posted on 5:01 PM by tun tun


--



ဝါရှင်တန် ဒီစီ ကို ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးဦးလှစော က ရောက်လာမယ်- ဒါ့ကြောင့်မို့  နယူးယောက်မြို့ မှာ နေထိုင်တဲ့  ကိုထွန်းလှိုင်ဆီ ဖုံးဆက်ပြီးသတင်းပေးလိုက်တယ် - ကို ထွန်းလှိုင်က အင်္ဂလိပ်စကား ပြောတတ်ပြီး လူရည်မွန်ကာ ဆက်ဆံရေးကောင်းသူ တစ်ဦးဖြစ်တယ် - နယူးယောက်မြို့ မှာ နေပေမဲ့  သူ့ က ဥက္ကဋ္ဌအဖြစ် ရခိုင်အဖွဲ့ အစည်းတစ်ခုကို ဦးဆောင်ထားတယ်- ကိုထွန်းလှိုင်က မလိုက်ဖြစ်နိုင်တော့ကြောင်း သူ့ ခမြာဝမ်းနည်းစကားနဲ့  တောင်းပန်ရှာတယ်- သူ့ မိန်းမက ခလေးမျက်နာမြင်တော့မှာမို့  မလိုက်ဖြစ်တော့ ကိုသန်းထွန်းအောင်ဆီ ဖုံးဆက်ခေါ်ရပြန်သေးတယ်- ကိုသန်းထွန်းအောင်က ကျွန်တော်နဲ့ အတူ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့  အတူ ကုလသမ္မဂညီလာခံကို တက်ရောက်ဖို့  အတူလိုက်ပါလာကြတဲ့  သမ္မတအကြံပေးအရာရှိတွေဖြစ်တဲ့  ဦးလှမောင်ရွှေ-ဒေါက်တာကျော်ရင်လှိုင်နဲ့  တွေ့ ဆုံပွဲမှာ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ သူဖြစ်တယ်- နယူးယောက်မြို့ က ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့  တွေ့ ဆုံလိုတဲ့ အတွက် အဲဒီလို တက်ရောက်ခဲ့ တဲ့ အတွက်ကြောင့် ကိုသန်းထွန်းအောင်ကို သတင်းပေး ပြောကြားရတာဖြစ်တယ်- ကိုသန်းထွန်းအောင်ကလဲဘဲ အင်္ဂလိပ်စကား ပြောနိုင်သူမို့  လူကြီးသူကြီးတွေနဲ့  တွေ ့ဆုံတဲ့ အခါ ဂုဏ်သိက္ခာရှိစွာ ဆွေးနွေးပြောဆိုနိုင်သူလဲဖြစ်တယ် - ဒါပေမဲ့ ကိုသန်းထွန်းအောင်ကလဲ သူ့ ကုမဏီက မန်နေဂျာက ဆေးရုံတက်နေရလို့  အလုပ်ဝင်ရက်သာ ဖြစ်လာခဲ့ ရင် ဖြစ်နိုင်မယ် ဆိုတာကို အကြောင်းကြားမယ်လို့  ပြန်ပြောပြတယ်-ကိုသန်းထွန်းအောင်ကတော့ ဘယ်ရခိုင်အဖွဲ့ အစည်းမှာမှ မပါဝင်ဘူး- ဒါပေမဲ့  သောကြာနေ့  ည-၁၁-နာရီထိ ဆိုတော့ မဖြစ်ပြန်တော့ မလွယ်တော့ဘူး-ဒါ့ကြောင့်မို့  သူတို့ မပါဘဲ တစ်ကိုတော် ခရီးဆန့် ခဲ့ ရတယ်-
ဦးဦးလှစောက ကုလားတွေအကြောင်းနဲ့ ပါတ်သက်လို့  မြန်မာနိုင်ငံက ပထမဦးစွာ အမေရိကပြည်ထောင်စုကို ရောက်ရှိလာပြီး ရေဒီိယိုအသံလွှင့်ဋ္ဌန -RFA- မှာ ဦးစွာပြောဆိုခဲ့ တဲ့  ရဲရဲတောက် ရခိုင်နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်တယ် ။ ဒါ့ကြောင့်မို့  ကျွန်တော်က သူ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့  ကြာသပတေးညမှာ နယူးယောက်မြို့ ကနေ သွားခဲ့ တယ်- မနက်--၃-နာရီမှာ သူ့ တည်းခိုရာ အိပ်ခန်းကို တံခါးခေါက်ရတယ်- အိပ်ရေးဆတ်သူ ဖြစ်လို့ ထင်တယ် - ဦးဦးလှစောက နိုးလာပြီး တံခါးဖွင့်ပေးလာတယ်- ကျွန်တော့်ကိုမြင်တော့ သူ့ မျက်နာပြုံးရွှင်သွားပြီး တအံ့တသြနဲ့  ကျွန်တော့်ကို ခရီးဦးပြုတယ်- သူထင်ထားတာက ကျွန်တော်ဟာ ဗိုက်တွေရွှဲပြီး ၀ဖီးနေတဲ့  လူတစ်ယောက်လို ဖြစ်နေမယ်လို့  ထင်ထားတာ- Skype-မှာ သူမြင်ဖူးတာက အယင်တုံးက ကျွန်တော့်ကို မြင်ဖူးတာကိုး- ခုတော့ ကျွန်တော်က ဗိုက်မရွှဲဘဲ သာမန်လူတစ်ယောက်လို မြင်နေရတော့ အံ့အားသင့်ကြောင်း ပြောပါတယ် -ကျန်းမာရေးအရ ၀ိတ်တွေလှော့နေရတာနဲ့  ထမင်းကို တပုဂံလောက်တောင် မစားတော့ဘူးဆိုတာ ပြောပြရသေးတယ်-
ဒီလိုနဲ့ ဘဲ ကျွန်တော်တို့ နှစ်ဦးသားဟာ မနက်-၃-နာရီကနေပြီး ပြောဆိုဆွေးနွေးနေလိုက်ကြတာ သူတို့ ရဲ့  လေ့လာရေးခရီးကားက ဟိုတယ်က မထွက်ခင်မှီအထိ ရှေးဖြစ်ဟောင်း ရခိုင်နိုင်ငံရေးအကြောင်းတွေ- အပေါင်းအသင်းရောင်းရင်းများတွေရဲ့  သာရေးနာရေးတွေ- မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေများနဲ့  အနာဂတ်အခြေအနေများကို ရေပက်မ၀င်ဆွေးနွေး ပြောဆိုကြတယ်- သူတို့ အဖွဲ့ က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လေ့လာေးခရီးစဉ်ဆိုတော့ သူတို့ ရဲ့  အဖွဲ့  ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်ဆွေက ကျွန်တော့်ကို ရခိုင်နိုင်ငံရေးသမားတစ်ဦးမို့  လက်ဆွဲနုတ်ဆက်ပါတော့တယ် ။ နောက် ဦးခင်မောင်ဋ္ဌေး ( VOA-အသံလွှင့်ဋ္ဌါနမှူး-(ငြိမ်း ) -နဲ့ ဦးသင်းကိုကို ( BBC သတင်းထောက်-ငြိမ်း ) ) တို့ က လာရောက်နုတ်ဆက်ကြတယ်- သူတို့ နှစ်ဦးကတော့ အသံလွှင့်ဋ္ဌနမှာ မလုပ်ကြတော့ဘဲ ဒီခရီးစဉ်မှာ ဘာသာပြန်သူများအဖြစ် လိုက်ပါလာသူများဖြစ်တယ်- အမေရိကန်အစိုးရရဲ့  ဋ္ဌာနမှာ ဘာသာပြန်အရာရှိများအဖြစ် ဆောင်ရွက်နေကြတာဖြစ်တယ်- သူတို့ နဲ့ က ကျွန်တော်တို့ ဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း သိကျွမ်းရင်းနှီးသူများဖြစ်တယ် ။
ဒီလိုနဲ့  ဘာသာပေါင်းစုံ လေ့လာရေးခရီစဉ်ကို ဦးဆောင်လာတဲ့ သူဖြစ်တဲ့  ဦးမြင့်ဆွေကို ကျွန်တော်က ခုလို ပြောဖြစ်လိုက်ပါတယ် - " မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာနိုင်ဖြစ်တယ် - ဒီဗုဒ္ဒဘာသာကိုးကွယ်တဲ့ နိုင်ငံကို ဘယ်သူမဆိုလာရောက်ကြလို့ ရှိရင် ဗုဒ္ဒဘာသာဝင်များပီပီ လေးစားလိုက်နာရမဲ့  စည်းကမ်းဆိုတာ ရှိတယ်- ကုလသမ္မဂ အတွင်းရေးမှူးချုပ်ရဲ့  လူ့ အခွင့်အရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ မစ္စတာကင်တားနားဟာ သူ့ ကိုယ်သူ ဘယ်ဘာသာကို ကိုးကွယ် ဆည်းကပ်နေပါစေ- ကျွန်တော်တို့ နဲ့ ဘာမှ မပါတ်သက်ဘူး- ဘယ်ရာထူးနဲ့  ဖြစ်ဖြစ် ဂရုစိုက်စရာ အကြောင်းမရှိဘူး- ဒါပေမဲ့  ရခိုင်ပြည်နယ်ကို လာရောက်လို့  ဆရာတော် တွေ-ရဟန်းင်္သဃာတော်တွေကို တွေ့ ဆုံတဲ့ အချိန်မှာ ဗုဒ္ဒဘာသာဝင်တွေရဲ့  ကိုးကွယ်ရိုသေမှုမျိုးနဲ့ တော့ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မယ်- ရွှေတိဂုံဘုရားပေါ် ဖိနပ်စီးပြီး တက်ခွင့်မရှိဘူး-ဒီလိုဘဲ ရခိုင်ပြည်နယ်က ရဟန်းင်္သဃာတွေကို ဘုန်းကြီးကျောင်း ပရ၀ုဏ်တွေကို မထီမဲ မြင်လုပ်ပိုင်ခွင့်မရှိဘူး- နောင်ကို ရခိုင်ပြည်နယ်ကို မစ္စတာကင်တားနား မလာရောက်ရအောင် ကျွန်တော်ကိုယ်တိုင် ပြောဆိုတိုက်တွန်းထားတယ်- ကင်တာနားကို ရခိုင်မြေပေါ်မှာ လုံးဝခြေချခွင့် မပေးတော့ဘူး-"
ကျွန်တော် ပြောဆိုတာကို ဘာသာပေါင်းစုံလေ့လာရေး ခရီး လာသူများနဲ့  ဦးခင်မောင်ဋ္ဌေး -ဦးသင်းကိုကိုတို့  သေသေချာချာ နားထောင်ကြတယ်- ပြီးတော့ အမှတ်တရ ဓါတ်ပုံကို ရိုက်ဖြစ်တယ်- ကျွန်တော်ပြောဆိုတာကို သက်သေအနေနဲ့  သတင်းရေးတင်တဲ့ အခါ ဓါတ်ပုံ ဖေါ်ပြမယ် လို့ လဲ ပြောပြလိုက်တော့ အသံလွှင့်ဋ္ဌါနမှူး ဘ၀ အနေနဲ့  နှစ်ပေါင်း-၂၀- ကျော်လောက် လုက်ကိုင်ခဲ့ သူများဖြစ်တဲ့  ဦးခင်မောင်ဋ္ဌေးတို့ က သဘောကို ကျလို့ -----

ခိုင်အောင်ကျော် ( နယူးယောက် )

( ဘယ်ဖက်မှ ဦးသင်းကိုကို- ဦးခင်မောင်ဋ္ဌေး- ဦးခိုင်အေင်ကျော် - ဦးမြင့်ဆွေနဲ့  ဦးဦးလှစော )

No Response to "ရခိုင်မြေမှာ မစ္စတာကင်တားနား ယောင်လို့ တောင် ခြေချဖို့  မသွားမိပါစေနဲ့ တော့"

Leave A Reply