Wednesday, March 6, 2013

ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ ဆက်လက် တိုက်ခိုက်ခံနေရ

Posted on 12:58 PM by tun tun


ဘင်္ဂလာဒေခ်ျ့ တွင် လူနည်းစုဟိန္ဒူ လူမျိုးများ ဆက်လက် တိုက်ခိုက်ခံနေဆဲ ဖြစ်သည်ဟုယနေ့ထုတ်ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြသည်။
ိုင်ငံ အနှံ့အပြားရှိ ဟိန္ဒူအမျိုးသားများပိုင်ဈေးဆိုင်များ၊ နေအိမ်များနှင့်ဘုရားကျောင်းများကိုယမန်နေ့ကလည်း ၀င်ရောက် တိုက်ခိုက်မီးရှို့ ဖျက်ဆီးမူများ ရှိခဲ့သည်ဟု ဆိုသည်။

အင်္ဂလိပ်လိုထုတ်ဝေသော The Daily Star သတင်းစာကြီးက “ Jamaat continues attacking Hindus”ခေါင်းစည်းဖြင့် ယနေ့ ဖေါ်ပြသောသတင်းတွင် ခူလနာခရိုင်မြို့တွင်ဂျာမတ်ချီဘီနှင့်ဘီအန်ပီအဖွဲ့ဝင်၃၀၀ ခန့်သည်ယမန်နေ့ ချီတက် ဆန္ဒပြစဉ် ဟိန္ဒူလူမျိုးများ၏ နေအိမ်များနှင့်ဈေးဆိုင်များကိုမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဖေါ်ပြသည်။

အဆိုပါတိုက်ခိုက်စဉ်အတွင်းသက်ကယ်မိုးအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရပြီး အသက်လု ထွက်ပြေးလာကြသော ဟိန္ဒူလူမျိုးများ လက်ထဲမှ ပစ္စည်းများကိုလည်း လုယူသွားကြောင်း ဖေါ်ပြသည်။

တိုက်ခိုက်သူများသည်ချက်ချင်း အနီးအနားရှိ Amadi ဈေးအတွင်းသို့ ၀င်ရောက်လာပြီး ဟိန္ဒူလူမျိုးများပိုင် ဈေးဆိုင်(၈)ခုမှ(၁၀) အကြားရှိ ဈေးဆိုင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များ မရောက်လာမှီထိ လုယက်သွားခဲ့ကြသည်ဟု အဆိုပါသတင်းစာတွင်ဖေါ်ပြသည်။

တိုက်ခိုက်မူကြောင့်အမျိုးသမီးနှင့် ကလေးငယ် တစ်ဦးတို့ကိုလည်း ဆေးရုံတင်ပို့ခဲ့ရသည်ဟုဆိုသည်။

အလားတူLalmonirhat ၊ Gopalganj ၊ Singra ၊ Satkania စသည့် မြို့များမှ ဟိန္ဒူ ဘုရားကျောင်းများလည်း မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။

ယခုကဲ့သို့ လူနည်းစုများကိုတိုက်ခိုက်နေသဖြင့်ဟိန္ဒူ လူမျိုးများသာမက ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒဘာသာ၊ ခရစ်ယာန် စသည့် လူနည်းစုလူမျိုးများလည်း သူတို့ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်ဟုသိရသည်။

ဟိန္ဒူ လူနည်းစုများ အပေါ်တိုက်ခိုက်မူနှင် ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန် အစိုးရတို့မှ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားသည်။

No Response to "ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ ဆက်လက် တိုက်ခိုက်ခံနေရ"

Leave A Reply