Wednesday, March 6, 2013

ကန်မြဲကျော် နဲ့ တန်းလွဲကျော်တို့ ရဲ့ မှာတမ်းကို တေး ဖွဲ့ ဆိုခြင်း

Posted on 12:24 PM by tun tun

 Khaing Myo's photo.
ကန်မြဲကျော် နဲ့ တန်းလွဲကျော်တို့ ရဲ့ မှာတမ်းကို တေး ဖွဲ့ ဆိုခြင်း

"ပျားတွေဟာ မိမိပျားအုံမှ စွန့် ခွာပြီးတော့ ဝေးလံတဲ့နေရာအနှံ့ အပြားကို သွားရောက်ပြီး ပန်း ၀တ်ရည်တွေကို စုတ်ယူကြတယ်။ ရရှိလာတဲ့ ပန်းဝတ်ရည်တွေကို သူတို့ မူလနေရာ ပျားအုံသို့ ပဲ  ယူဆောင် စုဆောင်းကြတယ်။ ရခိုင်သားတွေရော မြန်မာနိုင်ငံတိုင်းရင်းသားတွေပါ အဲဒီပျားအုံတွေကို အတုယူကာ ကိုယ့်အမျိုးသား တိုးတက်ကြီးပွားရေးကို လုပ်ဆောင်ပါလေ"

အထင်ကရ သမိုင်းစာဆို ဒေါက်တာအေးကျော်ရဲ့ ပန်းရည်ဘဏ်တိုက်လည်း
အနှီမျိုး (ဘင်္ဂလီ) ဟိုအဆိုး သူခိုးဓါးပြတွေရဲ့ 
ခိုးယူဖောက်ထွင်း လုယက်ခြင်းလက်ချက်
အဖျက်အန္တရာယ်ကမကင်း။

အရှေ့ အနောက်တံခါးပေါက်ဝ
ရိုးတောင်ခြေရင်းမှာ
ကင်းစောင့်ကျနေတဲ့
သူ့ ရဲ့ ဇာတိမြို့ ကလေးတောင်မှ
အနေမချောင်ဘူး
သွေးကြောင်ချင်တယ်။

သူ့ ရဲ့ ဇာတိမြို့ ဟာ
ကယုကမာ ပုစွန် ဂဏန်းလို အဖိုးတန်ရတနာတွေ
သောက်သောက်လဲ ပေါက်ပေါက်ကြဲ
ထွက်ချင်ထွက်မယ်
အနုပညာ ကဗျာအသည်း
ဆရာအေးရဲ့ ပန်းဝတ်ရည်တွေဟာလည်း
ပျောက်ချက်သားကောင်းပေ
ဘက်ထရီအားကုန်နေတဲ့
ပျားသလက်အုံကြီးအတိုင်း။

တော်လစတွိုင်းရဲ့ ဘ၀တဏှာရမ္မက်
ဒဂုန်တာရာနဲ့ ဆရာအေးတို့ ရဲ့  ပျားအုံခံစားမှု
ဝတ်ရည်မလု ၀ိုင်းစုမရုံ
ဒီမြေမှဟိုတောင်တန်း ကျော်မလှမ်းကြတာ
တော်တော့်ကိုကြာနေခဲ့ပါပြီကော။

၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သော ရခိုင် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော်၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် ဆွမ်းကျွေးအမျှဝေ ရေစက်ချပွဲများကို ပြည်တွင်း ပြည်ပ နေရာ တချို့တွင် ကျန်ရစ်သူ တပည့် သား သမီး မြေးမြစ်တို့ က ကျင်းပ ပြုလုပ်ရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။

ဒေါက်တာအေးကျော် အထုပတ္တိ အကျဉ်း

ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ

1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
3. ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
4. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
5. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
6. The Voice of young. Cornell University, March 1990
7. Code and Custom in Burma and Thailand. Scotland. 1993

7. Code and Custom in Burma and Thailand. Scotland. 1993                 FACEBOOK

No Response to "ကန်မြဲကျော် နဲ့ တန်းလွဲကျော်တို့ ရဲ့ မှာတမ်းကို တေး ဖွဲ့ ဆိုခြင်း"

Leave A Reply