Tuesday, April 23, 2013

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

Posted on 1:35 PM by tun tun

သတင်း — April 23, 2013 at 9:41 am


Human Rights Watch ( HRW) မှ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်  အဆိုပါ အစီရင်ခံစာပါ အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော သတင်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံလိုင်းများမှ ထုတ်လွှင့် ပြသနေသဖြင့် ဗုဒ္ဓဘာသာဝင် လူနည်းစုများ အကြား စိုးရိမ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။
human rights watch“ ကျွန်မက မနေ့ကရော၊ ဒီနေ့မနက်ကရော ဒီနိုင်ငံက ရုပ်သံလိုင်းလိုလိုမှာ မြန်မာ သတင်းကို ထုတ်လွှင့်တာကို တွေ့ရပါတယ်။ အဲဒီမှာ ပြောတာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို ဗုဒ္ဓ ဘာသာဝင်တွေက လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး  ပြောဆိုပါတယ်။ ပြီးရင် ဒီသတင်းတွေနဲ့ အတူ ဗလီတွေ၊ လူတွေ သတ်ဖြတ်ခံနေရတဲ့ ပုံတွေကို ထုတ်လွှင်ပြနေတဲ့ အတွက် ဒီမှာလည်း ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မိတဲ့ အတွက် စိုးရိမ်မိတာ ဖြစ်ပါတယ်” ဟု ဒက္ကားမြို့က ရခိုင် အမျိုးသမီး တစ်ဦးက ဆိုသည်။
၎င်းပြင် ယနေ့ထုတ် သတင်းစာများတွင်လည်း HRW အစီရင်ခံစာကို ကိုးကားပြီး မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးတုန်း သတ်ဖြတ်မူများ ပေါ်ပေါက်နေပါသည်  ဆိုသော ခေါင်းစဉ်ဖြင့် သတင်းများရေးသား ဖေါ်ပြနေကြသည်။
၎င်းပြင် BBC မှ ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းနှင့် ပတ်သက်ပြီး သတင်းများ ဖေါ်ပြကြသည်။ လွန်ခဲ့သော မတ်လက ဖြစ်ပေါ်ခဲ့သော  မိတ္ထိလာ အရေးအခင်းတွင် လုံခြံရေး တပ်ဖွဲ့ဝင်များက ဗုဒ္ဓဘာသာ တိုက်ခိုက်သူများမှ မူဆလင်များကို တိုက်ခိုက်နေသည့် အပေါ် တစ်စုံ တစ်ရာ ဟန့်တားခြင်း  မရှိဟု ဘီဘီစီ က ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းတွင် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အခုလို မူဆလင်တွေကို သတ်နေတယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ ဒီနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေက မကျေနပ်မူတွေ တိုးလာနေတယ်။ ဒါကြောင့် ပြဿနာတွေ ပေါ်လာနိုင်တယ်။ မကျေနပ်သူတွေက တိုက်ခိုက်မူတွေ ရှိကောင်း ရှိလာနိုင်ပါတယ်” ဟု ဆိုသည်။
ရခိုင်အရေးအခင်းမှာ လွန်ခဲ့သောနှစ် ဇွန်လနှင့် အောက်တိုဘာလက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  အခြေအနေ အေးဆေး တည်ငြိမ်မူ ရှိလာနေစဉ် HRW ၏ တဘက်သတ် ရေးသား ထုတ်ပြန်သော အစီရင်ခံစာကြောင့် ပြဿနာများ ဆက်လက် ဖြစ်ပွားမည်ကို မြန်မာနိုင်ငံတွင် သာမက ဘင်္ဂလာဒေခ်ျ့တွင်ပါ စိုးရိမ်လာကြခြင်း ဖြစ်သည်။  NARINJARA

No Response to "HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား"

Leave A Reply