Friday, April 26, 2013
မြေပုံမြို့တွင် ရဲသား တစ်ဦး ကြိုးဆွဲချသေဆုံး
Posted on 4:35 PM by tun tun
ရခိုင်ပြည်နယ် မြေပုံမြို့ ရဲစခန်းတွင် ရဲတပ်သား တစ်ဦးသည် ဧပြီလ ၂၅ ရက်နေ့က ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

“ သူက မနေ့က နံနက် ၁၁ နာရီခန့်မှာ ရဲစခန်း အပြင်မှာရှိတဲ့ သစ်ပင် တစ်ခုမှာ ကြိုးဆွဲချ သေသွားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သဂြိုလ် လိုက်ပါပြီ” ဟု မြေပုံ ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဦးဘိုမောင်မှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာမှ ဖြစ်ပြီး အမျိုးသမီး ဖြစ်သူနှင့် ကွဲနေသည်မှာ တနှစ်ခွဲခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးသွားခြင်း၏ အကြောင်းအရင်းကို မသိရသော်လည်း သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ယခုလို မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု ဆိုသည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "မြေပုံမြို့တွင် ရဲသား တစ်ဦး ကြိုးဆွဲချသေဆုံး"
Leave A Reply