Wednesday, April 24, 2013
ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး
Posted on 5:00 PM by tun tun

ဒဏ်ရာရသူ စုစုပေါင်း ၃၀၀ ကျော်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။
အဲဒီ အဆောက်အဦးမှာ လူပေါင်း ၅၀၀၀ ခန့် အလုပ် လုပ်ပြီး တိုက်ပြိုကျတဲ့ အချိန်မှာ လူပေါင်း ၁၅၀၀ ခန့် ရှိနိုင်တယ်လို့ သက်ဆိုင်ရာက ခန့်မှန်း ပြောဆိုပါတယ်။
နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ပြိုကျတာ ဖြစ်ပြီး အခုအချိန်ထိ နေ့လည် ၂ နာရီထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတုန်း ဖြစ်ပါတယ်။ ပိတ်မိနေတဲ့သူ အများအပြားကို ရှာဖွေ ကယ်ထုတ်နေရတုန်း ဖြစ်ပါတယ်။
အဲဒီ အဆောက်အဦးမှာ အောက်ထပ်တွေကိုတော့
မနက် ၈ နာရီကျော် အလုပ်သမား အများစု မရောက်ခင်မှာ ပြိုကျတဲ့ အတွက် အများစုဟာ သေဘေးက လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ချက်ချင်းဆိုသလိုဘဲ ပြည်ထဲရေး ၀န်ကြီးရောက်ရှိလာပြီး တိုက်ပြိုကျတာကို လာကြည့်ခဲ့ပါတယ်။ စစ်သားတွေ၊ ရဲတွေ၊ မီးသတ်တွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပြီး လူတွေကို ကယ်ထုတ်နေတာကို ရုပ်သံလိုင်းတွေက ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။ သေဆုံးသူတွေဟာ လူငယ်တွေများကြတာကို တွေ့ရပါတယ်။
အဲဒီ အဆောက်အဦးဟာ Rana Plaza ဖြစ်ပြီး နာမည်ကြီး ပလာဇာ ဖြစ်ပါတယ်။ မနေ့ကတည်းက တိုက်ဟာ တုန်ခါမူတွေ ရှိနေတဲ့ လူတွေကို အဲဒီ အဆောက်အဦးကို မလာကြဖို့ သတိပေးထားပေမယ့် အရေးမစိုက်ရာကနေ ခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်နဲ့ ကြုံရတာ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေကို ဆက်လက် ရှာဖွေ နေတုန်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ သေဆုံးသူ အရေအတွက်ဟာ ပိုများလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောတယ်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး"
Leave A Reply