Wednesday, April 10, 2013

သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ

Posted on 4:48 PM by tun tun


သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ
-------------------------------------
၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟုပြောကြားချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိပါသည်။ 
ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ လူငယ်တစ်ဦးမှ “ ဒါကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့က ၁၉၈၂ နှစ် လ၀က ဥပဒေအရ စီစစ်ပြီးမှ တရားဝင်သူတွေကို အိမ်ပိုင် ၊ ယာပိုင် ၊ မြေပိုင် ဆောက်လုပ်ခွင့်ပေးသင့်တယ်။ တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။  ဒါကြောင်း ကျွန်တော်တို့ ရခိုင်တပြည်နယ်လုံး လူထု ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပြီ။ တချို့ ဆန္ဒပြ ခေါင်းဆောင်တွေဆိုရင် တရားစွဲဆိုတောင်ခံထားရဆဲပါ။ ဒါကတော့ လုံးဝလက်ခံနိုင်တဲ့ ကိစ္စပဲ”ဟု ပြောပြသွားပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ သမ္မတကြီး၏ ပြောကြားချက်များကို သုံးသပ်လျှက်ရှိပြီး လိုအပ်လျှင် ရခိုင်ပြည်နယ် တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရှိရပါသည်။

------------------------------
-------
၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟုပြောကြားချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိပါသည်။
ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ လူငယ်တစ်ဦးမှ “ ဒါကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့က ၁၉၈၂ နှစ် လ၀က ဥပဒေအရ စီစစ်ပြီးမှ တရားဝင်သူတွေကို အိမ်ပိုင် ၊ ယာပိုင် ၊ မြေပိုင် ဆောက်လုပ်ခွင့်ပေးသင့်တယ်။ တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။ ဒါကြောင်း ကျွန်တော်တို့ ရခိုင်တပြည်နယ်လုံး လူထု ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပြီ။ တချို့ ဆန္ဒပြ ခေါင်းဆောင်တွေဆိုရင် တရားစွဲဆိုတောင်ခံထားရဆဲပါ။ ဒါကတော့ လုံးဝလက်ခံနိုင်တဲ့ ကိစ္စပဲ”ဟု ပြောပြသွားပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ သမ္မတကြီး၏ ပြောကြားချက်များကို သုံးသပ်လျှက်ရှိပြီး လိုအပ်လျှင် ရခိုင်ပြည်နယ် တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရှိရပါသည်။ FACEBOOK

No Response to "သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ"

Leave A Reply