Monday, December 24, 2012
ရခိုင်အရေးဖြေရှင်းချက် အနာတခြား ဆေးတခြား
Posted on 7:57 PM by tun tun
![A Rakhine woman victim who was brutally murdered by Bengali Muslims in Arakan A Rakhine woman victim who was brutally murdered by Bengali Muslims in Arakan](http://rakhapura.com/images/stories/rakhine-woman-killed-by-bengali.jpg)
A Rakhine woman victim who was brutally murdered by Bengali Muslims in Arakan
ယင်းသို့ လုပ်ဆောင်ချက်များသည်၊ လွတ်လပ်ရေးရရှိသော နယ်ချဲခံနိုင်ငံများတွင်၊ လူမျိုးရေး၊ ဘာသာရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံ့အာဏာခွဲဝေရေး၊ စသောအဓိကအချက်များပေါ်မူတည်ပြီး၊ မြောက်များစွာသော ပြဿနာများရှိလာသည်။ထိုထက်ဆိုးသည်မှာ နယ်ချဲ့များသည်၊ ဒေသခံတိုင်းရင်းသားများအပေါ်လုံးဝထောက်ထား စာနာစိတ်မရှိဘဲ နိုင်ငံခြားသားများကို အလုံးအရင်းဖြင့်ပေးဝင်စေခဲ့သည်။ ဝင်ရောက်လာသော အချို့နိုင်ငံခြားသားများသည်၊ စီးပွါးရေးတခုတည်းကိုသာချယ်လှယ်ကြသည်၊ လူမျိုးရေး ဘာသာရေး နိုင်ငံရေးများတွင် စွက်ဖက်ရန်ရှောင်ကြည်ကြသည်။ သို့သော် ဘာသာရေးစိတ်ပြင်းထန်ပြီး၊ မိမိဘာသာရေးကိုသာ တဖက်သတ်သိသော၊ ဘာသာရေးအတွက် စစ်တိုက်ရန်ပင် ဝန်မလေးသော၊ နိုင်ငံခြားသားများမှာမူ၊ စီပွါးရေးထက်၊ ဘာသာရေးဝါးမျိုလွှမ်းမိုးရေးကိုသာ အဓိကအားထုတ်လာသည်။ ဘာသာရေး ဟောပြောစည်းရုံးမှုထက် လွယ်ကူသော၊သွေးနှောသာသနာပြုရေးကိုသာ ဦးစာပေးလုပ်ဆောင်ကြသည်။ နေထိုင်ရာနိုင်ငံ၏ စည်းမျဉ်းဥပဒေထက်၊ ဘာသာရေးစည်းမျဉ်းများကိုသာ အလေးပေးလိုက်နာလိုကြသည်။
ဤတွင်တိုင်းရင်းသားများ၏ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစဉ်များကို ထိခိုက်လာသည်။ ထိုမှတဆင့်တက်ပြီး နိုင်ငံရေးခြေလှမ်းများဖြင့် အခွင့်အရေးမျိုးစုံကို တောင်းလာသည်။ သီးခြားနိုင်ငံထူထောင်ရန်အထိ ဖြစ်လာသည်။ဘာသာတူနိုင်ငံများမှလည်း ဝိုင်းဝန်းထောက်ခံအားပေးကြသည်။ နိုင်ငံအစိုးရမှတည်ဆဲဥပဒေနှင့် အညီဆောင်ရွက်လာသောအခါ၊ လူသားစိတ်မရှိဘဲ၊ လူ့အခွင့်ရေးချိုးဖေါက်ကာ၊ မတရားအုပ်ချုပ်ခဲ့ကြသော၊ နယ်ချဲ့နိုင်ငံများက သူတော်ကောင်းစကားပြောလာသည်။ လူအခွင့်အရေးစကားပြောပြီး အမှတ်ယူကြသည်။ သူတို့မွှေနှောက်ဖန်တီးထားခဲ့သော အရှုပ်တော်ပုံများ၊ပြည်တွင်းစစ်များကြောင့် လူထောင်သောင်းချီ၍ သေဆုံးရမှုများကိုမူ မသိကျိုးကျွံနေသည်။ လွန်ခဲ့သော အနှစ်(၃ဝ)ခန့်မှစ၍၊ ရခိုင်ပြည်နယ်ရောက်ဘင်္ဂလီများသည်၊ အခြားသောတိုင်းနှင့် ပြည်နယ်များသို့ သွားရောက်နေထိုင်ခွင့် မရတော့ပေ။ ဘင်္ဂလီတို့၏ ရွှေ့ပြောင်းသွားလာမှုကို ပိတ်ပင်လိုက်သည်။ အထူးသဖြင့် ရန်ကုန်မန္တလေးလမ်းမကြီးများ ကို ထိရောက်စွာပိတ်ထားလိုက်သည်။ သဘောမှာ၊ ၁၉၈၂ ခုလူဝင်မှုဥပဒေချိုးဖေါက်သူများကို ရခိုင်ပြည်နယ်အတွင်း ပိတ်လှောင်ထားလိုက်ခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်မူ ဤသို့မဟုတ်၊ သီးသန့်နေရာတခုတွင်၊ သီးခြားကန့်သတ်ထားသည်။ နိုင်ငံသားများနှင့် ရောနှောနေထိုင်ခွင့်မပြုချေ။
ယခုမှာ ရခိုင်တိုင်းရင်းသားများအရေးကို ထည့်တွက်ပုံမရ။ ယင်းတုန်းက၊ ရခိုင်လူထုသဘောထားကိုမမေး၊ဖြစ်ချင်ရာဖြစ် သဘောထားလိုက်သည်။ ဤသည်ကား၂ဝ၁၂ နှစ် ရခိုင်နှင့်ဘင်္ဂလီအရေးဖြစ်ပေါ်စေခြင်း၏ မူလအစဖြစ်သည်။ ဘင်္ဂလီများ၏ မကျေ နပ်မှုအစလည်းဖြစ်သည်။ ရခိုင်ဘင်္ဂလီရန်တိုက်ပေးလိုက်သလိုလည်းဖြစ်သည်။
ထိုအခါကျဉ်းမြောင်းသောရခိုင်ပြည်နယ်တွင် ဘင်္ဂလီများ၏လူဦးရေမှာ အံ့မခန်းလိလိတိုးလာကာ၊ အိမ်ရှင်ရခိုင်များနှင့်ထိတွေ့နီးကပ်နေထိုင်မှု၊များလာသည်။ ထိုအခါဘင်္ဂလီများသည်၊ မသိ၍ဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ်၊ အိမ်ရှင်ရခိုင်များ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို စော်ကားလာကြသည်။ ရခိုင့်ယဉ်ကျေးမှုအရ၊ ရခိုင်တို့တွင် အမျိုးသမီးများကို ဖိနှိပ်ချုပ်ချယ်မထား၊ တန်းတူအခွင့်အရေးပေးသည်။ ဤသည်ကိုအခွင့်အရေးယူကာ၊ ဘင်္ဂလီများသည်၊ ဈေး၊ ကျောင်း၊ အလုပ်ခွင်၊ လမ်းမများတွင်ရခိုင်အမျိုသမီးများကိုစော်ကားကြသည်။ရခိုင်လူသူပြတ်လျှင် အဓမ္မကျင့်ကြသည်။အစိုးရဝန်ထမ်းဆရာမများပင် ခဏခဏအဓမ္မပြုကျင့်ခံရသည်။
ဘင်္ဂလီများသည်တဏှာရာဂအတွက်ဆိုလျှင်၊ ထောင်ကိုအသာထား၊ အသက်ကိုပင်ပေးဝံ့သူများဖြစ်သည်။ ထောင်ကျခံပြီး မိန်းမအများအပြားယူကြသည်။ နေရာတိုင်းလမ်းတိုင်းလိုလိုပင် ဘင်္ဂင်္လီများရှိနေသည်။ ရှောင်၍မရဖြစ်နေသည်။ မကျေနပ်သော ဘင်္ဂလီတို့သည် နီးရာရခိုင်များကို လှမ်းကိုက်ကြသည်။ထို့ကြောင့် ရခိုင်ကျေးရွာများတွင် အမျိုသမီးများမှာ တယောက်တည်း ရေမခပ်ဝံ့၊ ဟင်းမခူးဝံ့၊ထင်းမခွေဝံ့၊ လယ်တဲမသွားဝံ့စသောဒုက္စများနှင့် ရင်ဆိုင်နေရသည်။
ရခိုင်လူမျိုးများမှာ ခောတ်မီစွာလူဦးရေးတိုးပွားမှုကို ကန့်သတ်လာကြသော်လည်း၊ ဘင်္ဂလီများကမှု လူဦးရေတိုးပွါးမှုကို အားပေးမြဲအားပေးနေသောအခါ၊ သေးငယ်သောရခိုင်ပြည်နယ်အတွင်း၊ ရခိုင်နှင့် ဘင်္ဂလီမှာလူဦးရေအချိုးညီ ဖြစ်လာသည်။ ဘင်္ဂလီတို့၏ လူဦးရေမှာ ပိရမစ်ပုံဖြစ်နေသည် (အသက်အငယ်ဆုံးက အများဆုံးဖြစ်သည်)။
ရခိုင်လူနည်းစုများအတွက်စိုးရိမ်ရသည်ဟု နိုင်ငံခြားသားတဦးကဆိုဘူးသည်။ဤသို့ဖြစ်နေသည်မှာကြာပြီဖြစ်သော်လည်း တခြားတိုင်းနှင့်ပြည်နယ်များမှ မသိကြပေ။ ရခိုင်များမှာကြိတ်၍ခံစားနေကြရသည်။ တွေးပူနေကြသည်။
၁၉၈၂ ခုမတိုင်မီကဆိုလျှင် ဝင်ရောက်တိုးပွါးလာသော ဘင်္ဂလီများမှာ အခြားသော တိုင်းပြည်နယ်များသို့ ပြန့်နှံ့သွားကြသည်။ ရခိုင်ပြည်နယ်တွင်၊ ရခိုင်၊ ဘင်္ဂလီ လူးသာလွန့်သာရှိနေသည်။ ယခုအခါမှာ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများကို အနှစ်(၃ဝ) ကြာပိတ်လှောင်ထားလိုက်သောအခါ ပေါက်ကွဲလုဖြစ်နေသော ရခိုင်ဘင်္ဂလီ ပဋိပက္မဗုံးကြီး မှာ၂ဝ၁၂ခုဇွန်လ(၈)ရက် နေ့လည်(၁)နာရီတွင်ပေါက်ကွဲသွားသည်။
ဤအခြေအနေကို စောစီးစွာဖြေရှင်းပေးရမည်ဖြစ်သော်လည်း ရခိုင်နှင့်ဘင်္ဂလီလူမျိုးရေးပဠိပက္မဖြစ်လာမှ အပေါ်ယံကြောဖြေရှင်းသည်။ ဖြေရှင်းပုံမှာလည်း အကြောင်းရင်းကိုရှာဖွေဖြေရှင်းခြင်းမပြုသဖြင့် အနာတခြား၊ဆေးတခြားဖြစ်နေသည်။ ဘင်္ဂလီများသည် လူဦးရေများပြား လာသည်သာ မဟုတ်ဘဲအခြားတစ်ဖက်တွင် ဘင်္ဂလီနိုင်ငံရေးအုပ်စုများ၊ ဘာသာရေးအုပ်စုများသည်လည်း တိုးတက်ခိုင်မာလာသည်။ ပြည်ပနိုင်ငံများနှင့်လည်းကောင်း ပြည်ပမီဒီယာများနှင့်လည်းကောင်း၊ ကောင်းစွာချိတ်ဆက်ထားနိုင်ပြီဖြစ်သည်။
အိုအိုင်စီ၌ပင် ကိုယ်စားလှယ်တက်ရောက်ခွင့်ရနေပြီဖြစ်သည်။ ဘင်္ဂလီနိုင်ငံရေးအုပ်စုသည်၊ ဤသို့စနစ်တကျစီစဉ်ပြီး၊ တောင်ကုတ်ကိစ္စကိုအခွင့်အရေးယူကာ၊ ဇွန်လ(၈)ရက်နေ့တွင်ပြဿနာကိုစလိုက်သည်။ တချိန်တည်းမှာပင်ပြည်ပမီဒီယာများမှဓါတ်ပုံအတု၊ သတင်းမှားများဖြင့်ထုတ်လွှင့်ဖြန့်ချီနိုးဆော်ကြသည်။
ကုလသမဂွနှင့်မူဆလင်နိုင်ငံများမှကိုယ်စားလှယ်များရောက်လာကြသည်။အချို့မှာ အဖြစ်မှန်ကိုသိရှိသွားကြသည်၊ အချို့မှာ ဘက်လိုက်ကြသည်၊ ဘင်္ဂလီ(၉ဝ%)မှမိမိတို့သည် ဘင်္ဂလီများ ဖြစ်ကြောင်းဝန်ခံကြသော်လည်း၊ ပြည်ပမီဒီယာအချို့မှာ ရိုဟင်ဂျာဟုသာ ရေးသားပြောဆိုကြသည်။ (၃)လခန့်ကြာသောအခါ အဖြစ်မှန်နားလည်သော ပြည်ပနိုင်ငံများနှင့် မီဒီယာများမှဖိအားပေးမူ၊ ဘက်လိုက်မူလျော့နည်းသွားသည်၊ ဒေသမှာလည်းယာယီအပေါ်ယံတည်ငြိမ်အေးချမ်းလာသည်။ ရခိုင်အရေးလေ့လာစုံစမ်း ရေးကော်မီရှင်တစ်ခုကို ဖွဲ့စည်းပြီးလေ့လာစုံစမ်းစေသည်။ ပုဒ်မ(၁၁၄)ကိုပင်အချိန်လျော့လိုက်နိုင်သည်။ သို့ပါသော်ငြားလည်း ဖြေရှင်းမှုမမှန်သဖြင့်တည်ငြိမ်မှုမှာမခိုင်မာပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့ဒေသတည်ငြိမ်အေးချမ်းလာမှုကို၊ ဘင်္ဂလီနိုင်ငံရေးသမားများက မကျေနပ်ကြချေ။ အကြောင့်းမူ သူတို့ရည်မှန်းထားချက်ကို မရောက်၍ဖြစ်သည်၊ သူတို့ရည်မှန်းချက်မှာကုလသမဂနှင့် ပြည်ပမှုစလင်နိုင်ငံများ၏ဖီအားဖြင့်(၁၉၈၂)ခု လူဝင်မှုကြီးကြပ်ရေး ဥပဒေကိုပြင်ဆင်ပြီး၊ ဘင်္ဂလီအားလုံးကို နိုင်ငံသားနှင့်နိုင်ငံသားအခွင့်အရေး ပေးရမည်ဖြစ်သည်။ ထိုကြောင့်ဘင်္ဂလီနိုင်ငံရေးသမားများသည် တစ်ကျော့ပြန်ဆူပူပြီး၊ နိုင်ငံတကာဖိအားနှင့် ပံ့ပိုးမူကိုရယူရန် ဗျူဟာဆင်ကြသည်။
ဒေါသဖြစ်လွယ်သော ရခိုင်တို့၏ဓလေ့ကို ကောင်းစွာသိသောဘင်္ဂလီတို့သည်ရွာနီးချုပ်စပ်နေရခိုင်များကို၊ နည်းမျိုးစုံဖြင့် ရန်စလာကြသည်။ရခိုင်များကို အလိုက်ချောင်းဖမ်းဆီးသတ်ဖြတ်ခြင်း၊ နုတ်အားဖြင့်ဆဲဆိုခြိမ်းခြောက်ခြင်း၊ မိန်းကလေးများကို ယိသဲသဲစော်ကားခြင်း၊လမ်းသွားလမ်းလာများကိုပိတ်ဆို့ရန်ရှာခြင်း စသည်များကိုပြုလုပ်ကြသည်။ မိမိတို့ ဗလီကိုပင် မိမိတို့ဝင်ရောက်မီးရှို့ပြီး ပြဿနာတက်အောင်ပြုလုပ်ကြသည်။ ရခိုင်များသည် မခံနိုင်၍ ဝိုင်းဝန်းတိုက်ခိုက်လာလျှင်၊ မိမိနေအိမ်ကို မိမိကိုယ်တိုင်မီးရှိုးပြီး ထွက်ပြေးနိုင်ရန် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ထားကြသည်။ အိမ်ထောင်ပစ္ခည်းများကိုကြိုတင်သိမ်းဆည်းထားပြီး၊ ကလေးနှင့်မိန်းမများကိုလည်း ဘေးလွတ်ရာကိုကြိုတင်ပို့ထားသည်၊ စက်လှေများအတွက်ဆီနှင့်ရေများကိုလည်းအဆင်သင့်စီစဉ်ထားသည်။ကျောက်ဖြူမြို့တွင် မြို့လည် ဗလီတခုကို ဘင်္ဂလီတဦးက လျို့ဝှက်လာရောက်မီးရှို့သည်။
မြန်မာနိုင်ငံမူဆလင်များကောင်စီကလည်း ဘက္ကရီအစ်နေ့မကျင်းပရန်ကျေညာသည်။ အိုအိုင်စီဝင်စွက်ဖက်ရန်သွယ်ဝိုက်ပြီး ဖိတ်ခေါ်လိုက်ပြန် သည်။ ရမ်းဗြဲမြို့တွင်ဘင်္ဂလီတစ်ဦးက ရခိုင်အိမ်တစ်လုံးကို လျို့ဝှက်ဝင်ရောက်မီးရှိုးစဉ်မှာပင် ဘင်္ဂလီရပ်ကွက်မှ မီးခိုးလုံးများထွက်လာသည်ကို မြင်ရပြီးတပြိုင်တည်းမီးလောင်သည်။ သာမန်အားဖြင့်တွေးလျှင်၊ မိမိနေအိမ်ကိုမိမိမီးရှိုးခြင်းသည်ဖြစ်နိုင်ဖွယ်မရှိဟုမြင်နိုင်သည်။ ရှေးက(၂)ကြိမ် ဘင်္ဂလီများမြန်မာပြည်မှထွက်ပြေးစဉ်ကလည်း၊ဤနည်းဗျုဟာကိုသုံးခဲ့သည်။ အစိုးရကနှင်ထုတ်သည်။ အိမ်များကိုမီးရှို့သည့်အတွက် မနေနိုင်၍ ထွက်ပြေးလာရသည်ဟု ဆိုသောအခါ စာနာမှုပိုရပြီးအလှုအတမ်းလည်းပိုရသည်။ အစိုးရကိုလည်း ထိခိုက်စေအောင်လုပ်လိုက်နိုင်သည်။ ယင်းသို့ဆိုလျှင် တည်ငြိမ်အေးချမ်းမှုကို မည်သို့ရနိုင်မည်နည်းဟု ဘီဘီစီမှ၊ ကယ်ဆယ်ရေးစခန်းရောက်နေသော ဘင်္ဂလီတဦးကိုမေးသောအခါ 'ဘင်္ဂလီများကို၊ နိုင်ငံသားပေးပြီးလွတ်လပ်စွာသွားလာခွင့်ပြုမှ ငြိမ်းချမ်းမည်'ဟု ဖြေဆိုသည်။
ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်း' လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ ဝင်ရောက်လာသောဘင်္ဂလီမရှိ' ဟုဇွတ်ဆိုပြန်သည်။ ဤသည်မှာဘင်္ဂလီများ၏ ပထမရည်မှန်းချက် ဖြစ်သည်။'ထိန်းချုပ်ထားသူက အစိုးရ၊ ရုန်းကန်လှုပ်ရှားသူက ဘင်္ဂလီ၊အသက်များစွာဆုံးရှုံးရသူက ရခိုင်'ဖြစ်နေရသည်။ ပြည်ထောင်စုမှာ' ကံဆိုးသူရခိုင်၊နင်ချည်းသေပေတော့'ဟု ထားလိုက်လျှင်လည်း တရားမည်မဟုတ်။ ထိုကြောင့် ပြဿနာအမြန်ဆုံးပြေငြိမ်းစေဘို့ အဖြစ်နိုင်ဆုံးနည်းလမ်းကိုသာ ရှာရမည်။
ယင်းမှာပြဿနာကိုသန္ခေတည်ခဲ့သော'ဘင်္ဂလီများကိုပိတ်ဆို့ထားခြင်း'ပင် ဖြစ်သည်။ သမ္မတကြီး၏ နည်းလမ်းသည် အလွန် ကောင်းမွန်မှန်ကန်သော်လည်း၊ လက်တွေ့မှာဖြစ်နိုင်ဘွယ်မရှိပါ။ အဘယ်ကြောင့်မူ ၁၉၇၉ ခုနင်္ဂါးမင်းစစ်ဆင်ရေးထက် ပိုဆိုးနိုင်သည်။အတူမနေလိုကြသောလူမျိုးစုနှစ်စုကို ယခင်နည်းတူ အတင်းအကျပ်နေခိုင်းလျှင်လည်း၊လူသတ်ပွဲကြည့်ရတာ အားမရလိုက်လို့ထပ်မံကြည့်လိုသည့်သဘော ဖြစ်နေမည်။ ရက်စက်ရာရောက်မည်။ ဘင်္ဂလီများမှာလည်း သူတို့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဦးမည်သာဖြစ်သည်။ နိုင်ငံရေးသမားများကလည်း နိုင်ငံရေးအပြောင်းအလဲထိခိုက်မည်ကို စိုးရိမ်ကြသည်။ နိုင်ငံခြားအရင်းအနှီးကို မျှော်နေကြသော စီးပွါးရေးသမားများကလည်း စိုးရိမ်ကြသည်။ နိုင်ငံတော်ကလည်း သိက္ခာကျမည်ကို စိုးရိမ်သည်။ ယခုအခါ သမ္မတအပါအဝင်နိုင်ငံရေးခေါင်းဆောင်များကလည်း၊လူမျိုးရေးစိတ်မထားဘဲ လူသားစိတ်ဖြင့်လုပ်ကြမည်ဟုပြောဆိုကြသောကြောင့် တိုင်းရင်းသားများတောင်းဆိုနေမှုသည်ပင်လျှင် ပြေလည်သွားလိမ့်မည်ဟု မျော်လင့်ပါသည်။ ထို့ကြောင့်အားလုံးကိုခြုံ၍ကြည့်ပြီး အောက်ပါအတိုင်းအကြံပြုလိုပါသည်ခင်ဗျား။
(၁)ဘင်္ဂလီများကို ယခင်နည်းတူ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခွင့်ပြုလိုက်ပါ။ နိုင်ငံသားပေးရေး၊ မပေးရေးမှာပြဿနာရှိနိုင်၍၊ နောက်မှ အသေ အချာစဉ်းစားပါ။ ယာယီဧည့်နိုင်ငံသားအဖြစ်ပေးနေလျှင်လည်း ဖြစ်နိုင်သည်။ သို့သော် အရေးကြီးသည်မှာ ဘင်္ဂလီများသည် မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများ(မွေးဖွါးမှုကန့်သတ်ချက်အပါအဝင်) ကို အတိအကျလိုကိနာရမည်။ မြန်မာလူမျိုး (တိုင်းရင်းသားအားလုံး) တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစဉ်နှင့် ဘာသာရေးများကို ထိခိုက်စော်ကားခြင်းမပြုရ။ အထူးသဖြင့်မြန်မာတိုင်းရင်းသူများကိုလက်ထပ်ရန် အားထုတ်ခြင်း၊လက်ထပ်ခြင်းလုံးဝမလုပ်ရ။ ဥပဒေဖြင့်တားမြစ်ထားရမည်။ (ဤပုံစံဖြင့် ဘင်္ဂလီများအတွက်၊ ဆော်ဒီအာရေဗီယားနိုင်ငံတွင် ပြဋ္ဌာန်းထားရှိသောဥပဒေမျိုးဖြစ်သည်။ ကျူးလွန်သူကို လည်ဖြတ်သတ်သည်) (ဘင်္ဂလားဒေ့(ခ်ျ)နိုင်ငံတွင် သာမန်အားဖြင့် လူအဝင်လက်မခံသော်လည်းဘာသာခြားသူခိုးလာလျှင်လက်ခံသည်၊ ညှိနှိုင်းရမည်)။
(၂) မောင်တော၊ ကလေးမြို့နယ်များရှိ နယ်စပ်အားလုံးမှ ခိုးဝင်မှုအားလုံးကို ထိရောက်စွာတားဆီးမည်။ မောင်တောနယ်စပ်ကိုခြံစည်းရိုးကာပြီး၎င်း၊ ခောတ်မီဂြိုလ်တုစနစ်သုံး၍၄င်း၊ နိုင်ငံအပေါ်သစ္ခာရှိသောဝန်ထမ်းများမှ တာဝန်ယူစေမည်။ ဥပဒေချိုးဖောက်ဝင်ရောက်သူများကို ထိရောက်စွာ (နှစ်ရှည်ထောင်ဒါဏ်ဖြင့်) နောင်ကျဉ်အောင်အရေးယူမည်။ rakhapura
Subscribe to:
Post Comments (Atom)
No Response to "ရခိုင်အရေးဖြေရှင်းချက် အနာတခြား ဆေးတခြား"
Leave A Reply