Monday, October 14, 2013

နည်းပရိယာယ် နဲ့ အစိုးရစစ်မျက်နှာဖွင့်ခြင်း

Posted on 8:37 AM by tun tun

 ဗမာပြည်မှာ ဗုံးကွဲတာကို ရခိုင်တွေလို့ စွပ်စွဲနေတာဟာ ရခိုင်တွေကို အမျိုးမျိုး နှစ်ကွတ်တာကို အားမရသေးလို့ ထပ်ပြီးနှစ်ကွက်ဖို့ နည်းလမ်းသစ်တွေပါပဲ ဒါအစိုးရလည်းဖြစ်နိုင်တယ် ကုလားတွေလည်းဖြစ်နိုင်တယ် ရခိုင်တွေလည်း တော်တော် ကို သတိထားရပါမယ် စစ်အစိုးရရဲ့ နည်းပရိယာယ် နဲ့ သတ်ခဲ့တဲ့ အလောင်းတွေလည်းမနည်းတော့ပါဘူး ဒီနည်းပရိယာယ်တွေဟာတိုင်းရင်းသား အားလုံးတွေဆီမှာ သုံးလာခဲ့တာမို့ မွန်ပြည်သစ်ပါတီလည်း ပြိုခဲ့ပြီးပြီ ကရင် တပ်မတော်လည်း အစစ်စစ် အမွာမွာ ဖြစ်ခဲ့ရသလို ကျန်တိုင်းရင်းသားပါတီတွေ လည်း နလံမထူနိုင်ကြပါဘူး ဒါကြောင့် တိုင်းရင်းသားတွေ ကို လည်း သတိပေးချင်ပါတယ် ငြိမ်းချမ်းရေးဆိုတာ အနုနည်းနဲ့ စခန်းသိမ်း တိုက်ပွဲဆိုတာကို မမေ့ကြပါနဲ့ ဉပမာ ပြရရင် ကချင် တပ်မတော် နဲ့ ငြိမ်းချမ်းရေး ယူခဲ့စဉ် ကချင်ပြည်သူကို ဘိမ်းစားဖြစ်အောင် လုပ်ပြီး ကချင်တပ်မတော် ရဲ့ အဓိက ဝင်ငွေရနိုင်တာကို ယူငင်ဖျက်စီး ရောင်းလို့ရတာကို ရောင်းရင်း  နလံမထူအောင် ရေရည် စီမံကိန်းနဲ့ လုပ်လာခဲ့တာ နောက်ပိုင်း ကချင် ခေါင်းဆောင်တွေ သဘောပေါက်လာတော့ ငြိမ်းချမ်ရေး ဖျက်ပြီး ကျူးကျော် စစ်ကိုခုခံ တော်လှန်ပြီးမှ ပြောင်မြောက်တဲ့ ကချင်သတျွှိကို ကမ္ဘာက သိခဲ့ရတယ်၊ နောက် မွန်ပြည်သစ်ပါတီ လည်း ငြိမ်းချမ်ရေး ယူလိုက်တော့ ခေါင်းဆောင်တွေကိုလုပ်ပိုင်ခွင့်ပေး မွန်ခေါင်းဆောင်တွေ နန်းတော်နဲ့မခြား ရွှေအိမ်ပေါ် အိပ်ပျော်သွားတော့ မွန်လူမျိုး ပျောက်ခါနီးလု ဖြစ်နေပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး အစိုးရ စစ်ပရိယာယ် မှာ တိုင်းရင်းသား တပ်မတော်ကို တပြိုင် တည်း တိုက်ခိုက် မယ်ဆိုရင် မဖြစ်နိုင် တာမို့ တဖွဲ့ကို တိုက်ချင်ရင် ကျန်တဲ့ တပ်မတော်တွေကို ငြိမ်းချမ်းရေးယူရတယ်၊ ဟုတ်မဟုတ် သမိုင်းက ပြခဲ့ပြီးပါပြီ၊ ကချင် ရှမ်း မွန် ဝ တွေနဲ့ ငြိမ်းချမ်းရေး ယူနေချိန် ကရင်တပ်မတော်ကို သူတို့ လိုချင်တဲ့ အတိုင်းတာထိ ဖြိုခွင်းနိုင်ခဲ့တယ်၊ ပြီးမှ ငြိမ်းချမ်းရေး ဆိုပြီးလုပ်တယ်  ပြီးတော့ ကချင်ကို အကြောင်းအမျိုးမျိုးပြကာ ထိုးစစ်ဆင်ပြန်တယ်၊ ကချင် တပ်မတော်ခုခံ စစ်ပွဲ မရှူးတာကြောင့် ကချင်တောင်တန်း ချောင်းဖြစ် မသွားပဲ စိမ်းလန်းခွင့် ရခဲ့တာပါ၊ အကယ်၍ ကချင် တပ်မတော် ရှူးနိမ်ခဲ့ရင် ရှမ်းတပ်မတော် နဲ့ ဝ တပ်မတော် မသက်သာ ဘူးဆိုတာကို မတွေးပဲ သိကြရမှာပါ၊ ဒါကြောင့် တိုင်းရင်းသား တပ်မတော်တွေအားလုံး ပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ် နိုင်ငံ တော်ဆီ မရောက်မချင်း စုပေါင်းကာကွယ်ပြီး ပြည်သူသည်အမိ ပြည်သူသည်အဖ ဆိုသော မူဝါဒနဲ့ ပြည်သူ့အသက်ကို စောင့်ရှောက်ကြပါလို့ နှိုးဆော်ရင်း----------------- ကျနော်  ဆရိန်ရ နဒီ ကျော်မင်းခိုင်

No Response to " နည်းပရိယာယ် နဲ့ အစိုးရစစ်မျက်နှာဖွင့်ခြင်း"

Leave A Reply