Monday, October 14, 2013
ဒေါက်တာအေးချမ်း ရောက်နေချိန်မှာ နိုင်ငံတော်က သမိုင်းညီလာခံတခုကို ပြုလုပ်ပေးသင့်တယ်
Posted on 4:04 PM by tun tun
photo.
------------------------------ ------------------------------ ------------------------------------
တနေ
့က ဒေါက်တာအေးချမ်းနဲ့  စကားပြောဖြစ်ပါတယ် ။ ရခိုင်ပြည်လုံးဆိုင်ရာ
ညီလာခံကို သွားမှာမို့  စာတမ်းတစောင် ရေးနေတယ်လို့  ပြောပြတယ် ။ ခုတော့
ဒေါက်တာအေးချမ်းဟာ ရန်ကုန်ကို ရောက်သွားပါပြီ ။ လေဆိပ်မှာ ကြိုနေကြတဲ့ 
ရခိုင်လူမျိုးတွေကို မြင်တော့ မျက်ရည်တောင် ၀ဲမိပါတယ် ။ ရုပ်ရှင်သရုပ်ဆောင်
နေထက်လင်း ၊ ရခိုင်အဆိုကျော်များဖြစ်ကြတဲ့  ၀င်းကိုခိုင် ၊ ညီမင်းခိုင်တို
့လို အနုပညာရှင်တွေလဲဘဲ ဒေါက်တာအေးချမ်းကို ကြိုဆိုနေတဲ့  ပြည်သူတွေရဲ့ 
ရှေ့မှာ မြင်ရတော့ အတူတူ လက်တွဲ ရှိနေပါလားဆိုတာတွေးပြီး သူတို့ ကိုလဲ
ကျေးဇူးတင်ဖြစ်ပါတယ် ။
မကြာသေးခင်က နယူးယောက်မြို့ မှာ ကရင်လူမျိုး ဖိုးခွါးနဲ့  ရွှေည၀ါဆရာတော်
ရောက်လာချိန် ဘုန်းကြီးကျောင်းမှာ စကားပြောဖြစ်ကြပါသေးတယ် ။ ဖိုးခွါးက
အခုဆိုရင် ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော် ကွယ်လွန်သွားပြီ ဆိုတော့
ဒေါက်တာအေးချမ်းတယောက်ဘဲ ရှိတော့တယ် ။ ဒါကြောင့် ခင်ဗျားတို့ က
ဒေါက်တာအေးချမ်းရဲ့  ကျမ်းမာရေးကို ဂရုစိုက်ပေးပါလို့  ပြောရှာပါတယ် ။ သူ
မသေသင့်ဘူးနော် ။ သူ့ မှာ အလုပ်တွေ အများကြီး လုပ်စရာတွေ ရှိသေးတယ် ။
ဒေါက်တာအေးချမ်းကိုလဲဘဲ ကျနော်က အဲဒီလို သတိတရ ကျမ်းမာရေးကို
ဂရုစိုက်ပေးပါလို့  မှာကြောင်း ပြောပေးပါဆိုတယ် ။ ဒီစကားကိုလဲဘဲ
ဒေါက်တာအေးချမ်းကို ကျနော် ပြောပြလိုက်ပါသေးတယ် ။
ဖိုးခွါးပြောတာ မှန်တယ် ။ ဒေါက်တာအေးချမ်းဟာ ရခိုင်သမိုင်းပညာရှင်
တဦးဖြစ်သလို အခုဖြစ်နေတဲ့  သမိုင်းလိမ်ဘင်္ဂလိမ်ကုလားတွေနဲ့  ပါတ်သက်လို့ 
အဓိကတပ်ဦးကနေပြီး ဖြေရှင်းနေတဲ့  ပညာရှင်တဦးဖြစ်ပါတယ် ။ သူဟာ
ရခိုင်မျိုးချစ် လူကြီးလူကောင်းတဦး အနေနဲ့  အခုဆိုရင် မိဖပြည်သူတွေနဲ့ 
ထိတွေ့ ခွင့်ရသွားပါပြီ ။သူ့ ကို ရခိုင်သမိုင်းပညာရှင် တဦးမို့ 
အခုရခိုင်ပြည်နယ်ကို ပြန်သွားတဲ့  ခရီးစဉ်မှာ အစိုးရက သူ့ ရဲ
့လုံခြုံရေးကို အထူးဂရုစိုက်ပေးကြဖို့  အစိုးရကို မေတ္တာရပ်ခံပါရစေ ။
ဒေါက်တာအေးချမ်း ရှိနေချိန်မှာ အစိုးရကလဲဘဲ ရခိုင်သမိုင်းကော
မြန်မာသမိုင်းကိုပါ သမိုင်းစာတမ်းဟောပြောပွဲတွေ သတင်းစာရှင်းလင်းပွဲတွေကို
ဦးဆောင်ကျင်းပ ပေးဖို့  လိုအပ်ပါတယ် ။ မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီး - Mr Derek Mitchel - ဟာ ၀ါရှင်တန်မှာ
သမိုင်းလိမ်ဘင်္ဂလီကုလားတွေကို အဓိက ဦးဆောင်နေတဲ့  ၀ါကာအူဒင်နဲ့  တွေ
့ဆုံပြီး အတူတကွ ဓါတ်ပုံရိုက်ခံကာ သမိုင်းလိမ် ဘင်္ဂလိမ်ကုလားအကြောင်းကို
ဆွေးနွေးခဲ့ သူဖြစ်ပါတယ် ။ သံအမတ်ကြီးအနေနဲ့  လက်ခံခြင်း မခံခြင်းဆိုတာသည်
ပဓါန မကျပေမဲ့  သူ့ ကို ပြောဆိုပြဖို့  ရှင်းလင်းဖို့ 
ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို အစိုးရက စီစဉ်ပေးဖို့ 
လိုအပ်ပါတယ် ။ ဒါကြောင့်မို့ လို့ ဒေါက်တာအေးချမ်း ရောက်လာချိန်မှာ
အမေရိကန်သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့် လုပ်ပေးဖို့  ၊ နိုင်ငံခြားသား
သမိုင်းပညာရှင်များအပါအ၀င် သမိုင်းစာတမ်း ရှင်းလင်းပြုလုပ်ပေးဖို့ ဆိုတာကို
အစိုးရက ဦးဆောင်ကျင်းပပေးရန် လိုအပ်တယ်လို့  မြင်ပါတယ် ။ အမေရိကန်
သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့်ရအောင် ဖန်တီးပေးလိုက်တာဟာ ကောင်းသောအစီအစဉ်
တခုဖြစ်မှာပါ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ အဲဒီလူမျိုး
မရှိဘူးဆိုတာကို သမိုင်းအထောက်အထားနဲ့  ပြောဆိုဖို့  ရခိုင်သမိုင်းပညာရှင်
ဒေါက်တာအေးချမ်းက ပြောဆိုရှင်းလင်းဖို့  သွားပါပြီ ။ အခုလို သမိုင်းပညာရှင်
တဦးက ပြောဆိုတာကို နိုင်ငံတော်က ဥပဒေတရပ်အနေနဲ့  ထုတ်ပြန်ပြီး မရှိသော
၎င်းလူမျိုးအား မသုံးစွဲရန်နှင့် သုံးစွဲခေါ်ဝေါ်သူများအား ဥပဒေအရ ထိရောက်စွာ
အရေးယူရန်ဖြစ်ကြောင်း ပုဒ်မ္မ ပုဒ်ထီးတွေနဲ့  ချမှတ်ဖို့  အခွင့်အလမ်း
ရရှိသွားပြီဖြစ်ပါတယ် ။ ဒီလို ဥပဒေအမိန့် တွေနဲ့  မပြုလုပ်ထားသမျှ
မြန်မာနိုင်ငံသားတွေနဲ့  အခြား နိုင်ငံခြားသားတွေဟာ သူတို့ ရဲ့ 
အဆင့်အတန်းမရှိလှတဲ့  မီဒီယာတွေကနေပြီး ပြောဆိုရေးသားနေကြအုံးမှာဖြစ်ပါ တယ်
။ သူ့ ကိုမှ သမိုင်းပညာရှင် စာတမ်းဖတ်ပွဲကို လုပ်ပေးရမှာလားဆိုပြီး
အစိုးရက တလွဲမာနတွေနဲ့  မပြုလုပ်ကြပါရန် အထူးတိုက်တွန်းလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ဓာတ်ပုံ- ညီမင်းခိုင်၊ ထွန်းမြင့်ထွန်း — with Abu Chay and 4 others.
Subscribe to:
Post Comments (Atom)
No Response to "ဒေါက်တာအေးချမ်း ရောက်နေချိန်မှာ နိုင်ငံတော်က သမိုင်းညီလာခံတခုကို ပြုလုပ်ပေးသင့်တယ် "
Leave A Reply