အိန္ဒိယ သတင်းစာ တစ်စောင် ဖြစ်သော The Times of India က ဘင်္ဂလာဒေခ်ျ့
မြေပေါ်တွင် မြန်မာ အစိုးရအား လက်နက်ကိုင် တိုက်ခိုက်မည့် အစ္စလာမ်မစ်
အကြမ်းဖက် အဖွဲ့များ သင်တန်း တက်နေခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယ အစိုးရမှ
ဘင်္ဂလာဒေခ်ျ့အား သတိပေးခဲ့သည်ဟု ဖေါ်ပြသော သတင်းမှာ မဟုတ်မှန်ကြောင်း
ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ငြင်းဆိုလိုက်သည်။
ဇူလိုင်လ ၂၅ ရက်နေ့က နယူးဒေလီတွင် ပြုလုပ်သော အိန္ဒိယနှင့် ဘင်္ဂလာဒေခ်ျ့
နိုင်ငံအကြား ပြည်ထဲရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲတွင်
အိန္ဒိယ အတွင်းဝန် Anil Goswami က ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး အတွင်းဝန် ကမာ
အူဒိန် အာမတ် ( Kamal Uddin Ahmad) အား အကြမ်းဖက် အဖွဲ့များ ဘင်္ဂလာဒေခ်ျ့
မြေပေါ်တွင် သင်တန်း တက်နေကြောင်း သတိပေး ပြောကြားခဲ့ကြောင်း “ Emergence of
terror training camps for Rohingya Muslims in the Chittagong Hill
tracts” ခေါင်းစည်းဖြင့် The Times of India က ရေးသားဖေါ်ပြခဲ့သည်။
Times of India တွင် ဖေါ်ပြသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ
ကိစ္စကို ဆွေးနွေးပွဲတွင် အိန္ဒိယဘက်မှ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း
မရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး အတွင်းဝန် ကမာ အူဒိန် အာမတ်က
ဘင်္ဂလာဒေခ်ျ့ သတင်းထောက်များက မေးမြန်းစဉ် ပြောဆိုသည်။
The times of India က အိန္ဒိယ ထောက်လှမ်းရေးကို ကိုးကားပြီး
သတင်းရေးသားရာတွင် ပါကိစ္စတန် အကြမ်းဖက်အဖွဲ့ဖြစ်သော Le T နှင့် Jaish e-
Mohammed အဖွဲ့များသည် ဒေသအတွင်းက ဘင်္ဂလာဒေခ်ျ့နိုင်ငံအတွင်းမှ ဂျီအမ်းဘီ
အဖွဲ့များ၏ အကူအညီကို ယူပြီး ရိုဟင်ဂျာ ဆိုသော အကြမ်း လက်နက်ကိုင်
အဖွဲ့များကို စစ်တကောင်း တောင်တန်းနယ်တွင် သင်တန်းပေးနေကြောင်း ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာန အတွင်းဝန် ကမာ အူဒိန်အာမတ်က The Daily
Star သတင်းစာမှ သတင်းထောက်များကို ပြောကြားရာတွင် မြန်မာကို လက်စားချေ
တိုက်ခိုက်ရန် အတွက် ပါကိစ္စတန်မှ Lashker e- Taiba ကဲ့သို့ အဖွဲ့များက
စစ်တကောင်းတောင်တန်းနယ်တွင် မူဆလင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များကို
လက်နက်ကိုင် သင်တန်း ပေးနေတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မလဲဟု ပြောဆိုသည်။
သူက မြေပြင် ထောက်လှမ်းရေး သတင်းများကို ကိုးကားပြီး အကြမ်းဖက်
အဖွဲ့များ သင်တန်း တက်နေသည်မှာ မဖြစ်နိုင်ကြောင်း သတင်းထောက်များကို
ပြောဆိုခြင်း ဖြစ်ကြာင်းThe Daily Star သတင်းစာမှ ယမန်နေ့က ဖေါ်ပြသည်။ narinjara
Saturday, July 27, 2013
မြန်မာနှင့် ဆက်စပ်သော အိန္ဒိယ မီဒီယာ သတင်း မဟုတ်မှန်ကြောင်း ဘင်္ဂလာဒေခ်ျ့က ငြင်းဆို
Posted on 6:07 PM by tun tun
Subscribe to:
Post Comments (Atom)
No Response to "မြန်မာနှင့် ဆက်စပ်သော အိန္ဒိယ မီဒီယာ သတင်း မဟုတ်မှန်ကြောင်း ဘင်္ဂလာဒေခ်ျ့က ငြင်းဆို"
Leave A Reply