Thursday, July 18, 2013
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဂျာမတ် ပါတီ အတွင်းရေးမှူးကို သေဒဏ်ချမှတ်
Posted on 4:30 PM by tun tun
သတင်း — July 18, 2013 at 11:27 pm
သူဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လွတ်လပ်ရေး တိုက်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ ရာဇ၀တ်မူတွေကို ကျူးလွန်ခဲ့သူ ဖြစ်တယ်ဆိုပြီး ခုလို တရားရုံးက သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သေဒဏ် ချမှတ်ခံရတဲ့ အာလီအာစန် မူဟာမတ် မူဂျာဟစ်ဟာ အသက် ၆၅ နှစ် ရှိပြီး လက်ရှိ အချိန်မှာ ဂျာမတ် အီး အစ္စလာမ်မီယာပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၁၇ ရက် မနေ့က နိုင်ငံတကာ တရားရုံးခုံရုံး အမှတ် (၂) က ဂျာမတ်ခေါင်းဆောင် မူဂျာဟစ်ရဲ့ အမူကို ဆုံးဖြတ်ရာမှာ တရားစွဲဆိုခံရတဲ့ အမူ ၇ ခုထဲမှ ၅ ခုကို ကျူးလွန်ခဲ့တယ်ဆိုပြီး သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ခုလို သေဒဏ်ချမှတ်မူနဲ့ ပတ်သက်ပြီး သူ့ကို ထောက်ခံသူတွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြမူတွေ ပြုလုပ်ခဲ့တဲ့ အတွက် နိုင်ငံ အ၀န်းမှာ အကြမ်းဖက်မူတွေ ပေါ်ပေါက်ခဲ့သလို ကားတွေ၊ ဈေးဆိုင်တွေ အများအပြားလည်း မီးရှို့ခံခဲ့ရပါတယ်။
လက်ရှိ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်နဲ့ သူတို့ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုနေသူတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ကောင်းချီးသြဘာ ပေးလိုက်ကြပါတယ်။
ခုလို သေဒဏ်ချမှတ်လိုက်တဲ့ အပေါ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ( Amnesty International) ကတော့ တရားရုံးက သေဒဏ်ပေးတဲ့ အပေါ် ရှုတ်ချလိုက်ပြီး ခုလို သေဒဏ် ပေးတာဟာ နိုင်ငံတာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲ အတွင်း လူသားဆိုင်ရာ ရာဇ၀တ်ပြစ်မူ ကျူးလွန်သူတွေ အပေါ် တစ်ယောက်ပြီး တစ်ယောက် ပြစ်ဒဏ်တွေ စီရင်ချက်ချနေရာမှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ဂျာမတ် အီး အစ္စလာမ်မီယာ ပါတီ ထိပ်တန်း အကြီးအကဲ ဂေါ်လာအာဇန်ကို နှစ်ပေါင်း (၉၀) ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ အခုအခါ အသက် ၉၁ နှစ်ရှိပြီ ဖြစ်တဲ့ အတွက် လျှော့ပေါ့ သက်ညှာတဲ့ အနေနဲ့ ခုလို ထောင်ဒဏ် နှစ်ပေါင်း (၉၀) ပြစ်ဒဏ်ပေးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇ၀တ်မူ ကျူးလွန်သူတွေလို့ စွပ်စွဲခံထားရတဲ့ သူတွေကို ဖေါ်ထုတ် တရားစွဲဆိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနေတဲ့ အတွက် နိုင်ငံအတွင်းမှာ မတည်ငြိမ်မူတွေလည်း ဖြစ်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေ (ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး) တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့်ကွက်နေတဲ့ ဂျာမတ်ပါတီက သပိတ်တိုက်ပွဲ ဆက်တိုက် ဆင်နွဲနေတဲ့ အတွက် တစ်နိုင်ငံလုံးမှာ ကားအသွားအလာတွေ ရပ်နေပြီး ဈေးဆိုင်တွေ၊ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း အခု အချိန်ထိ ပိတ်ထားရပါတယ်။
နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးက ဆုံးဖြတ်တဲ့ အပေါ်မှာ ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက် သူတွေ အကြားမှာလည်း တစ်ဘက်နဲ့ တစ်ဘက် တင်းမာမူတွေ ကြီးထွားလာပြီး လမ်းပေါ်ထွက် တိုက်ခိုက်မူတွေလည်း ရှိနေတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ သာမန် ပြည်သူတွေ အကြားမှာတော့ အခု အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မူတွေ ရှိနေကြပါတယ်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဂျာမတ် ပါတီ အတွင်းရေးမှူးကို သေဒဏ်ချမှတ်"
Leave A Reply