၂၀၁၂ ခုနစ် မေလ ၂၈ ရက်နေ့ သီတာထွေးပြဿနာမှ စတင်ခဲ့သော ရခိုင်-ဘင်္ဂလီအဓိဂရုဏ်းနင့် ပက်သက်၍ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၂၂ ရက်နေ့ ထုတ်ပြန်ကြေငြာပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ကို သိရှိရပါသည်။ ထိုကော်မရှင်အဖွဲဝင်များထဲတွင် သမိုင်းပညာရှင်များ၊ ဥပဒေပညာရှင်များ၊ လူမူရေးသိပ္ပံပညာရှင်များ၊ စီးပွါးရေ၊ နိုင်ငံရေးနယ်ပယ်မှ လူများအားလုံး ပါဝင်ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင်ဖေါ်ပြထားသည်ကို တွေရပါသည်။
နိုင်ငံတော်သမ္မတမှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရန်တာဝန် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုကော်မရှင်ထဲမှ သုတေသနအဖွဲ့ဝင်များသည်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို ၁၀ ကြိမ်ခန့်လေ့လာကာ ဘာသာရေး၊ လူမူရေးခေါင်းဆောင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ရခိုင်ပြည်တွင်း နေထိုင်ကြသော ပြည်သူများ၊ ရပ်မိရပ်ဖများအား စစ်တမ်းကောက်ယူခြင်း၊ (focus group discussion)အရ ဆွေးနွေးခြင်း၊ ဒေသခံပြည်သူတို၏ နေ့စဉ်လူမူဘ၀ ပြောဆိုဆက်ဆံမူတို့ကိုလည်း အသေးစိတ်ကောက်ယူခဲ့ကြောင်း ဖေါ်ပြထားပါသည်။
ကော်မရှင်၏ အစီရင်ခံစာသည် ဘက်စုံထောင့်စုံက လေ့လာသုံးသပ်ထားသောကြောင့် အတောအတန် ပြည့်စုံသည်ကို တွေ့ရှိရပါသည်။ စီးပွါးရေး၊ လူမူရေး၊ ပညာရေး၊ ဘာသာရေးဆိုင်ရာများကို အကြံပြုထားသည်ကို တွေ့ရှိရပါသည်။ ကော်မရှင်၏ အစီရင်ခံစာကို မည်မျှထိ လက်တွေ့ကျပြီးအကောင်အထည် ဖော်နိုင်မည်ကို ရခိုင်ပြည်သူများစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။
တကယ်တမ်း ထိုကော်မရှင်မှ အကြံပြုထားသည်တိုကို လက်ရှိအစိုးရမှ ရခိုင်ပြည်သူများ၏ သဘောထားနင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်သင့် ပါသည်။
မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ရခိုင်ပြည်သည် သဘာဝသယံဇာတ ပေါများသော်လည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည်မှာ ဆယ်စုနစ် ခြောက်ခုမက ရှိခဲ့ပြီးဖြစ်သည်။ ထိုဆင်းရဲဒုက္ခသည် ရခိုင်ပြည်သူများကို နေစဉ်နှင့်အမျှ အမှောင်ကမ္ဘာကို ဖြစ်ပေါ်စေပါသည်။
လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ ဆေးရုံဆေးခန်း မလုံလောက်ခြင်း၊ စီးပွါးရေးဖွံဖြိုးတိုးတက်ရန် စက်ရုံအလုပ်ရုံမရှိခြင်း၊ အစိုးရအဆက်ဆက်မှ ရခိုင်ပြည်သူများ၏ စီးပွါရေး၊ ကျန်မားရေး၊ ပညာရေး၊ လူမူရေးတို့ကို လျှစ်လျူရူထားခြင်း၊ အကျင့်ပျက် အစိုးရ၀န်ထမ်းအများစုတို့၏ ခိုးဝင်ဘင်္ဂလီများအား မတရား လာတ်ယူပြီး နိုင်ငံသားကဒ် ထုတ်ပေးခြင်း စသည်တို့သည် ရခိုင်ပြည်နယ်၏ ကံMကမ္မာဆိုးကို ဖြစ်ပေါ်စေပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုဇန်န္န၀ါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်ငြားလည်း ပြည်သူများမှာ အာဏာမက်သော စစ်ဘီးလူးတို့၏ ဖိနှိပ်မူအောက်တွင် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခကြီးမား စွာခံစားနေရဆံဖြစ်သည်။ အထူးအားဖြင့်နယ်စပ်ဒေသ ဖြစ်သော တိုင်းရင်းသားကျေးရွာများတွင် စစ်ဘေးကြောင့် ထွက်ပြေးနေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အာဟာရမပြည့်ဝသော ကလေးသူငယ်များ သက်ကြီးရွယ်အိုများမှာ ယနေ့အထိ ရှိနေဆဲပင်ဖြစ်သည်။ တကယ်တမ်း ပြည်သူလူထုတစ်ရပ်လုံးကို ကောင်းစားစေချင်လျှင် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အလျှင်အမြန်အကောင်အထည် ဖော်သင့်ပါသည်။
၂၀၁၂ ခုနစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သောရခိုင်-ဘင်္ဂလီ ပဋိပက္ခများသည် အစိုးရ၏ တရားဥပဒေစိုးမိုးရေး အားနည်းချက်များကြောင့်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ၁၉၄၂ ခုနစ် နိင်ငံသားဥပဒေကို လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်ခဲ့သောကြောင့် ထို ရခိုင်-ကုလားပြဿနာ ကြီးထွားလာရခြင်းဖြစ်သည်ဟု မှတ်ချက်ပြုထာသည်ကို တွေ့ရပါသည်။
ယနေ့ထိ မြန်မာနိုင်ငံတွင် တရားဥပဒေ ဖော်ဆောင်မူ အားနည်းနေရသည်မှာ စစ်အစိုးရ၏ အုပ်ချူပ်မူအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်ဟု ကျွန်တော်အနေဖြင့် ယူဆပါသည်။ ဒေသခံ ပြည်သူလူထုတို၏ ဆန္ဒမပါဘဲသဘာဝသယံဇာတများ၊ လယ်ယာမြေ မတရားသိမ်းပိုက်မူများ၊ ဂစ်များကို မတရားရောင်းချနေသည်မှာ နှိင်ငံနှင့်အ၀ှန်းဖြစ်သည်။
ထိုသို့ရောင်းချ၍ ရရှိလာသောအမြတ်ငွေများကို တိုင်းပြည်၏ ပညာရေး၊ ကျန်းမားရေး၊ လူမူစီပွါးရေးတိုတွင် မသုံးဘဲမိမိကိုယ်ကျိုး အတွက်၊ ဗိုလ်ချူပ်ကြီးများ၊ စစ်ဗိုလ်တစ်ဖြစ်လဲ၊ အမတ်များ၊ ခရိုနီများက ချယ်လှယ်နေကြသည်မှာ နှိင်ငံနှင့် ပြည်သူအတွက် အထူးနစ်နာ လှပေသည်။
သူရဲကောင်းများသည် နှိင်ငံနှင့်လူမျိုးအတွက် ဘာမျှော်လင့်ချက်မှမပါဘဲ အသက်ပေးသွါးကြပြီ။ လူယုတ်မာများ ကစားသွားကြသည်မှာ ပြည်သူများ အသိပင်ဖြစ်သည်။
ယနေမြန်မာနိင်ငံသည် အသွင်ကူးပြောင်းနေပြီးဖြစ်ကြောင်း နှိင်ငံတကာကိုဝါဒဖြန့်နေသော်လည်း ပြည်သူများမှာ ဆင်းရဲတွင်းနက်တုန်းပင်ဖြစ်သည်။
အထူးအားဖြင့် ရခိုင်ပြည်သူများမှာ ရခိုင်-ကုလားပဋိပက္ခကြောင့် ရှိရင်းစွဲ မဖြစ်စလောက်စီးပွါးရေးမှာ နာလန်မထူနှိင်သေးကြောင်း သိရှိရပါသည်။
ဘင်္ဂလီများမှာ မြန်မာနှိင်ငံ တရားဥပဒေ မစိုးမိုးသမျှကာလပတ်လုံး ခိုးဝင်းခြင်း၊ ဒေသခံများအား အကြမ်းဖက်ခြင်း၊ လုယက်ခြင်းတို့ရှိနေ ဦးမည်ဖြစ်သည်။
၁၉၄၂ခု ဒုတိယကမ္ဘာစစ်အတွင်း အုပ်ချူပ်မူစနစ်ပျက်ပြားနေချိန်တွင် ရခိုင်လူမျိုး(၂၀၀၀၀)ကျော် သေဆုံခဲ့ရပြီးဖြစ်သည်။ ၂၀၁၂ ခုနစ် ပထမအကြိမ်၊ ဒုတိယအကြိမ် ဖြစ်ပွါးသော အဓိကရုဏ်းတွင်လည်း ရခိုင်လူမျိုး အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့ကြပါသည်။ အမှန်တကယ် ရခိုင်လူမျိုးများမှာ မိမိတို့မြေပေါ်မှ ဘင်္ဂလီတို့၏ လူဦးရေ အသာစီးနင်း နှင်ထုတ်ခံနေကြရသည်မှာ ၁၉၄၂ နှစ်ကပင်ဖြစ်သည်။ ထိုအချိန်က ရခိုင်ကျေးရွာများမှာ ယနေ့ထိ ပြန်လည်မထူထောင်နိင်တော့ဘဲ ဘင်္ဂလီများကြီးစိုးရာနေရာ ဖြစ်သွားရသည်မှာ အစိုးရ၏ အုပ်ချူပ်ရေး စနစ်မကောင်းမူ၊ ဘင်္ဂလီတို့၏ အစ္စလာမ်မစ်နှိင်ငံထူထောင် ရေးတို့ကို လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေပါသည်။
ယနေ့ဘူသီးတောင်နှင့် မောင်တောကို ဘင်္ဂလီ ၉၀ ရာခိုင်းနှုန်းက ထိန်းချူပ်ထားကြပြီဖြစ်သည်။ ဘင်္ဂလာဒေရှ်အစိုးရကလည်း မိမိမွေးထားသောကလေးကို မမွေးစားနိုင်သောကြောင့် လမ်းဘေးတွင်စွန့်ပစ်သော မိဘမျိုးလမ်းတကာက လူများကိုလက်ထိုးညိုးပြီး စွပ်စွဲနေသကဲ့သို ဖြစ်နေပါသည်။
ထိုဘင်္ဂလီကုလားများသည် အခွင့်သာတိုင်းရခိုင်ပြည်နယ်ကို အစ္စလာမ်မစ်နိင်ငံထူထောင်ရန် ကြိုးစားနေကြသည်မှာ ခေတ်အဆက်ဆက်ဖြစ်သည်။ ၁၉၉၈ ခုနှစ် (RiO.rohingya libarationorganization) အဖွဲက ဘင်္ဂလီအင်အား ၅၀၀၀ ကျော်သည် မောင်တောသို့ ရုတ်တရက်ဝင်ရောက်ကာ ဗုဒ္ဒဘာသာဘုန်းကြီး ကျောင်းများအားဖျက်စီးခြင်း၊ ရခိုင်လူမျိုးမှန်သမျှ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ပြီး မောင်တောကို သိမ်းပိုက်ရန် အပြင်းအထန်စီးနင်းတိုက်ခိုက်ခဲ့ကြရာ မြန်မာနိင်ငံ ရဲတပ်ဖွဲ့တို ခုခံကာကွယ်ခဲ့သောကြောင့် ကုလားများမှာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားကြပါသည်။

ဘူးသီးတောင်၊ မောင်တောသည် အသွင်သဏ္ဍန်အားဖြင့် ရခိုင်မြို့ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကုလားများက ဆယ်စုနစ်များစွာကပင် စိုးမိုးထားကြပြီးဖြစ်သည်။ ဘင်္ဂလီကုလားများမှာ ပါကစ္စတန်နှိင်ငံရှိ အယ်လကိုင်ဒါ အကြမ်းဖက်သမားများနှင့် ပူပေါင်းပြီး oic အဖွဲ့ ကမ္ဘာကုလသမဂ္ဂ အပါအ၀င် အဖွဲအစည်းတော်တော်များများကို လိမ်ညာဝါဒဖြန့်ထားကြပြီဖြစ်သည်။ ထိုအထဲတွင် မြန်မာအရေး လူပ်ရှားနေကြသော နိုင်ငံရေးအဖွဲ့အစည်းမှ လူပုဂ္ဂိုလ်အများအပြားကိုလည်း တွေ့ရပါသည်။
ယနေ့ကမ္ဘာကြီးသည် အစ္စလာမ်အစွန်းရောက်သမားတို့၏ လက်ချက်ကြောင့် နေရာတကာတွင်လူအများသေကြေ ထိခိုက်နေရပါသည်။ အမေရိကန်လို ကမ္ဘာအင်အားကြီး နိုင်ငံတစ်ခုသည်ပင် မိမိတို ပေါ်လစိများကို ပြန်လည်သုံးသပ်ပြီး အကြမ်းဖက်ဝါဒကို ရှင်းလင်းနေရသော ကာလဖြစ်သည်။
အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲအစည်းကလည်း ဘင်္ဂလီတို၏ လှည့်ဖျားမူကိုခံနေရကြောင်း သိရှိရပါသည်။ UNHCR'WFP'UNDP'ACF'AZG စသော အဖွဲ့အစည်းများသည် project manager ' project assistant manager ' administrator' coordinator စသည့်ရာထူးများတွင် ဘင်္ဂလီများကိုသာ ဦးစားပေးခန့်လေ့ရှိခြင်း၊ ၂၀၀၉ ခုနှစ် ၀န်ထမ်းလျောချရာတွင် ရခိုင်ဝန်းထမ်းများကိုသာ တစ်ဖက်သတ်လျောချခြင်း၊ ACF နှင့် AZG တိုတွင် ၀န်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ဘင်္ဂလီများသာဖြစ်ခြင်း၊ အစိုးရထံတင်ပြသည့်အခါ ရခိုင်နာမည်များကို ထည့်သွင်းခြင်း။ ဘင်္ဂလီနှင့် ရခိုင်ကိုခွဲခြားဆက်ဆံခြင်း ငွေကြေးအလွဲသုံးစားမူကြောင့် ထောင်ကျပြီး အလုပ်မှထွက်သွားသော ဘင်္ဂလီများကို ပြန်လည်ခန်အပ်ခြင်းတိုသည် နိုင်ငံတကာအဖွဲအစည်းတို၏ အဂတိလိုက်စားမှုနင့် လိမ်လည်မှု မတရားမှုတို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် INGO ပေါင်း၂၀ ကျော်ရှိကြောင်း သိရှိရပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီခံစာအရ ဖြေဆိုသူ ရခိုင်လူမျိုး ၁၂၀၀ တွင် ၂၀ ရာခိုင်းနှုန်းကသာ INGO ၏ လုပ်ဆောင်ချက်ကို ကျေနပ်မှုရှိကြပြီး၊ ၈၅ ရာခိုင်းနှုန်းက အယုံအကြည်မရှိဘဲ အစိုးရ၏ ထိန်းချူပ်မှုအောက်တွင် ရှိစေချင်ကြောင်းဖြေဆိုကြသည်ဟု သိရပါသည်။ ဘင်္ဂလီဖြေဆိုသူ ၈၀၀ အနက် ၈၆ ရာခိုင်နှုန်းက INGO များ၏ လုပ်ရပ်ကို ကျေနက်မူရှိကြပြီး၊ ၈၀ ရာခိုင်နှုန်းက အစိုးရနင့် လွတ်ကင်းလိုကြကြောင်း စစ်တမ်းများအရ သိရှိရပါသည်။ အမှန်အားဖြင့် ထိုဘင်္ဂလီများကို သေချာစွာ စိစစ်ပြီး တတိယနိုင်ငံတစ်ခု ပို့ဆောင်သင့်ပါသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလီကုလားများကို တာဝန်ယူနိုင် လောက်သည့် ငွေကြေးအင်အားမရှိပါ။ ဖွံ့ဖြိုးပြီးသော အစ္စလာမ်နိုင်ငံအများနှင့် ဥရောပသအဖွဲ့ဝင် နိုင်ငံများက ခေါ်ဆောင်သင့်ပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်များကို မည်သို့မည်ပုံ လုပ်ဆောင်ပြီး။ တတိယနိုင်ငံများသို့ ပိုဆောင်နေသည်ကို မြန်မာအစိုးရက အထူးလေ့လာသင့်ပါသည်။

နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ နယ်နိမိတ်အတွင်း တရားမ၀င်ခိုးဝင်လာသူများအား ပိတ်ပင်ခွင်ရှိပါသည်။ နိုင်ငံတွင်းသို့ တရားမ၀င်ဝင်ရောက်လာခြင်းကို အားပေးခြင်း၊ ကူညီပေးခြင်းပြုသူမည်သူကိုမဆို တားမြစ်သည့် ဥပဒေကို ပြဌာန်းပြီး ထိရောက်စွာ အရေးယူနိင်သော ဥပဒေများကို ဖော်ဆောင်ရမည်ဖြစ်သည်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင် မော်လ၀ီများကိုလည်း ဘာသာရေး။ လူမျိုးရေးအစွန်းရောက်ဝါဒများကို ဟောပြောနေလျှင် ထိရောက်စွာ အရေးယူနိုင်သော ဥပဒေများရှိရန် လိုအပ်ပါသည်။ စုံစမ်းရေး ကော်မရှင်များ၏ မှတ်တမ်းအရ ရခိုင်ပြည်နယ် ပြင်ပတွင် နေထိုင်ကြသော ဘင်္ဂလီများနှင့် မူဆလင်ခေါင်းဆောင်က ကော်မရှင်စစ်တမ်းကောက်မူကို မည်သို့ အဖြေပေးသင့်ကြောင်း ညွန်ကြားထားကာ ကော်မရှင်များမှာ အင်တာဗျူးပြီးလျှင် ပထမဆုံးဖြေဆိုသူသည် ဖြေပြီးလျှင်ပြီးချင်း ရန်ကုန်ရှိ ကော်မရှင်ခေါင်းဆောင် မူဆလင်ထံသို့ ဖုန်းဆက်ကာ သတင်းပို့ကြသည်ဟု ဖတ်ရူရပါသည်။ ထို မူဆလင်ခေါင်းဆောင်များမှ မည်သို့ဖြေသင့်ကြောင်း ဖုန်းဖြင့်နုတ်တိုက် သင်ကြားပေးသည်ဟု သိရှိရပါသည်။
စီးပွါးရေးဖွံ့ဖြိုးတိုးတက်မူ မရှိခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပြဿနာဖြစ်ရသည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများ ရပ်ရွာခေါင်းဆောင်များက ပြောကြောင်း စစ်တမ်းကဖော်ပြပါသည်။ ရခိုင်ပြည်နယ်ရှိ လယ်ယာအများစုမှာ ဆားငံရေ၀င်ရောက်ခြင်း။ ဆည်မြောင်းတာတမံနည်းပါးခြင်း၊ လုံလောက်သော လယ်ယာစိုက်ပျိုးရန် အရင်အနီးမရှိခြင်း ၊စီးပွါးဖြစ်ထုတ်ကုန်လုပ်ငန်းမရှိခြင်း၊ ရေလုပ်ငန်းအရင်အနှီးကြီးမားသဖြင့်လူတစ်စု ကသာလုပ်ကိုင်နိင်ခြင်းတိုဖြစ်သည်ဟု သုံးသပ်ထားသည်ကိုတွေရပါသည်။
ကျွန်တော်အယူအဆပြောရပါလျှင် လယ်ယာမြေထက်ဝက်နီးပါးအား စပ်တပ်ကသိမ်းထားခြင်း။ လုပ်ပိုင်ခွင့် မရှိခြင်းတိုကြောင့်ဖြစ်ရသည်ဟု ယူဆရပေသည်။
ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝမူမှရသော အရင်းအမြတ်များကို ရခိုင်ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ဆေးရုံးဆေးခန်းများ တည်ဆောက်ခြင်း၊ စက်မှုလက်မှု အသက်မွေးဝမ်းကြောင်းများ ဖော်ဆောင်ခြင်း၊ (vocational trainingschool)များ တည်ဆောက်ဖြင်း။ သမိုင်းဝင်အမွေအနစ် ပေါများသောကြောင့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ သာယာလှပသော ကမ်းခြေများရှိသောကြောင့် ဟိုတယ်ဇုံများ တည်ဆောက်ခြင်းတို့ကို အစိုးရအနေဖြင့် အလျှင်အမြန်ဖော်ဆောင်သင့်ပါသည်။
အထူးအားဖြင့် တရုတ်နိင်ငံ ယူနန်ပြည်နယ်နင့် သွယ်တန်းနေသော ရွေဂစ်စီမံကိန်းလုပ်ငန်းများကို ဒေသခံတို၏ အကျိုးအမြတ်မပါဘဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မူ၊ ဒေသခံများ မသိဘဲလယ်ယာမြေများအား မတရားသိမ်းပိုက်မူတို့ကို ပြန်လည်သုံးသပ်သင့်ပေသည်။ ARAKAN TIMES
No Response to "အမှောင်ကမ္ဘာထဲမှ ကျွန်တော်တို့ ပြည်သူများ"
Leave A Reply