Saturday, February 2, 2013

ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး (၁) လ သင်တန်းဖွင့်လှစ်

Posted on 6:39 AM by tun tun

Written by မိုးဇော်    Saturday, 02 February 2013 09:53    PDF Print E-mail
yangon 1 copyယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် ၆၀၊ မြင့်မိုရ်လမ်း၊ ပထမထပ်၊ စမ်းချောင်းမြို့နယ်၊ အာရက္ခဖောင်ဒေးရှင်းရုံး၌ ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး သင်တန်းကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ လူဦးရေ ၁၀(တစ်ဆယ်ကျော်လာ၊ တရာကျော်လာ ပြန်စီစစ်ရန်) ကျော်ခန့် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ဧရာဝတီ၊ ပုသိမ်၊ ဟိုင်းကြီး၊ ဘိုကလေးမြို့တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။
အာရက္ခ ဖောင်ဒေးရှင်းမှ အလုပ်အဖွဲ့မှ ဦးမျိုးကျော်က " အဓိကကတော့ ရခိုင်မှာရှိတဲ့ လူငယ်တွေဟာ ကိုယ်ရည်ကိုယ်သွေးတွေ ကျနေကြတယ်။ ရခိုင်ပြည်မှာ လက်ရှိရှိနေတဲ့ လူငယ်တွေဟာ ဒီမှာရန်ကုန်မှာရှိနေကြတဲ့ လူငယ်တွေနဲ့ တန်းတူလိုက်နိုင်ရေးအတွက်၊ ပြီးတော့ သူတို့တွေက ဒီမှာရှိတဲ့ လူငယ်တွေနဲ့ဆိုရင် နှိုင်းစာလို့မရလောက်အောင်ထိ အရည်အသွေး နိမ့်ကျနေတဲ့အတွက် ရန်ကုန်မှာ ဒီလိုသင်တန်းကို ဖွင့်ရတာ ဖြစ်ပါတယ်။ သင်တန်းကတော့ ၁ လ သင်တန်း ဖြစ်ပါတယ်။ နောက်ပြီးတော့ လူငယ်တွေ အနေနဲ့ ဒီသင်တန်းက ရလာတဲ့သင်ကြားမှုတွေကို ဆင့်ပွားပြီးတော့ စည်းရုံးလှုပ်ရှားကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရခိုင်အပါအဝင် နောက်ထပ် တခြားတိုင်းရင်းသားတွေကိုလည်း သင်တန်းပေးသွားမယ့် အစီအစဉ်ရှိပါတယ်။ အခုက ရခိုင်ပြည် သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်က မြို့နယ်တွေနဲ့ ပြင်ပမှာရောက်နေကြတဲ့ ရခိုင်လူငယ်တွေကို သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။ သင်တန်းသားတွေကို မှာကြားချင်တာက သင်တန်းတစ်ခု တက်လို့ရှိရင် သင်တန်းကပို့ချတာတွေကို ရအောင်ယူပြီးတော့ ကိုယ့်နေရပ်၊ ကိုယ့်ဒေသကို ရောက်တဲ့အချိန်မှာ တိုးပွားအောင်လုပ်ပြီးတော့ အကျိုးရှိအောင် အသုံးချကြပါလို့ ပြောချင်တယ်။ " ဟု ပြောသည်။
ယခု သင်တန်းသည် အာရက္ခ ဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ပထမအကြိမ် သင်တန်းသည် အောက်တိုဘာလ ၁ ရက်နေ့မှ လကုန်အထိ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသင်တန်းတွင် ရခိုင်ပြည် စစ်တွေခရိုင်၊ မောင်တောခရိုင်တွင်းရှိ ၁၀ မြို့နယ်မှ ရခိုင်လူငယ် ၂၀ ကျော်ကို ဖိတ်ကြားပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။
yangon copy
yangon 3 copy
yangon 2 copy ARAKAN TIMES

No Response to "ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး (၁) လ သင်တန်းဖွင့်လှစ်"

Leave A Reply