Sunday, January 27, 2013
ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Posted on 6:09 PM by tun tun
|
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့် လမ်းညွှန်ချက်များ အားနည်းခြင်းကြောင့် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုနှစ်မှသာ ပထမအကြိမ်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင်အရိယ၀ံသ (မေတ္တာစမ်းရိပ်)မှမိန့်ကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ ဘ-က ကျောင်းအုပ်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့ပြီး သြဂုတ်လနှင့် ဒီဇင်ဘာလကဗြိတိန်သံရုံး၏ ထောက်ပံ့မှုဖြင့် ပျိုးပင် projet မှ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခြင်းကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာ ဘ-ကဆရာတော်များ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းအုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲမှ ရခိုင်ပြည်နယ် ဘ-က ပညာရေးကျောင်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးကို ဖွဲ့စည်းခဲ့ကြပြီး အနာဂတ်ရခိုင်ပြည်၏ ဘ-ကပညာရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်မည့် ပညာရေး နည်းဗျူဟာသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးမှ တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘ-က ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင်၊ ဘ-က ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ရန်ပုံငွေ ရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေရှာဖွေရန်၊ ရန်ပုံငွေ အခြေအနေအပေါ်မှာ မူတည်ပြီး အသင်းဝင်ကျောင်းအားလုံးကို မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းရန်၊ ရခိုင်ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းကမ်း၊ စဉ်းမျဉ်း အခြေခံမူဝါဒများကို ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက်များကို အစည်းအဝေးက ချမှတ်ခဲ့ကြသည်။
ဆွေးနွေးပွဲမှ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ အလုပ်အမှုဆောင်ဆရာတော်ကြီးများ ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကျောက်ဖြူမြို့၊ ပရဟိတ၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ ကောဏ္ဍည၊ မြောက်ဦးမြို့၊ မော်ရွာသစ်၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ သကျဝံသ၊ ပေါက်တောမြို့နယ်၊ သ၀င်ေ ချာင်း၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ ဥတ္တမ တို့မှာ အသင်းကြီး၏ သြ၀ါဒစရိယ ဆရာတော်ကြီးများဖြစ်သည်။
အလုပ်အမှုဆောင် ဆရာတော်ကြီးများမှာ
၁။ ဘဒ္ဒန္တ ဣန္ဒက၊ မီးဝ၊ ဘ-က ကျောင်း၊ ကျောက်တော်မြို့နယ်။ ဥက္ကဋ္ဌ
၂။ ဘဒ္ဒန္တ မ္မာနန္ဒ၊ ရွှေနတ်တောင်၊ ဘ-က ကျောင်း၊ ရမ်းဗြဲမြို့။ ဒု- ဥက္ကဋ္ဌ
၃။ ဘဒ္ဒန္တ န္ဒာသီရိ၊ သုံးမိုင်၊ ဘ-က ကျောင်း၊ မောင်တောမြို့။ ဒု- ဥက္ကဋ္ဌ
၎။ ဘဒ္ဒန္တ အရိယ၀ံသ၊ ရွှေစေတီ၊ ဘ-က ကျောင်း၊ စစ်တွေမြို့။ အတွင်းရေးမှူး
၅။ ဘဒ္ဒန္တ ဣန္ဒက၊ ဘိုကလေး၊ ဘ-က ကျောင်း၊ ဂွမြို့နယ်။ တွဲ- အတွင်းရေးမှူး
၆။ ဘဒ္ဒန္တ ၀ရဓဇ၊ ဂုံကျွန်း၊ ဘ-က ကျောင်း၊ မြောက်ဦးမြို့။ တွဲ- အတွင်းရေးမှူး
၇။ ဘဒ္ဒန္တ ဣန္ဒာစာရ၊ ပုလဲရတနာ၊ ဘ-က ကျောင်း၊ ဂျိတ္တော၊ သံတွဲမြို့နယ်။ ဘဏ္ဍာရေးမှူး
၈။ ဘဒ္ဒန္တ ၀ရသာမိ၊ ပြိန်းချောင်း၊ မှန်ကျောင်း၊ ဘ-က ကျောင်း၊ ကျောက်တော်။ တွဲ-ဘဏ္ဍာရေးမှူး
၉။ ဘဒ္ဒန္တ ခေမာဝံသ၊ ဝေဠုန်ဝန်၊ ဘ-က ကျောင်း၊ စစ်တွေမြို့။ တွဲ- ဘဏ္ဍာရေးမှူး
၁၀။ ဘဒ္ဒန္တ ၀ဏ္ဏ၊ အုန်းတောချောင်း၊ ဘ-က ကျောင်း၊ ပေါက်တောမြို့နယ်။ စာရင်းစစ်
၁၁။ ဘဒ္ဒန္တ တေဇဉာဏ၊ ငပြီကျွန်း၊ ဘ-က ကျောင်း၊ ပေါက်တောမြို့နယ်။ တွဲ- စာရင်းစစ်
၁၂။ ဘဒ္ဒန္တ နိဝါတ၊ ကံပိုင် မဟာဝိဟာရ၊ ဘ-က ကျောင်း၊ တောင်ကုတ်မြို့။ တွဲ- စာရင်းစစ်
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၃ ခုနှစ်က ဖွင့်လှစ်ရန် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားခဲ့ရာ ရခိုင်ပြည်နယ်တွင် တစ်မြို့နယ်လျှက် ကျောင်း (၅) ကျောင်းကျစီဖွင့်ခွင့်ရခဲ့ရာ အဆိုပါနှစ်က (ဘ-က) ကျောင်း ၁၈၀ ကျော်ရှိခဲ့သည်။
ကူညီထောက်ပံ့ပေးမှုအားနည်းချက်ကြောင့် ကျောင်းများလျှော့ကျခဲ့ရာ လက်ရှိတွင် ရခိုင်ပြည်နယ်တွင် (ဘ-က)ကျောင်းပေါင်း ၈၀ ကျော်သာရှိပြီး ဆရာ၊ ဆရမ ၄၀၀ကျော်နှင့် ကျောင်းသားဦးရေ (၁၀၅၀၀) ကျော်ရှိကြောင်း သိရသည်။ ARAKAN TIMES
Subscribe to:
Post Comments (Atom)
No Response to "ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ"
Leave A Reply