Sunday, March 17, 2013

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင် ဆုံးသွားရှာပြီ။

Posted on 6:36 PM by tun tun


Myo Chit

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင် ဆုံးသွားရှာပြီ။

တကျော့ပြန် အရေးအခင်း၌ ဘင်္ဂလီတို့၏တိုက်ခိုက်မှုကြောင့် ဒါဏ်ရာ အပြင်းအထန်ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှု ခံယူခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင်(၆၀)နှစ် မှာ တစ်ကိုယ်လုံးလေဖြတ်သလို ဖြစ်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အနောက်ပိုင်း အရိုးကုဆေးရုံတို့တွင် ၁ လ ကျော်ခန့် ဆေးကုသမှုခံယူခဲ့ရသည်။ရခိုင်ကို ပြန်လျှင် သူ၏ ဒါဏ်ရာ သက်သာသွားမည်ဟုဆိုကာ ရခိုင်သို့ပြန်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ရခိုင်အမျိုးသား ကွန်ရက် အဖွဲ့ဝင်များ က အကြိမ်ကြိမ်ဖျောင်းဖျပြီး မပြန်ရန်ပြောဆိုခဲ့သော်လည်း သူ့၏ အစွဲကို တားမရခဲ့၍(30.11.2012)တွင် ပြန်ခွင့်ပြုပြီး လိုက်ပို့ခဲ့ရသည်။ သူ့အတွက် အလွန် စိုးရိမ် နေခဲ့ရပြီး ဒီနေ့ကြားသိရတဲ့သတင်းကြောင့် အလွန်တရာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ညနေ ၃ နာရီခွဲ ခန့်က ဦးစိန်သာအောင် ဆုံးသွားပြီ ဆိုပြီး သူ့သမီးကဖုန်းဆက်ပြီး ရခိုင်အမျိုးသား ကွန်ရက်သို့ အကြောင်းကြားလာသည်။ စိတ်မကောင်းဖြစ်ကြရုံမှတစ်ပါး အဘယ်သို့တတ်နိုင်ပါတော့မည်နည်း။ ဒါဏ်ရာပြင်ထန်၍ ရန်ကုန်သို့ဆေးကုသမှု ခံယူကြသူများထဲတွင် ဦးစိန်သာအောင်နှင့် ရမ်းပြဲမြို့နယ် ကျောက်နီမော် သပြေချောင် ကျေးရွာမှ ကိုမောင်သန်းတင် တို့အား ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။ နောက်ဆုံးကျွန်နော် စဉ်းစားပြီး သံသယဖြစ်မိတာကတော့ ဘင်္ဂလီတို့၏ ဒုတ် ဓါး လှံ ဂျင်ဂလိ တို့တွင် အဆိပ် တစ်ခုခု ပါဝင်နိုင်သည်ဟု ကျွန်နော် သုံးသမိပါတယ်ဗျာ……။
(16.3.2013)
Myo Chit



တကျော့ပြန် အရေးအခင်း၌ ဘင်္ဂလီတို့၏တိုက်ခိုက်မှုကြောင့်
ဒါဏ်ရာ အပြင်းအထန်ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှု ခံယူခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင်(၆၀)နှစ် မှာ တစ်ကိုယ်လုံးလေဖြတ်သလို ဖြစ်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အနောက်ပိုင်း အရိုးကုဆေးရုံတို့တွင် ၁ လ ကျော်ခန့် ဆေးကုသမှုခံယူခဲ့ရသည်။ရခိုင်ကို ပြန်လျှင် သူ၏ ဒါဏ်ရာ သက်သာသွားမည်ဟုဆိုကာ ရခိုင်သို့ပြန်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ရခိုင်အမျိုးသား ကွန်ရက် အဖွဲ့ဝင်များ က အကြိမ်ကြိမ်ဖျောင်းဖျပြီး မပြန်ရန်ပြောဆိုခဲ့သော်လည်း သူ့၏ အစွဲကို တားမရခဲ့၍(30.11.2012)တွင် ပြန်ခွင့်ပြုပြီး လိုက်ပို့ခဲ့ရသည်။ သူ့အတွက် အလွန် စိုးရိမ် နေခဲ့ရပြီး ဒီနေ့ကြားသိရတဲ့သတင်းကြောင့် အလွန်တရာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ညနေ ၃ နာရီခွဲ ခန့်က ဦးစိန်သာအောင် ဆုံးသွားပြီ ဆိုပြီး သူ့သမီးကဖုန်းဆက်ပြီး ရခိုင်အမျိုးသား ကွန်ရက်သို့ အကြောင်းကြားလာသည်။ စိတ်မကောင်းဖြစ်ကြရုံမှတစ်ပါး အဘယ်သို့တတ်နိုင်ပါတော့မည်နည်း။ ဒါဏ်ရာပြင်ထန်၍ ရန်ကုန်သို့ဆေးကုသမှု ခံယူကြသူများထဲတွင် ဦးစိန်သာအောင်နှင့် ရမ်းပြဲမြို့နယ် ကျောက်နီမော် သပြေချောင် ကျေးရွာမှ ကိုမောင်သန်းတင် တို့အား ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။ နောက်ဆုံးကျွန်နော် စဉ်းစားပြီး သံသယဖြစ်မိတာကတော့ ဘင်္ဂလီတို့၏ ဒုတ် ဓါး လှံ ဂျင်ဂလိ တို့တွင် အဆိပ် တစ်ခုခု ပါဝင်နိုင်သည်ဟု ကျွန်နော် သုံးသမိပါတယ်ဗျာ……။

No Response to "ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင် ဆုံးသွားရှာပြီ။"

Leave A Reply