ဒီဇင်ဘာ (၈) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း
တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည်
နယ်ခြားမှတ်တိုင် (၆) သို့ တရုတ်အစိုးရမှ တရုတ်စစ်တပ် အင်းအား
(၃၀၀) ကျော်ကို လာရောက်တပ်ချထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
တရုတ်အစိုးရမှ ယခုကဲ့သို့ နယ်ခြား မှတ်တိုင်သို့ စစ်အင်အား အများအပြာ
လာရောက်ချထားရခြင်းမှာ ဗမာစစ်အစိုးရမှ ဒီဇင်ဘာလ (၅-၆) ရက်နေ့တို့တွင်
စစ်ရဟတ်ယာဉ်ဖြင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များကို လာရောက် ပစ်ခတ်ရာ၊
ဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံအတွင်းသို့ မီတာ
(၈၀၀) ကျော်ဝင်ရောက်လာခြင်းနှင့် ဗမာစစ်အစိုးရ စစ်ရဟတ်ယာဉ်မှ
ပစ်လွတ်လိုက်သော ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များ တရုတ်နိုင်ငံ အတွင်သို့
ကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။
တရုတ်စစ်တပ်မှ နယ်ခြားမှတ်တိုင်အနီးတပ်စွဲထားသော တရုတ်စစ်တပ်မှ လေယာဉ်ပစ်
လက်နက်ကြီးများကိုလည်း တပ်ဆင်ထားပြီး နောက်တစ်ကြိမ် ဗမာအစိုးရ
စစ်ရဟတ်ယာဉ်များ နယ်ကျော်လာပါက ပစ်ချသွားမည်ဖြစ်ကြောင်း နေပြည်တော် ကိုလည်း
သတိပေးထားပြီး ဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။
No Response to "ယ်ခြားမှတ်တိုင် (၆) အနီး တရုတ်စစ်အင်အား (၃၀၀) ကျော်ချထား"
Leave A Reply