Tuesday, November 12, 2013

မြန်မာ ပညာတော်သင်များ ဂျပန်ရောက် နှစ် (၁၀၀) ပြည့် အခမ်းအနား ကျင်းပ

Posted on 5:01 PM by tun tun




(နိရဉ္စရာ- ၁၂ နိုဝင်္ဘာ ၂၀၁၃)
(အခမ်းအနားသို့ တက်ရောက်ခဲ့သူ ကိုလှအေးမောင်)သတင်း — November 12, 2013 at 12:41 pm

၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က ဆရာတော် ဦးဥတ္တမ ခေါ်ဆောင် လာခဲ့တဲ့ မြန်မာ့ ပညာတော်သင်များ ဂျပန်ကို ရောက်ရှိခဲ့တဲ့ နှစ်တစ်ရာပြည့် အခမ်းအနားကို ဆရာတော် သီတင်း သုံးနေထိုင်တော်မူခဲ့တဲ့ ဂျပန် နိုင်ငံ နာဂိုယာ မြို့က Yokiso အဆောက်အဦး ခမ်းမထဲမှာ ကျင်းပခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမက ဂျပန်ကို ခေါ်ယူလာတဲ့ ပညာတော်သင်များ ဂျပန်ကို ရောက်ရှိခဲ့တာဟာ ၁၉၁၃ ခုနှစ်က ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် နိုဝင်္ဘာလ ၉ ရက်နေ့မှာ မြန်မာ ပညာတော်သင်များ ဂျပန်ရောက် နှစ် ၁၀၀ အပြည့် အခမ်းအနားကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ် တစ်ရာပြည့် အခမ်း အနားကို ဂျပန်သူဋ္ဌေး Masuzakaya ကုန်တိုက်ကြီးရဲ့ ဥက္ကဋ္ဌ Mr. Itoujirozaemon Suketami ရဲ့ မြစ် ဖြစ်သူ MR. Tetsuya Itou နဲ့ သူ့ရဲ့ ညီ မိသားစုတို့ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက တက်ရောက်ခဲ့သူ ကတော့ ပညာတော်သင် ဦးစိမ်းရင်ရဲ့ မြစ်ဖြစ်တဲ့ ဒေါ်ခင်နှင်းရင်ညွန့် နှင့် သူ့ အမျိုးသား ဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ရောက် ရခိုင် Community ကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ရဲ့ နာယက တစ်ဦးဖြစ်သူ ကိုလှအေးမောင်က တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါ တက်ရောက်ဖို့ အစီအစဉ် ရှိခဲ့ပေမယ့် အဲဒီနေ့ မနက်မှာ အရေးပေါ် ကိစ္စ တစ်ခုပေါ်လာတဲ့ အတွက် မတက် ရောက် နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ပြင် အခမ်းအနားကို နာဂိုယာ တက္ကသိုလ်မှ ပါမောက္ခ ချုပ်နှင့် ဆရာ ဆရာများ၊ ဂျပန်နိုင်ငံရောက် ပညာတော်သင် ကျောင်းသား များနှင့် နာဂိုယာ မြို့ တွင် နေထိုင်တဲ့ မြန်မာ များလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကိုလှအေးမောင်က “ဂျပန် မြန်မာ ဆက်ဆံရေးအစ ဆရာတော်ဦးဥတ္တမက” ခေါင်းစဉ် ဆောင်းပါးတိုလေး တစ်ခု ပေးပို့လာပါတယ်။ သူပေးပို့တဲ့ ဆောင်းပါးကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

“ဂျပန် မြန်မာ ဆက်ဆံရေးအစ ဆရာတော်ဦးဥတ္တမက”

ဆရာတော် ဦးဥတ္တမဟာ ၁၉၀၇ ခုနှစ်မှာ ဂျပန်နိုင်ငံကိုရောက်ရှိလာပြီး Masuzakaya ကုန်တိုက် ကြီး ဥက္ကဋ္ဌ ဖြစ်သူ ဂျပန် အမျိုးသား Itoujirozaemon Suketami နှင့်စတင်တွေ့ဆုံခဲ့ပါတယ်။

ဂျပန် မြန်မာ ဆက်ဆံရေးဟာ အဲဒီနှစ်(၁၀၀)ကျော် ၁၉၀၇ ခုနှစ်ကစခဲ့ပါတယ်။ ကျိုတို မြို့ရှိ အိုးတနိ ဗုဒ္ဓဘာသာ တက္ကသိုလ် နှင့် တိုကျို တက္ကသိုလ် တို့တွင် ပါမောက္ခ အဖြစ်ဖြင့် ပါဠိ ဘာသာများကို သင်ကြားပို့ချခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှ ပညာတော်သင်(၆)ဦးကို ခေါ်ဆောင်လာပါတယ်။ ဒီထဲမှာ သူ့ ညီမ မအိမ်စိုးလည်းတစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ နောင်အခါ GCBA ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးစိုးသိမ်း နှင့် ဦးစိုးသိမ်းရဲ့ တူ ဦးစိမ်းရင် (ရေနံချောင်း) တို့လည်း ပါဝင် ခဲ့ပါတယ်။ ဆရာတော်ရဲ့ ရည်ရွယ်ချက်က သူ့ညီမ မအိမ်စိုးကို အထည်ချုပ် စက်မှု လက်မှု ပညာကို သင်ကြား တတ်မြောက်စေပြီး မြန်မာပြည်တွင် အထည်ချုပ် စက်မှုလက်မှု များ တည်ထောင်ကာ အမျိုးသမီးများ ကို သက်မွေး ၀မ်းကြောင်းပြုလုပ်ဖို့ ရည်ရွယ်စေခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမ ခေါ်ဆောင်လာတဲ့ မြန်မာ့ ပညာတော်သင်တွေ ဟာ အပျင်းပြေ ဘောလုံး ကစားရာကနေ ဂျပန် လူမျိုးတွေကို သင်ပေးပြီး ဂျပန် ဘောလုံး သမိုင်း ဟာလည်း အဲဒီက စခဲ့တယ်လို့ ဆိုပါတယ်။ ဆရာတော် ဂျပန်ကို ရောက်ရှိလာတာလည်းပဲ ၁၉၀၆ ခုနှစ်မှာ ဆရာတော် ဟာ ပြင်သစ် နိုင်ငံကို ရောက်နေပါတယ်၊ ကမ္ဘာ့ အင်အားကြီးနို င်ငံ ဖြစ်တဲ့ ရုရှား နှင့်ဂျပန် စစ်ဖြစ်တော့ ဂျပန် ကျွန်းကလေး ကတော့ ပစိဖိတ် သမုဒ္ဒရာထဲ မျှောတော့မှာပဲ ဆိုပြီး ကမ္ဘာက ထင်ကြေးပေးနေတဲ့ အချိန်မှာ ဂျပန်ဟာ ရုရှားကို စစ်နိုင် လိုက်ပါတယ်။ အဲဒီအချိန်က စပြီး ဆရာတော် ဦးဥတ္တမဟာ ၁၉၀၇ ခုနှစ်မှာ ဂျပန်ကို စူးစမ်း လေ့လာဖို့ကြွရောက်လာပါတယ်။ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း က ဆရာတော်နဲ့ ပတ်သက်ပြီး ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ စာအုပ်ထဲက အရှေ့သို့ ဆိုတဲ့သူ့ရဲ့ ဆောင်းပါးမှာ အခုလို ရေးခဲ့ပါတယ်။ “တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေ မဂ္ဂဇင်း စာတည်း အဖြစ်လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟောပြောချက် များကို နာကြားရ၏။ ထိုအခါ အသိဥာဏ်တစ်ခုသည် ကျွန်ုပ်၏ ဦးနှောက်တွင်း ပွင့်လင်းလာ၏။ ထို့ကြောင့် သမဂ္ဂ ကြေငြာချက်တွင် လည်းကောင်း ၊ အိုးဝေ မဂ္ဂဇင်းတွင်လည်းကောင်း၊ နိုင်ငံတော် ပညာတော်သင်များအား အနောက် နိုင်ငံများသို့ လွှတ်ရိုးလွှတ်စဉ် အတိုင်းမလွှတ်ပဲ အရှေ့အာရှ ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း အရှေ့ကို ရှေ့ရှုသင့်ကြပြီ ဖြစ်ကြောင်း“ များကို ရေးသား ခဲ့ပါတယ်။

ဆရာတော်ခေါ်လာတဲ့ ပညာတော်သင်များဟာ ၁၉၁၃ ခုနှစ်တွင် ဂျပန် နိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှစ၍ ယခုနှစ်(၁၀၀) ပြည့်သွားခဲ့ပါပြီ။ ဒီနှစ် တစ်ရာပြည့် အခမ်း အနားကို ဂျပန်သူဋ္ဌေး Masuzakaya ကုန်တိုက်ကြီးရဲ့ ဥက္ကဋ္ဌ Mr. Itoujirozaemon Suketami ရဲ့ မြစ် ဖြစ်သူ MR. Tetsuya Itou နဲ့ သူ့ရဲ့ ညီ မိသားစုတို့ တက်ရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံက တက်ရောက်သူ အမျိုးသမီးကတော့ ပညာတော်သင် ဦးစိမ်းရင်ရဲ့ မြစ်ဖြစ်တဲ့ ဒေါ်ခင်နှင်းရင်ညွန့် နှင့် သူ့ အမျိုးသား ဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော်ရဲ့ မျိုးဆက်ကို လိုက်ရှာပေမဲ့ ဒေါ် မအိမ်စိုးလည်း အိမ်ထောင် မပြုခဲ့ဘူး လို့ သိရတော့ ဆရာတော်ရဲ့ မျိုးဆက်ဟာ ပျောက်ဆုံးနေပါတယ်။ ဂျပန်ရောက် ရခိုင် Community ကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ရဲ့ နာယက တစ်ဦးဖြစ်သူ ကိုလှအေးမောင်က တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါ တက်ရောက်မည်ဟု သိရှိရသော်လည်း ၄င်းနေ့ မနက်တွင် အရေးပေါ် ကိစ္စ တစ်ခုကြောင့် မတက်ရောက်နိုင်ခဲ့ဟု သိရှိရပါသည်။

နာဂိုယာ တက္ကသိုလ်မှ ပါမောက္ခ ချုပ်နှင့် ဆရာ ဆရာများ၊ ဂျပန်နိုင်ငံရောက် ပညာတော်သင် ကျောင်းသား များနှင့် နာဂိုယာ မြို့ တွင် နေထိုင်တဲ့ မြန်မာ များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော် နှင့် မြန်မာ့ ပညာတော်သင်တွေ နေထိုင်ခဲ့တဲ့ Yokiso ဆိုတဲ့ အဆောက် အဦးကို ပြတိုက်ကို နှစ်တစ်ရာကျော်တိုင် NPO အဖွဲ့စည်းတစ်ခုက ထိမ်းသိမ်းထားပါတယ်။

http://www.narinjara.com/burmese/?p=7691

No Response to "မြန်မာ ပညာတော်သင်များ ဂျပန်ရောက် နှစ် (၁၀၀) ပြည့် အခမ်းအနား ကျင်းပ"

Leave A Reply