Sunday, June 9, 2013

** ရိုဟင်ဂျာ ဟူ၍ မရှိကြောင်းတင်ပြချက်*

Posted on 7:49 PM by tun tun


*
ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲမဖြစ်မီ ဗိုလ်ချင်းပျံ အရေးအခင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောအရပ်ဒေသ၌ လူနေထိုင်မှု ဆိတ်သုဉ်းခဲ့ပါသည်။ ဘင်္ဂလီလူမျိုးတို့ သည် ထိုအချိန်က ယင်းဒေသတွင် လုံးဝ(လုံးဝ) မရှိပါ။ ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးနောက် ယင်းဒေသကို ကျွန်းအုပ် မောင်ညို အုပ်စိုးစဉ်ကာလ ၌ တစ်ဖက်နိုင်ငံ စစ်တကောင်းမှ ဘင်္ဂါလီများအား ခေါ်သွင်းခဲ့ရာမှ စခဲ့ရသည်။ ၁၈၆၉ ခုနှစ် ဒီဇင်ဘာလတွင် စူးအက်တူးမြောင်းဖွင့်သောအခါ ဗြိတိသျှအစိုးရက ရခိုင်လယ်ယာလုပ်ငန်းများကို တိုးချဲ့ လို၍ စစ်တကောင်း သား ဘင်္ဂါလီတို့ ကို နှစ်စဉ် အလုံးအရင်းနှင့် တင်သွင်းလာခဲ့သည်မှစ၍ စစ်တွေတစ်ခရိုင်လုံး ဘင်္ဂလီလူမျိုးတို့ ပျံ့ နှံသွားခဲ့ရသည်။ ဗြိတိသျှ ခေတ်မှစ၍ “ ဒေါက်တာ ဘနာဂျီ၏ သမိုင်းစာအုပ်” “ မောင်တောကျွန်းအုပ် ဦးမောင်ညိုမှတ်တမ်း” “ စစ်တွေခရိုင် ဂေဇက်တီးယား စာအုပ်များ” “ ဦးစံထွန်းအောင်၏ မှတ်တမ်းစာအုပ်များ” “ မင်းကြီး မစ္စတာဂျိမ်းစ်ဘတ်တာ ဦးဆောင်သော စုံစမ်းရေး အစီရင်ခံစာ” မြန်မာလွတ်လပ်ရေးစချိန် ရခိုင်အထူးတိုင်းမင်းကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးထင်ဖတ်(စာရေးဆရာကြီး မောင်ထင်) ၏ “ ရခိုင်တိုင်း အစီရင်ခံစာ ဆောင်းပါး” စသည်တို့ တွင် စစ်တကောင်းသား ဘင်္ဂါလီများသာ ဖြစ်ကြောင်း မှတ်တမ်းထားခဲ့သည်။ ထိုအချိန်တွင်လည်း ရိုဟင်ဂျာဆိုတော့ အမည်ရှိ လူမျိုးရှိကြောင်း မည်သူမျှ မဖော်ပြပါ။
ဗြိတိသျှ အစိုးရလက်ထက်တွင် မင်းကြီးမစ္စတာ ဂျိမ်းဘတ်စ်တာ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်အဖွဲ့ က ရခိုင်နယ်စပ်ဒေသများနှင့် စစ်တွေခရိုင်တို့ ၌ စစ်တကောင်းသာ ဘင်္ဂါလီ ၀င်ရောက်လာမှုသည် ကြောက်မက်ဖွယ်ရာ တိုးတက်လာနေကြောင်း၊ ဤဘင်္ဂါလီများ ကျူးကျော် ၀င်ရောက်လာမှုကို မတားဆီးခဲလျှင် လူမျိုးရေး အဓိကရုဏ်း ဖြစ်လာနိုင်သည်ဟု အစီရင်ခံခဲ့ကြောင်း တွေ့ ရပါသည်။ ထိုသို့ စုံ စမ်းရေး ကော်မရှင်က သတိပေးခဲ့သည့်အတိုင်းပင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင် ဘင်္ဂါလီ လူမျိုးတို့ နှင့် ရခိုင်လူမျိုးအကြား ကြီးမား သော လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်ပေါ်စေခဲ့သည်။ ထိုအဓိကရုဏ်း၌ များစွာသော အပြင်မဲ့ ရခိုင် အမျိုးသမီးများ၊ ရခိုင်သက်ကြီးရွယ်အို များ၊ ရခိုင်လူမမယ်များ အသက်ဆုံးရှုံးခဲ့ရဘူးသည်။ မောင်တောနှင့် ဘူးသီးတောင်နယ်များ၌ အိမ်တစ်ဆောင်မကျန်၊ ရွာတစ်ရွာမကျန်၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှမကျန် မီးရှို့ ဖျက်ဆီးခံခဲ့ရဘူးသည်။ ထိုပြဿနာများကြောင့် များစွာသော မူလဌာနေ ရခိုင်အမျိုးသား တို့ သည် မိမိတို့ ၏ လယ်ယာမြေများ၊ မြို့ ရွာ၊ ဒေသအားလုံးကို စွန့် ခွာ၍ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စသော မြို့ နယ်များသို့ ထွက်ပြေးခဲ့ကြရသည်။
ရခိုင်ပြည်ကို အင်္ဂလိပ်တို့ ဝင်လာစဉ်က စစ်တွေခရိုင် အုပ်ချုပ်ရေးအရာရှိ အရေးပိုင် မစ္စတာစမတ်၏ လူဦးရေသန်းခေါင်စာရင်းအရ ဘင်္ဂလီ သုံးသောင်းရှိသည်ဟု ဖော်ပြထားသည်။ ထို့ ကြောင့် အင်္ဂလိပ်ခေတ်တွင် ရိုဟင်ဂျာလူမျိုး လုံးဝ (လုံးဝ) မရှိကြောင်း ထင်ရှားသည်။ ရိုဟင်ဂျာလူမျိုးဟူ၍ ကမ္ဘာ့ သမိုင်းတွင်လည်းကောင်း၊ အရှေ့ တောင်အာရှ သမိုင်းတွင်းလည်းကောင်း မတွေ့ ရှိရပါ။ ရခိုင် ကိုမြန်မာတို့ သိမ်ပိုက်စဉ်ကလည်း ရခိုင်တွင် ဘင်္ဂလီလူမျိုးများ ရိုဟင်ဂျာလူများများရှိကြောင်း ရခိုင်သိမ်းမှတ်တမ်းများနှင့် မြန်မာ့သမိုင်း မှတ်တမ်းတွင်လည်း မတွေ့ ရှိပါ။ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများတွင် နယ်ချဲ့ တို့ ကို မြန်မာတိုင်းရင်းသားများဆန့် ကျင်တိုက်ခိုက်စဉ်ကလည်း ရိုဟင်ဂျာလူမျိုးများ ပါဝင်ကြောင်း မတွေ့ ရှိရပါ။
လွပ်လပ်ရေး ရပြီးခေတ်တွင် ဘင်္ဂလီ တစ်ချို့ က မူဂျာဟစ် အမည်ခံကာ ၁၉၄၈ မှ ၁၉၆၀ ခုနှစ်အထိ ဆယ်နှစ်ဆယ်မိုး ဆိုးသွမ်းဆူပူ သောင်းကျန်းလာခဲ့သည်။ ၁၉၅၁ ခုနှစ် ဇူလိုင်လတွင် မောင်တောမြို့ နယ်တောင်ပိုင်း အလယ်သန်ကျော် ကျေးရွာ၌ မူဂျာဟစ်ဆိုသူများနှင့် အရပ်ရပ်မှ သောင်းကျန်းသူ ဘင်္ဂလီခေါင်းဆောင်များ ပူးပေါင်းကာ ညီလာခံကျင်းပပြီး ဖ.ဆ.ပ.လ အစိုးရသို့ အိတ် ဖွင့်ပေးစာ ပေး၍ “ မွတ်ဆလင်ပြည်နယ်” ဖွဲ့ စည်းပေးရန် စတင်တောင်းဆိုလာခဲ့ကြသည်။ ၁၉၅၁ သြဂုတ်လတွင် ဘူးသီးတောင်ပါလီမန် အမတ် Abdul Gaffa အဗ္ဗဒူဂါဖားက ရန်ကုန်မြို့ ထုတ် Guardian ဂါးဒီးယန်း သတင်းစာတွင် ရိုဟွန်ညာ(နောင် ရိုဟင်ဂျာ) ဟူသော လူမျိုးသစ်တစ်ခုတီထွင်ကာ အင်္ဂလိပ်ဘာသာဖြင့် စတင်ဖော်ပြသုံးစွဲလာခဲ့သည်။ ထိုသို့ အဗ္ဗဒူဂါဖား လိမ်ညာမှုကို ရန်ကုန်တက္ကသိုလ် ကျောင်းသား ကိုဖေါ်ဇံက ၁၉၅၁ ခုနှစ် စက်တင်ဘာထုတ် ဂါးဒီးယန်း သတင်းစာ၌ပင် လိမ်ညာမှုအဖြစ် ဝေဖန်ပယ်ချတုန့် ပြန်ရေးသားခဲ့ သည်။
ရှေးအခါကပင် ရခိုင်တိုင်းရင်းသားများနှင့် အေးအတူပူအမျှ နေထိုင်လာကြသောရခိုင် မျိုးနွယ်စုများမှာ တောင်သား၊ ချောင်းသား၊ ရမ်းဗြဲသား၊ သက်၊ မြို၊ ခမွီး၊ ဒိုင်းနက်များ ဖြစ်သည်ဟု RB Smart ၏ Akyab District Gazetter တွင်သေချာ သုတေသန ပြု ဖော်ပြထား သည်။ ၎င်းအပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ မှ အတည်ပြုထားသော ပြည်ထော်စုဖွားတိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းတွင် ရခိုင် ၊ သက်၊ မြို၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန် ဟု (၇ )မျိုးစာရင်ပြုစု တင်ပြထားသည်။ ထို့ ကြောင့် ရခိုင်သမိုင်းတွင် မည်သည့်အခါမျှ မှတ်တမ်းမှတ်ရာများ လုံးဝမရှိခဲ့သော ရိုဟင်ဂျာဆိုသော လူမျိုးသစ်ဖန်တီးသူကို ရခိုင်တိုင်းရင်းသားလူမျိုးနွယ်စု မဟုတ်ကြောင်း မြန်မာတိုင်းရင်းသားများအားလုံးက အတိအလင်း ကန့် ကွက်ပါသည်။

No Response to "** ရိုဟင်ဂျာ ဟူ၍ မရှိကြောင်းတင်ပြချက်*"

Leave A Reply