Posted on 7:20 PM by tun tun
ဦးခင်ညွှန့် - စစ်တပ်အကြောင်း နားလည်လွန်းလွန်းလို့  ခက်နေတာ ပြည်သူတွေပါ
မြန်မာနိုင်ငံစစ်တပ်က ၁၉၆၂-ခုနှစ်မှာ ပါလီမန် ဒီမိုကရေစီအစိုးရကို အာဏာသိမ်းတဲ့ နေ့  ကဘ
ဲ
စလို့  အပြစ်မဲ့  လူသတ်လာခဲ့ တာ ကျွန်တော်တို့ သိတယ် ။ အဲဒီတုံးက
အာဏာသိမ်းတဲ့  ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၀န်ကြီးချုပ်ဦးနုကို ဖမ်းဆီးပြီး
ထောင်ချလိုက်တာတွေ အခြား တက္ကသိုလ်ကျောင်းသားများနဲ့  နိုင်ငံရေးသမား
-သတင်းစာဆရာတွေကို ထောင်ချ-ကိုကိုးကျွန်းပို့ နဲ့  သမိုင်းမှာ အမည်းစက်နဲ
့ရှိနေခဲ့ တာ ပြည်သူတွေ နားလည်ကြတယ် ။ ဗိုလ်ချုပ်ကြီးနေ၀င်းကို
ထီးတော်မိုးနဲ့  နေခဲ့ တဲ့  ဗိုလ်ခင်ညွန့် ဟာ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က
အာဏာသိမ်းတော့ ဦးနေ၀င်းက စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး-ပစ်ရင်
မှန်အောင် ပစ်တယ် ဆိုတာမျိုးကို ၀ါဒဖြန့် လက်နက် တစ်ခုအဖြစ်
ကောင်းကောင်းကြီး အသုံးချခဲ့ တယ် ။ တကယ်အပြစ်မဲ့  ပြည်သူတွေကို
ရက်ရက်စက်စက် ပစ်သတ် ဖမ်းဆီး ထောင်ချခဲ့ သူဟ ဗိုလ်ခင်ညွန့် ဘဲ ဖြစ်တယ် ။
နောက်ဆုံးမှာ ဦးနေ၀င်းကိုတောင် နေအိမ်အကျဉ်းချထားသူဟာ ဗိုလ်ခင်ညွန့် ဘဲ
ဖြစ်တယ် ဆိုတာ လူတိုင်းနားလည်တယ် ။
ရခိုင်ဖက်မှာ ဂိုးသမား ဦးစံကျော်နဲ့  ဦးဇင်း ဦးဇေယျသာမိတို့ နှစ်ဦးကို
ရက်ရက်စက်စက်သတ်ပစ်တယ် ။ အလောင်းကို ဖျောက်လိုက်တယ် ။ ဒါတွေဟာ ဗိုလ်ခင်ညွန်
့ရဲ့  ထောက်လှမ်းရေးလက်ချက်ဘဲဖြစ်တယ် ။ စစ်တပ်အားကိုးနဲ့  လုပ်လာခဲ့ တဲ့ 
ဗိုလ်ခင်ညွန့် ဟာ နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခြေရာ
တိုင်းလာတော့ ခံလိုက်ရတယ် ။
ဝန်ကြီးချုပ်လဲဖြစ်-ထောက်လှန်းရေးမှူးချုပ်လဲဖြစ်ခဲ
့တဲ့  ဗိုလ်ခင်ညွန့် ဟာ ခုတော့ ကျားနာတစ်ကောင်လို ဖြစ်နေတယ် ။ ဒါပေမဲ့ 
ဒီကျားနာက စစ်တပ်အကြောင်းကို ပြည်သူတွေ နားမလည်ကြဘူးလို့  ပြောချင်ရာ
လျှောက်ပြောလာနေတယ် ။ မီဒီယာတွေကို ဖေါက်ခွဲလာတယ် ။ ဦးခင်ညွန့် ကြောင့်
ကျွန်တော်တို့ ဟာ စစ်တပ်အကြောင်းကို ပြန်လည်စဉ်းစားလာကြရတယ် ။
မေ့ပျောက်ထားတဲ့  အနာတရတွေ အမာရွတ်တွေကို ပြန်ပြောင်းသတိရလာတယ် ။
ရဟန်းင်္သဃာတွေတွေကို ရက်ရက်စက်စက် သတ်ဖြတ်- အမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ
့တဲ့  ဒီတပ်မတော်ကို ဗိုလ်ခင်ညွန့် ဟာ ဦးဆောင်ခဲ့ သူဖြစ်တယ် ဆိုတာ
ပြန်လည်မြင်ယောင်လာတယ် ။
စစ်တပ်ဟာ ရွှေချပြီး ပူဇေါ်ကိုးကွယ်ဖို့ ကောင်းတဲ့  အဖွဲ
့အစည်းမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိတယ် ။ ဒါပေမဲ့  အဲဒါကို အတိတ်မှာ
ထားခဲ့ ချင်တယ် ။ ထားဖို့ လဲ ကြိုးစာေးနကြတယ် ။ မေ့နိုင်အောင်
ကြိုးစားနေကြရတယ် ။ အဲဒါကိုမှ ဦးခင်ညွန့် က စစ်တပ်ကို ပြည်သူတွေ
နားလည်ပေးဖို့ လိုတယ်လို့  အင်တာဗျူးတွေမှာ လာဗျူးနေလို့ ကတော့ စစ်တပ်ကို
နားလည်လွန်းလွန်းတဲ့  ကျွန်တော်တို့ ဟာ စစ်တပ်ကို တဖန်နာကျည်းစိတ်တွေ
ပေါ်ပေါက်လာဖြစ်တယ် ။
လက်နက်ကိုင်တော်လှန်ရေးဆိုတာ အလကား ပေါ်ပေါက်လာတာမဟုတ်ဘူး ။
စစ်တပ်အကြောင်းကို နားလည်လွန်းလို့  ပေါ်ပေါက်လာတာဖြစ်တယ် ။ စစ်တပ်ကို
ရှေ့နေလိုက်သလို စစ်တပ်ကောင်းကျိုး ဘာမှ လာပြောစရာ မလိုဘူး ။ စစ်တပ်ရဲ့ 
ကောင်းကျိုး ဆိုးကျိုးကိုလဲ အားလုံးသိတယ် ။ တစ်ခုတော့ ရှိတယ် ။ ဦးခင်ညွန်
့ကို ကျွန်တော်တို့  ပြောထားမယ် ။ တစ်ခ်ျန်က အာဏာကောင်းတုံးက မိုးကောင်းခဲ
့ပေမဲ့  ခုချိန်မှာ မိုးညှင်းလေးတောာင် ခင်ဗျား မစိုပေးနိုင်တော့ဘူး
ဦးခင်ညွန့် - ခင်ဗျားကြောင့် ကျွန်တော်တို့  ရင်မှာ နုတ်မရတဲ့  စူးက
ခုချိန်ထိ ရှိနေတုံးဘဲလို့  ပြောချင်တယ် ။ ဦးခင်ညွန့် ပါးစပ်က
စစ်တပ်ကောင်းကျိုးပြောလာလို့ -စစ်တပ်ကို နားလည်ပေးပါလို့  လာပြောရင်တော့
စစ်တပ်မကောင်းကြောင်း ကျွန်တော်တို့  ပြောဖြစ်လိမ့်မယ် -ဒါဟာ
အမှန်တရားဘဲဖြစ်တယ် ။ ဒီတော့ ဦးခင်ညွန့် ပါးစပ်ပေါက် ဘယ်သူနုတ်ပိတ်မလဲ ။
နုတ်မပိတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ က ပြောနေရေးနေ ရှိနေအုံးမှာဘဲလို့ 
ပြောချင်တယ် ။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
No Response to "ဦးခင်ညွှန့် "
Leave A Reply