
ဇူလိုင်လ ၄ ရက်နေ့ ညဥ့် ၈ နာရီခန့်တွင် မောင်တောမြို့ ဗဟိုကျောင်းတွင် လုံခြုံရေးယူထားသော တပ်ဖွဲ့ တစ်ခုမှ ညနေ ကင်းချိန်းယူနေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကင်းချိန်းရာတွင် တပ်သားဖြစ်သူက မိနစ် အနည်းငယ် နောက်ကျပြီးမှ ရောက်လာသဖြင့် တပ်ကြပ်ကြီးက ပါးကို တချက် ရိုက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပါးရိုက်သည့် အပေါ် မကျေနပ်သောတပ်သားက မြေကြီးထဲသို့ သေနတ် တစ်ချက် ပစ်ဖေါက်ခဲ့သည်ဟု သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့သည်ကို သတင်းဌာန တစ်ခုတွင် ဘုန်းကြီး တစ်ပါးက စစ်သားကို ပါးရိုက်သဖြင့် သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ဖေါ်ပြထားသည်။
“ ဒါက သက်သက် ဘုန်းကြီးတွေကို သိက္ခာချဖို့ ကြိုးစားတာပါ။ တပ်သားအချင်းချင်း ကင်းယူစဉ် ဖြစ်ကြတာပါ။ ဒါက ဘုန်းတော်ကြီးတို့နဲ့ မဆိုင်ပါဘူး” ဟု ကျောင်းထိုင် ဆရာတော ဦးစာရဏက ပြောသည်။
No Response to "ပါးရိုက်ခံ စစ်သား သေနတ်ပစ်ဖေါက်ရာမှ အဖမ်းခံရ"
Leave A Reply