Monday, September 2, 2013
ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ
Posted on 6:41 PM by tun tun
ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ (နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃) ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန်သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးခံရသူ (၇) ဦးထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။ သူတို့အား စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ အ၀င် နာရေး ကူညီမူ အသင်း ရုံးအဆောက်အအုံရှေ့သို့ မရောက်မီ လမ်းကွေ့တွင် ဖမ်းဆီးမိသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။ “ ဖြစ်ပုံက ဒီလိုဗျ။ သူတို့က မှန်လုံကား တစ်စီးနဲ့ ကျောက်တော်ကနေ မြောက်ဦးကို ၀င်လာတယ်။ မြောက်ဦး အ၀င်မှာ သူတို့စီးလာတဲ့ကားကို ရှာဖွေရေး ရဲတပ်ဖွဲ့က တားတော့ မတန့်ဘဲ ထွက်ပြေးတယ်။ ရှေ့နည်းနည်း ရောက်တော့ ကားသမားတွေက အဲဒီ ဘင်္ဂလီ လူမျိုး ၇ ဦးကို ကားပေါ်က ချထားခဲ့ပြီး ထွက်ပြေးသွားတယ်။ အနီးအနားရွာသားတွေက အဲဒီ ဘင်္ဂလီ ၇ ဦးကို ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်” ဟု ဆိုသည်။ ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးစလုံးမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကဟု သိရသည်။ သူတို့အား ရန်ကုန်သို့ ငွေကြေးယူပြီး ပို့ဆောင်သူမှာ မြန်မာ အမျိုးသား သုံးဦးဖြစ်ပြီး တစ်ဦးမှာ ရခိုင်၊ နှစ်ဦးမှာ ဗမာ အမျိုးသားများ ဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။ ယခုအချိန်ထိ ထွက်ပြေးသွားသူများနှင့် မှန်လုံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးကို မြောက်ဦးမြို့ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။ - See more at: http://www.narinjara.com/burmese/?p=6801#sthash.tPjcgYIe.dpuf
Subscribe to:
Post Comments (Atom)
No Response to "ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ"
Leave A Reply