Showing posts with label fany. Show all posts

Sunday, April 14, 2013

ကင်ဂျုံအန် နှင့် အင်တာဗျူး

ကင်ဂျုံအန် နှင့် အင်တာဗျူး
................................
ကျနော် ကင်ဂျုံအန် ပါဗျာ

ကျနော် မရူးပါဘူး ၊ ကျနော် ဒီလိုလုပ်နေရတာ ကျနော့်ကို ရူးနေတယ်လို့ထင်ကြမှာပဲ ၊

ကျနော့် အကြောင်းနဲ့ကျနော်ပါဗျာ ၊ ခင်ဗျားတို့က ကျနော့်ကို လူဆိုးလေးလို့မြင်ကြမှာပဲ ၊ အမှန်က ကျနော် ငြိမ်းချမ်းရေကို လိုချင်နေတာဗျ ၊ 
တကယ်ပြောတာပါ ဒါ ရီစရာမဟုတ်ပါဘူး ၊ 

ကျနော် ငြိမ်းချမ်းရေးကို တကယ်လိုချင်တာဗျ ၊ ဒါပေမယ့် ကျနော့်မှာ အဓိက အခက်အခဲကြီးရှိတယ်ဗျ ၊ အဲဒါကတောါ ကျနော့်နောက်ကျောကို ဒါးနဲ့ထောက်ထားတဲ့ ကွန်မြူနစ် တရုတ်တွေဗျ ၊

ကျနော်တို့ကိုးရီးယားတွေလည်း ကွန်မြူနစ်တွေပါပဲ ၊ တရုတ်ကွန်မြူနစ်တွေ နဲ့တော့ မတူဘူးဗျ ၊ အဲဒီတရုတ်တွေက ကွန်မြူနစ် ကွန်မြူနစ်လို့သာပြောတာ ၊ သူတို့မြတ်မယ်ဆိုရင် အဖေရင်းအမေရင်းကိုတောင် ရောင်းစားမယ့်ဟာတွေဗျ ၊ 

ဘယ်လိုလုပ်ကွန်မြူနစ်ဖြစ်ရမှာတုန်းဗျ ၊ အရင်းရှင်လက်သစ်ဗျ ၊ ကွန်မြူနစ်အယောင်ပြ အရင်းရှင်လက်သစ်ဗျ ၊ လက်ရှိ အမေရိကန်တောင် တရုတ်ကို မျက်စိလည်သွားပြီ မဟုတ်လားဗျ ၊ တရုတ်တွေကမှ တကယ့်လူလည်တွေဗျ ၊

တရုတ်တွေ ကျနော်တို့ကို ကြိုးကိုင်ခဲ့တာ ကြာပြီဗျ ၊ ကျနော့်အဖိုး ကင်အီဆွန်း လက်ထက်ကတည်းကဗျ ၊ 

အဲဒီတရုတ်တွေကို ကျနော့် အဖိုးကလည်း အယုံကြီးယုံခဲ့တယ်လေဗျ ၊ အရင်းရှင် အနောက်အုက်စုကို ဆန့်ကျင်တာရယ် ၊ ကျနော်တို့နဲ့ လူမျိုးချင်း ရန်စရှိခဲ့တဲ့ ဂျပန်တွေကိုမုန်းတာရယ် ၊ အဲဒီ နှစ်ခုက ကျနော်တို့နဲ့ တရုတ်တွေနဲ့ တူခဲ့ကြတယ်လေ ၊ အဖိုးက 

အဲဒီတရုတ်တွေကို အထင်ကြီးခဲ့တာဗျ ၊

ကျနော့်အဖေ ကင်ဂျုံအီလက်ထက်ကျတော့ အဲဒီတရုတ်တွေ ပိုပြီးလက်ရဲဇာတ်ရဲနိုင်လာတယ်ဗျ ၊ သူတို့ စမ်းချင်တဲ့ လက်နက်တွေကို ကျနော်တို့ ကိုးရီးယားနယ်ထဲလာစမ်းတယ်လေ ၊ သူတို့ ရောင်းချင်တဲ့ လက်နက်တွေကိုလည်း ကျနော်တို့ကိုးရီးယား 

တံဆိပ်ကပ်ပြီးရောင်းတယ်လေဗျ ၊ 

သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်းပေါ့ဗျာ ၊ ကျနော်တို့ကတော့ သူတို့ ခိုင်းတာလုပ်ရတာပေါ့ ၊ ကျနော်တို့က အားလုံးရှေ့မှာ လူဆိုးပေါ့ ၊ ခင်ဗျားတို့ ဗမာပြေမှာတောင် လှိုင်ဂူတွေကို သူတို့ တူးခဲ့ကြတာလေ၊ ဗမာပြေအထဲက သူတို့လိုချင်တာတွေယူနေတာ 

မဖုံးနိုင်မဖိနိုင်တဲ့အခါကျတော့ ကျနော်တို့ဆီက ကိုးရီးယား တစ်ရာလောက်ကို ဗမာပြေမှာ သင်တန်းပေးစရာရှိတယ်လို့ခေါ်သွားပြီး ဓါတ်ပုံရိုက်အင်တာနက်ပေါ်တင်လိုက်တာ ဗမာပြေကို ကိုးရီးယားကပဲဖျက်ဆီးနေသလိုလို လုပ်ချလိုက်တာဗျ ၊ ကျနော်ကတော့ 

အဲဒီတရုတ်တွေကို နဲနဲမှ ကြည့်မရဘူးဗျ ၊

ကျနော့် အဖေသေတာစောတယ်လို့ပဲပြောရမှာပေါ့ ၊

အဖေက သူကြိတ်လုပ်ခဲ့တာတွေကို ကျနော့်ကို မသေခင်မှာသွားခဲ့တယ်လေ ၊ တရုတ်တွေကို ပြန်တော်လှန်ဖို့ပေါ့ ၊ သူတို့ကတော့ ချမ်းသာလို့ ၊ ငါတို့ ကိုးရီးယားတွေကျတော့ ဆင်းရဲလို့တဲ့ ၊ သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်အယောင်ဆောင်ပြီး 

ငါတို့ကျတော့ တကယ်လူဆိုးပုံလုပ်ထားခဲရတယ်တဲ့ ၊ အဖေပြောခဲ့တာတွေ ကျနော့်နားထဲ မှတ်မိနေပါသေးတယ်ဗျ ၊

ကျနော် ဟိုတလောက ငြိမ်းချမ်းရေးစကားသံ စပြောကြည့်တယ် ၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကလည်း သဘောကျ ကြတယ် ၊ တောင်ဘက်က အမျိုးတွေ ကိုးရီးယားတွေကလည်း ဝမ်းသာကြတယ်လေဗျ ၊ ဒါပေမယ့် ထုံးစံအတိုင်း တရုတ်ပြည်က ကျနော့်ကို 

လှမ်းဆူသလိုပြောတယ် ဗျ ၊ ငြိမ်းချမ်းရေးစကားက ကျနော်တို့ ပြောရမှာမဟုတ်ဘူးတဲ့ ၊ သူတို့ ကြားဝင်တဲ့ အခါမှာ သူတို့ ခိုင်းတဲ့အတိုင်းလိုက်ပြောရမှာတဲ့ ဗျာ ၊

ကျနော် တရုတ်တွေကို သည်းခံနိုင်စွမ်းကုန်သွားတယ်ဗျာ ၊ ဒီကောင်တွေကို ကျနော် ပြန်လှန်တော့မယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်ဗျ ၊ ဒါပေမယ့် ကျနော့်တပ်ထဲမှာလည်း တရုတ်တွေကို ကျေးဇူးရှင်လို့ထင်နေကြတဲ့ အဖိုးကြီးတွေ အများကြီးကျန်သေးတယ်ဗျ ၊ 

ဒီတော့ ကျနော် အသေးစိပ်ကြံစည်ရတော့တာပေါ့ဗျ ၊

အစီအစဉ်ကဒီလိုလေ ၊
ကျနော် အကြောင်းတစ်ခုခုပြပြီး စစ်ကြေငြာသလိုလုပ်ရတော့မယ် ၊ ဒါမှ တရုတ်ပြည်က ကျနော့် ကို နောက်ကျောဒါးနဲ့မထိုးမှာ ၊ တပ်ထဲက အဖိုးကြီးတွေကလည်း ကျနော့်ကို ထောက်ခံကြမှာ ၊ နောက်ပြီး ဒုံးပျံ တစ်စင်း နှစ်စင်းလောက် ပစ်ပြမယ်ဗျ ၊ ပင်လယ်ထဲကို 

ပစ်မှာပါဗျ ၊ 

နောက်မှ တရုတ်တွေဘက်ကို ဒုံးပျံအစင်း တစ်ရာလောက်ပစ်လိုက်မယ်ဗျာ ၊ ထိန်းချုပ်ခလုပ်တွေ ချို့ယွင်းပြီးလမ်းကြောင်းမှားသွားတယ်ပေါ့ ၊ အားလုံးလန့်သွားကြမယ်လေ ၊ မျက်စိလည်သွားကြမှာပေါ့ ၊ တရုတ်တွေ အငိုက်မီသွားကြမှာပေါ့ ၊ ကျနော်ဖြင့်တွေးရင်းတောင် 

ရီရတယ်ဗျ ၊

ဒီတရုတ်တွေ သူများတွေကိုသာ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတာ သူတို့ဘက် နဲနဲထိတော့ ဘယ်လောက်နာသလဲ ပြမှာလေ ၊ ကျနော်တို့ကို ဝင်တိုက်ကြည့်ပါလား ၊ ပြန်ချပစ်မှာပေါ့ ၊

အရေးကြီးတာက တရုတ်တွေဆီ ဒုံးပျံတွေ လွှတ်လိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့ အမေရိကန်တွေ နဲ့ အဆက်အသွယ် မိအောင်တော့ လုပ်ရမယ်ဗျ ၊ ကျနော်တို့ လက်ထဲမှာရှိတဲ့ နျူကလီယားတွေကို ထိန်းချုပ်ထားဖို့ အနောက်အုပ်စုဆီက နည်းပညာလိုတယ်ပေါ့ ၊ ဒါဆို 

အနောက်အုပ်စု နဲ့ ကျနော်တို့ အဆင်ပြေသွားမယ်လေ ၊

တရုတ်တွေ နဲ့တော့ နဲနဲတော့ စစ်ဖြေစ်ရမယ်ဗျ ၊ ဒါမှ ကျနော့်တပ်ထဲက တရုတ်အားကိုကောင်တွေ နောင်ကျဉ်သွားမှာဗျ ၊ ဒီနည်းနဲ့ လူကြီလူကောင်းလိုလို အယောင်ဆောင်နေတဲ့ တရုတ်တွေကို ပညာပြန်ပြရမှာပေါ့ဗျာ ၊

ကျနော်လည်း ကျနော့်ကိုးရီးယားကို ဆင်းရဲနေတာ မကြည့်ရက်တော့ဘူးဗျ ၊

ကဲကဲ ခင်ဗျားလည်း ကျနော်ပြောတာတွေ ဘယ်သူမှ လျှောက်မပြောနဲ့အုံးဗျ ၊ တရုတ်သူလျှိုတွေက ခင်ဗျားတို့ တိုင်းပြည် နေရာအနှံ့မှာရှိတယ်ဗျ ၊ ကျနော့်လုပ်ကွက်ကလေးတွေကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ဗျာ ၊ နောက်မှတွေ့ကြမယ်ဗျို့ —

................................
ကျနော် ကင်ဂျုံအန် ပါဗျာ

ကျနော် မရူးပါဘူး ၊ ကျနော် ဒီလိုလုပ်နေရတာ ကျနော့်ကို ရူးနေတယ်လို့ထင်ကြမှာပဲ

ကဲကဲ ခင်ဗျားလည်း ကျနော်ပြောတာတွေ ဘယ်သူမှ လျှောက်မပြောနဲ့အုံးဗျ ၊ တရုတ်သူလျှိုတွေက ခင်ဗျားတို့ တိုင်းပြည် နေရာအနှံ့မှာရှိတယ်ဗျ ၊ ကျနော့်လုပ်ကွက်ကလေးတွေကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ဗျာ ၊ နောက်မှတွေ့ကြမယ်ဗျို့  FACEBOOK

Saturday, April 6, 2013

~~သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်~

~~သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်~~
$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ညို့ချက် (၁)
=======
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
=======
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
=======
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
=======
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
==========
တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
=======
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
========
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
=======
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ
ယောကျာင်္းလေးများသတိထားနိုင်ရန် စေတနာဖြင့်  မျှဝေလိုက်ပါသည် ။
_________________________________
Lamin Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

Thursday, December 20, 2012

Kokhing Khing shared ကြက်ဖ ကြီး's photo.
ဒီ မအေပေးကို ရေဝေးမြန်မြန်ပို့ မှဖြစ်မယ် .....

ဒီ မအေပေးကို ရေဝေးမြန်မြန်ပို့ မှဖြစ်မယ် ..... facebook