Thursday, March 21, 2013
ရဲတပ်သား ၃ ဦးကို ပြန်လွှတ်ပေးရန် မြန်မာသို့ ဘင်္ဂလာဒေခ်ျ့မှ ငါးကြိမ်မြောက် စာရေးသားပေးပို့
Posted on 5:30 PM by tun tun
မြန်မာဘက်ကမှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားမူ မရှိရာမှ သူတို့၏ လုံခြုံရေးအား စိုးရိမ်လာသဖြင့် ယခုလို စာရေးပြီး တောင်းဆိုခြင်း ဖြစ်ကြောင်း ဘီဂျီဘီ တာဝန်ရှိသူက ပြောသည်။
ယခုအခါ ဖမ်းဆီးခံထားရသူ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ဝင် သုံးဦးအား မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး မည်ကဲ့သို့ အခြေအနေ ရောက်ရှိနေသည်ကို မသိရှိရဘဲ ဖြစ်နေကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ပြောသည်။
မတ်လ ၁၇ ရက်နေ့က ပြုလုပ်သော နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ၎င်းရဲသား (၃) ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း မြန်မာဘက်မှ ဆက်လက် စစ်ဆေး မေးမြန်း စရာများ ရှိနေသေးသည်ဟု ဆိုကာ ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ ရဲသားများကို လွဲပြောင်း ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော်လည်း စစ်ဆေးပြီးပါက နောက်လာမည့် တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှဲပြောင်းပေးမည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးတို့သည် မတ်လ ၁၃ ရက်နေ့က အရပ်ဝတ်များဖြင့် မြန်မာဘက်သို့ ၀င်ရောက်ပြီး ဓါတ်ပုံရိုက်ရာမှ မြန်မာ နယ်စပ် နစက တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "ရဲတပ်သား ၃ ဦးကို ပြန်လွှတ်ပေးရန် မြန်မာသို့ ဘင်္ဂလာဒေခ်ျ့မှ ငါးကြိမ်မြောက် စာရေးသားပေးပို့"
Leave A Reply