Posted on 5:54 PM by tun tun
|
Written by ဇင်ကီး
Tuesday, 19 February 2013 21:27 |
|
|
|
|
ရခိုင်ပြည်၊
အမ်းမြို့နယ် တပ်တောင် ဒေသတွင် ၂၀၁၁/၁၂ခုနှစ်မှစ၍
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန် GSM Sim Card များကို
ရောင်းချကာဆက်သွယ်ရေးတာဝါတိုင်ကို
တပ်ဆင်ပေးခဲ့သော်လည်းခေါ်ဆို၍မရဖြစ်နေကြောင်းသိရသည်။
"ကျနော်တို့ဒေသမှာGSM Sim Card စတင်ချပေးတဲ့နှစ်ကနေ
ဒီနေ့အထိတခါမှသုံးလို့မရသေးဘူး။ အမ်းမြို့နယ်တ၀ိုက် အခြားဒေသတွေမှာGSM
နှင့် CDMA နှစ်မျိုးလုံးသုံးလို့ရတယ်၊ တပ်တောင် တိုက်နယ်တ၀ိုက်မှာ
CDMAတစ်မျိုးတည်းသာသုံးလို့ရတယ်၊ GSM Sim Card တွေပိုက်ဆံပေးပြီးဝယ်ထားတာ
အလကားဖြစ်နေတယ်"ဟုတပ်တောင် ရွာမှလုပ်ငန်းရှင် တစ်ဦးကပြောသည်။
အမ်းမြို့မှ (၁၀) မိုင်ခန့် အကွာတွင်ရှိသော တပ်တောင်ရွာတွင် အိမ်ခြေ
နှစ်ထောင်ဝန်းကျင်ရှိပြီး၊ GSM လက်ကိုင်ဖုန်း
(၁၇၇၉)လုံးရှိနေပြီးဒေသခံများမှာအလွန် စိတ်ပျက်နေကြကြောင်းသိရသည်။
"ကျနော် ရန်ကုန်ကနေ ဒီကိုတာဝန်နဲ့လာတော့ သုံးနေကျ GSM ပဲယူလာခဲ့မိတယ်။
ဒီရောက်တော့သုံးမရဘူး။ ပိုဆိုးတာကတာဝန်နဲ့
သွားနေရချိန်မှာဌာနကိုအရေးပေါ်သတင်းပို့မယ်ဆိုရင် အခက်ကြုံရတယ်။
ဒီအခက်အခဲတွေကိုအမြန်ဖြေရှင်းပေးစေချင်တယ်"ဟုတပ်တောင်ရဲစခန်းမှ
လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူမြို့နယ်
တို့၌လည်းတပ်တောင်ဒေသနည်းတူနေရာအချို့တွင် ဂျီအက်စ်အင်ဖုန်းများ လုံးဝ
သုံးမရဖြစ်နေကြောင်းသိရှိရသည်။ |
|
No Response to "တပ်တောင်တွင် ဖုန်းတိုင်များတပ်ဆင်ကာ GSM ဖုန်းများရောင်းချပေးခဲ့သော်လည်းအသုံးပြု၍မရ "
Leave A Reply