Tuesday, January 29, 2013
အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင် စမ်းသပ်နေ
Posted on 4:56 AM by tun tun
ယမန်နေ့က စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ငပိန်လမ်း၊ မူလတန်းကျောင်းရှေ့ရှိ အိမ်တစ်အိမ်မှ လူ ၂ ဦးအား အမဲသား ချက်စားရာမှ ဆေးရုံ တင်ပို့ခဲ့ရသဖြင့် သူတို့မှာ အဆိပ်မိခြင်း ဟုတ်မဟုတ်ကို စစ်တွေ ဆေးရုံကြီးတွင် စမ်းသပ် နေသည်ဟု သိရသည်။
သူတို့အား ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင်ဆေးရုံသို့ စစ်ဆေးရန် ယူဆောင်သွားခဲ့ကြောင်း၊ အတော် အတန် စားမိသော ကိုဇော်နိုင်ဆိုသူ မှာ စားပြီး နေမကောင်း ဖြစ်လာကြောင်း၊ ဆေးဆိုင်မှ ဆေးဝယ် ကျွေးရာ အစားများကို အန်ခဲ့ကြောင်း၊ အမဲသား တစ်တုံးသာ စားသော ကိုအောင်ဆန်း မှာ စားပြီး နာရီဝက်ခန့် အကြာတွင် ခြောက်ကြိမ်အန်ခဲ့ကြောင်း ဆွေမျိုး တစ်ဦးက ပြောဆိုသည်။
ဆေးရုံအုပ် ဦးအောင်ချေ၏ သား ကိုထွန်းနိုင်ချေ က ပြောပြရာတွင်″ လူနာနှစ်ဦးမှာ ခုဆိုရင် စကားလဲ ပြောနိုင်ပါပြီ ။ သူတို့က အမဲသား မစားခင် အရက်တွေလဲသောက်ထားတော့ အရက်ကလဲမူး အမဲသားကလဲ သွေးတက်စာ ဆိုတော့ မူးပြီး အန်တာ လဲဖြစ်နိုင်တယ်။ အဆိပ်ပါ မပါကိုတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဆိုသည်။
လူနာ (၂) ဦးနှင့် သေဆုံးသွားသော ခွေးကိုပါ စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“ ဆရာဝန်ကြီးတွေ ကိုယ်တိုင် သူတို့ရဲ့ သွေးတွေကို စစ်ဆေးနေပါတယ်။ ခွေးကတော့ သေသွားပါတယ်။ ခွေးကို ခွဲစိပ်လိုက်တော့ အာခေါင်မှာ အမဲရိုးတွေက ထောက်နေတာကိုတွေ့ရပါတယ်။ အဆိပ်သင့် မသင့်ကိုတော့ ခု ဆရာဝန်တွေက စမ်းသပ်နေပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန်ကို စမ်းသပ်ရန် ပို့ဆောင်မှာ ဖြစ်မှာတယ်″ ဟု ပြောသည်။
စစ်တွေမြို့ အစားအစာများ ရောင်းချရာတွင် အဆိပ်ပါသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူ လူထုက ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြန်ကြားရေး ဌာ အတွင်းရေးမှူး ဦးဝင်းမြိုင် က “ ဒါတွေဟာ ကောလဟာလဖြစ်ပါတယ်” ဟု ဆိုကာ ပယ်ချထားသည်။
“ ခု အမဲသားကိစ္စ ကို အစိုးရက ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဒေသခံတွေက အထူး စိတ်ဝင်စားနေပါတယ်” စစ်တွေ ဒေသခံ ရူပ ရွာသား တစ်ဦးက ဆိုသည်။
အမဲသားမှာ ၄င်းအိမ်ရှင်၏ အသိ ဆိုက္ကား ဆရာတစ်ဦးက ရွာသာယာ ရပ်ကွက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များကလည်း ဝယ်ယူပေးဖူးကြောင်း အိမ်ရှင်က ပြောသည်။ အဆိုပါ သတင်းမှာ စစ်တွေမြို့တွင် ပျံ့နှံ့လျှက် ရှိနေသည်ဟု သိရသည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင် စမ်းသပ်နေ"
Leave A Reply