 အခမ်းအနားတွင် ရခိုင်အဆိုတော် ဒိုးရီမှ “ နွားကွဲလို့ ကျားဆွဲရေနိ” သီချင်းအား သီဆိုနေစဉ်။
အခမ်းအနားတွင် ရခိုင်အဆိုတော် ဒိုးရီမှ “ နွားကွဲလို့ ကျားဆွဲရေနိ” သီချင်းအား သီဆိုနေစဉ်။
အဆိုပါ အခမ်းအနားအား ရခိုင်ပြည် 
ကျောင်းသားသမဂ္ဂမှ ကြီးမှူးကာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊ 
ဘသာခွဆုံ၊ သမ္မာ သင်္ကပ္ပဓမ္မာရုံတွင် ညနေ ၁ နာရီမှ ၄ နာရီခန့်အထိ 
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနဲ့ ပတ်သက်၍ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မင်းစောခိုင်က "
 ဒီအခမ်း အနားကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၂ ဇွန်လ အရေးအခင်းမှာ 
သေဆုံးသွားတဲ့ ရခိုင်သူရဲကောင်းတွေကို လွမ်းဆွတ်တဲ့အနေနဲ့ နောက်ပြီးတော့ 
ရခိုင်တစ်မျိုးသားလုံးရဲ့ အသိစိတ်ဓာတ်ထဲမှာ ဒီလိုမျိုး ပေးဆပ်လိုက်ရတဲ့ 
နေ့တနေ့ကို စိတ်ထဲမှာ အမြဲတမ်း စည်းရုံးနေပြီးတော့ နောက်ဒီလိုမျိုး 
ပေးဆပ်ရမည့် အခြေအနေတွေကို မဖြစ်ပေါ်လာနိုင်အောင်အတွက် 
ကြိုတင်စည်းရုံးပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့ ရည်ရွယ်ချက်နဲ့ 
ကျင်းပပြုလုပ်ရတာဖြစ်တယ်။ " ဟု ပြောသည်။
အခမ်းအနားတွင် ရခိုင်ကဗျာ ဆရာများမှ ကဗျာရွက်ဆိုပြီး ရခိုင်အဆိုတော် ဒိုးရီမှ " နွားကွဲလို့ ကျားဆွဲရေနိ" သီချင်းအား သီဆိုကာ အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
ရခိုင်လူမျိုးများ စည်းလုံးမှုမရှိ၍ ခံရခြင်းဖြစ်ရာ နောင်ကို အချင်းချင်းစည်းလုံးစေလိုသောဆန္ဒဖြင့် အခမ်းအနားတွင် "နွားကွဲလို့ ကျားဆွဲရေနိ" သီချင်းအား သီဆိုခဲ့သည့် ရခိုင်အဆိုတော် ဒိုးရီက "
 ကျနော် ဒီသီချင်းကို ရေးထားတာ အရေးအခင်းဖြစ်နေတဲ့ ကာလတုန်းကပင် ရင်ထဲက 
ခံစားချက်နဲ့ ရေးထားတာဖြစ်တယ်။ ဒီသီချင်းကို တစ်ကိုယ်တော် 
စီးရီးခွေမှာသုံးဖို့ စဉ်းစားထားပေမယ့် ဒီလိုနေ့မျိုးမှာ အမှတ်တရအနေနဲ့ 
ဆိုပြလိုက်ရတာ ပိုက်ဆံမရရင်လည်း နေပါစေ၊ အဓိက ကျနော်ပြောချင်တာက 
ဘယ်လူမျိုးပင်မဆို စည်းလုံးမှုမရှိတဲ့အတွက် ခံရတာဖြစ်တယ် 
အဓိကစည်းလုံးနေပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနေပြီး လေးစားဖို့ 
လိုအပ်ပါတယ်၊ ဒါကြောင့် ကျနော်က "နွားကွဲလို့ ကျားဆွဲရေနိ" ဒီသီချင်း 
ခေါင်းစဉ်မှာ ထည့်လိုက်ရတာ ဖြစ်ပါတယ်။ " ဟု ဆိုသည်။
ရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော ဘင်္ဂလီ - ရခိုင်
 ပဋိပက္ခများသည် ရခိုင်ပြည်တွင် ဘင်္ဂများရှိနေသမျှ အခါအားလျှော်စွာ 
ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဘင်္ဂလီများ မရှိမှသာလျှင် အဆိုပါပြဿနာများ 
ငြိမ်းချမ်းသွားမည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ 
အတွင်းရေးမှူး ခိုင်ပြည်စိုးက မှတ်ချက်ပေးခဲ့သည်။
" ရခိုင်ပြည်မှာ ကုလားရှိနေသမျှ 
ကာလပတ်လုံး ရခိုင်လူမျိုးတွေကို အာဏာမလွှဲအပ်မှီကာလ ပတ်လုံးမှာ 
ဒီလိုပြဿနာမျိုး ဆက်ဖြစ်နေအုံးမှာပဲ၊ ဒါကြောင့် ဒီပြဿနာကို 
ဖြေရှင်းဖို့အတွက် ကျနော်တို့မှာ တောင်းဆိုစရာသာရှိတယ်၊ 
ပြေလည်အောင်ဖြေရှင်းဖို့အတွက် ပြည်ထောက်စု အစိုးရမှာ အများကြီး 
တာဝန်ရှိပါတယ်။ " ဟု ခိုင်ပြည်စိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၂ ခု ဇွန်လမှစ၍ 
ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်ခဲ့ရာ ဒေသခံ 
ရခိုင်တိုင်းရင်းသားများမှာ သေဆုံးခဲ့ရပြီး လူအများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ 
လက်ရှိကာလအထိ အိုးမဲ့အိမ်မေ့ ဘ၀ကိုရောက်နေရဆဲဖြစ်သည်။ ဤသို့ဖြစ်ရပ်မျိုးသည်
 ရခိုင်ပြည်တွင် တစ်ကြိမ်တစ်ခါ ဖြစ်ခြင်းမျိုးမဟုတ်ဘဲ လွန်ခဲ့သည့် ၁၉၄၂ 
ခုနစ်တွင်လည်း အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ရာ ရခိုင်တိုင်းရင်းသားများမှာ 
အများအပြားသေဆုံးခဲ့ရပြီး ရခိုင်လူမျိုးများ 
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်။
 
 
No Response to "ရခိုင်ပြည်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု ဇွန်လတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား အများအပြားသေဆုံးသွားခဲ့ရာ ၎င်းတို့အား ၀မ်းနည်းအောက်မေ့သော အထိမ်းအမှတ်အဖြစ် တစ်နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။"
Leave A Reply