Friday, May 3, 2013
ယိုင်သေရွာတွင် ဒဏ်ရာအပြင်းအထန်ရသူ ရခိုင်အမျိုးသား ခုနစ်လအကြာတွင် ကွယ်လွန်
Posted on 6:27 PM by tun tun
===================
စစ်တွေ ၊ ၃ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ Obituary ]
လွန်ခဲ့သော ခုနစ်လခန့်က မြောက်ဦးမြို့နယ် ယိုင်သေရွာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရပ်တွင်
ထိုတိုက်ပွဲတွင် ဦးအောင်ရွှေမြ ရရှိခဲ့သော ဒဏ်ရာများအနက် ၀မ်းဗိုက်တွင် ဂျင်ကလိမြှားစူးထိသော ဒဏ်ရာနှင့် ၀မ်းဗိုက် လှံချက်ထိသော ဒဏ်ရာတို့ကြောင့် အသက် ဆုံးပါးသွားရခြင်းဖြစ်သည်။
တိုက်ပွဲတွင် အဆိုပါ ဒဏ်ရာများအပြင် ဦးခွံထိခိုက်သည့် ဒဏ်ရာ၊ မေးရိုးပြုတ်သွားသည့် ဒဏ်ရာများအပြင် ခြေထောက်တစ်ဖက်ပါ ကျိုးကျန်ရစ်ခဲ့သည်။
မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးအောင်ရွှေမြ ( ၅၀-နှစ်) ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူအပြင် သမီး နှစ်ယောက် နှင့် သားတစ်ယောက်ကျန်ရစ်ခဲ့သည်။
၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ယနေ့မွန်းလွဲ သုံးနာရီတွင် စစ်တွေမြို့ရင်ခွဲရုံမှ အာကျိပ်တော်ကုန်း သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်သည်။ FACEBOOK
Subscribe to:
Post Comments (Atom)
![ယိုင်သေရွာတွင် ဒဏ်ရာအပြင်းအထန်ရသူ ရခိုင်အမျိုးသား ခုနစ်လအကြာတွင် ကွယ်လွန်
===================
စစ်တွေ ၊ ၃ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ Obituary ]
လွန်ခဲ့သော ခုနစ်လခန့်က မြောက်ဦးမြို့နယ် ယိုင်သေရွာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရပ်တွင် ကုလားများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအကြီးအကျယ် ရရှိခဲ့သော ရခိုင်အမျိုးသား ဦးအောင်ရွှေမြ သည် ခုနစ်လကြာမျှ နာတာရှည် ကုသမှုခံယူခဲ့ပြီးနောက်ပိုင်း ယနေ့မနက် ရှစ်နာရီတွင် စစ်တွေဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ထိုတိုက်ပွဲတွင် ဦးအောင်ရွှေမြ ရရှိခဲ့သော ဒဏ်ရာများအနက် ၀မ်းဗိုက်တွင် ဂျင်ကလိမြှားစူးထိသော ဒဏ်ရာနှင့် ၀မ်းဗိုက် လှံချက်ထိသော ဒဏ်ရာတို့ကြောင့် အသက် ဆုံးပါးသွားရခြင်းဖြစ်သည်။
တိုက်ပွဲတွင် အဆိုပါ ဒဏ်ရာများအပြင် ဦးခွံထိခိုက်သည့် ဒဏ်ရာ၊ မေးရိုးပြုတ်သွားသည့် ဒဏ်ရာများအပြင် ခြေထောက်တစ်ဖက်ပါ ကျိုးကျန်ရစ်ခဲ့သည်။
မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးအောင်ရွှေမြ ( ၅၀-နှစ်) ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူအပြင် သမီး နှစ်ယောက် နှင့် သားတစ်ယောက်ကျန်ရစ်ခဲ့သည်။
၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ယနေ့မွန်းလွဲ သုံးနာရီတွင် စစ်တွေမြို့ရင်ခွဲရုံမှ အာကျိပ်တော်ကုန်း သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်သည်။
( Coral Arakan News )
================================](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/s480x480/942423_589816704371241_2083409520_n.jpg)
No Response to "ယိုင်သေရွာတွင် ဒဏ်ရာအပြင်းအထန်ရသူ ရခိုင်အမျိုးသား ခုနစ်လအကြာတွင် ကွယ်လွန်"
Leave A Reply