Tuesday, January 1, 2013
ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်
Posted on 5:46 PM by tun tun
       
2013-01-01
လိုင်ဇာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ လဂျားယန် တောင်ကုန်းတွေကို အစိုးရတပ်က လက်နက်ကြီးတွေ၊ စစ်ရဟတ်ယဉ်တွေနဲ့ ဒီနေ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Photo: RFA
အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်မှ ကျည်ဆံခွံတွေပုံ
    
    မနက် ၉ နာရီခွဲလောက်မှာ ကေအိုင်အိုနဲ့ ABSDF ကျောင်းသားတပ်ဖွဲ့တွေ 
နေရာယူထားတဲ့ စခန်းကုန်းတွေကို ဂျက်တိုက်လေယာဉ်နဲ့ ၃ကြိမ် ပစ်ခတ်ခဲ့ပြီး 
မွန်းလွဲ ၁ နာရီကျော်ကျော်မှာတော့ စစ်ရဟတ်ယာဉ် ၂ စီးက  ဒုံးကျည်တွေ 
စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ 
ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။
အခု အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နေရာတွေဟာ ကေအိုင်အိုနဲ့ အစိုးရအတွက် အရေးကြီးတဲ့တောင်ကုန်းတွေ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။
"ဒီတောင်ကုန်းတွေဟာ အရေးကြီးတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောင်ကုန်းတွေကို စိုးမိုးသွားနိုင်တယ်ဆိုလို့ရှိရင် လိုင်ဇာအခြေအနေတော့ မကောင်းဘူးပေါ့ သူတို့ကတော့ ထိုးစစ်မဆင်ဘူးလို့ပြောပေမဲ့ လက်တွေ့အခြေအနေမှာတော့ မဟာမိတ်တွေနေတဲ့ တောင်ကုန်းတွေကို သူတို့က အတင်းထိုးစစ်ဆင်ပြီးမှ သိမ်းယူနေတဲ့ အနေအထားရှိတာပေါ့"
အစိုးရတပ်တွေဟာ ကေအိုင်အို စခန်းတွေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက သိသိသာသာ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ၁ဝ၅၊၁၂ဝ မမ စတဲ့ လက်နက်ကြီးတွေကို နေ့စဉ်အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုတိုက်ပွဲတွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးက လဂျားယန်တပ်စခန်းတွေက ဆုတ်ပေးဖို့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကေအိုင်အို ကို စာရေးအကြောင်းကြားလာပြီးနောက်ပိုင်း ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။ RFA
    
Subscribe to:
Post Comments (Atom)
 
No Response to "ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်"
Leave A Reply