Thursday, August 15, 2013

သီရှိလင်္ကာနိုင်ငံ မြိုတော်ကိုလံဘို မူဆလင်အဓိကရုဏ်း ဖြစ်ရပ်မှန် သတင်းအတိအကျ



။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။

သီရိလင်္ကာ ကိုလမ်ဘိုမြို့မှာရှိတဲ့ ဂရန်းပါ့စ်ရက်ကွက်က ဗလီကို ဘုန်းကြီးတွေက အကြမ်းဖက် ဖျက်စီးတယ်ဆိုတဲ့ သတင်းကို ဖတ်ပြီးကြမှာပါ။ ထုံးစံအတိုင်း ဘီဘီစီက သတင်းတိုလေးကို ဘာသာပြန်ထားတာမျိုးပေါ့။ ဘီဘီစီကလေး ကိုလမ်ဘိုက အမေရိကန်သံရုံးရဲ့ ကြေညာချက်ကို ကိုးကားထားပုံရပါတယ်။ အဖြစ်မှန်က ဒီလိုပါ။

အဲဒီရပ်ကွက်မှာ ရှေးဟောင်း ဗုဒ္ဓဘုရားကျောင်းရှိတဲ့ အပြင် တရားစခန်းတွေနဲ့ နောက်မှဆောက်ထားတဲ့ ဘုရားကျောင်းဝင်း တစ်ခုရှိပါတယ်။ ဗလီက ဒုတိယ ဘုရားကျောင်းဝင်းနားမှာပါ။ ဗလီဘေးဘာ ဗောဓိညောင်ပင်ကြီးရှိပါတယ်။ အဲဒီ ကျောင်းတွေနဲ့ ဗလီရှိတဲ့လမ်းကို သွာမစေတိယလမ်းလို့ခေါ်ပါတယ်။ ပြဿနာ ဘယ်ကစလည်းဆိုတော့ ၂၀၁၀-ခုမှာ မူဘာရတ်ဆိုတဲ့ ပြည်တွင်းနေ တစ်ဦးက အဲဒီလမ်းပေါ်က ကျောင်း ၂-ခု အကြား မြေနေရာကို ဝယ်ပြီး ၃ထက်တိုက် စတိုးဆိုင် ဆောက်ပါတယ်။ ကုန်လှောင်ဖို့လည်းပါမှာပါ။

အဲဒီအချိန်ကတည်း က ဒေသဥပဒေအရ စီးပွါးရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ အဆောက်အဦးတွေကို ဘာသာရေးအရ သုံးခွင့်မရှိပါ။ ဒါပေမယ့် ခိုးပြီး လုပ်လာ ပါတယ်။ အဲဒီအဆောက်အဦးကို ပိုင်ရှင် မူဘာရတ်က လက်ပြောင်းလက်လွှဲ လုပ်ပြီး သိပ်မကြာခင်မှာ ဗလီပိုင်ဖြစ်သွားပါတယ်။ ၁၉၈၀ လောက်က မူဆလင်အိမ်ခြေ ၈၀လောက်ရှိတဲ့ အဲဒီရပ်ကွက်ဟာ ၂၀၁၃မှာ အိမ်ခြေ ၄၀၀ ဖြစ်လာတဲ့ အတွက် မူလဗလီ ဟာ သူတို့ အားလုံးအတွက် သေးလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ အဆောက်အဦးမှာ ရုံးစုရုံးစုလုပ်တာ ကြာတော့ ဒေသခံတွေနဲ့ ပြဿနာ ဖြစ်လာ ပါတယ်။ အဲဒီအခါ ဗလီအဖွဲ့က ဗလီကို ချဲ့ဖို့ ဗလီဘေးက ဗောဓိညောင်ပင်ကြီးကို ခုတ်ပေးဖို့ တောင်းဆိုပြီး သုံးထပ်တိုက် အဆောက်အဦးမှာ ဆက်ပြီး ဘာသာရေး စုဝေးမှုတွေလုပ်နေပါတယ်။

ပိုပြီးဆိုးတာက နိုင်ငံရေးသမား အချို့ရဲ့ ဖိအားပေးမှုကြောင့် သာသနာရေးဦးစီးက အဲဒီသုံးထပ် အဆောက်အဦးကို မဒရပ်ဆာနဲ့ ဗလီအဖြစ် ဇွန်လပိုင်းက သုံးခွင့်ပြုခဲ့ပါတယ်။ အဲဒါကို ဒေသခံ လူထုက မကျေနပ်တဲ့ အတွက် ဇူလိုင်လမှာ ဒေသကိုယ်စားလှယ် ဘာသာရေးခေါင်းဆောင်တွေ နဲ့ သာသနာရေးဦးစီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ရာမာဒန်ပြီးတာနဲ့ အဲဒီ သုံးထပ်တိုက် အဆောက်အဦးကို ဘာသာရေး အတွက် ဆက်ပြီး မသုံးဖို့ ဗလီဟောင်း ဘေးက ဗောဓိညောင်ပင်ကို ခုတ်ပြီး ဗလီအဆောက်အဦး တိုးချဲ့ဖို့ သဘောတူခဲ့ကြ ပါတယ်။

ရာမာဒန် ထွက်ပြီး သည့်တိုင် အဲဒီ သုံးထပ်တိုက်မှာ ဆက်ပြီး ဘာသာရေး အရ စုဝေးကြတဲ့ အခါမှာတော့ ဒေသခံတွေ မခံမရပ်နိုင်ဖြစ်ပြီး ဩဂုတ် ၁၂ရက် တနင်္လာနေ့က အဲဒီအဆောက်အဦးထဲက လူတွေကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ မွတ်ဆလင်တွေကလည်း ရပ်ကွက်ထဲက ဗုဒ္ဓဘာသာ အိမ်အချို့ကို ခဲတွေနဲ့ပေါက်ပြီး လက်တုန့်ပြန် အကြမ်းဖက်ခဲ့ပါတယ်။ အဲဒီအဆောက်အဦးဟာ ဘီဘီစီမှာ ဖော်ပြထားသလို ဗလီ အဆောက်အဦး မဟုတ်ပါ။ မူလဗလီက ဘာမှမဖြစ်ပါ။ အကောင်းအတိုင်းရှိနေပါတယ်။ ဒါကို မီဒီယာများက ဖော်ပြခြင်းမရှိပါ။ ဗလီဘေးက ဗောဓိပင်ကြီးကို စပြီ ဖြတ်နေပါပြီ။ သို့သော်လည်း အမြစ်တွေက ဗလီအောက်ခြေထိ ရောက်နေတဲ့ အတွက် ဗလီကို ထိခိုက်နိုင်ခြင်းရှိမရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုလမ်ဘိုရှိ အမေရိကန်သံရုံးကတော့ ဖြစ်ဖြစ်ခြင်းမှာပဲ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ က အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေစဉ်အတွင်း ဗလီကို တိုက်ခိုက်ခဲ့မှု အပေါ် လွန်စွာ စိုးရိမ်မကင်းဖြစ်မိကြောင်း ကြေညာချက် ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။

မူရင်းလင့်
===========

http://www.colombotelegraph.com/index.php/grandpass-the-true-story/

http://www.colombotelegraph.com/index.php/cut-down-the-bo-tree-in-grandpass-old-mosque-premises-has-been-derailed/

_________________________________

ရာဇာဓိ ရာဇာ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}
(LM)

Wednesday, August 14, 2013

ပြည်သူ့ဆန္ဒအမှန် သိရန် နော်ဝေ ဝန်ကြီးချုပ် Taxi ဒရိုင်ဘာ ဟန်ဆောင် လေ့လာ



အော်စလို၊ သြဂုတ် ၁၂

မဲဆန္ဒရှင် ပြည်သူများက မည်သည့်အရာကို လိုလား တောင့်တနေကြသည်။ မည်သို့ ...တွေးတော ကြသည်ကို သိလိုသောကြောင့်ဟု ဆိုကာ နော်ဝေ ဝန်ကြီးချုပ် ဂျွန်စတော်တန်ဘာ့ဂ်က အငှား ယာဉ်မောင်း ဒရိုင်ဘာ ဟန်ဆောင်၍ နေ့တစ်ဝက် ကားမောင်းခဲ့ပြီး ခရီးသည် ပြည်သူများနှင့် စကား ပြောဆိုခဲ့သည့် ဗီဒီယို ရုပ်သံတစ်ခု နော်ဝေ လူမှုကွန်ရက် မီဒီယာများတွင် တွေ့ရကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ပြည်သူတွေ ဘယ်လို တွေးခေါ်နေကြတယ်ဆိုတာ သိရဖို့ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ လူတွေက သူတို့ ထင်ရာကို ပြောကြတဲ့ နေရာ တစ်ခု ရှိပါတယ်။အဲဒါကတော့ Taxi ကားပါပဲ” ဟု ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က Facebook, Twitter နှင့် Youtube တို့တွင် တင်ထားသည့် ၎င်း၏ ဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ် ကျင်းပမည့် နော်ဝေ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် အဆိုပါ ဗီဒီယို ထွက်ပေါ် လာခြင်းဖြစ်ကာ နော်ဝေ ဝန်ကြီးချုပ်၏ အာဏာရ လက်ဝဲယိမ်း ပါတီက အရေးနိမ့်ဖွယ်ရှိကြောင်း နောက်ဆုံး ကောက်ယူထားသည့် စစ်တမ်းများ က ဖော်ပြထားသည်။

စတော်တန်ဘာ့ဂ်သည် မြို့တော် အော်စလို Taxi ဒရိုင်ဘာများ ယူနီဖောင်း ကို ဝတ်ဆင်ထားပြီး ခရီးသည်များကို အကြိုအပို့ လုပ်ပေးရင်း စကား စမြည် ပြောခဲ့ကြောင်း၊ ယင်းသို့ ပြည်သူထဲသို့ အငှား ယာဉ်မောင်း ကားသမား ဟန်ဆောင်၍ ဆင်းခဲ့ခြင်းသည် ဇွန်လအတွင်းက ဖြစ်ကြောင်း AFP က ရေးသား ဖော်ပြထားသည်။

ကားထဲတွင် တပ်ထားသော ကင်မရာက ခရီးသည်များနှင့် ဝန်ကြီးချုပ်တို့ စကားပြောနေကြပုံကို မှတ်တမ်းတင်ထားပြီး ခရီးသည် တစ်ဦးက ဆိုလျှင် “ခင်ဗျားက နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ တော်တော် တူတာပဲ” ဟု ပြောကြား သွားသေးသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

ဝန်ကြီးချုပ်မှန်း မှတ်မိသွားသည့် အသက်ကြီး အမျိုးသမီး တစ်ဦးဆိုလျှင် လုပ်ငန်းရှင်များ လစာ အများကြီး ယူနေသည့် ကိစ္စရပ်ကို တိုင်တန်းသွားပြီး “ဒီလို သန်းနဲ့ ချီပြီးတော့ မယူသင့်ပါဘူး” ဟု ပြောဆိုသွားခဲ့သည်။

၎င်းကို မှတ်မိသွားသည့် ခရီးသည်များနှင့် တွေ့လျှင် ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က ကားမမောင်း ဖြစ်သည်မှာ ရှစ်နှစ်ကြာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသည်ကိုလည်း ရုပ်သံအရ တွေ့ရသည်။

ဝန်ကြီးချုပ်အဖြစ် အရွေးမခံရတော့လျှင် Taxi ကား ဒရိုင်ဘာ လုပ်တော့ မည်လောဟု ပြည်တွင်း သတင်းစာ တစ်စောင်က မေးမြန်းသောအခါ ဝန်ကြီးချုပ်က “ကျွန်တော် Taxi ကားသမားတစ်ယောက် ထက်စာရင် ဝန်ကြီးချုပ် အဖြစ်နဲ့ တာဝန်ယူတာက တိုင်းပြည်နဲ့ ခရီးသည်တွေအတွက် ပိုကောင်းကောင်း လုပ်ပေးနိုင်မယ်လို့ ထင်တယ်ဗျာ” ဟု ဝန်ကြီးချုပ် က ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ် လိုက်ပို့သည့် ကားကို စီးခဲ့သော ခရီးသည်များသည် ကားခပေးရန် မလိုခဲ့ဟု ယင်းသတင်းစာက ရေးသား ဖော်ပြထားသေးသည်။

၁၃-၈-၂၀၁၃ နေ့တွင် ကျင်းပခဲ့သော ''အသူပီးရေ ပစ်မိန့်လဲ" ကဗျာရွတ်ဆိုပွဲအခမ်းအနားတွင် စာရေးဆရာကြီးသန္တာမြေမောင်သော်တာမှ ကဗျာရွတ်ဖတ်စဉ်။

Monday, August 12, 2013

မြန်မာမှာဒီလိုတွေရှိတယ်ဆိုတာ ကမ္ဘာသိအောင် ရှယ်ပေးလိုက်ကြပါဦး

Sunday, August 11, 2013

၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အမှတ်တရ



စနေနေ့၊ သြဂုတ်လ 10 ရက် 2013 ခုနှစ်
ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားခုခံတော်လှန်ရေး
နေ့ အ...ခမ်းအနားကို ကရင်နီတပ်မတော်ထိမ်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

ကရင်နီသမိုင်းထဲက နေ့ထူးနေ့မြတ် အခမ်းအနားတရပ်ဖြစ်တဲ့အတွက် နှစ်စဉ်အခမ်းအနားကျင်းပရာကို သွားတက်လေ့ရှိပါတယ်။

ဒီနှစ်လည်းအခမ်းအနားကို ညာမိုတပ်စခန်းမှာပဲ ကျင်းပမှာဖြစ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းကနေ အခမ်းအနားကျင်းပရာ ညာမိုစခန်းကို ခြေလျင်နဲ့ ငါးနာရီကြာ လျှောက်လာခဲ့ရပါ တယ်။

ညာမိုစခန်းကိုရောက်ဖို့ ရှည်လျားမြင့်မားတဲ့ တောင်တန်းတွေကျော်ဖြတ်ရပါတယ်။ အရင်ကဆို တောင်ကျောတလျောက်သွားနေစဉ်မှာ တဘက်က အစိုးရတပ်စခန်းတွေကိုမြင်တွေ့ရလို့ ရင်တဒိတ်ဒိတ်နဲ့ပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးတဲ့အချိန်ကာလမို့ အခုခေါက်တော့ ကျမစိတ်အေးလက်အေး သွားခွင့်ရလာပါတယ်။

အခမ်းအနားကို ခြေလျင်နဲ့သွားကြတဲ့ ကျမအပေါင်းအဖေါ်တွေလဲ ကျမလိုပါဘဲ။ တောင်တက်ချိန်ကလွဲလို့ တောင်ကြော အတိုင်း ပြေပြေလေး လမ်းလျောက်နေရတဲ့အချိန်နဲ့ တောင်ဆင်းတဲ့အချိန်တွေမှာဆို အပြန်အလှန်စကားတွေပြော မျက်နှာတိုင်းလိုလိုက ပြုံးပြုံးရွှင်ရွှင်နဲ့ ပျော်စရာသိပ်ကောင်းပါတယ်။

ကရင်နီပြည်ထဲက မိဘပြည်သူတွေဟာလည်း ကျမတို့လိုပါဘဲ။ နှစ်ဦးနှစ်ဘက် ပစ်ကြခတ်ကြတာတွေ ရပ်ဆိုင်းထားနိုင်ခဲ့လို့ သွားလာရေးမှာ အတိုင်းအတာတခုထိ လွတ်လပ်လာပြီး အချင်းချင်း ပြောဆို ဆက်ဆံရာမှာလည်း ယခင်ကထက် ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖေါ် ပြောဆိုလာနိုင်ပါတယ်။ အပစ်ခတ်ရပ်စဲရေးရဲ့အရေးပါမှုက အနည်းဆုံး ပြည်သူတွေအချင်းချင်း တဦးနဲ့တဦး အပြုံးလေးတွေဖလှယ်နိုင်တဲ့ အနေအထားထိတော့ တက်ရောက်နေတာ အမှန်ဘဲဆိုတာကိုပါ။

ညာမိုတပ်စခန်းရောက်သွားချိန်မှာ ရာသီဥတု၊ ဘေးပတ်ဝန်းကျင်သဘာဝအလှနဲ့ တပ်စခန်းတွေရဲ့ အနေအထားကတော့ အရင်အတိုင်းပါဘဲ။ ပြောင်းလဲနေတာက ခုဏကျမပြောခဲ့သလို အခမ်းအနားကို လာကြတဲ့ သူတွေရဲ့ အပြုံးမျက်ဝန်းလေးတွေပါ။


ကျောင်းသားလူငယ်လူရွယ်လေးတွေ ဆိုရင်လဲ သူ့အုပ်စုလေးတွေနဲ့သူ၊ အလုပ်အကိုင်ရှိတဲ့ ၀န်ထမ်းတွေကလဲ သူတို့အပေါင်းအသင်းတွေနဲ့သူတို့ အားလာပ သလာပဖောက်၊ ပျော်ပါး၊ ရယ်မော၊ စားလိုက်၊ သောက်လိုက်နဲ့ အပန်းဖြေခရီးတခုလိုပါဘဲ။ ပျော်ရွှင်ဖို့ ကောင်းပါတယ်။

ဒါပေမယ့် ကရင်နီတော်လှန်ရေးခရီးက အပန်းခြေခရီးမဟုတ်ဘူးဆိုတာကိုတော့ ယခုအမျိုးသား လွတ်မြောက်ရေးအတွက် စစ်ရေးနဲ့နိုင်ငံရေးအခန်းကဏ္ဍမှာ ဦးဆောင်တိုက်ပွဲဝင်ဆဲရှိတဲ့တော်လှန်ရေးခေါင်း ဆောင်တွေလို့ ဆိုရမှာပါ။

တော်လှန်ရေးခရီး ၆၅ နှစ်ရောက်လာတာနဲ့အညီ အချို့မှာအရွယ်တွေအို၊ သွားတွေကျိုးလို့ အချို့မှာ ကျန်းမာရေးကို အထူးဂရုစိုက်လာကြရတဲ့ ခေါင်းဆောင်တွေတော့ မပြုံးနိုင်မရွှင်နိုင်ကြပါ။

ဒါကတော့ စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့သွားနေရတဲ့ အပြောင်းအလဲတွေထဲမှာ တော်လှန်ရေးခရီး မူလခံယူထားတဲ့ရည်မှန်းချက်နဲ့ တလွဲစီ နိဂုံးချုပ်သွားမှာကို စိုးရိမ်နေကြခြင်းပဲ ဖြစ်ပါတယ်။

"၂၀၀၈ ဥပဒေမှာ ကျနော်တို့  တိုင်းရင်းသားပြောမှာက တိုင်းရင်းသား တောင်းဆိုမှာက ဒီမိုကရေစီ မဟုတ်ဘူး… ကျတော်တို့စစ်မှန်တဲ့ ပြည်ထောင်စုကို တောင်းဆိုမယ်။ ဖက်ဒရယ်ပြည်ထောင်စုနော နောက်ပြီး ကျနော်တို့တောင်းဆိုမှာက ကိုယ်ပိုင်ပြဌာန်းခွင့်နောက် တန်းတူရေး ရရှိမှုကိုတောင်းဆိုမယ်။ အဲလိုတောင်း ဆိုရင် သူတို့ပြောတာက အရေး ၃ ပါးနဲ့ ထိနေတယ်…အဲဒါကြောင့် ဘယ်လိုမှ တသက်လုံး တိုက်ပွဲဝင်လာပြီး ကျနော်တို့ လိုချင်တဲ့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိုမှရောက်မှာမဟုတ်ဘူး" လို့ KNPP အမြဲတမ်း ဗဟိုကော်မတီဝင် ဦးရီမာန်ထူးက ပြောပါတယ်။

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှာ ကရင်နီ အမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက ရရာလက်နက်နဲ့ ပြန်လှည် ခုခံတိုက်ခိုက်ခဲ့ရာ ကနေ ကရင်နီအမျိုး သားတော်လှန်ရေး ဖြစ်ပေါ်လာခဲ့တာပါ။

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ပြန်လှည်ရရှိရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လှည်ရရှိရေးတို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ရာကနေ အမျိုးသားလွတ်မြောက်ရေးအတွက် ရေရှည်ရပ်တည်တိုက်ပွဲဝင်သွားနိုင်ဖို့ ၁၉၇၅ ခုနှစ်မှာ KNPP ပါတီထူထောင်ပြီး လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပါ တော်လှန်ရေးဆင်နွဲလာခဲ့ကြပါတယ်။

"လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တက်လာတဲ့အစိုးရတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော အဲ့ဒီကပြဌာန်းချက်နဲ့အညီ တိုင်းရင်းသားတွေတကယ်ဘဲ တန်းတူအခွင့်အရေးရမရ ကျနော်တို့ ကြည့်လိုက်တဲ့ အခါမှာ မရှိပါဘူး။ ဘာကြောင့်မရှိသလဲဆိုရင် သူတို့မျှော်မှန်းခဲ့သလို လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ဗမာပြည်ကို တပြည်ထောင်စနစ်နဲ့ဘဲ အခြေပြုပြီး တည်ဆောက်ထားခဲ့တဲ့အတွက် ကြောင့်မို့လို့… အဲ့သလိုနဂိုက မျှော်မှန်းထားခဲ့တဲ့၊ သဘောတူထားခဲ့တဲ့အခွင့်အရေးတွေ မရတာဘဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက… ၁၉၆၂ စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ ပိုပြီးကျနော်တို့ တိုင်းရင်းသားတွေအခွင့်အရေး ပိုပြီးဆုံးရှုံးတာပေါ့ ရှင်းရှင်းပြောရင်…"

၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကရင်နီတော်လှန်ရေး ပေါ်ပေါက်လာခဲ့ရတဲ့ အကြောင်းနဲ့ ဆက်စပ်ပြီး KNPP ဒု-ဥက္ကဌ ခူးဦးရယ်က ပြောပြသွားတာပါ။

နှစ်ပေါင်း(၆၀)ကျော် ဖြတ်သန်းလာခဲ့ရတဲ့တော်လှန်ရေးခရီးကြီးက မလွယ်ကူလှပါဘူး။ တော်လှန်ရေးအတွေ့အကြုံမှာ နှစ်နာ ဆုံးရှုံးမှုတွေအပေါ် ၀မ်းနည်းရဆုံးဖြစ်ရပ်မှာ နဂိုရည်မှန်းချက်ချထားတဲ့ မူဝါဒလမ်းစဉ်အပေါ် လုပ်ဖေါ်ကိုယ်ဖက်အချင်းချင်း သဘောထားကွဲလွဲပြီး ခွဲထွက်ရေးတွေ ဖြစ်ပေါ်တဲ့အခြေအနေဘဲဖြစ်တယ်လို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြက ယခုလိုပြောပြပါတယ်။

"ဝမ်းအနည်းဆုံးက ပထမတချက်က ၇၈ခုနှစ်တုန်းက နှစ်ခြားကွဲသွားတယ် အခု ကလလတ ဖြစ်ပေါ်လာတယ်။ ဒုတိယတချက်ကတော့… ဥပမာ… လီးရယ်တို့ နဂါးအဖွဲ့ထောင်တယ်။ နောက်ပြီးခူးရီတို့ အခုခင်များတို့ပြောနေတဲ့ ကယောနီအဖွဲ့ပြန်သွားတာရယ်၊ နောက်ထူကာရီတို့ တယ်နယ်တို့ ရန်သူနဲ့ပူးပေါင်းသွားတာရယ် အဲ့ဒါဝမ်းနည်းဆုံးပဲ။ ရဲဘော်တယောက် ကျသွားတယ်ဆိုရင် ၀မ်းနည်းတော့ဝမ်းနည်းတယ်… ဒါကတော့ဝမ်းနည်းတဲ့ဂုဏ်ယူမှု တရပ်ပေါ့။ ဒါပေမဲ့ လို့ခုဏပြောတဲ့ ရန်သူဆီမှာကိုယ်ကျိုးအတွက် ကားရမယ်၊ စီးပွားရေးရမယ်ဆိုပြီးတော့မှ သွားတဲ့သူတွေအတွက်တော့ တော်တော် ၀မ်းနည်းတယ်။ နောက်သူတို့ကြီးပွားသလား ချမ်းသာသလား နာမည်ကောင်းသလားဆိုတော့လဲ နာမည်ပျက်နဲ့ဘဲ ရပ်တည်နေရတယ်… ဒါဝမ်းနည်းဆုံးပဲ"

KNPP ပါတီမှ ပြုစုထားတဲ့စာရင်းအရ ကိုယ်ပိုင်အမှတ်များအရ ပါတီဝင်နဲ့ တပ်အင်အားစာရင်းမှာ ၇၀၀၀ ရှိပြီး ခွဲထွက်သွားတဲ့အဖွဲ့များ၊ သေဆုံးသွားသူများ၊ မိမိဆန္ဒအရ ပါတီမှ နှုတ်ထွက်သူ စာရင်းများမပါဘဲ လက်ရှိ ပါတီဝင်အင်အားမှာ ၁၀၀၀ ရှိပြီး တပ်အင်အားမှာ ၆၀၀ ရှိနေပါတယ်။

ယနေ့ သြဂုတ်လ (၉)ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ့အခမ်းအနားကို KNPP ခေါင်းဆောင်များ၊ တပ်မတော်များ၊ ကျောင်းသားလူငယ်များနဲ့ မိဘပြည်သူ ၇၀၀ ကျော် တက်ရောက်အားပေးတာကို တွေ့ရပါတယ်။

အခမ်းအနားမိန့်ခွန်းမှာ KNPP ဥက္ကဌ ခွန်းအေဘယ်ဒွိက "ကနေ့အထိ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးသွားတာ သုံးကြိမ်ရှိသွားပါပြီ။ သိန်းစိန်အစိုးရ၊ ငြိမ်းချမ်းရေးအချက်ပေါ်မှာ ဒါပေမယ့် ကနေ့ထိ ကြည့်မယ်ဆိုလို့ရှိရင် သဘောတူညီချက် မယ်မယ်ရရတခုမှမရှိဘူး။ ကျနော်တို့ တင်ပြတဲ့အချက်အလက် ဆက်လက်ဆွေးနွေးရန် သဘောတူသည် အဲ့ဒါပဲရေးထားတယ်။ အထူးသဖြင့် နိုင်ငံရေးကိစ္စ၀ိစ္စ ပိုပြီးတော့အလှမ်းဝေးတယ်"လို့ပြောကြားခဲ့ပါတယ်။

လက်ရှိ KNPP နဲ့အစိုးရအကြား ၂၀၁၂ခုနှစ် မတ်လ(၇)ရက်နေ့မှာ အပစ်ခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယနေ့ထိတိုင် အပြန်အလှန်ပစ်ခတ်မှုများမရှိခဲ့တဲ့အပေါ် ကရင်နီပြည်ဘက်က အပစ်အခတ်ရပ်စဲရေးအခြေနေဟာ တခြားသောတိုင်းရင်းသားဒေသ များထက် တိုးတက်မှုရှိနေပါတယ်။ ဒါပေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ KNPP ဘက်က တင်ပြထားတဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များကို သဘောမတူနိုင်ကြသေးတဲ့အပေါ်မှာ အပြည့်အဝ ယုံကြည်ထားလို့ မရေးသေးကြောင်းလည်း KNPP ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဆန္ဒပြကတည်းက KNPP ဟာ အမျိုးသားရေးအတွက် လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးအာဏာရဖို့ လာမည့် ၂၀၁၅ ရွေးကောက်ဝင်မည့် အလားအလာ မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။ အမျိုးသားလွတ်မြောက်ရေးကို လွှတ်တော်ပြင်ပကနေ ဆက်လက်အလုပ်အကျွေး ပြုသွားဖို့ပါ။

တော်လှန်ရေးသမိုင်းတလျှောက်ကို ပြန်လှန်ကြည့်တဲ့အခါမှာ အမျိုးသားရေးလွတ်မြောက်ဖို့ အသက်တွေ၊ သွေးတွေရင်းပြီး တစိုက်မတ်မတ် အမျိုးသားရေးအတွက် တိုက်ပွဲဝင်လာခဲ့တာ KNPP အဖွဲ့တဖွဲ့ထဲကိုဘဲ တွေ့ရပါတယ်။

ကျမတို့ဟာ ကရင်နီအမျိုးသားတွေပါလို့ အများတကာအလည်မှာ ယနေ့ ကျမတို့နဂို ကျမမိတ်ဆက်နိုင်တဲ့ အခြေအနေဟာ ယနေ့အထိ ကျမတို့တော်လှန်ရေး ကျမတို့ မိခင်အဖွဲ့အစည်း အထင်အရှား ရှိနေလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့်လာမည့်အနာဂါတ်မှာ ကျမတို့အမျိုးသားရေးစိတ်ဓါတ် တည်ဆောက်ဖို့၊ အမျိုးသား တန်းတူရေးရရှိဖို့၊ အမျိုးသားလွတ်မြောက်ဖို့အတွက် KNPP ပါတီကို အားကိုးလို့မရနိုင်ပါဘူး။

အမျိုးသားရေးအတွက် အလုပ်အကျွေးပြုရာမှာ KNPP လိုအဖွဲ့အစည်းထဲဝင်မှ ရတယ်ဆိုတာကိုလဲ ဘယ်သူမှ သတ်မှတ်ချက်တွေ မချထားပါဘူး။

ကိုယ်သာ ကရင်နီအမျိုးတယောက်ဖြစ်နေရင် ကိုယ့်အမျိုးသားရေးအတွက် ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ဘယ်လိုအလုပ်ကျွေးပြုရင်ကောင်းမလဲ ဆိုတာကို စဉ်းစားတတ်ရုံလောက်နဲ့ ၆၅ နှစ် အမျိုးသားတော်လှန်ရေး သက်တမ်းတလျှောက် အသက်တွေပေးလှူသွားခဲ့ကြတဲ့ သူရဲကောင်းတွေ သင့်ကို ဂုဏ်ယူနေမှာပါ။

ကုလားအမတ် ရွှေမောင် (ခေါ်) အဒူရော်ဇက် မှာ နိုင်ငံသားဖြစ်ခွင့် ရှိထိုက်သူ မဟုတ်ကြောင်းထုတ်ဖော်



=======================
(လ၀က ၀န်ထမ်းဟောင်းတစ်ဦးက သမ္မတဦးသိန်းစိန်၊ ...ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီ တို့ထံ လိပ်မူလျက် ပေးပို့သော အောက်ပါ အိတ်ဖွင့်ပေးစာတွင် ပြည်သူ့လွှတ်တော်သို့ရောက်နေသော ဘူးသီးတောင် ကုလားအမတ် ရွှေမောင် ၊ခေါ်၊ အဒူရော်ဇက်၏ မိဘမျိုးရိုးစဉ်ဆက်ကို ဖော်ထုတ်ရေးသားကာ ၄င်း၏ မိဘ(၂)ဦး၊ ဘိုးဘွား(၄)ဦးတို့ထဲမှ မည်သူမျှ နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါဘဲ ၄င်းကိုယ်တိုင် နိုင်ငံသားဖြစ်ခွင့်ရှိသူ မဟုတ်ပါဘဲလျက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို တရားမ၀င်သော နည်းလမ်းတစ်ခုခုဖြင့် ရရှိထားခြင်းသာ ဖြစ်သည် ဟု ဖော်ပြထား သည်။ လူမျိုးမှာ ကမန်+ဘင်္ဂါလီ+ဗမာ ဟု ဆိုသူ ရွှေမောင် ၊ခေါ်၊ အဒူရော်ဇက် မှာ ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရနိုင်သည့် ပြစ်မှုကို ကျူးလွန်ကာ နိုင်ငံသားလက်မှတ် ရယူထားသူဖြစ်ကြောင်း ဖော်ထုတ်ထားသည်။ အယ်ဒီတာ၊ Coral Arakan News )

==================


သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီသိရှိနိုင်ပါရန်

ပြည်သူ့လွှတ်တော်အမတ် ရွှေမောင်(ခ)အဒူရော်ဇက် အား နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စီစစ်ခြင်း

ရွှေမောင်(ခ)အဒူရော်ဇက် ၏ မိသားစုမျိုးရိုးစဉ်ဆက်စာရင်း

၁။ ဖခင်ဘက်မှ အဘိုးဇော်ဘော်မူလုပ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီးမည်သည့်ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၂။ ဖခင်ဘက်မှ အဘွားဆော်ရိုနီဆားသည် ဘင်္ဂါလီလူမျိုးတစ်ဦး ဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီးမည်သည့် ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၃။ မိခင်ဘက်မှ အဘိုးမူဇာဟေးရ် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018922) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၀၃)ခုနှစ်ကမွေးဖွါးခဲ့ပြီးစစ်တွေမြို့တွင် ၁၉၆၄ နှစ်တွင် သေဆုံးခဲ့သည်ဟုသိရှိရသော်လည်း မြန်မာစာ လုံးဝ(လုံးဝ)မတတ်သူဖြစ်ပြီးအာရ်ဘီစာ(၁၀)တန်းအဆင့်ရှိသူဖြစ်ပြီးသက်သေခံကဒ်ပြားလျှောက်ထားသူလက်မှတ်တွင် အာရ်ဘီစာဖြင့်သာရေးထိုးထားသည် ကိုသိရှိရသည်။

၎။ မိခင်ဘက်မှ အဘွားမာမူဒါဘေဂေါင် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018923) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၂၃)ခုနှစ်ကမွေးဖွါးခဲ့ပြီးစစ်တွေမြို့တွင် သေဆုံးခဲ့သည်၊ မြန်မာစာ လုံးဝ မတတ်ခဲ့ပါ။

၅။ ဖခင် အဒူဟာဒီသည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊(A.K.092352)နှင့် (၁၁/ဘသတ(ယ)၁၂၀၉၂၈)ကိုကိုင်ဆောင်ခဲ့သည်၊ မောင်တောမြို့နယ် တွင် (၁၉၁၈)ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သေဆုံးခဲ့ပါသည်။

၆။ မိခင် အာဇီဇာဘေဂေါင်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.K.092353) ကိုင်ဆောင်ခဲ့သည်၊ မြောက်ဦးမြို့တွင် (၁၉၃၅) ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက် တွင် သေဆုံးခဲ့ပါသည်။

၇။ ရွှေမောင်(ခ)အဒူရော်ဇက်သည် ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင်(၁၉၆၅)ခုနှစ်တွင် မွေးဖွါး ခဲ့ပြီး (၁၉၈၇)ခုနှစ်တွင် သက်သေခံကဒ်ပြားအမှတ်၊(BTG.172664) ဖြင့် ဘင်္ဂါလီလူမျိုး ဖြစ်ကြောင်းမှတ်ပုံတင် တင်ထားခဲ့ပြီးသက်သေခံကဒ်ပြားကိုင်ဆောင်ခဲ့ပါသည်။

ယခုလက်ရှိအခြေအနေမှာ ရွှေမောင်(ခ)အဒူရော်ဇက် ၏ ညီအစ်ကိုမောင်နှမများမှာလည်းဘင်္ဂါလီလူမျိုးများဖြစ်ကြပြီးယာယီသက်သေခံကဒ်ပြားများကိုင်ဆောင်ထားလျှက်ရှိကြသော်လည်း ရွှေမောင်(ခ)အဒူရော်ဇက်မှာ(ကမန်+ဘင်္ဂါလီ+ဗမာ)ဟုလူမျိုးဖေါ်ပြပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(၁၂/ပဇတ(နိုင်)၀၃၆၃၀၆)ကိုကိုင်ဆောင်လျှက် ဘူးသီးတောင်မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တွေ့မြင်ရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေမောင်(ခ)အဒူရော်ဇက် အားအထက်ဖေါ်ပြပါ ၄င်းသူ ၏ မျိုးရိုးစဉ်ဆက်စာရင်းများဖြင့် အောက်ပါအတိုင်းတိုက်ဆိုင်စစ်ဆေးတင်ပြပါမည်။

---------------------

၁၉၄၈-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ

၎။ (၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံးဘိုးဘွားအားလုံးလက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်အပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွါးသူဖြစ်လျှင် ထိုသူအား မြန်မာ နိုင်ငံသားဖြစ်သည်ဟုမှတ်ယူရမည်။
အထက်ဖေါ်ပြပါပုဒ်မ ၄။(၂)အရ ၄င်းရွှေမောင်(ခ)အဒူရော်ဇက်၏ မိဘ(၂)ဦး၊ဘိုးဘွား(၄)ဦးတို့ထဲမှအားလုံး သော်လည်းကောင်း၊ တစ်ဦးဦးသော်လည်းကောင်း နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။ သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် မရရှိခဲ့ခြင်းသာဖြစ်ပါသည်။

-----------------------

၁၉၈၂- ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ

၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃-ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သောကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။

၅။ တိုင်းရင်းသားတိုင်းလည်းကောင်း၊တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည်လည်းကောင်းမွေးရာပါနိုင်ငံသားဖြစ်သည်။

၆။ ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ(၁၈)ပါ ပြဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရအရေးယူခြင်းခံရမည်။
အထက်ဖေါ်ပြပါပုဒ်မ၆။သည် (၁၅-၁၀-၁၉၈၂)ရက်နေ့ မတိုင်မှီက (၁၉၄၈) ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြင့် နိုင်ငံသားဖြစ်ပြီးသားသူသည် နိုင်ငံသားဖြစ်သည်ကိုဆိုထားခြင်းဖြစ်ပါသည်။

၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖေါ်ပြခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်းကျခံစေရမည်

၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေး၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေမွေးဖွါးသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည်-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွါးသူများ
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဖနှစ်ပါးမှ မွေးဖွါးသူများ
(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွါးသူများ
(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသောသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊

၇၆။ အောက်ပါဥပဒေကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
အထက်ဖေါ်ပြပါပုဒ်မ ၇၆။(က)၊(ခ) ဖြင့်(၁၅-၁၀-၁၉၈၂)ရက်နေ့မှစ၍ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားရွေးချယ်ရေး /ဖြစ်မှု အက်ဥပဒေတွေကို ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

----------------------------

ရွှေမောင်(ခ)အဒူရော်ဇက်သည် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၅။ /၆။ /၇။ အရ နိုင်ငံသားအရည်အချင်း နှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါသည်၊၁၉၄၈-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအားလည်း (၁၅-၁၀-၁၉၈၂)ရက်မှ စ၍ ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၇၆။ ဖြင့် ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

ထို့ကြောင့် ရွှေမောင်(ခ)အဒူရော်ဇက် ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (၁၂/ပဇတ(နိုင်) ၀၃၆၃၀၆) ကဒ်ပြားမှာမည့်သည့် ဥပဒေပုဒ်မဖြင့် ထုတ်ပေးထားပါသနည်း၊ မြန်မာနိုင်ငံသားတစ်ဦးမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမည်သို့ ဖြစ်ခဲ့ပါသနည်း၊ဤအချက်များကို ကြည့်ခြင်းအားဖြင့် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသားများအတွက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတစ်ခုဖြစ်သော်ငြားလည်းဥပဓိရုပ် မပေါ်ဖြစ်နေသည်ကိုတွေ့မြင်ရပါသည်

မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဘ၀တူဝန်ထမ်းအချို့သည်လည်းတစ်ချိန်တစ်ခါကအဖွဲ့အစည်းတစ်ခုခုမှသော်လည်းကောင်း၊ သြဇာအာဏာရှိသောလူပုဂ္ဂိုလ်တစ်ဦးဦးမှ ဖိအားပေး၍သော်လည်းကောင်း၊ မိမိဝမ်းရေးအတွက်သော်လည်းကောင်းအမှားများရှိခဲ့ကြမည်ဖြစ်ပါသည်။

ယခုအချိန်မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးကြလျှင် မိမိလုပ်ခဲ့သောအမှားများအား မိမိကိုယ်တိုင်ဖေါ်ထုတ်ပြသင့်နေပြီးဖြစ်ပါသည်။

ရာထူးဌာနန္တရကိုမငဲ့ကွက်ဘဲအမှန်တရားကိုဖော်ပြရဲကြလျှင် အများပြည်သူများကလည်းနားလည်ခွင့်လွတ်ကြလိမ့်မည်ဟုထင်ပါသည်။ မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဘ၀တူဝန်ထမ်းအချို့သည်လည်းဆက်လက်ပြီးအမှားများမပြုလုပ်ကြပါရန် မေတ္တာရပ်ခံရင်းတင်ပြအပ်ပါသည်။

တင်ပြသူ-

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းဟောင်းတစ်ဦး

ကင်တားနား ရောက်ချိန် ဆန္ဒပြမည်



..............................
...............

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ရခိုင်သို့ လာရောက်ချိန်တွင် ရခိုင်တ...ိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြကြမယ်လို့ သတင်းရရှိပါတယ်။ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပြီဖြစ်ပြီး ၂၁ ရက်နေ့အထိ ဆယ်ရက် နေထိုင်မှာ ဖြစ်ပါတယ်။ ကင်တားနားဟာ ရခိုင် နဲ့ ကချင် ကို သွားမယ်လို့ သိရပြီး ရခိုင်ကို ရောက်တာနဲ့ ရခိုင်တိုင်းရင်းသားများက မပြန်မချင်း ဆန္ဒပြကြမယ်လို့ သိရပါတယ်။ မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်ကို (၆) ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ဖြစ်သော်လည်း လာရောက်ချိန်များတွင် ဘင်္ဂလီများနှင့် သာ တွေ့ဆုံလေ့ရှိပါတယ်။ ဒါ့အပြင် ခရီးစဉ်ပြီး ဆုံးချိန်တိုင်းမှာလဲ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ်လက်ခံဖို့ ၊ OIC ရုံးဖွင့်ခွင့်ပေးဖို့ အတွက် အစိုးရ ကို တိုက်တွန်းရုံမျှ မက ၎င်း နှင့် လုံးဝ မသက်ဆိုင်သည့် အခြေခံဥပဒေ ပြင်ဆင်ဖို့တွေကိုပါ တိုက်တွန်းလေ့ ရှိတာကြောင့် ရခိုင်တိုင်းရင်းသားများသာ မက လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။

ယခင် ခရီးစဉ်များကလည်း ရန်ကုန်မြို့ UN ရုံးရှေ့တွင် ရခိုင် နှင့် မြန်မာတိုင်းရင်းသား များက ကင်တားနားကို ဆန္ဒပြခဲ့ဖူးပြီး ။ မန္တလေး အပါအဝင် နေရာအနှံ့အပြားတွင်လည်း သမ္မတကြီးကို ထောက်ခံကြောင်း နှင့် ကင်တားနားကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ခဲ့ဖူးပါတယ်။

အခုတကြိမ်ဟာ မစ္စတာကင်တားနားရဲ့ (၇) ကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့စုံမည့်အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆွေးနွေးဖို့ ပြန်လည်အစီရင်ခံသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါကြောင့် အခု ကင်တားနား ခရီးစဉ်ဟာ အရင်ခရီးစဉ်တွေထက် ပိုမိုအရေးကြီးပြီး မြန်မာလူထုတစ်ရပ်လုံးရဲ့ သဘောထားကို ကုလ နဲ့ တကမ္ဘာလုံးသိဖို့ ဆန္ဒပြပွဲကို ၁၀ ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ ကျင်းပမယ်လို့ ရခိုင်အမျိုးသား လှုပ်ရှားမှု ကော်မတီ ခေါင်းဆောင်မှ ပြောဆိုခဲ့ပါတယ်။ FACEBOOK

၁၉၆၇-ခုနှစ် သြဂတ်လ-၁၃-ရက်နေ့  ရခိုင်ပြည်နယ်ဆန်ပြသနာနေ့  သမိုင်းဖြစ်ရပ်မှန် ဟောပြောချက်ကို မျိုးဆက်သစ်တိုင်းရင်းသားစစ်စစ် လူငယ်များအတွက် ထပ်မံတင်ပြလိုက်ခြင်းဖြစ်ပါတယ်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် ဘာလဲ။



============
ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရ...ွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကု
သိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကု
သိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါသည်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထို ကု
သိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါသည်။ သုံဆယ့်တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်း
ရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မျှ ပြုလုပ်၍မရပါ။ နတ်ဘုံခြောက်ထပ်နှင့်

ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား ချမ်းသာသုက္ခတွေ များလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင်
တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန် ဖြစ်ပါသည်။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၌ အလှူခံ မရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်
မျှ မရနိုင်ပါ။ ထို့ကြောင့် ဤသုံးဆယ့်တစ်ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အား
လုံးကို ဆည်းပူးအားထုတ်၍ ရပါသည်။ ဤအချက်များကြောင့် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်
ချက်သည် ကုသိုလ်ပြုဖို့အတွက်ဟု ဆိုခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမည်။
အလှူဒါနပေးသူနှင့် ယူသူတွင် ပစ္စက္ခမျက်စိဖြင့် ကြည့်ပါက ယူသူကသာရပါသည်။ သံသရာမျက်
စေ့ဖြင့်ကြည့်ပါက ပေးသူကသာ ရပါသည်။ ဤကဲ့သို့ သံသရာ တစ်လျှောက်ထိ ထိုးထွင်း၍ သိ
သောပညာကို တကယ့်ဉာဏ်ပညာဟု ခေါ်ပါသည်။
ထို့ကြောင့် ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ၊ အ
ရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချတတ်၍ အပါယ်လေးဘုံသို့ သွား
ကြပါတယ်။ ပညာရှိ လူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ
၍ ဒုက္ခဆင်းရဲငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရရှိကြပါတယ်။
ဓမ္မမိတ်ဆွေတို့ကလည်း တရားသဘောကို နားလည်သဘောပေါက်ကြပြီး မိမိတို့လူ့ဘဝ
ရခိုက်မှာ ကောင်းတဲ့ကုသိုလ်အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ဖြောင့်ဖြောင့်
တန်းတန်း သွားနိုင်ကြပါစေ ကုန်သတည်း။ ။
{ မေတ္တာရှင်( ရွှေပြည်သာ )၏ မေတ္တာဖြင့်စီးပွားရှာခြင်းကို ကိုးကားရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.shwemyotaw.com/
http//www.mmcfamily.org
http//www.edinooyin.com
http://buddhismworld.ning.com/
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“ ဂုဏ်အလှ ”
=========
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)

ဂျီဟပ် ဆိုတာ မမြင်ဘူးသူများကြည်.ကြပါ။အင်ဒို မွတ်စလင်တွေရဲ. ခရစ်ယာန်နှင်.ဗုဒ္ဓဘာသာဝင်တွေအပေါ်ဂျီဟပ်စစ်ပွဲ ဆင်နွဲခဲ.ကြတယ်။ အစက အင်ဒိုမှာခရစ်ယာန်နဲ.ဗုဒ္ဓဘာသာဝင်တွေ အေးအေးချမ်းချမ်း နေခဲ.ကြတာပါ။မွတ်စလင်ဦးရေများလာလို. ဘာသာရေးနယ်ချဲ.လိုက် တာ လူဦးရေ သန်နဲ.ချီသေဆုံးခဲ.ရတယ်။

Saturday, August 10, 2013

ရခိုင်ဒုက္ခသည်များကို အားပေး နှစ်သိမ့်မှု လိုဟု ဦးကျော်သူပြော




ရခိုင် အိမ်မှာ လာပြီးတည်းတယ်......ရခိုင်အိမ်က
ိုလည်း အပိုင်စီးချင်တယ်။
ကျွန်တော့်အနေနဲ့ လုံးဝလက်မခံ...ပါဘူး။ လူဆိုတာ လူကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦကျော်သူ မှတ်ချက်ပြောကြားသည်။

ရခိုင်ပြည်မှာ တဖက်နိုင်ငံကနေ တရားမ၀င်လာရောက် ခိုးဝင်လာကြတဲ့ ဘင်္ဂလီတွေက အိမ်ရှင် ၇ခိုင် အိမ်တွေကို မီးရှို့ ရုံ နှင့် မကျေနပ်သေးဘဲ မိမိတို့နေအိမ်တွေကိုပါ မီး ရှို့ ထွက်ပြေးကြတယ်။
နိုင်ငံတကာ က ဒုက္ခသည် အဖြစ်မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်းစာနာမှုအကူအညီတွေကို မျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း၊ ယူအန် နှင့် မးဆလင် နိုင်ငံများက ပိုပြီးကောင်းမွန်သော အကူအညီတွေကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ်သာမက မိမိအိမ်တွေကို မီးရှို့မှုတွေ လုပ်နေကြတာ။


ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ဘင်္ဂလီမူဆလင်တွေ စိတ်ဓာတ် အောက်တန်းကျတာကို ဖော်ပြလိုက်တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိ နေရာပျောက် နေတဲ့ ဒုက္ခသည်အဖြစ် ကမ္ဘာကို လိမ်ညာတယ်။ ရိုဟင်ဂျာ ဆိုပြီး အည်တပ်ကာ မြန်မာ တိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက်ဆုပ် ရွံရှာဖွယ် အလိမ်အညာထုပ်တွေ နှင့် သနားစရာ ဗန်းပြကာ အကြမ်းဖက် မှုတွေကို ဆက်တိုက်ခံနေရတဲ့ ၇ခိုင်ပြည်သူတွေ ဘက်ကနေ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် လူမျိုးခြား၊ ဘာသာခြား ၀ါးမျိုခြင်းမခံရအောင် ရခိုင်ပြည်သူတွေ စောင့်ထိန်းကာကွယ် ခဲ့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျှစ်လျူ ရူကာ အမျိုးသားကို မတွက် ဘဲ ငွေမျက်နှာ တခုတည်းကြည့်ကာ ၇ခိုင်ပြည်တွင်းသို့ ဘင်္ဂလီ မူဆလင်တွေ တရားမ၀င် အမြောက်အမြင်းဝင်လာခဲ့ကြတယ်။ ရခိုင်တွေ မနာရင် ဘယ်သူတွေနာမှာလဲ။ ၇ခိုင်မြေ မှာ ရခိုင်လူမျိုးတွေ ဘာသာခြား ၊ လူမျိုးခြား ကျူးကျော် ရန်စမှုတွေကို ၇ခိုင်တွေ ဘယ်လို သည်းခံနိုင်မှာလဲ။

ဘင်္ဂလီမူဆလင်တွေ လုပ်ရပ်ဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ထန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူ နှင့် လက်ရှိအစိုးရကို ပါ ကမ္ဘာက အထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်းဖက်မှု လုပ်ရပ်တွေ လို့သုံးသပ်မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံးဝ လက်သင့်ခံ ခွင့်လွတ်ပေးလို့မရဘူး။ အစိုးရအဖြေင့် တရား ဥပဒေအရ မိမိ ပြည်သူ ရခိုင် လူမျိုးတွေကို ကာကွယ်ပေြးီး တရားမ၀င် ခိုးဝင်လာပြီး အကြမ်းဖက်နေတဲ့ ဘင်္ဂလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်ဟု ပြည်တွင်း NGO တဦးမှ မှတ်ချက်ပေးသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၂၄ရက်တွင်သွားရောက်ခဲ့ပြီး စစ်တွေ၊ မောင်တော နှင့် ဘူးသီးတောင် ရှိ ဒုက္ခသည် စခန်းများကို ဆန်အိတ်များ၊ အ၀တ်အထည်များ လှူဒါန်ခဲ့ကြောင်း စစ်တွေ နာရေး ကူညီမှု အသင်းမှ သိရှိရသည်။
— with Than Than Naing and Than Naing.

Tuesday, August 6, 2013

A Rakhine Voice from Maungdaw I made and showed this at the press release of our giant report about the Arakan situation, in Yangon, on August 1, 2013. You can find many links to it: Conflict and Violence in Arakan/Rakhine........I'm in transit in Seoul on my wway back to San Francisco....

Sunday, August 4, 2013

speed

ရခိုင်တွေဟာသေမယ်ဆိုရှေကပါအခွင့်ရေးကျမရပါ ဆောင်ဆန်းမေးခွန်းသက်သေပါ သမိုင်းပါမောက္ခဒေါက်တာအေးကျော်၏ သမိုင်းဝင်ရခိုင်သမိုင်းသျှင်းလင်းချက်(၄)

Saturday, August 3, 2013

ကြည့်တော့ကြည့် မငိုနဲ့နော် Tale of Mari & Three Puppies ကြည့်တော့ကြည့် မငိုနဲ့နော်

သူငယ်ချင်းများ တစ်ခါလောက်တော့ ကြည့်ပေးကြပါနော်

Thursday, August 1, 2013

လိပ်အခွန်နွှာသည့်အာဇာနည်



------------------------------
-

ရူပမြောက်ရပ်lမြို့ စစ်တွေ

... မွေးရပ်ဇာတိlရခိုင်ပြည်မှာ

မိခင်ဝမ်းကြာlမွေးသန္ဓေကား

တနင်္ဂနွေရက်မြက်l၂၇မှာ

ဒီဇင်ဘာလl၁၈၇၉

အေးချမ်းနိမိတ်lဇွဲသစ်အားမာရ်

ရက္ခဝေဟင်lဝိရိယလျှံထွက်

မိုးမှောင်ညနက်lသွေးစွမ်းစေသူ

ကုလားဖြူနယ်ချဲ့ lငါ့ပြည်ငါ့ရွာ

ငါ့မြန်မာမှlအခုထွက်သွားး

လိပ်ခွန်နွာဖို့ lဗုဒ္ဓကြည်နီ

ဂဝေသီကိုlအာဂရက္ခ

ဇမ္ဗူကျွမ်းမှာlအေ့သည်ညီနောင်

သူ သုံးဖော်နဲ့ lမိခင်အောင်ကျော်သူ

ဘဦးမြကlကြည်စင်ရွှေသား

လောင်းလျှာကြည်နီlဥတ္တမမဌေကို

သန့် စင်မွေးဖွါးlမတစ်ထောင်မှ

တစ်မောင်ဖွါးသည်.......။ေ


မြန်မာပြည်ဖွါးlညီနောင်များတို့ 

ရှေ့ ခေတ်စဉ်လာlအာဇါနည်ကား

အမျိုးစောင့်သူlသွေးစစ်သူနဲ့ 

တိုင်းချစ်ပြည်ချစ်lမိသားစုချစ်မှ

အာဇာနည်တင်lမြှောက်စားရာ၏

ရွှေပြည်မြန်မာlလွပ်လပ်စေကြောင်

ထိုးဖေါက်ဖွှေရှာlဥတ္တမမှာ

မြန်မာ ပါဋ္ဌိlသက္ကတ ဘင်္ဂလီ

ဟိန္ဒူ ဂျပန် lအင်္ဂလိပ် နာဂရီ

ပြင်သစ်ဘာသာlဤကိုးဖြာနှင့်

ကိုယ့်ဝမ်းမငဲ့lပြည်ကိုကြည့်၍

လုပ်ကြမ်းထောင်ဒဏ်lခါခါဖန်ဖန်

သူကျခံပြီးlကိုယ့် ပြည်လွတ်ကြောင်း

တရားဒေသနာlဘာသာစာကို

သူဟောကြားစဉ်lသင်္ကန်းကိုချွတ်

အဝတ်ဖြူဝတ်စေlကြိမ်ကျစေနဲ့ 

ဒုက္ခမျိုးပေါင်းlထွက်ထွက်ကြေအောင်

ကုလါးဖြူနှိပ်စက်lနလံအရေး

မဌေထူဖို့ lခက်ခဲစော်ပင်

၉ရက် စက်တင်ဘာl၁၉၃၉ ခုမှာ

ဘဝနတ်ထံlကွယ်လွန်တော့သည်...။

ပြည်မြန်မာဖွားlညီနောင်များတို့ 

မမေ့အပ်lအာဇာနည်

သျှင်မဌေအားlအစဉ်ဦးညွတ်

၉ ရက်စက်တင်ဘာlမိုးပြိုညမှာ


မချိမလှ lကြွေကျမျက်ရည်

ဝမ်းနည်းအမှတ်ရ lဂုဏ်ယူစွာဖြင့်

ကန်တော့ရင်းပါ lအာရှ ဖခင်......။




ရေး -ဇင်မင်းည္ဓို

ဘဏ်သူဌေး ဦးရဲကျော်သူ(၁၈၃၃-၁၉၁၀)



xxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxx

မြန်မာနိုင်ငံမာ ဘဏ်လုပ်ငန်းကိုပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ်ဝန်းကျင်ကပင် အိန...္ဒိယရူပီးဒင်္ဂါးသိန်းတစ်ရာခန့်ရင်းနှီးမြုပ်နှံထားရေ "ရဲကျော်သူအင်ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည်ထောင်ခသူ၊ သူ့ ခေတ်သူ့ အခါက ရခိုင်ပြည်မာအချမ်းသာလုပ်ငန်းရှင်၊ သူ့လက်နန့်တိုက်မိသရွိ့ ငွီဖြစ်တေလို့ တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင်ဖိတ်ကြားပနာ
သူဌီးဘွဲ့နန့်ကျက်သရေဆောင်ရွှီစလွယ်ဆုချီးမြင့်ခံခရသူဖြစ်ပါရေ။ ကျောင်းသင်ပညာမဟိကေလေ့ ထူးခြားရေ ဇွဲ့လုံလ ဝီရိယနန့်တီထွင်ဥာဏ်နန့်ပြည့်စုံရေ သမ္မာန်ထိုးသားဘဝက စီးပွါးရေးလုပ်ငန်းရှင်ဖြစ်လာလူ၊ သူဌီးဖြစ်လာကေလေ့ ဘဝမမိန့်ဘဲ သမ္မာန်ထိုးသားဘဝက
အသုံးပြုခရေ လှော်တက်မကို ရွှီချပနာ အိမ်မာချိတ်ဆွဲထားလူ၊ ထူးခြားချက်တစ်ခုမာ အများအကျိုးအတွက် နိ့တိုင်း မိုးထက် ၄ချက်တီး အိပ်ယာကထပနာ လက်ဆွဲမီးအိမ်ကိုင်ပနာ သူတပည့်ချေနန့်တတူ မြို့ကိုလှည့်ပနာ "အရပ်သားတိ၊ ရွာသားတိ ထကတ်ပါဖိ၊ ရီထဲမာဒင်္ဂါးတိ
မျှောနိန်ကတ်တေ၊ ဆယ်လို့ယူကတ်ပါ" လို့ဆော်သြလေ့ဟိသူစရေကောင်းသတင်းအဖုံဖုံနန့်
ပြည့်စုံရေတီထွင်စီးပွါးရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါရေ။

ဦးရဲကျော်သူကို ခရစ်သကြစ် ၁၈၃၃ ခုနှစ်၊ ဒီဇိန်ဘာလ ၅ ရက်နိ့မာ ဒေဂုဘင်္ဂလားဒေရှ့်နိုင်ငံ၊ ပင်းဝါမြို့အနားမာဟိရေ ပဲတလီရွာမာ မွီးဖွါးခပါရေ။အဖမာရခိုင်လူမျိုးဦးဒိုးအောင်ကြွယ် ဖြစ်ပီးကေ ညီအစ်ကို ၄ ယောက်မာ တတိယမြောက်သားဖြစ်ပါရေ။ အစ်ကိုရဲဘော်သွယ်၊ ရဲမြသွယ်နန့် ညီမာ ရဲအောင်ရှီ ဖြစ်ပါရေ။ အရွယ်ရောက်ခါ ညီအစ်ကိုနှစ်ယောက်ရိုရေ ရခိုင်ပြည်၊ စစ်တွေမြို့သို့
လားပနာ အလုပ်ရှာဖို့ လာကတ်ပါရေ။ မကြာမီ အစ်ကိုဖြစ်သူမာ မိဘတိဘားကို ပြန်ခလို့ ညီတစ်ယောက်တည်း စစ်တွေမာ ကြုံရာအလုပ်ကို လုပ်ကိုင်ခပါရေ။ ပထမဆုံး စစ်တွေမြို့က ကန်ဒကာ သူဌီးကြီး ဦးသံခြွီဧ့ ကုန်ရောင်းသမ္မာန်မာ လှီထိုးသားအဖြစ်စတင်လုပ်ကိုင်ခပါရေ။ အလုပ်ကို ရရိုးသသားနန့် ကြိုးစားလို့မကျီ ဝီရီယအမြော်အမြင်ဟိမှုရို့ကြောင့် လှီထိုးသား မောင်ရဲကျော်သူကိုသူဌီးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနန့် ပီးစပ်ခပါရေ။ သမက်တက်ပွဲမာရရေ မင်္ဂလာလက်ဖွဲ့ ရတနာရွှီငွီတိကို ယောက်ခမအလုပ်မာ
ရှယ်ယာအဖြစ် ပြန်လို့အပ်နှံပနာ စီးပွါးရေးကို ဇောက်ချလုပ်ကိုင်ခပါရေ။ သစ်လုပ်ငန်း ၊ အရှိပါကစ္စတန် (ဒေဂု ဘင်္ဂလားရှေ့်) ကနိန် ဆီးရွက်ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူလှီသမ္မာန်တိက မြစ်သဲအရှင်ဝယ်ယူရေလုပ်ငန်း၊စစ်တွေမြို့အနားမာ မြီအရိုင်းတိဝယ်ယူ
မြုပ်နှံခြင်းလုပ်ငန်း၊ မြီအငှါးလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း၊ ဗျိုင်းတောင်၊ ဗျိုင်းမွီး ရောင်းဝယ်ရေးလုပ်ငန်းအစဟိရေလုပ်ငန်းမျိုးစုံကိုလုပ်ကိုင်ခလို့ ထိုခောတ်ကရခိုင်ပြည်၊ စစ်တွေမြို့မာ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခပါရေ။

ဦးရဲကျော်သူရေ အောက်ခြီကတက်လာလူဘဝနာခလူပီပီဆင်းရဲသား၊ တောင်သူလယ်သမားတိဘားမာ စာနာမှုဟိပါရေ။ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းမာ မိုးဘရားသား၊ စတီးဘရားသား၊ ဘလုပ်ဘရားသား အစဟိရေ နိုင်ငံခြားကုမ္မဏီတိကဈီးနှိမ်လို့ဝယ်စွာကို နည်းမျိုးစုံနန့် ကာကွယ်ပနာ ရခိုင်တောင်သူလယ်သမားတိ မနှစ်နာရဇီရန် စပါးဈီးကို နိုင်ငံခြားကုမ္မဏီတိထက်
ပိုပီးပနာ ဝယ်ယူခပါရေ။ ဦးရဲကျော်သူဧ့ စီးပွါးရေးလုပ်ငန်းတိထဲက စစ်တွေမြို့မာ ဖွင့်လှစ်ခရေ " ဦးရဲကျော်သူ အင် ကုမ္မဏီလီမီတက်" လုပ်ငန်းမာ အထင်ရှားဆုံးဖြစ်ပါရေ။ ဒေလုပ်ငန်းမာ ရှယ်ယာပိုင်ဆိုင်ရေလူတိဘားက အပ်တေဒင်္ဂါးနန့်် ထုပ်တေဒင်္ဂါးတိကို ချက်လက်မှတ်
စနစ်သုံးပနာဒင်္ဂါးချေးခြင်း၊ရွှီပေါင်၊ မြီပေါင်လက်ခံခြင်းတိကို ဆောင်ရွက်တေအတွက်နန့် မြန်မာနိုင်ငံမာ ပထမဆုံးဘဏ်လုပ်ငန်းပိုင်သျှင်
လို့သတ်မှတ်ခကတ်ပါရေ။ ယင်းဘဏ်လုပ်ငန်းမာ ၁၉၁၀ပြည့်နှစ်ဝန်းကျင်မာ ရင်းနှီးမြုပ်နှံမှုကနိန် အိန္ဒိယရူပီးဒင်္ဂါး သိန်းတစ်ရာကျော်ရဟိခပါရေ။ ဦးရဲကျော်သူ ကွယ်လွန်ခရေခါ ဦးရဲကျော်သူဧ့ သတ္တမမြောက်သားဖြစ်တေ ဦးရွှေသာက ၁၉၂၄ခုနှစ်ဝန်းကျင်မာ တရားဝင်
ဘဏ်အဖြစ် စနစ်တကျတည်ထောင်ဆောင်ရွက်ခပါရေ။ ယင်းဘဏ်ကနိန်ပနာ " မသံဒါဖြူ အင် ကုမ္မဏီလီမီတက်" ခွဲခြားတည်ထောင်ပနာအိမ်ငှါးခ၊ မြီငှားခ ကောက်ခံရေ လုပ်ငန်းတိကို လုပ်ဆောင်ခပါရေ။

သူဌီးကြီး ဦးရဲကျော်သူဧ့ ချမ်းသာကြွယ်ဝမှု ဂုဏ်သတင်းတိကြောင့်အိန္ဒိယအစိုးရက ဖိတ်ကြားပနာ အိန္ဒိယသူဌီးကြီးတိကိုချီးမြင့်ရေ သူဌီးကြီးဘွဲ့နန့် ကျက်သရေဆောင် ရွှီစလွယ်ရ တံဆိပ်ချီးမြင့်ခပါရေ။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာဧ့ အကြံပီးဘုတ်အဖွဲ့ဝင် အဖြစ်လေ့ ပါဝင်ဆောင်ရွက်ခရပါရေ။ စီးပွါးရေးအောင်မြင်လာစွာနန့် ဘုရားတည်၊ ကျောင်းဆောက်
အလှူဒါနအမြောက်အများ ကုသိုလ်ပြုခပါရေ။ အထင်ရှားဆုံးမာ မဟာမြတ်မုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ကြေးဆင်းထုတော်ကြီးရို့ဖြစ်ပါရေ။ လူမှုရေးလုပ်ငန်းအနိန်နန့်
စစ်တွေဆီးရုံကြီးမာ အမျိုးသမီးသားဖွါးဆောင်ကို ဆောက်လုပ်လှူဒါန်းခပါရေ။ အဂုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းလို့နာမေတွင်ရေ ဘုန်းကြီးကျောင်းကိုလေ့ သက်ရှိထင်ရှားဟိစိုင်အခါကပင် ဆောက်လုပ်ဖို့အတွက် သစ်တိဝယ်ပနာ စီစဉ်ပီးခပါရေ။
ဦးရဲကျော်သူ ကွယ်လွန်လားရေအခါ သားသမီးတိက အဖကိုရည်စူးပနာ သံထည်တိနန့် တည်ဆောင်ခလို့ သံကျောင်းလို့ နာမေတွင်ခပါရေ။ဦးရဲကျော်သူနန့် ဒေါ်သံဒါဖြူရို့မာ သားသမီး (၁၀) ယောက် ထွန်းကားပနာ (၄)ယောက်မာ ထင်ရှားကျော်စောခပါရေ။ သားအကြီးဆုံး
ဦးချန်ထွန်းမာ အင်္ဂလန်နိုင်ငံမာ ဥပဒေပညာသင်ကြားခပီးကေ ဥပဒေနောက်ဆုံးနှစ်မာ ပထမတန်းအဆင့်က အောင်မြင်ပနာ နောင်အခါထင်ရှားကျော်စောရေ ဥပဒေပညာရှင်တစ်ယောက် ဖြစ်လာခပါရေ။ ဦးချန်ထွန်းပိုင် အရာသားတိဖြစ်တေ ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံရို့ကိုလေ့အင်္ဂလန်သို့စေလွတ်ပနာ ဥပဒေပညာတိ သင်ကြားဇီခပါရေ။ သူဌီးကြီး ဦးရဲကျော်သူရေ အသက် (၇၇)နှစ်အရွယ် မြန်မာသကြစ် ၁၂၇၂ ခုနှစ်
နယုန်လပြည့်ကျော် (၁၃)ရက် အင်္ဂါနိ့ မိုးထက်(၈)နာရီမာ ကွယ်လွန်ခပါရေ။ ကွယ်လွန်ချိန်မာ သားသမီးတိအတွက် အိန္ဒိယရူပီးဒင်္ဂါး သိန်း (၇၀)ကျော်ကျန်ခပါရေလို့သိဟိရပါရေ။

မောင်ဇေယျာ ရီးသားရေ မြန်မာလူကျော် (၁၀၀) စာအုပ်ထဲက ရခိုင်လူမျိုး သူဌီးကြီး ဦးရဲကျော်သူ အကြောင်းကို အကျွန် ရခိုင်မှု ပြုပါရေ။

ရခိုင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ၊ ရှမ်းတစ်ကျပ်



ဗမာကျူးကျော်စစ်ကို (၄၅) ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် 1784 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့မှာ မဟ...ာမြတ်မုနိ ရုပ်ရှင်တော်မြတ်နှင့်အတူ ရခိုင်ပြည်ကြီး အသိမ်းခံလိုက်ရသည်။ ဗမာများသည် ရခိုင်ရွှေနန်းတော်၊ ပိဋိကတ်တိုက်တော်၊ ဘုန်းကြီးကျောင်းအကြီး (၃၀) အငယ် (၃၀၀၀) ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်။ ရခိုင်တစ်ပြည်လုံး လူသေကောင်များဖြင့် ပြန့်ကြဲနေကြတော့သည်။

နှစ်ပေါင်း ၅၀၀၀ ကျော် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေထိုင်ခဲ့ကြသော ရခိုင်နိုင်ငံသား တို့မှာ ကူမည့်သူမရှိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဗမာများသည် ပုခက်တွင်းသား ကလေးသူငယ်ပင် မချန် သတ်ဖြတ်သည်။ ရခိုင်မှတ်တမ်းများအရ ရခိုင် (၇) သန်းကျော် အသတ်ခံရသည်။ နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်မျိုးတုန်းအောင် အသတ်ခံရသည်။ မာန်အောင်မြို့ တစ်မြို့တည်းတွင်ပင် အသတ်ခံရသည်ကို မှတ်တမ်းတင်ထားသည်မှာ “လူငယ် တစ်သောင်း၊ လူကြီးပေါင်းမူ ရှစ်သောင်းစွန်းစွန်း၊ တစ်သိန်းမှန်း၏ မယွန်းထိုခါ၊ သီကုန်(သေကုန်)ပါ၏ သိမ်းကာ ယူကာ ပြည်အင်းဝသို့ ပါရလီငြား လူယောင်္ကျားနှင့် မပြားမှန်းထ လူမိန်းမကို ရွီကြလီသော် နှစ်သိန်းကျော်၏ ကြားသော်မြင်ခါ ကြောက်ဖွယ်သာတည်း။” ဟု ဖြစ်သည်။

1826 ခုနှစ် ဗြိတိသျှ လက်အောက်သို့ ကျရောက်သောအခါ ဗမာလက်အောက် အနှစ် (၄၀) ငရဲစခန်း သည် တစ်ခန်းရပ်သည်။ ကျူးကျော်သူ ဗမာတို့ကို နှင်ထုတ်ကာ အင်္ဂလိပ်တို့ တဖန် အုပ်ချုပ်သည်။ အင်္ဂလိပ်တို့ အကာအကွယ်ကြောင့် သေကံမရောက် သက်မပျောက်သည့် ဘင်္ဂလားမှ ရခိုင် ငါးသောင်းခန့်ကို ရခိုင်ပြည်တွင် ပြန်လည်နေရာချပေးသည်။ သခင်ပြောင်းသော ကျွန်ဘ၀သည်ပင် ရခိုင်တို့အဖို့ ကံထူးကံမြတ် ဖြစ်သည်။

ဗမာများ လူမျိုးရေး မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းမှ လွတ်မြောက်ရသည် မဟုတ်ပါလား။ ကျွန်ဘ၀ တစ်ဖြစ်လဲကိုပင် ရခိုင်တို့က “ ခေတ်ကောင်းစဉ်က” ဟု တင်စားခေါ်ဝေါ်ကြသည်။ မှန်ပါသည် ဗမာလက်အောက် နှစ် (၄၀) လုံးလုံး ဒုက္ခပင်လယ်ဝေခဲ့ရသော ရခိုင်တို့ ကိုယ့်အိမ်ကိုယ် ပြန်ခွင့်ရခဲ့သည်။ ဗြိတိသျှတို့ အကာအကွယ်ရခဲ့သဖြင့် ရခိုင်စာပေ ပြန်လည်နလန်ထူလာနိုင်ခဲ့သည်။ အေးချမ်းစွာ အလုပ်လုပ်ခွင့်ရသဖြင့် စီးပွားရေးကောင်းမွန်လာခဲ့သည်။ ခေတ်ပညာလည်း သင်ကြားခွင့်ရခဲ့သည်။

ရခိုင်ကျွန်သက် (၁၀၁) နှစ်တင်းတင်းပြည့်သောနေ့ 1886 ခု ဇန်န၀ါရီလတွင် ဗမာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီး ၀ဋ်ကျွေးပြန်သင့်သည်။ ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမက ဗမာ၏ လွပ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့သည်။ ၀ံဿာနု စိတ်ဓါတ်ကို နှိုးဆွပေးသည်။ အကြိမ်ကြိမ် ထောင်ချ အဖမ်းခံရသည်။ ရခိုင်တို့သည် လွပ်လပ်ရေးအတွက် ဗမာတို့နှင့်တန်းတူ ကြိုးစားခဲ့သည်။ အချောင်မခိုပါ။ မင်းသားကြီး ရွှီဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ဖို့ ကြိုးစားသည် ဗမာမှတ်တမ်းတွင် မရှိ။

ဖက်ဆစ်ဂျပန်ကို ရခိုင်က အရင်တော်လှန်သည်။ 1945 ခု မတ်လ 27 ရက်နေ့တွင် ဗမာက ဂျပန်ကိုတော်လှန်သောအခါ ရခိုင်တွင် ဂျပန်မရှိတော့ပါ။ ရခိုင်တို့ ကိုယ့်အား ကိုယ်ကိုး တော်လှန်ခဲ့ကြခြင်းဖြစ်သည်။ ဗမာ့တပ်မတော်မှ ရိုင်ဖယ်တစ်လက် အကူအညီမယူခဲ့။ ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရခိုင်ပြည်သို့ရောက်လာသည်။ ဆရာတော် အရှင်ဦးစိန္ဒာ ကျင်းပသော ကြာအင်းထောင် ညီလာခံကို တက်ဖြစ်သည်။ အလံနီ ပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။ စစ်တွေကိုင်းတန်းရပ်တွင် “ရခိုင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်” တရားကိုစဟောသည်။ စည်းရုံးလို့မရသဖြင့် “မြွေပွေးနှင့် ရခိုင်ကိုတွေ့လျှင် ရခိုင်ကို အရင်သတ်ရမယ်” ဟု ဗမာပြည်တွင် ၀ါဒဖြန့်သည်။

သခင်စိုး၊သခင်သန်းထွန်း ကွန်မြူနစ်အဖွဲ့ကလည်း ဆရာတော် အရှင်ပညာသီဟကို ဗမာပြည်လွတ်လပ်ရေးရက ရခိုင်ကိုလည်း လွပ်လပ်ရေးပေးဖို့၊ မန္တလေး မဟာမြတ်မုနိကိုလည်း ပြန်ပေးမည်ဟု လိမ်သည်။ ရိုးသားသော ရခိုင်ခေါင်းဆောင်များက ဗမာမျက်လှည့်ကို ယုံကြည်သည်။

လွတ်လပ်ရေးရလာသည် သို့သော် ဗမာ့လွတ်လပ်ရေးသာ ဖြစ်သည်။ ရခိုင်နှင့် မဆိုင်ပါ၊ ရှမ်းနှင့်မဆိုင်ပါ။ မွန်နှင့် မဆိုင်ပါ၊ ကရင်နှင့် မဆိုင်ပါ။ တိုင်းရင်းသားတို့ကို ကလိမ်ကကျစ်လုပ်ပြီးရသော လွပ်လပ်ရေးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းပြောသော “ရခိုင်တစ်ကျပ်-ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်-ဗမာတစ်ကျပ်၊ မွန်တစ်ကျပ်- ဗမာတစ်ကျပ်” သည် တိုင်းရင်းသားတစ်ကျပ် ဗမာ အားလုံး ဖြစ်သည်။ တိုင်းရင်းသားတို့ တစ်ကျပ် တစ်ကျပ်စီရသောအခါ ဗမာက သပိတ်ဝင်အိတ်ဝင် ခုနှစ်ကျပ် အချောင်ရသည်။ တစ်နည်းပြောရလျှင် ရခိုင်တို့ ဗမာလက်အောက်သို့ နောက်တစ်ကြိမ် ကျွန်ဇတ်သွင်းခံရသည်။

နှစ်ပေါင်း 116 နှစ်အကြာတွင် ပထမဆုံးအကြိမ် ခြေချသော ဗိုလ်ရန်အောင်ခေါင်းဆောင်သော ဗမာ့တပ်မတော်သည် ရခိုင်ပြည်ပြန်လာသော ရခိုင် (၄၀၀) ကျော်ကို အကူအညီမပေးပဲ သင်္ဘောကို မြှုပ်ကာ လုပ်ကြံလိုက်သည်။ ဗမာပြည်လွတ်လပ်ရေးရပြီး လွပ်လပ်သောဗမာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်။ ပါလီမန်တွင် ရခိုင်တို့ လွပ်လပ်စွာ ပြောဆိုခွင့် တင်ပြခွင့်ရပေမယ့် လွပ်လပ်စွာ လုပ်ကိုင်ခွင့်မရခဲ့။

1952 ခုနှစ်တွင် တောပန်ဇင်း၊ အခစား၊ မန်ကျဉ်းကုန်း၊ စသောရွာတို့ကို ရွာလုံးကျွတ်သတ်ဖြတ်ပြီး ဦးနုက ရခိုင်သားတို့ကို ဒီမိုကရေစီနှင့် မိတ်ဆက်ပေးသည်။ ဦးနု၏ ဒီမိုကရေစီသည် ရခိုင်သားတို့အဖို့ ခါးသီးလှ၏။ မြောက်ဦး နန်ရာကုန်းတွင် ရခိုင်မျိုးချစ် ထွန်းလှအောင်ကို ဗမာစစ်တပ်က ကျားထိုးသတ်ပစ်ခဲ့သည်။ ရခိုင်နိုင်ငံတော်သည် ဖက်ဆစ်ထက် အဆပေါင်းများစွားဆိုးဝါးသော ဗမာတို့လက်အောက်သို့ ကျရောက်ခဲ့ရပြန်သည်။ 1958 တွင် ဖဆပလ နှစ်ခြမ်းကွဲပြီး ပြည်နယ်ပြဿနာ ပေါ်လာသည်။

ဦးနု၏ ဖဆပလက “မဲပေးလျှင် ပြည်နယ်ပေးမည်” ဟုလိမ်သည်။ ဗဆွေ၏ ဖဆပလက “ပြည်နယ်တော့မပေးနိုင်ဘူး ကျန်တဲ့ဟာပဲ ပေးနိုင်မယ်” ဟု ပြောင် စိန်ခေါ်သည်။ ပြည်နယ်အဆင့်ကိုပင် ဗမာတို့ဆီက လက်ဖြန့်တောင်းရသော သူတောင်းစားဘ၀ရောက်နေသည့် ရခိုင်သားတို့က မျက်စေ့မှိတ်ကာ အမတ်နေရာ 9 ဦးစလုံးကို ဦးနုအား ပုံအောလိုက်သည်။ 1960 ရွေးကောက်ပွဲတွင် ဦးနုပါတီအနိုင်ရသည်။ သို့သော် ရခိုင်သားတို့ ပြည်နယ်မရ။ “ဦးနုကတိတည်ပါစေ၊ ရခိုင်ပြည်နယ် အရင်ပေးပါ” ဟု ငယ်သံပါအောင်အော်ကာ လည်ချောင်းကွဲသည်။

ရခိုင်က ပြည်နယ်တောင်း ၊ ရှမ်းက ဖက်ဒရယ်မူ တင်လာသည့်အခါ ဦးနု ဟန်မဆောင်နိုင်တော့ပဲ နေ၀င်းကို အာဏာလွှဲအပ်လိုက်ရသည်။ ဗမာတို့ ပင်ကိုယ် ဘီလူးရုပ်ကို ပြရတော့သည်။ “အောင်ဆန်း ပေးတဲ့တစ်ကျပ်ကို ၊ နေ၀င်းက လုယူသွားသည်၊ ထိုအခါ တိုင်းရင်းသားတို့က ၀ လုံးကွင်းသည်” 1967 သြဂုတ် 13 ရက် ဥပုသ်နေ့ စစ်တွေမြို့တွင် ရခိုင်သား (၃၀၀) ကျော်ကို နေ၀င်းစစ်တပ်က ပစ်သတ်လိုက်သည်။ မဆလလက်ထက် ရခိုင်တစ်မျိုးသားလုံး စာရိတ္တပျက်စီးပြီး ရခိုင်လူညွန့်တုန်းသည်။

ညီအကိုပါဟု လိမ်လို့မရ ၊ ရခိုင်နှင့် ဗမာသည် သီးခြားစီဖြစ်သည်။ ရခိုင်တို့သည် သမိုင်းအစဉ်အဆက် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေလာသော လူမျိုးတစ်မျိုးဖြစ်သည်။ ဗမာသည် မွန် ကတဆင့် ဗုဒ္ဓဘာသာ ဖြစ်လာသည်။ ဗမာတို့ အရည်းကြီး ရဟန်း ကိုးကွယ်ကောင်းနေစဉ် ရခိုင်ပြည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်။ ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။ ကစ္စပနဒီမြစ်သည် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ရခိုင်နှင့် ဗမာသည် မြစ်လည်းမတူ၊ ရေလည်းမတူ၊ လူလည်းခြားသည်။

88 အရေးအခင်းဖြစ်သောအခါ ရခိုင်ပြည်ကိုကူးစက်လာပြီး ရခိုင်များ ထောင်ကျ၊ အသတ်ခံရသည်လည်းမနည်းပေ။ 1990 ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင် ALD က အမတ် (၁၁) နေရာ ရရှိသည်။ အဖိုး ဦးသာထွန်း ထောင်ထဲတွင် အသတ်ခံရသည်။ မကြာမှီ ရခိုင်ပါတီ အဖြိုခံရသည်။ ရခိုင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ ကျဉ်းမြောင်းသော ဗမာလူမျိုးကြီးဝါဒအောက်မှာ ရခိုင်သားတို့ ဘ၀ဆုံးရသည်။

ကုလားတွေဘယ်လောက်ယုတ်မာရိုင်းစိုင်းသလဲနားထောင်ကြည့်ကြပါသူငယ်ချင်းတို့