Thursday, April 25, 2013

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်

သတင်း — April 25, 2013 at 3:15 pm


ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းတွင် ပြုလုပ်ခဲ့သော မွတ်ဆလင် ဒုက္ခသည်မျာအား အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးမှာ အငြင်းပွားမူများကြောင့် အစည်းအဝေး ပျက်ကာ ရပ်နားလိုက်ရသည်ဟု ဆိုသည်။
 နိုင်ငံသား မစိစစ်ဘဲ အိမ်ယာဆောက်လုပ်ပေးရေး ကန့်ကွက်နေသော စစ်တွေမှ ရခိုင်လူထု (ဓါတ်ပုံ- Coral Arakan)
နိုင်ငံသား မစိစစ်ဘဲ အိမ်ယာဆောက်လုပ်ပေးရေး ကန့်ကွက်နေသော စစ်တွေမှ ရခိုင်လူထု (ဓါတ်ပုံ- Coral Arakan)
အစည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက အိမ်ယာဆောက် လုပ်ရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏  ရှေ့နောက် စကားမညီရာမှ  ကန်ထရိုက် ရထားသူများနှင့် အငြင်းပွားသဖြင့် အစည်းအဝေးကို ရပ်နားလိုက်ရသည်ဟု ဆိုသည်။
“ ၀န်ကြီးချုပ် အရင်ပြောထားတာက ၈ ခန်းတွဲ အဆောင်တွေ ဆောက်ပေးဖို့ ပြောထားပါတယ်။ မနေ့က အစည်းအဝေးမှာတော့ လုံချင်း အိမ်ယာတွေ ဆောက်ပေးရမယ်လို့ ပြောတယ်။ အဲသလို ပြောဆိုရာမှာ စကားများကြပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာပါ” ဟု ဆိုသည်။
ယခုကဲ့သို့ ရပ်နားလိုက်ရသဖြင့် လာမည့် (၂) ရက် အတွင်း အစည်းအဝေးအား ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။
“ အခု ဖြစ်တဲ့ ပြဿနာက ကျွန်တော်တို့က အဆောင် တန်းလျားတွေ မဟုတ်ရင် မဆောက်နိုင်ဘူး။ လုံချင်း အိမ်ယာတွေ ဆောက်မှာကို ရခိုင်တွေဘက်က ဆန့်ကျင်နေတယ်။ သူတို့က နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ဘဲ လုံချင်းအိမ်ယာတွေ မဆောက်ပေးနဲ့လို့ တောင်းဆိုထားတယ်။ ဒါကို သွားဆောက်ပေးရင် ကျွန်တော်တို့ ဆောက်တဲ့ လူတွေအတွက်ပါ ပြဿနာ တက်နိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့က လုံးချင်းအိမ်ယာတွေဆိုရင်တော့ ကန်ထရိုက် ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုရာကနေ စကားများပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မွတ်ဆလင် ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေးကို ဆောက်လုပ်ရေး ကုမ္ပဏီ ၃၉ ခုမှ ကန်ထရိုက်ရထားပြီး အစည်းအဝေးသို့ လုပ်ငန်းရှင်များအားလုံး တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါ ကန်ထရိုက် ရထားသူများ အနေဖြင့် မိသားစု (၈) စု နေထိုင်မည့် အိမ်ခန်းတွဲ (၈) ခုပါ အဆောင်တစ်ခုကို ကျပ်ငွေ ၃၆ သိန်းစီဖြင့် ဆောက်လုပ်ရန် ကန်ထရိုက် ရထားသည်ဟု ဆိုသည်။
ယမန်နေ့က အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ အိမ်ခန်းတွဲများ အစား  ၁၂ ပေပတ်လည် လုံးချင်းအိမ်ယာများ တစ်လုံးကို (၅) သိန်းကျစီဖြင့် ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ လုံးချင်းအိမ်များကို ဆောက်နိုင် မဆောက်နိုင်ကို (၂) ရက်အတွင်း အကြောင်းပြန်ရန်လည်း ကန်ထရိုက်ရထားသော ကုမ္ပဏီများကို ပြောကြားခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ ပြည်နယ် အစိုးရမှ ပြတ်ပြတ်သားသားမဟုတ်ဘဲ ရှေ့တမျိုးနောက်တမျိုး ပြောဆိုနေသဖြင့် ပြဿနာမှာ ပိုမို ကြီးထွားလာနိုင်သည်ဟု အမည်မဖေါ်လိုသူ စစ်တွေမှ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
“ အခု ရခိုင်တွေဘက်ကလည်း နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ခင်မှာ တန်းလျားတွေ ဆောက်ပြီးထားမှာကို သဘောတူထားတယ်။ ဒါကြောင့် ပြဿနာက လောလာဆယ်မှာ ပြေလည်နေပြီ။ ဒါကို ပြန်ပြီး လုံးချင်း အိမ်ယာတွေ ဆောက်ခိုင်းရင် ပြဿနာက ပြန်တက်နိုင်တယ်။ ဆန္ဒပြမူတွေ ပြန်ပေါ်လာပြီး အခြေအနေ ရှုတ်ထွေး လာနိုင်တယ်။ အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ပြောတဲ့ အတိုင်း လုပ်ဖို့လိုပါတယ်” ဟု ဆိုသည်။
လုံးချင်းအိမ်ယာများ ဆောက်လုပ်ပေးရန် ညွှန်ကြားမူနှင့် ပတ်သက်ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား စစ်တွေတွင် ဝေဖန်မူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပြီး စွပ်စွဲတိုက်ခိုက်မူများလည်း ပေါ်ပေါက်နေသည်ဟု သိရသည်။
“ ဒီညွှန်ကြားချက်က နေပြည်တော်က လာတာ ဖြစ်မယ်။ ဒါကြောင့် ဦးလှမောင်တင် တစ်ဦးတည်းကို အပြစ် ပုံချလို့ကတော့ ရနိုင်မယ် မထင်ဘူး။ အထက်က ညွှန်ကြားချက်မရှိဘဲ ဒီလောက် အရေးကြီးတဲ့ လုပ်ငန်းကို ဦးလှမောင်တင် တစ်ဦးတည်း သဘောနဲ့ လုပ်မယ်လို့ ကျွန်တော်က မယူဆဘူး” ဟု နိုင်ငံရေး သမားက ဆိုသည်။
ယခုအခါ မိုးရာသီလည်း နီးလာပြီ ဖြစ်ပြီး နိုင်ငံတကာမှလည်း မြန်မာ အစိုးရ အပေါ် ဖိအားများ တိုးပွား လာနေပြီး တချိန်တည်းတွင် ရခိုင်လူထုဘက်မှလည်း လုံချင်း အိမ်ယာဆောက်လုပ်ပေးမူ အပေါ် ဆန့်ကျင်ကန့်ကွက်မူများ ရှိနေသဖြင့်  မြန်မာ အစိုးရ အနေဖြင့် မည်သို့ ဆောက်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ အကျပ်ရိုက်လျှက် ရှိနေကြောင် သတင်း ရရှိသည်။  NARINJARA

ကိုခိုင်ပြည်ကျော်ရဲ့ “ ရခိုင်သဇင် ပန်းဘုရင်” သီခြင်းခွေနဲ့ မိတ်ဆက်ပေးခြင်း (တွေ့ဆုံ မေးမြန်းခန်း)


ကိုခိုင်ပြည်ကျော်ရဲ့ “ ရခိုင်သဇင် ပန်းဘုရင်”  သီခြင်းခွေနဲ့ မိတ်ဆက်ပေးခြင်း
ဒီလ (ဧပြီ) အတွင်းမှာဘဲ ရခိုင်တေးသီခြင်းခွေ အသစ်တစ်ခု ထွက်လာပါတယ်။ မင်းပြားဇာတိ ကိုခိုင်ပြည်ကျော်ရဲ့ သီးခြင်းခွေ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်း ဖြစ်တဲ့ အတွက် သူရဲ့ အနုပညာ ခရီးလမ်းမှာ အရေးကြီးဆုံး မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တေးသံရှင် တစ်ဦး ဖြစ်တဲ့ ကိုခိုင်ပြည်ကျော်ကို နိရဉ္စရာက သူစီရီး အပါအ၀င် သူရဲ့ အနုပညာ ခရီးလမ်းနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။  ငွေရေးကြေးရေးနဲ့ အမြတ်ကို ပဓါန မထားဘဲ အနုညာ အရင်းခံ စိတ်ဓါတ်နဲ့ အမျိုးသားရေး လိုအပ်ချက်အရ ကြိုးပမ်း အားထုတ်ထားတာ ဖြစ်ပါတယ်လို့ ပြောဆိုတဲံ့ တေးသံရှင် ကိုခိုင်ပြည်ကျော်နဲ့ တွေ့ဆုံ မေးမြန်းထားတာတွေကို  ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
K-Pray-Kyaw
———————————————————————————————
“ ကိုခိုင်ပြည်ကျော် တကိုယ်တော် ရခိုင် မိုနို ရီယို တေးသီခြင်းခွေ ထုတ်တယ်လို့ကြားပါတယ်။ သီခြင်းခွေ နာမည်က ဘာပါလဲ”
( စီရီး ခေါင်းစဉ်က ရခိုင့်သဇင် ပန်းဘုရင် ဖြစ်ပါတယ်။)
“ ဘယ်နေ့ကစပြီး ဖြန့်ချီပါလဲ”
(ဧပြီလ ၅ ရက်နေ့က စဖြန့်ပါတယ်။)
“ စီဒီခွေက ဘယ်လောက်ဖြန့်ရပါပြီလဲ”
( စီဒီက ကျနော် ပထမ ဖြန့်တာက ဘူးသီးတောင်၊ မောင်တော၊ နောက်ပီး ရသေ့တောင်၊ နောက် ဧပြီလ ၁၁ ရက်နေ့မှာ စစ်တွေမှာ စဖြန့်ပါတယ်။ အခုဆိုရင် ကျနော် အားလုံး ၂၀၀၀ ကျော်လောက် လေးမြို့နယ်မှာ ဖြန့်ရပါပြီ။)
“ သီချင်းက ဘယ်နှစ်ပုဒ်ပါဝင်ပါသလဲ”
( စုစုပေါင်း  ၁၂  ပုဒ် ပါဝင်ပါတယ်။ စုံတွဲ သီချင်းက စောနှင်းနွယ်နဲ့ တစ်ပုဒ်၊ သန်းသန်းစိုးနဲ့ တပုဒ်ပါ။ သီချင်းတွေကို ရေးပေးတာကတော့ ကျနော်ဆရာ ကိုသာတင် ( ဥပဒေ)၊ ထွန်းလိုင် (ဓါတ်မှန်)နဲ့ ဥက္ကာကျော် (ဓညမြေ)၊ တေးရေး ဆရာ သုံးယောက်က နေပြီးတော့ အကောင်းဆုံး  ဖြစ်အောင်ရေးပေးပါတယ်။)
“ ဒီစီရီးထဲမှာ ဘယ်သီချင်းတွေကို သဘောကျ အနှစ်သက်ဆုံးပါလဲ”
( ဟုတ်ကဲ့။ ရခိုင်သဇင် ပန်းဘုရင်  စီရီထဲမှာ ကျနော် အနှစ်သက်ဆုံးက ရခိုင်သဇင် ပန်းဘုရင်နဲ့ ချစ်ခရီး သီချင်း နှစ်ပုဒ်ကို အားအရဆုံးပါ။ ဒီသီချင်းတွေမှာ အဆိုတော် ညိုစိမ့်၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်တို့က ပါဝင်သီဆိုပြီး ကျနော်ကို သရုပ်ဆောင်ပေးထားပါတယ်။)
“ ဒီစီရီးထဲမှာ အမျိုးသားရေး သီချင်းတွေပါဝင်တာ ရှိပါသလား”
( ဟုတ်ကဲ့။ အမျိုးသားရေး သီချင်းကတော့ ကျနော်ဆရာ ဦးသာတင် (ဥပဒေ) ရေးသားထားတဲ့ “ ရာဇ၀င်ထဲက ရခိုင်သား” ဆိုတဲ့  သီချင်း တစ်ပုဒ်ပါဝင်ပါတယ်။ နောက်သီချင်းတွေကတော့ ရခိုင်သဇင် ပန်းဘုရင်၊ သျှစ်သောင်း၊ နေရာဟောင်း၊ ချစ်ခရီး၊ အနိုင်းမရှိရေ မိခင်၊ ရွာအလွမ်း၊ ဆုံစည်းချင်ရေ နှမချေ (သင်္ကြန်သီချင်းပါ)၊ မိခင်အို အပြုံးပီတိ၊ အကြင်နာ မူရင်း ပြန်းပီးပါ၊ ချစ်ခရီးကြမ်း၊ ချစ်သူတို့ လျှောက်သော လမ်းစတဲ့ သီချင်းတွေ ဖြစ်ပါတယ်။)
“ အခုထုတ်တဲ့ စီရီက ဘယ်လို အမျိုးစားပါလဲ။ စတီရီယိုလား၊ မိုနိုလား”
( ဟုတ်ကဲ့ပါ။  အမိသီခြင်းသံ ဆိုထားတဲ့ ပုံစံမျိုးပါ။ မိုနိုရီလို့ ပြောရမယ်ထင်ပါတယ်။ ရခိုင်လို ပြောရမယ်ဆိုရင် မိုနိုရီလို့ ပြောရမယ်ထင်ပါတယ်။ မိုနိုလည်း မကျ၊ စတီရီယိုလည်း မကျ၊ ဗမာပြည်မှာဆိုရင် အောင်သူလို ဒီဇိုင်းမျိုးပါ။)
“ အခု ထုတ်လိုက်တဲ့ စီရီး အပေါ်မှာ ပရိသတ်ရဲ့ တုန့်ပြန်မူက ဘယ်လို ရှိပါလဲ”
(ကျနော်က ပထမဆုံးထုတ်တဲ့  စီဒီခွေဆိုတော့ လူတွေက အားပေးကြပါတယ်။ အားပေးမူတွေ ရရှိပါတယ်၊)
“ လူတွေက နှစ်ခြိုက်ပါသလား။ သီချင်း နားထောင်ရတဲ့ အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ လူတွေက လက်ခံအားပေးတာကို တွေ့ရပါသလား”
( ရခိုင်သဇင် ပန်းဘုရင်ခွေမှာ ကျနော် ဆရာ ဦးသာတင်က အချစ်ပါ၊ နောက်ပြီးတော့ အမျိုးသားရေးပါ။ ဒါ့ပြင် သဘာဝ ပတ်ဝန်းကျင် အလှတွေနဲ့ သီချင်းတွေကို ပေါင်းစပ်ထားတဲ့ အတွက် ပရိသတ်တွေက ကျနော် မြင်သလောက် နှစ်ခြိုက်အားရမူရှိတယ်လို့ မြင်မိပါတယ်။)
“ ကိုခိုင်ပြည်ကျော်ရဲ့ အနာဂတ် အနုပညာ မျှော်လင့်ချက်၊ ခရီးလမ် ဘယ်လိုရှိပါသလဲ”
( ဟုတ်ကဲ့ပါ။ အခု ကျနော်က အခု ရခိုင်ပြည်နယ် တစ်နယ်လုံးကို ဖြန့်ချီနေပါတယ်။ အခု အလုပ် မအား သေးပါဘူး။ ဒီအခွေကို ရန်ကုန်မှာလည်း ကျနော် ဖြန့်ချီမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖြန့်ချီပြီးတဲ့ နောက်ပိုင်းမှာ ကျနော်ရဲ့ တကိုယ်တော် နောက်ဆက်တွဲ ဖြစ်တဲ့၊ ဒုတိယ ခံစားမူ ဖြစ်တဲ့ “ ခွင့်လွှတ်လိုက်သည် စိုးမဲကျီ” ဆိုတဲ့ ခေါင်းစီးနဲ့ နောက်တစ်ခွေ ထုတ်ဖို့ အစီအစဉ် ရှိပါတယ်။)
“ ရခိုင်ပရိသတ်ကို အခုအခွေနဲ့ ပတ်သက်ပြီး ဘာတွေ ပြောချင်ပါသလဲ။ ပြောပြပေးပါ”
(  ကျနော်က ပရိသတ်တွေကို ပြောချင်တာက အနစ်နာ ပင်ပန်းခံပြီး ကျနော်နဲ့ တကိုယ်တော် လုပ်ထားတဲ့ ရခိုင်သဇင် ပန်းဘုရင်ခွေကို  ခိုးကူးခွေတွေကို အားမပေးဘဲနဲ့ မူရင်းခွေကိုဘဲ အားပေးကြဖို့ ရခိုင်သူ ရခိုင်သားများနဲ့ အနုပညာကို ချစ်မြတ်နိုးကြတဲ့ ကျနော်ရဲ့ ညီအစ်ကိုများကို အနူးအညွှတ် မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။)
“  အခု စီဒီခွေ ဖြန့်ချီတဲ့ ဈေးနုန်းကို ပြောပြပေးပါလား”
( အခု ကျနော်က ၁၅၀၀ နဲ့ ရောင်းပါတယ်။ အချိန်က တနှစ်လောက် ယူခဲ့ရပါတယ်။ ကုန်ကျစရိတ်က ကျပ် ၃ရ သိန်းခန့် ရှိပါတယ်။ ဆက်သွယ်ရန် ဖုံးနံပတ်- ၀၉၄၂၁ ၇၂၆ ၇၁၅ ဖြစ်ပါတယ်။) NARINJARA

Wednesday, April 24, 2013

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုင်ရိုရောက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိစဉ် (၂၄ ဧပြီ ၂၀၁၃)အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိစဉ် (၂၄ ဧပြီ ၂၀၁၃)

TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)
အစ္စရေးလ်၊ ဂျော်ဒန်နဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂဲလ် (Chuck Hagel) ဟာ အီဂျစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့တုန်းက ရောက်ရှိပါတယ်။

အီဂျစ်နိုင်ငံက အစ္စလာမ်ဝါဒီ ခေါင်းဆောင်တွေနဲ့ ဘာသာရေးကို နိုင်ငံရေးနဲ့ မရောတဲ့ အတိုက်အခံတွေကြား နိုင်ငံရေးအရ တင်းမာနေချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကိုင်ရိုမြို့တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) နဲ့ ကာကွယ်ရေးဝန်ကြီး အဘ်ဒဲ ဖာတာ အဲလ် စီစီ (Abdel-Fattah al-Sisi) တို့နဲ့ ဝန်ကြီး ဟေဂဲလ် (Hagel) တွေ့ဆုံတဲ့အခါ၊ ၂ နိုင်ငံကြား ကာကွယ်ရေးကိစ္စ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတဲ့ကိစ္စတွေနဲ့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်မှာ မစ္စတာ မော်စီ သမ္မတ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာလည်း အမေရိကန်ဟာ အီဂျစ်အစိုးရသစ်နဲ့ ဆက်ဆံရေး လမ်းကြောင်းတွေကို ဆက်ပြီး ဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

မဟာမုနိ ကုန်းတော်တွင် အသစ် တည်သော စေတီကို ဘီလူး ၄ ကောင်ဖြင့် အစောင့်အရှောက်ချထား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နာမည်ကြီး ရှေးဟောင်း သမိုင်းဝင်  မဟာမုနိ ဘုရား ကုန်းတော်ပေါ်တွင် အသစ်တည်ထားသော စေတီ အထက် ခေါင်းလောင်းတွင် ဘီလူး (၄) ကောင်ကို အရပ်လေးမျက်နာကို မျက်နာမူပြီး  ခြံရံ  တည်ထားကြောင်း သတင်း ရရှိသည်။
Mahamuni-temple-Arakanစေတီတော်အား မွန်ပြည်နယ်မှ ဦးမျိုးမြင့်သိန်းနှင့် မိသားစုက ကျောက်တော်မြို့နယ် သံယာနာယက ဥက္ကဌ သိန်းတန် ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ၇ ရက်နေ့က စတင် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
စေတီတော်အား ရှေးဟောင်း သုတေသန ဌာန အပါအ၀င် ဒေသခံ လူထုအား တစ်စုံတစ်ရာ အသိမပေးဘဲ နေ့ရော ညပါ (၉) ရက်နှင့် အပြီး တည်ထားခဲ့ခြင်း ဖြစ်သဖြင့် စေတီတည်ထားမူနှင့် ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူများ အကြား အမြင် အမျိုးမျိုးထွက်နေကြောင်း သိရသည်။
၎င်းပြင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် ပြုလုပ်သည့် စေတီပြီးစီးခြင်း အခမ်းအနားအနှင့် အနေကဇာ တင်ပွဲ အတွက်  ဖိတ်စာပေးရာတွင်လည်း ဖိတ်ကြားသူ၏ နာမည် မပါဝင်ဘဲ ဖိတ်ကြားခဲ့သဖြင့် လူထုအကြား သံသယကို ပိုမို တိုးပွားစေခဲ့သည်ဟု ဒေသခံ လူကြီး တစ်ဦးကဆိုသည်။
“ သိန်းတန်ဆရာတော် အရှင်ဘုရားအား ဦးထိပ်ထား  သြ၀ါဒကို ခံယူလျှက် သံသရာ ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်စေခြင်း အကျိုးဌာ ဤစေတီအား တည်ခြင်း ဖြစ်ပါသည်။ မနက်ဖြန် နံနက် (၉) နာရီ အချိန်တွင် မင်္ဂလာကိစ္စ အ၀၀များ  ပြီးပြည့်စုံခြင်း  အကျိုးဌာ အလှူဒါနကို ပြုလုပ်လိုသည် ဖြစ်သဖြင့်  မပျက်မကွက် ကြွရောက်ကြရပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ (မဟာမုနိ ဘုရားရင်ပြင်)”
“ ဒီလောက်ဘဲ ပါရှိပါတယ်။ ဘယ်သူ ဖိတ်တယ်ဆိုတာ မပါဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ကုန်းတော်ပေါ်တွင် မွန်ပြည်နယ်မှ မိသားစု တစ်စုမှ စေတီ တစ်ဆူ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထု အကြားတွင် မရှင်းလင်းမူများရှိနေသဖြင့် ရခိုင် သမိုင်း သုတေသီ သူမြတ်မဟာ အောင်မြေမှ စေတီတည်နေစဉ် သွားရောက် မေးမြန်း စုံစမ်းခဲ့သည်ဟု ဆိုသည်။ သူ့အား အခြေအနေကို မေးမြန်းရာ ယခုလို ရှင်းပြ ပြောဆိုသည်။
ကျွန်တော်က သူတို့ကို “ ဘာကြောင့် ဒီစေတီတော်ကို တည်ပါသလဲ” လို့ မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ဗုဒသာသနာ အဓွန့်ရှည်စေရန် အတွက် တည်တာပါ” လို့ ပြောပါတယ်။
ဆက်လက်ပြီး ကျွန်တော်က “ ဗုဒ္ဓဘာသာ  အဓွန့်ရှည်စေဖို့  တည်တယ် ဆိုရင် ဒီမှာမှ လာတည်စရာမလိုဘူး။  ကိုယ်ပြည်နယ်မှာကိုယ် တည်ရင်လည်း ရတာဘဲ။ ဘာကြောင့်  ရခိုင်ထိ လာတည်ရပါသလဲ လို့ ဆက်မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲ ဆိုရင် “ ကျွန်တော်တို့ တန်ခိုးကြီး ဘုရားများတွေမှာ တည်ချင်လို့ပါ” ဆိုပြီး ပြန်ဖြေတယ်။
ကျွန်တော်က “ ဒီလို တန်ခိုးကြီး ဘုရားတည်ချင်တယ်ဆိုရင် တခြားနေရာတွေမှာလည်း အများကြီးပါ။ ဘာကြောင့် ဒီဘုရားမှာမှ လာတည်ရတာလဲ” လို့ ဆက်မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ကျွန်တော်တို့ မြောက်ဦး သျှစ်သောင်း ဘုရား ပုံစံ တည်တာပါတဲ့။ သျှစ်သောင်း ဘုရားပုံပါတဲ့” လို့ ဆိုတယ်။
“ ဒါဆိုရင် ဘာကြောင့် သျှစ်သောင်း ဘုရားပုံ မတည်ဘဲနဲ့ ဘီလူးရုပ် (၄) ရုပ်ကို ဘာကြောင့် စေတီ အလယ် ပစ္စယံ ခေါင်းလောင်းမှာ ထည့်ရသလဲ” လို့ ဆက်မေးပါတယ်။
“ ရခိုင်ဟန် ဖြစ်စေချင်တဲ့ အတွက်ပါ” ဆိုပြီး သူတို့က ပြန်ဖြေပါတယ်။
ကျွန်တော်က ဆက်ပြီး “ ရခိုင်ဟန်မှာ ဘီလူးရုပ် ၄ ရုပ်ကို ထည့်တဲ့ဟန် က တစ်ခုနေရာမှာမှ မရှိဘူး”  ဆိုတော့ သူတို့ ဘာမှ မပြောတော့ပါဘူးဟု ဆိုသည်။
ထိုသို့ ပြောဆို မေးမြန်းသည်ကို ပန်းရံဆရာမှ နောက်ပိုင်းတွင် တစ်စုံတစ်ရာ ပြန်လည် ဖြေကြားနိုင်ခြင်း မရှိကြောင်း သူက ဆိုသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား တစ်ခုလုံး အထွတ်အမြတ် ထားရာ မဟာ မုနိ ကုန်းတော်တွင် ပြည်သူများကို တစ်စုံတစ်ရာ အသိမပေးဘဲ ယတြာလုပ်သလိုမျိုး စေတီ တစ်ဆူကို လာတည်သဖြင့် လူထု အကြားတွင် အထူး မကျေနပ်မူ တိုးပွားနေပြီး ယခုအခါ စာရေးကန့်ကွက်သွားရန် စီစဉ်နေကြသည်ဟု ဆိုသည်။
“ ကျွန်တော်တို့က ဒီကိစ္စကို လက်မှတ်တွေ စုဆောင်ပြီး ကန်းပိမ်းပုံစံမျိုး လုပ်ပြီး တောင်းဆိုသွားမယ်။ စေတီကို ပြန် ဖျက်ရေးနဲ့ ပါဝင်တဲ့သူတွေ၊ ဂေါပကတွေကို အရေးယူဖို့ တောင်းဆိုသွားမယ်။ ဒီမဟာမုနိ ကုန်းတော်က ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်ဦးတစ်ယောက် မိမိသဘောနဲ့ အာဏာရှင်လို လုပ်တာကို လက်မခံနိုင်ဘူး” ဟု ဆိုသည်။
မဟာမုနိကုန်းတော်မှာ ရှေးဟောင်း သမိုင်းဝင် နေရာ ဖြစ်သဖြင့် ရှေးဟောင်း ယဉ်ကျေးမူ သုတေသန ဌာန တာဝန်ရှိသူများက စေတီတော်ကို တည်ဆောက်နေသည်ကို ရပ်တန့်ရန် ကျောက်တော်မြို့နယ် တရားသူကြီးနှင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
စစ်တွေ ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဦးဥာဏအား အဆိုပါ စေတီသစ်နှင့် ပတ်သက်ပြီး လျှောက်ထား မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“ ဦးဖင်းတို့ အနေနဲ့ အဲဒီနေရာထိ  မဆန့်နိုင်ဘူး။ ဆရာတော်တွေရဲ့ လုပ်ဆောင်ချက်တွေကိုဘဲ ကြည့်နေ ရတယ်။ လူတွေကတော့ မကျေမနပ်ချက်တွေ ပေါက်ကွဲလာတာကို တွေ့နေရပါတယ်။ ဦးဇင်းတို့ စစ်ဆေးဖို့ ဆိုတာကလည်း တာဝန်ရှိတဲ့ သံဃာအဖွဲ့က ဆရာတော်တွေက ခွင့်ပြုထားတယ်လို့ သိရတယ်။ ဆရာတော် ကြီးတွေက ခွင့်ပြုထားတာကို ဦးဇင်းတို့ ၀င်ရောက် စွက်ဖက်ဖို့ မသင့်တော်ဘူး။ ခက်နေပါတယ်” ဟု ဆိုသည်။
သူမြတ်မဟာအောင်မြေမှ အဆိုစေတီ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သံဃာနာယက ဥက္ကဌ သိန်းတန် ဆရာတော်အား လျှောက်ထားကြည့်ရာ မိမိ၏ ခွင့်ပြုချက်နှင့် တည်ခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန ဌာနမှလည်း မိမိအား တရားစွဲဆိုထားကြောင်း၊ မိမိအနေဖြင့် တာဝန်ယူ ဖြေရှင်းသွားရန် အသင့်ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။  NARINJARA

ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်မူနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေခ်ျ့တွင် လူ ၄ ဦးကို ရဲက ဖမ်းဆီး


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်မူနှင့် ဆက်စပ်ပြီး လူ (၄) ဦးကို ဘင်္ဂလာဒေခ်ျ့ရဲက ဖမ်းဆီးလိုက်သည်။
( ဘင်္ဂလာဒေခ်ျ့မှ ရဟန်းတော်များ)
( ဘင်္ဂလာဒေခ်ျ့မှ ရဟန်းတော်များ)
စစ်တကောင်း ခရိုင် Boalkhali မြို့ရဲစခန်းမှူး Jahirul Hoque Sabuj မှ ဖမ်းဆီးသူများထဲမှ သုံးဦးကို တနင်္လာနေ့က ဖမ်းဆီးပြီး ကျန် တစ်ဦးကို အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်းနှင့် ယခုအခါ သူတို့ကို စစ်ဆေးမေးမြန်းနေကြောင်း သတင်းထောက်များသို့ ပြောကြားသည်။
သို့သော်လည်း သဲလွန်စနှင့် အထောက်အထားများကို မရရှိသေးကြောင်း၊ တခြား သင်္ကာ မကင်းသူများကို လိုက်လံ ရှာဖွေ ဖေါ်ထုတ်နေဆဲ ဖြစ်ကြောင်း ပြောသည်။
အမည်မသိသူများသည် တနင်္လာနေ့ နံနက် အစောကြီး ၃ နာရီခန့်တွင် ဘောလ်ခါလီ မြို့ စကြာင်္မုနိ ဘုန်းတော်ကြီးကျောင်းအား ကျူးကျော် ၀င်ရောက်ပြီး ဘုရားရှိခိုးခန်းရှိ ဘုရားများကို ဖျက်ဆီးခြင်း၊ ဘုရား ဆင်းထုငယ်များကို လုယူခြင်းနှင့် အလှူခံ သေတ္တာထဲမှ တာကာ ၅၀၀၀ ကို ယူဆောင်သွားခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါနေ့ နေ့လည်ပိုင်း သုံးနာရီခန့်တွင် တခြား အနီးအနား မြို့နယ် တစ်ခု ဖြစ်သော ပိုတီယာမှ ဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ မိဘမဲ့ ဂေဟာ တစ်ခုအားလည်း အမည်မသိသူများမှ  မီးရှို့ တိုက်ခိုက် သွားခဲ့သည်။
ကျောင်းထိုင်ဆရာတော်များမှ ယခု တိုက်ခိုက်မူများမှာ အစီအစဉ်ရှိရှိ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း  မိမိတို့မှာ တိုက်ခိုက်သူများကို မသိရှိကြောင်း၊ မိမိတို့မှာ ငြိမ်းငြိမ်းချမ်းချမ်း နှင့် လုံလုံခြုံ နေထိုင်လိုပါကြောင်း ပြောဆိုသည်ဟု သိရသည်။  NARINJARA

ဒက္ကားမြို့ ရှစ်ထပ် အမြင့် ပလာဇာ တစ်ခု ပြိုကျ၍ လူပေါင်း ရာချီ သေဆုံး


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော် အပြင်ဘက်မှာရှိတဲ့ (၈) ထပ် အဆောက်အဦး ပလာဇာ တစ်ခု ဒီနေ့ မနက်က ပြိုကျရာမှာ လူတွေ အများအပြား သေဆုံးသွားပြီး အခုအချိန်ထိတော့ အလောင်း ၈၀ ခန့်  ရှာဖွေ ရရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
Rana plaza building collapsed-in-savar
ဒဏ်ရာရသူ စုစုပေါင်း ၃၀၀ ကျော်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး နီးစပ်ရာ ဆေးရုံတွေမှာ တင်ထားရတယ်လို့ ပြောပါတယ်။
အဲဒီ အဆောက်အဦးမှာ လူပေါင်း ၅၀၀၀ ခန့် အလုပ် လုပ်ပြီး တိုက်ပြိုကျတဲ့ အချိန်မှာ လူပေါင်း ၁၅၀၀ ခန့် ရှိနိုင်တယ်လို့ သက်ဆိုင်ရာက ခန့်မှန်း ပြောဆိုပါတယ်။
နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ပြိုကျတာ ဖြစ်ပြီး အခုအချိန်ထိ နေ့လည် ၂ နာရီထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတုန်း ဖြစ်ပါတယ်။ ပိတ်မိနေတဲ့သူ အများအပြားကို ရှာဖွေ ကယ်ထုတ်နေရတုန်း ဖြစ်ပါတယ်။
အဲဒီ အဆောက်အဦးမှာ အောက်ထပ်တွေကိုတော့ Shopping Center ဖွင့်လှစ်ထားပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ ရှိတယ်လို့ ဆိုပါတယ်။ အပေါ်ထပ်တွေမှာတော့ အတည်ချုပ် လုပ်ငန်း Garment ရှိတယ်လို့ သိရပါတယ်။
မနက် ၈ နာရီကျော် အလုပ်သမား အများစု မရောက်ခင်မှာ ပြိုကျတဲ့ အတွက် အများစုဟာ သေဘေးက လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
Rana-plaza-building-collapsed-Saver
ချက်ချင်းဆိုသလိုဘဲ ပြည်ထဲရေး ၀န်ကြီးရောက်ရှိလာပြီး တိုက်ပြိုကျတာကို လာကြည့်ခဲ့ပါတယ်။ စစ်သားတွေ၊ ရဲတွေ၊ မီးသတ်တွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပြီး လူတွေကို ကယ်ထုတ်နေတာကို ရုပ်သံလိုင်းတွေက ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။ သေဆုံးသူတွေဟာ လူငယ်တွေများကြတာကို တွေ့ရပါတယ်။
အဲဒီ အဆောက်အဦးဟာ Rana Plaza ဖြစ်ပြီး နာမည်ကြီး ပလာဇာ ဖြစ်ပါတယ်။ မနေ့ကတည်းက တိုက်ဟာ တုန်ခါမူတွေ ရှိနေတဲ့ လူတွေကို အဲဒီ အဆောက်အဦးကို မလာကြဖို့ သတိပေးထားပေမယ့် အရေးမစိုက်ရာကနေ ခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်နဲ့ ကြုံရတာ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေကို ဆက်လက် ရှာဖွေ နေတုန်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ သေဆုံးသူ အရေအတွက်ဟာ ပိုများလာနိုင်တယ်လို့  အာဏာပိုင်တွေက ပြောတယ်။   NARINJARA

Tuesday, April 23, 2013

လက်ပံတောင်းဒေသ မိုးကြိုးပြင်အလယ်ရွာနဲ့ ဆည်တည်းရွာတွေမှာ မြေလျော်ကြေးမယူတဲ့လူတွေက လွတ်နေတဲ့ သူတို့မြေတွေကို ၀င်ရောက်ထွန်ယက်တဲ့အချိန်မှာ အာဏာပိုင်တွေက လာရောက်တားဆီး ပိတ်ပင်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး အိုင်စီဂျေ ဥာဏ်ကြီး။ မတင်မာဆွေ

နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ်


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
ကိုဇော်ဝင်းလှိုင်
မြန်မာအစိုးရ က နိုင်ငံရေး အကျဉ်းသား ၅၉ ဦး အပါအ၀င် အကျဉ်းသား ၉၃ ဦးကို နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ အခု လွတ်တဲ့အထဲပါလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အစိုးရထံ တရားဝင် တင်သွင်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးနဲ့ နောက်ဆက်တွဲ တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၄၀ တို့ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပက တောင်းဆိုမှုတွေ ရှိနေတဲ့အပြင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိစစ်ရေး ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေကြတဲ့အချိန်မှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ဒီကနေ့ အကျဉ်းသားတွေကို အခုလို လွှတ်ပေးလိုက်တာပါ။

အခု လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်သူ စုစုပေါင်း ၅၉ ဦး ပါတယ်ဆိုတာ သူတို့အနေနဲ့ အတည်ပြုလို့ ရတဲ့အကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“၅၉ ယောက်ရှိတယ်။ အခုလောလောဆယ် ကျနော်တို့ ရထားတာပေါ့ဗျာ။ ဘာလို့ ၅၉ ယောက် ဖြစ်ရသလဲဆိုတော့ ရှမ်းတိုင်းရင်းသား အယောက် ၄၀ ပါပါတယ်။ သူတို့က တပ်ရင်းအလိုက် အဖမ်းခံထားရတဲ့သူတွေပါ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ဒီလူတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ အဲ့ဒီလူတွေက ကျနော်တို့ ပထမ နိုင်ငံရေးအကျဉ်းသားစာရင်းထဲမှာ မပါဘူး။ ဆိုတော့ ဒီ SNLD ပေါ့လေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြလာတဲ့အတွက် ဒါကို ကျနော်တို့က နောက်ဆက်တွဲအနေနဲ့ တင်ပြတာ ဖြစ်ပါတယ်။”

“သူတို့ကလည်း တကယ်တော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျခဲ့တဲ့ လူတွေပါ။ ကျနော်တို့ နဂိုစာရင်းထဲမှာ မရှိတာပဲဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရှိနေတဲ့ စာရင်းထဲမှာတော့ ၁၉ ယောက်ပဲ ပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီဟာတွေက မပြည့်စုံသေးဘူးပေါ့နော်။”

အစိုးရပိုင်းက အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ပြန်လွှတ်ပေးဖို့ သမ္မတထံ အဆိုပြု တင်သွင်းထားတဲ့ စာရင်းနဲ့ အခု လွတ်လာတဲ့စာရင်း ကွာခြားနေတာကြောင့် ဒီအပေါ်မှာ မေးခွန်းထုတ်စရာ အများကြီး ရှိနေတယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေပြီးတော့ စာရင်းတွေ ပေးထားပြီးတော့ ပြန်လွှတ်ပေးမယ်ဆိုတဲ့ လူ ၉၉ ယောက်ရှိပါတယ်။ ဒီ ၉၉ ယောက်ထဲမှာ အခုဟာ ခုနပြောတဲ့ ၁၉ ယောက်ပဲ ပါလာသေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒီ ၉၉ ယောက်က သမ္မတထံ တင်ပြထားတယ်။ သမ္မတကနေပြီးတော့ ခွင့်ပြုတဲ့အခါမှာ ပြန်ပြီးတော့ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ဒီလူတွေကိုတော့ လွှတ်ပေးမယ်ဆိုတာကို ကျနော်တို့ သိထားတယ်။ သို့ပေမဲ့ အခု လွှတ်လာတဲ့အခါကျတော့ အကုန်လုံး ပါ မလာဘူးဖြစ်နေတယ်။ အဲ့ဒါကတော့ ကျနော်တို့ ဟို မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျနော်တို့ AAPP အနေနဲ့ရော၊ သာမန် နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်အနေနဲ့ရော၊ ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှာပါတဲ့ အဖွဲ့အနေနဲ့ရော ကျနော်တို့ဆီမှာ မေးခွန်းထုတ်စရာတွေ အများကြီး ကျန်ပါတယ်။ ကျနော်တို့ မနက်ဖြန်လောက်ကျရင်တော့ ကျနော်တို့ရဲ့ သဘောထားကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။”

အခုလွတ်တဲ့အထဲမှာပါတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာလည်း သူတို့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အသီးသီး ရက်စေ့ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ
လျှော့ရက်နဲ့ ပြန်လွတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ကို ဒီကနေ့ မလွှတ်ပေးခင် ထောင်အာဏာပိုင်တွေက ပြစ်မှု ပြစ် ဒဏ်တွေ လျှော့ပေါ့ပြီး လွှတ်ပေးတယ်ဆိုတဲ့အကြောင်း နေ့လည်မှာ အကြောင်းကြားပြီး ညနေစောင်းမှာ လွှတ်ပေးလိုက်တာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရဲထက်မိုး က
ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ၆ ယောက်ပေါ့ အင်းစိန်ထောင်က လွတ်တာ ခင်ဗျ။ လွတ်လာတဲ့သူ ၆ ယောက်က နိုင်ကျဉ်းပေါ့နော်။ ၂ ယောက်ကတော့ အဖွဲ့အစည်း ကိုးကန့်တို့၊ ၀ တို့နဲ့ ဆက်နွယ်တဲ့ ၂ ယောက်ပဲ။ ကျန် ၂ ယောက် က နိုင်ငံခြားသားပေါ့။ တခြားလူတွေက မသိသေးဘူးခင်ဗျ။ အကုန်လုံးကတော့ ကျနော်တို့ သိထားတာ ၉၀ ပဲ သိထားတယ်ခင်ဗျ။ ကျနော်တို့ တိုက်ဝင်းထဲမှာ ရှိတဲ့သူတွေ လာပြောတာပေါ့နော်။ ကျနော်တို့ကို အမိန့်စာ ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ ကျနော်တို့ကို လွှတ်လိုက်တယ်။ ဒီမှာတော့ ကျနော်တို့ က အတိအကျတော့ မသိဘူးဗျ။ လွှတ်တာက သူတို့ ပြစ်ဒဏ်က လျှော့ပေါ့ ပြီးတော့ လွတ်တာပဲသိတယ်။ ကျနော်တို့လည်း အခုမှ လွတ်တာဆိုတော့ မသိသေးဘူး။ သူတို့ပြောတာ အဲ့ဒါမျိုးတော့ မပြောဘူးပေါ့နော်။ ဘာကြောင့်လွှတ်တယ်။ ဘာအတွက် လွှတ်တယ်ဆိုတာ ကျနော် မသိခဲ့ဘူးနော်။”

သူ့ကို ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှု၊ မတရားအသင်း ဖွဲ့စည်းမှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၉ နှစ် ချမှတ် အပြစ်ပေးခဲ့ပေမယ့် အာဏာပိုင်တွေ ဘက်က သက်သေ အထောက်အထား ခိုင်လုံအောင် မပြနိုင်ခဲ့ဘူးလို့ ကိုရဲထက်မိုးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်း ဇယားတွေအရ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ၄၀၀ နီးပါးလောက်ရှိတယ်လို့လည်း AAPP အဖွဲ့က ကိုတိတ်နိုင်က ပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) နဲ့အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုင်ငံတော် သမ္မတ က ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။  VOA

တပ်မတော်စစ်အစိုးရ ဒီခွေးလောက်လိမ်မာခဲ့ရင် တိုင်းရင်းသားတွေဒုက္ခသည် မဖြစ်တာအမှန်ပဲ

ရခိုင်စာအုပ်တွေမှာဖတ်ဖူးတာ ရခိုင်ပြည်မှာ ဘယ်သူတော်တော် တော်တပ်သူကတော့ သူ့ ဘ၀ကလမ်းဆုံးရောက်ရသတည်း

အစိုးရလူကြီးများ ကြားသိပါစေ

လူ့အခွင့်ရေးကြိုက်သူများ ဒီဗွီဒီယိကိုကြည့်ပြီး ဘယ်သူအတွက်လဲဒါ

ရခိုင်ရို့အတွက် အနာဂတ်ခရီး (ခိုင်အောင်)

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

သတင်း — April 23, 2013 at 9:41 am


Human Rights Watch ( HRW) မှ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်  အဆိုပါ အစီရင်ခံစာပါ အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော သတင်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံလိုင်းများမှ ထုတ်လွှင့် ပြသနေသဖြင့် ဗုဒ္ဓဘာသာဝင် လူနည်းစုများ အကြား စိုးရိမ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။
human rights watch“ ကျွန်မက မနေ့ကရော၊ ဒီနေ့မနက်ကရော ဒီနိုင်ငံက ရုပ်သံလိုင်းလိုလိုမှာ မြန်မာ သတင်းကို ထုတ်လွှင့်တာကို တွေ့ရပါတယ်။ အဲဒီမှာ ပြောတာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို ဗုဒ္ဓ ဘာသာဝင်တွေက လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး  ပြောဆိုပါတယ်။ ပြီးရင် ဒီသတင်းတွေနဲ့ အတူ ဗလီတွေ၊ လူတွေ သတ်ဖြတ်ခံနေရတဲ့ ပုံတွေကို ထုတ်လွှင်ပြနေတဲ့ အတွက် ဒီမှာလည်း ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မိတဲ့ အတွက် စိုးရိမ်မိတာ ဖြစ်ပါတယ်” ဟု ဒက္ကားမြို့က ရခိုင် အမျိုးသမီး တစ်ဦးက ဆိုသည်။
၎င်းပြင် ယနေ့ထုတ် သတင်းစာများတွင်လည်း HRW အစီရင်ခံစာကို ကိုးကားပြီး မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးတုန်း သတ်ဖြတ်မူများ ပေါ်ပေါက်နေပါသည်  ဆိုသော ခေါင်းစဉ်ဖြင့် သတင်းများရေးသား ဖေါ်ပြနေကြသည်။
၎င်းပြင် BBC မှ ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းနှင့် ပတ်သက်ပြီး သတင်းများ ဖေါ်ပြကြသည်။ လွန်ခဲ့သော မတ်လက ဖြစ်ပေါ်ခဲ့သော  မိတ္ထိလာ အရေးအခင်းတွင် လုံခြံရေး တပ်ဖွဲ့ဝင်များက ဗုဒ္ဓဘာသာ တိုက်ခိုက်သူများမှ မူဆလင်များကို တိုက်ခိုက်နေသည့် အပေါ် တစ်စုံ တစ်ရာ ဟန့်တားခြင်း  မရှိဟု ဘီဘီစီ က ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းတွင် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အခုလို မူဆလင်တွေကို သတ်နေတယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ ဒီနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေက မကျေနပ်မူတွေ တိုးလာနေတယ်။ ဒါကြောင့် ပြဿနာတွေ ပေါ်လာနိုင်တယ်။ မကျေနပ်သူတွေက တိုက်ခိုက်မူတွေ ရှိကောင်း ရှိလာနိုင်ပါတယ်” ဟု ဆိုသည်။
ရခိုင်အရေးအခင်းမှာ လွန်ခဲ့သောနှစ် ဇွန်လနှင့် အောက်တိုဘာလက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  အခြေအနေ အေးဆေး တည်ငြိမ်မူ ရှိလာနေစဉ် HRW ၏ တဘက်သတ် ရေးသား ထုတ်ပြန်သော အစီရင်ခံစာကြောင့် ပြဿနာများ ဆက်လက် ဖြစ်ပွားမည်ကို မြန်မာနိုင်ငံတွင် သာမက ဘင်္ဂလာဒေခ်ျ့တွင်ပါ စိုးရိမ်လာကြခြင်း ဖြစ်သည်။  NARINJARA

ဘင်္ဂလာဒေခ်ျ့တွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း တိုက်ခိုက်ခံရ

သတင်း — April 23, 2013 at 10:03 am


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသတွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း မီးရှို့ တိုက်ခိုက် ခံခဲ့ရသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် 2 Buddhist temples attacked ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။
( ဓါတ်ပုံ - The daily Star )
( ဓါတ်ပုံ – The daily Star )
အမည်မသိသူများက စစ်တကောင်း ခရိုင် ပိုတီယာ ( Patiya) မြို့နယ်မှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် မိဘမဲ့ကလေး ဂေဟာ တစ်ခုအား ၀င်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဘော်ခါလီ မြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်း တစ်ခုကိုလည်း ၀င်ရောက် လုယက်ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မူများကို လွန်ခဲ့သော သုံးရက် အတွင်း  ကျူးလွန်ခဲ့ကြသည်ဟု သတင်းစာက ဆိုသည်။
ပိုတီယာမြို့နယ်  Mukut Knight ရွာမှာ တည်ရှိသော  Dhatu Chaittya ၀ိဟာ  ကျောင်းမှာ စနေနေ့ ညနေ ၃ နာရီခန့်တွင် မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ အချိန်က ကျောင်းထိုင် ဆရာတော်မှာ ကျောင်းစာအုပ်စာတန်းဝယ်ယူရန်  အပြင်သို့ရောက် ရှိနေကြောင်း သိရသည်။  ဆရာတော်၏ လတ်တော့ ကွန်ပျူတာ၊TV က အစ အားလုံး မီးလောင်ကုန်သည်ဟု ဆရာတော်က ပြောသည်။ အဆိုပါနေ့တွင်ပင် တစ်ခြား မိဘမဲ့ ဗုဒ္ဓဂေဟာ တစ်ခုလည်း မီးရှို့တိုက်ခံခဲ့ရသည်။ ဂေဟာအား မီးရှို့တိုက်ခိုက်စဉ် ကလေးငယ်များမှာ စာသင်ကျောင်းသို့ ရောက်နေကြသဖြင့် တစုံတရာ ထိခိုက်မူ မရှိကြောင်း သိရသည်။
မည်သူဝင်ရောက် မီးရှို့သည်ကို တစ်စုံ တစ်ယောက်မှ ပြောဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။
( ဓါတ်ပုံ - The daily Star )
( ဓါတ်ပုံ – The daily Star )
ယမန်နေ့ နံနက်ကလည်း အဆိုပါ မြို့နယ်နှင့် ကပ်ရပ် တည်ရှိသော Boalkhali မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ခုထဲသို့ အမည်မသိသူများ ၀င်ရောက်လာပြီး ဘုရားဆင်းထုတော်ရှိ သင်္ကန်းများအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ဘုရားဆင်းထုတော်ငယ် (၅) ဆူနှင့် အလှူခံ သေတ္တာတို့အား ယူဆောင်သွားသည်ဟု ဆိုသည်။
ယခု လုယက် ဖျက်ဆီးမူများသည် လွန်ခဲ့သော နှစ်က ရာမူး (ပန်းဝါ)တွင် ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း မီးရှို့ တိုက်ခိုက်ခံရပြီးနောက် ပထမဆုံး အကြိမ် ဗုဒ္ဓဘာသာကျောင်းများ ပြန်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ယခု တိုက်ခိုက်ခံရသော ကျောင်းများမှာ မာရမာကြီး လူမျိုးများ ကိုးကွယ်သော ကျောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သောနှစ် စက်တင်္ဘာလ တိုက်ခိုက်မူ အတွင်း ပိုတီယာတွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။ NARINJARA

ထောင် (၉) နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ် အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွှတ်မြောက်လာ

သတင်း — April 23, 2013 at 9:23 pm

အမူတွဲ (၃)  ခုဖြင့် ထောင် (၉) နှစ်ထိ ချမှတ်ခံထားရသူ ရခိုင်ကျောင်းသား လူငယ် အဖွဲ့မှ ကိုရဲထက်စိုးသည် ယနေ့တွင် အင်းစိန်ထောင်ထဲမှ လွှတ်မြောက်လာခဲ့သည်။
hi-insein-jail-burma
“ လွှတ်လာတယ်ဆိုတော့ အတိုင်းအတာ တစ်ခုထိ ၀မ်းသာတာပေါ့။ ပြောစရာ စကားရှာမရအောင်ထိ ပါဘဲ” ဟု ထောင်ထဲမှ လွှတ်လာသူ ကိုရဲထက်စိုးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းပြီးထားသော ကိုရဲထက်စိုးသည် တစ်ခြား ရခိုင်လူ (၁၁) နှင့် အတူ ၂၀၁၀ ခုနှစ်က အမူ (၃) ခုနှစ် တရားစွဲဆိုခံရပြီး ထောင် (၉) နှစ် ချမှတ်ခံခဲ့ရသည်။
“ ကျွန်တော်ကို အသင်းအဖွဲ့ ပုဒ်မ (၇)၊ ဖေါက်ခွဲ မူ ပုဒ်မ (၅)၊ လျှပ်စစ် ဥပဒေ ပုဒ်မ ၆ (၁) နဲ့  ထောင်ချတာပါ။ စုစုပေါင်း ၉ နှစ်မှာ ထောင်ထဲမှာ သုံးနှစ်ကျော်ထိ နေခဲ့ရပါတယ်” ဟု သူက ဆိုသည်။
ကိုရဲထက်စိုးသည် မြေပုံမြို့နယ် ကမ်ထောင့်ကြီးဇာတိ ဖြစ်ပြီး ထောင်ထဲက လွှတ်လာပြီး နောက်ပိုင်း ရခိုင်လူထု အတွက် လူမူရေး လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
အလားတူ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသူ သရက်ထောင်ထဲမှ ရခိုင်ကျောင်းသား လူငယ်  ကိုနိုင်စိုးလည်း လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။ သို့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယနေ့ အင်းစိန်ထောင်မှ လူ (၁၀) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ၀လူမျိုး နှစ်ဦး၊ နိုင်ငံခြားသား (၂) ဦး လွှတ်မြောက်လာသည်ဟု သိရသည်။  နိုင်ငံရေး အကျဉ်းသား (၆) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ဇော်မင်း၊ နေမျိုးသူရ၊ စိုင်းအောင်ကျော်တို့ ပါဝင်ကြောင်း သိရသည်။ NARINJARA

Sunday, April 21, 2013

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ

မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြားထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန်ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။
ရန်ကုန်တိုင်း ဒေသကြီးအပါအ၀င် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အလုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အတွက် အခုလိုမဲဖောက်တဲ့စနစ်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး အစိုးရတွေရဲ့ ကွတ်ကဲမှုနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဌာနရဲ့ ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ ပေးတာကိုး။ နောက်လမှာလည်း မေမှာလည်း ရောင်းဦးမှာပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာ အရမ်းနည်းနေတဲ့အတွက် မဲဖောက်ရောင်းချရဖြစ်ပြီးတော့ နောက်ပိုင်းမှာ ရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေအားလုံးကို ဖုန်းရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေးရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စုတွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀ ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေကတော့ သူတို့ရရှိမယ့် ဆင်းကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်းကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေကတော့ CDMA 800 အမျိုးအစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ် အလုံးရေ သုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။
ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့လူတွေက ဒီလ ၂၄ ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀ တန်ဖုန်းတွေကို အသုံးပြုခွင့်ရမှာဖြစ်သလို မြို့နယ်တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ ဖုန်းမဲပေါက်ခဲ့တဲ့ မညိုက အခုလိုပြောပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့။ ပုဇွန်တောင် (၂) ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်တယ်။ မနက်ပိုင်းကစပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက်ခဲ့တယ်လေ။ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်း အသုံးပြုခွင့်ရမှာမဟုတ်ဘူးပေါ့။ ကျမတို့ကတော့ ဒီနေ့ မဲပေါက်တယ်။ မြို့နယ်ရုံးမှာ နံပါတ်ရဖို့သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အသုံးပြုဖို့ လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ရှေ့လမှာတော့ အခုရပြီးသားသူတွေရဲ့ စာရင်းကတော့ မပါတော့ဘူးပေါ့။ အခုစာရင်းပေးထားပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်အချိန်မှာ မိုဘိုင်းဖုန်း ဟန်းဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက် ဖုန်းအလုံးအရေအတွက်ကို ရောင်းချပေးနိုင်ဦးမှာမဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက်အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေက် ဈေးကြီးကြီးနဲ့ မှောင်ခို ပြန်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းက လုပ်တဲ့ပုံစံမျိုးပဲ မှောင်ခိုကိုမွေးဖွားပေးတဲ့ ပုံစံမျိုးလို့ပဲ သုံးသပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေကနေ ကြပ်မတ်တာတွေလုပ်မှာဖြစ်သလို ၀ယ်ယူထားတဲ့ ဆင်းကဒ်တွေကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်းမှာ ဖုန်းခေါ်ဆိုခအနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့ပါဖူးတယ်။   VOA

သာကိနွယ်ဟေး ရခိုင်မျိုးချစ်စစ်သည်

မီးပေးမည့် အစိုးရအစီအစဉ် ရခိုင်ဒေသခံများ မယုံကြည်


မီးပေးမည့် အစိုးရအစီအစဉ် ရခိုင်ဒေသခံများ မယုံကြည်

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။”

---
ခင်ဦးသာ

ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟူသော အစိုးရ၏ ကြေညာချက်ကို ဒေသခံများက ယုံကြည်မှု မရှိသေးဘဲ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးကိစ္စ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ လျှပ်စစ်မီး ၂၄ နာရီ ပေးနိုင်ရန် ပင်မ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကိုလည်း အိန္ဒိယ နိုင်ငံမှ တင်သွင်းနေကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ မဟာဓာတ်အား လိုင်းမှတဆင့် ရခိုင်ဒေသတွင်းသို့ သွယ်တန်း ဖြန့်ဝေနိုင်ရန် စီမံကိန်းများချမှတ် လုပ်ဆောင်သွားမည်ဟု ဧပြီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားခြင်း အပေါ်ရခိုင် ဒေသခံများက တုံ့ပြန်ပြောဆို ခြင်းဖြစ်သည်။

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသသို့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည်ဆိုပါက ကျောက်ဖြူမြို့၌ တည်ဆောက်နေ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိမည့် သဘာဝ ဓာတ်ငွေ့ဖြင့်သာ ပေးစေလိုကြောင်း၊ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက်လည်း ရခိုင်ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

“ရွှေဂက်စ်တွေကို တရုတ်နိုင်ငံကို စရောင်းပြီဆိုရင် ကျနော်တို့ ရခိုင်ဒေသတွေကိုလည်း ဒီဒေသက ထွက်တဲ့ ဂက်စ်နဲ့ပဲ မီးပေးဖို့ လိုပါမယ်။ ကျနော်တို့ ဒေသခံတွေ အားလုံးကလည်းပဲ ဒီ ဂက်စ်နဲ့ပဲ မီးရဖို့အတွက် ရာနှုန်းပြည့် မျှော်လင့်နေကြတယ်” ဟု ကျောက်ဖြူ ဒေသခံများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးလှမျိုးကျော်က ဆိုသည်။

ရွှေဂက်စ် စီမံကိန်းသည် မကြာမီ ပြီးစီးတော့မည်ဖြစ်၍ လာမည့် မေလတွင် ရခိုင်ပြည်နယ်မှ ဂက်စ်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။ မြန်မာအစိုးရသည် ထိုစီမံကိန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း၌ အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက ပေးထားသော လျှပ်စစ်ဓာတ်အား ရှိကြောင်း၊ သို့သော် ထိုလျှပ်စစ်ကို သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများက ဖွဲ့စည်းထားသော မီးလင်းရေး ကော်မတီများက တယူနစ်လျှင် ကျပ် ၅၀၀ ပေးသွင်း ရကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများမှ ရခိုင်ပြည်နယ် တ၀ှမ်ပေးနေသော လျှပ်စစ်မှာလည်း တယူနစ်လျှင် ကျပ် ၅၅၀ မှ ကျပ် ၈၀၀ အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်း တဦးဖြစ်သူ ရခိုင်ဒေသခံ ဦးသန်းမောင်က ပြောသည်။

“ရခိုင်ဒေသကို မီး ၂၄ နာရီ ပေးမယ်ဆိုတာကို ဘယ်သူမှ မယုံပါဘူး။ အရင် အစိုးရ အဆက်ဆက်ကလည်း ရခိုင်ဒေသ မီးလင်းရေးအတွက် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ပေးမယ်၊ အမ်းချောင်း၊ သူဌေးချောင်း၊ လေးမြို့မြစ် စတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ တည်ဆောက်ပေးမယ်လို့ ပြောခဲ့ပေါင်း များပါပြီ။ ဒီနေ့အထိ ဘာစီမံကိန်းမှ လုပ်တာ မတွေ့ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရွှေဂက်စ် စီမံကိန်း အပါအ၀င် ရခိုင်ဒေသတွင်း၌ တည်ဆောက်နေသော အစိုးရ စီမံကိန်းများသည် ဒေသခံ ပြည်သူများ အတွက် အကျိုးမပြုဘဲ ဆိုးကျိုးများကိုသာ ခံစားနေကြရသည့် အတွက် ကန့်ကွက် ပြောဆိုမှုများ၊ ဆန္ဒပြ ထုတ်ဖော်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေဂက်စ်ဖြင့် လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုများကိုလည်း ဆက်လက် လုပ်ဆောင်မည်ဟု

ပြောဆိုနေကြသည့် အချိန်တွင် ရခိုင်ဒေသ ၂၄ နာရီ လျှပ်စစ်မီးပေးရေး လုပ်ဆောင်မည်ဟု အစိုးရ သတင်းစာများက ရေးသားခြင်းသည် ရခိုင်ပြည်သူများအား နှစ်သိမ့်လိုသည့် သဘောသာ ဖြစ်ကြောင်း ဦးသန်းမောင်က ပြောသည်။

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယမှ ၀ယ်ယူထားသော (၂၃၀/၁၃၂/၁၁) ကေဗီ (၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ၂၀၁၄-၂၀၁၅ တွင် လျှပ်စစ်မီး ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။

ရခိုင်ဒေသတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ တောင်ကုတ် စသည် မြို့တချို့တွင် အစိုးရဌာနမှ လက်ရှိပေးနေသော လျှပ်စစ်မီးသည် တရက်လျှင် ၂ နာမှ ၃ နာရီ ၀န်းကျင်သာ ရရှိသည်။ ရခိုင်ပြည်နယ် တခုလုံး၌ မီတာ တယူနစ်လျှင် အနည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၈၀၀ အထိ ရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။


“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။”

---
ခင်ဦးသာ

ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟူသော အစိုးရ၏ ကြေညာချက်ကို ဒေသခံများက ယုံကြည်မှု မရှိသေးဘဲ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးကိစ္စ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ လျှပ်စစ်မီး ၂၄ နာရီ ပေးနိုင်ရန် ပင်မ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကိုလည်း အိန္ဒိယ နိုင်ငံမှ တင်သွင်းနေကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ မဟာဓာတ်အား လိုင်းမှတဆင့် ရခိုင်ဒေသတွင်းသို့ သွယ်တန်း ဖြန့်ဝေနိုင်ရန် စီမံကိန်းများချမှတ် လုပ်ဆောင်သွားမည်ဟု ဧပြီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားခြင်း အပေါ်ရခိုင် ဒေသခံများက တုံ့ပြန်ပြောဆို ခြင်းဖြစ်သည်။

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသသို့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည်ဆိုပါက ကျောက်ဖြူမြို့၌ တည်ဆောက်နေ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိမည့် သဘာဝ ဓာတ်ငွေ့ဖြင့်သာ ပေးစေလိုကြောင်း၊ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက်လည်း ရခိုင်ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

“ရွှေဂက်စ်တွေကို တရုတ်နိုင်ငံကို စရောင်းပြီဆိုရင် ကျနော်တို့ ရခိုင်ဒေသတွေကိုလည်း ဒီဒေသက ထွက်တဲ့ ဂက်စ်နဲ့ပဲ မီးပေးဖို့ လိုပါမယ်။ ကျနော်တို့ ဒေသခံတွေ အားလုံးကလည်းပဲ ဒီ ဂက်စ်နဲ့ပဲ မီးရဖို့အတွက် ရာနှုန်းပြည့် မျှော်လင့်နေကြတယ်” ဟု ကျောက်ဖြူ ဒေသခံများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးလှမျိုးကျော်က ဆိုသည်။

ရွှေဂက်စ် စီမံကိန်းသည် မကြာမီ ပြီးစီးတော့မည်ဖြစ်၍ လာမည့် မေလတွင် ရခိုင်ပြည်နယ်မှ ဂက်စ်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။ မြန်မာအစိုးရသည် ထိုစီမံကိန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း၌ အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက ပေးထားသော လျှပ်စစ်ဓာတ်အား ရှိကြောင်း၊ သို့သော် ထိုလျှပ်စစ်ကို သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများက ဖွဲ့စည်းထားသော မီးလင်းရေး ကော်မတီများက တယူနစ်လျှင် ကျပ် ၅၀၀ ပေးသွင်း ရကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများမှ ရခိုင်ပြည်နယ် တ၀ှမ်ပေးနေသော လျှပ်စစ်မှာလည်း တယူနစ်လျှင် ကျပ် ၅၅၀ မှ ကျပ် ၈၀၀ အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်း တဦးဖြစ်သူ ရခိုင်ဒေသခံ ဦးသန်းမောင်က ပြောသည်။

“ရခိုင်ဒေသကို မီး ၂၄ နာရီ ပေးမယ်ဆိုတာကို ဘယ်သူမှ မယုံပါဘူး။ အရင် အစိုးရ အဆက်ဆက်ကလည်း ရခိုင်ဒေသ မီးလင်းရေးအတွက် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ပေးမယ်၊ အမ်းချောင်း၊ သူဌေးချောင်း၊ လေးမြို့မြစ် စတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ တည်ဆောက်ပေးမယ်လို့ ပြောခဲ့ပေါင်း များပါပြီ။ ဒီနေ့အထိ ဘာစီမံကိန်းမှ လုပ်တာ မတွေ့ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရွှေဂက်စ် စီမံကိန်း အပါအ၀င် ရခိုင်ဒေသတွင်း၌ တည်ဆောက်နေသော အစိုးရ စီမံကိန်းများသည် ဒေသခံ ပြည်သူများ အတွက် အကျိုးမပြုဘဲ ဆိုးကျိုးများကိုသာ ခံစားနေကြရသည့် အတွက် ကန့်ကွက် ပြောဆိုမှုများ၊ ဆန္ဒပြ ထုတ်ဖော်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေဂက်စ်ဖြင့် လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုများကိုလည်း ဆက်လက် လုပ်ဆောင်မည်ဟု

ပြောဆိုနေကြသည့် အချိန်တွင် ရခိုင်ဒေသ ၂၄ နာရီ လျှပ်စစ်မီးပေးရေး လုပ်ဆောင်မည်ဟု အစိုးရ သတင်းစာများက ရေးသားခြင်းသည် ရခိုင်ပြည်သူများအား နှစ်သိမ့်လိုသည့် သဘောသာ ဖြစ်ကြောင်း ဦးသန်းမောင်က ပြောသည်။

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယမှ ၀ယ်ယူထားသော (၂၃၀/၁၃၂/၁၁) ကေဗီ (၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ၂၀၁၄-၂၀၁၅ တွင် လျှပ်စစ်မီး ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။

ရခိုင်ဒေသတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ တောင်ကုတ် စသည် မြို့တချို့တွင် အစိုးရဌာနမှ လက်ရှိပေးနေသော လျှပ်စစ်မီးသည် တရက်လျှင် ၂ နာမှ ၃ နာရီ ၀န်းကျင်သာ ရရှိသည်။ ရခိုင်ပြည်နယ် တခုလုံး၌ မီတာ တယူနစ်လျှင် အနည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၈၀၀ အထိ ရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။  FACEBOOK  

လခြမ်းမြီဖွါး ရခိုင်သား အဖပြည်ပြန်လာဖို့စွာမိနီဗျာလ်လား