Monday, February 18, 2013
Sunday, February 17, 2013
ပျောက်ဆုံးနေသည့် ရခိုင်မိန်းခလေး ရုပ်အလောင်း ရှာဖွေတွေ့ရှိ
Thar Kyaw Wai and Sein Win shared Kyaw San's photo.
မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာမှ လွန်ခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့မှ စတင်ပျောက်ဆုံးသွားသော ရခိုင်အမျိုးသမီးငယ် မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်တွင် ရာမောင်ကြိုးတံတားအောက်၌ ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအခါ မင်းပြားမြို့ဆေးရုံသို့ သယ်ဆောင်ပြီး ဆေးစစ်ဆေးရယူနေသည်။ စစ်ဆေးချက်အသေးစိတ် မသိရသေးပါ။
မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ ခေါင်းတုံးရိတ်ခံထားရသည်ကို တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ လျာများလည်း အပြင်သို့ ပြူးထွက်နေသည်။ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည်ကိုတွေ့ရသည်။ မဌေးဌေးမြင့်၏ ရုပ်အလောင်းပါ ဒဏ်ရာဒဏ်ချက်များကိုကြည့်ခြင်းအားဖြင့် ရိုးရိုးရေနစ်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။
သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ဘလေကျေးရွာအုပ်စုတွင် စမ္ဘလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက
စက်ရုံမော်(ရခိုင်)ရွာမှာ မူလနေအိမ်များတွင် မနေ၀ံ့ပဲထွက်ပြေးကာ
ရခိုင်အိမ်များရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီအမိုးအကာများထိုးကာ
နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ်
အသိအမှတ်ပြုခြင်းကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့်
အစိုးရအဖွဲ့အစည်းများ၏ အထောက်အပံကိုမျှမရဘဲ ကုလားများ၏
နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။
စမ္ဘလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။
ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ဘလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။
ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(ကုလား)ရွာမှ ကုလားအယောက်(၂၀)ခန့်တို့က တိုက်ခိုက်သောကြောင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
(အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်ြ ပီး တာဝန်ရှိသူများမှ ယနေ့အချိန်ထိ တရာခံတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးအရေးယူခြင်းမရှိသေးပါ။) FACEBOOK
မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ ခေါင်းတုံးရိတ်ခံထားရသည်ကို တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ လျာများလည်း အပြင်သို့ ပြူးထွက်နေသည်။ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည်ကိုတွေ့ရသည်။ မဌေးဌေးမြင့်၏ ရုပ်အလောင်းပါ ဒဏ်ရာဒဏ်ချက်များကိုကြည့်ခြင်းအ
သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ဘလေကျေးရွာအုပ်စုတွင် စမ္ဘလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက
စမ္ဘလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။
ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ဘလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။
ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(ကုလား)ရွာမှ ကုလားအယောက်(၂၀)ခန့်တို့က တိုက်ခိုက်သောကြောင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
(အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်ြ
Posted on 6:40 PM
ရခိုင်ပြည် ရှေးခေတ် အောင်လံတော်
Htay Naing shared Tun Naing's photo.
ရခိုင်ပြည် ရှေးခေတ် အောင်လံတော်
ကားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ်
ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ
ခင်မင်လေးစားစွာဖြင့်
ရခိုင့်အမျိုးသားရေး နိုင်နိုင် FACEBOOK
Posted on 6:21 PM
၈၈ကျောင်းသားခေါင်းဆောင်တွေ နဲ့ ရခိုင်တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေး
2013-02-17
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး နဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်အရေး နဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ တံခါးပိတ် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့
လူဦးရေသောင်းဂဏန်းလောက်သာရှိကြတဲ့ ကမန်၊ မရမာကြီး စတဲ့လူမျိုးတွေ
အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်လို့ ဦးကိုကိုကြီးက RFA
ကိုပြောပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်ဒီမိုကရေစီပါတီ၊ ရမ်းဗြဲအသင်း၊ ရခိုင်စာပေနဲ့ယဉ်ကျေးမှုကော်မတီ၊ ရခိုင်သဟာယအသင်း စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်၂၆ဦး တက်ရောက်ခဲ့ပါတယ်။ RFA
ဒီကနေ့ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်ဒီမိုကရေစီပါတီ၊ ရမ်းဗြဲအသင်း၊ ရခိုင်စာပေနဲ့ယဉ်ကျေးမှုကော်မတီ၊ ရခိုင်သဟာယအသင်း စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်၂၆ဦး တက်ရောက်ခဲ့ပါတယ်။ RFA
Posted on 6:11 PM
မြန်မာက ၀င်ရောက် လာသူ ၅၇ ဦး ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကနေ ပြန်ပို့
နယ်စပ်ရေးရာ — February 17, 2013 at 11:36 am
အခုလို ပြန်ပို့တယ်ဆိုပေမယ့် မြန်မာ အာဏာပိုင်တွေဆီကို လွှဲပြောင်း ပေးအပ်တာ မဟုတ်ဘဲ နယ်စပ် တောင်ကျော်လမ်းတွေက တဆင့် ပြန်လည်ပြီး မြန်မာဘက်ကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။
အခုဝင်လာတဲ့သူတွေဟာ တောင်ကျော်လမ်းတွေကရော၊ နတ်မြစ်ကနေ လှေနဲ့ ဖြတ်ကျော်ပီးတော့ရော ၀င်ရောက် လာတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အထဲက ၁၈ ဦးကိုတော့ ခေါင်းတုံးနဲ့ တောင်ပြို နယ်စပ်မှာ ခြေလျင်လျှောက် ခိုးဝင်လာစဉ်မှာ သောကြာနေ့ ညနေပိုင်းမှာ ဖမ်းမိပြီး ၁၀ ဦးကိုတော့ စနနေ့က ဖမ်းမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ လူပေါင်း ၂၉ ဦးကိုတော့ ကော့စ်ဘဇား- တက်ကနက် အဝေးပြေးကားလမ်း ပေါ်မှာရှိတဲ့ ၀ါးခွပ်ချောင်း စစ်ဆေးရေး ဂိတ်မှာ သောကြာနေ့နဲ့ စနေနေ့တွေက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးဟာ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နဲ့ တက်ကနက် မြို့နယ် နယ်စပ် ဖြတ်ကျော်လမ်းတွေက ၀င်ရောက်လာသူတွေ ဖြစ်ပါတယ်။
သူတို့ ရဲ့ နယ်စပ်မှာ ပြုလုပ်နေတဲ့ အော်ပရေးရှင်း တစ်ခုမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ကော့စ်ဘဇား အခြေစိုက် ဘင်္ဂလာ နယ်စပ်တပ်ဖွဲ့ အမှတ် ၁၇ ဘီဂျီဘီ တပ်မှူ Lt Col Md Khalekuzzaman ဆိုပါတယ်။
မြန်မာနယ်စပ်မှာ ခြံစည်းရိုးတွေ ကာရံထားပေမယ့် မြန်မာဘက်ကို ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ ရနေရတာနဲ့ ပတ်သက်ပြီး နယ်စပ်က ဒေသခံ တစ်ဦးကို မေးကြည့်တဲ့ အခါ နယ်စပ်စောင့် ဂိတ်တွေဟာ ပိုက်ဆံယူပြီး လူတွေကို ၀င်ထွက်ခွင့် ပြုပေးနေတယ်လို့ ပြောပါတယ်။ NARINJARA
Posted on 5:56 PM
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (ဆောင်းပါး)
ဆောင်းပါး — February 17, 2013 at 11:13 am
— တိုင်းရင်းသား တစ်ဦး
ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့
ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ စံနစ်ကို ထူထောင်မယ်
ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း
သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ
စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ
ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို
ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု
တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့
အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော
အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ
မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့
ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို
ရေးရတာ ဖြစ်ပါ တယ်။ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။
လက်နက်ချခိုင်းတဲ့နည်း
အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဥပဒေဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံး ခဲ့တာ ကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။ ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။
အစိုးရနဲ့ဆွေးနွေးပြီး သဘောတူညီချက်ရလို့် လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့ မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီအချိန်တုံး ကဆိုရင် ယခုလက်ရှိ မွန်ပြည်သစ်ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။ ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လဲ ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီး တော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေမှာ “ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး” ဆိုတဲ့ သဘောထား ခံယူချက် သံမှိုစွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက်ပေးကြစေလိုပါတယ်။)
နိုင်အောင်ထွန်းတို့အကြောင်းကို စာရေးသူတို့မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ
ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လိုချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေး တခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ “ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါ ရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ်ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက်မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား” ဆိုတဲ့ အတွေးပါ။
စဉ်းစားကြည့်ပါ။ လက်နက်မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့်အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ရာပေါင်း များစွာ အသက် ပေးခဲ့ရ၊ ဘ၀ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက်မရှိတော့ရင် NLD ရဲ့ ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ တိုင်းရင်းသား တွေ လက်နက်မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက်မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။
နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့
တဖက်ကကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရလက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ်ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူ ပဲဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက်မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော်လက်အောက်ရောက်တယ်ဆိုတာ
ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော်စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာပါပဲ။ နယ်ခြား စောင့်တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်း ကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန်တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရတပ်မမှူး၊ တိုင်းမှူး တွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် ”ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတို့ တိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား”လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ “ဒီ တပ်မမှူး/တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း ပြန်ပစ်ရတဲ့ အခြေအနေရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများတံတွေးခွက် ပက်လက်မျောရချည်ရဲ့” လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည်စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။
တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက “နယ်ခြားစောင့်တပ် တပ်ရင်းတရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက် ၌ပင် ထားရှိ မည်ဖြစ်သည်″ ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေး တွေ ဘယ်ဆီနေမှန်းမသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက်ချခိုင်းတာနဲ့ အတူတူဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေမျိုးများ ဖြစ်လာခဲ့ရင် လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြား စောင့်တပ်ရင်းတိုင်းမှာ အစိုးရ စစ်သား တွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက် ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။
ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ “တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲချေမှုန်းဖို့ ကြိုးစားတာပါ” လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။
ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော် တွေမှာ မရှိတဲ့ စည်းကမ်း တခု မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင်အရာရှိတွေဟာ တပ်တတပ် မှာ (၃) နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ (၃) နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။
ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်ကပိုများပါတယ်။ တပ် ခဏခဏပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံလူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းနားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။
ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံ ရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။
(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက်လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော်ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်း တယ်လို့ ယူဆပါတယ်။ တိုင်းပြည်တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ်မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်းဥပဒေမျိုးကို ထုတ်ပြန်ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။
ပုံစံယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့်မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထားကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန်ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ (၂) ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ (၄) နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ (၇) သိန်းခွဲ လောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက (၂) သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး နိုင်ငံကို ပြန်ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတာ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် (၃) ခုထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့် နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် (၂)ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။
ဒီနေရာမှာ “ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ″ လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်းညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စုတပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလိုလူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာ ကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)
အဲဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြ သေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့်အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။
လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ
ပထမဆုံးလုပ်သင့်တာက တိုင်းရင်းသားတပ်ဖွဲ့တွေကို လက်ရှိအနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ် လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။
“ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့တပ်ထဲ လာရောက်စွတ်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့် အရေးကိစ္စ ကတော့ နိုင်ငံရေး ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေး ဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေးမပြေလည် လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့်တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။”
တံဆိပ်ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA)၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ (ဥပမာ KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး (၃) ပိုင်းပါသင့်ပါတယ်။
(၁) နိုင်ငံရေး။ ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်း သား နယ်ခြားစောင့်တပ်ဖွဲ့က အမည်စာရင်းတင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက်ဆွေးနွေးလို့ရ၊ အလုပ်အတူလုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။
နောက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်းတွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)
တခုရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ်လတ်လတ် ပြောဆိုဆွေးနွေးမဲပေး ကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။
နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာမဖြစ်အောင် တားဆီးဖို့ ပြည်သူ့လွှတ်တော်ထဲ သူတို့ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။
နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလဲ နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIOက လာတဲ့ ဒေါက်တာ တူးဂျာကို အရင်အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီး တွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲဝင်လို့မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ “တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ” ဆိုတဲ့ စကားဟာ သံသယရှိစရာ ဖြစ်သွားပြီ။
(၂) စီးပွားရေး။ ။ ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို ”အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ” လို့ ပြောသတဲ့။ ဒီစကားကို စာရေးသူ အပြည့်အ၀ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ကပဲ ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ်အထင်သေးတယ်။ စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်း တဲ့လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေးလုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီးထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့ သလို ဖြစ်နေတယ်။ ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ်သင့်တော့ ပါဘူး။
ဒါဆိုရင် စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ တပ်ဖွဲ့ဝင်တွေသာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။ အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ တိုင်းရင်းသားတပ်တွေ စီးပွားရေးလုပ်တာကို တားမြစ် လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။
ဒါပေမယ့် စီးပွားရှာတယ်ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။
(၃) စစ်ရေး။ ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ် တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။ ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ခါစ လောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။
တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက် လဲ မကောင်းပါဘူး။ အမေရိကန်နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့် သဘော နဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင် မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လိုယူဆမလဲ မပြောတတ်ပါ။
ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား
အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန် မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေး အရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့အခြေအနေ ရောက်သွား နိုင်လို့ပဲ။ စစ်မျက်နှာ (၂) ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ်စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။
ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေး ကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။ ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲအားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထားကွဲတာတွေ၊ လွှတ်တော် ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက် တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေး သမား တွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။
အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန်ပြန်လည်တည်ဆောက်နိုင်အောင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီစောင့်ရှောက်ရာ ရောက်မှာပါ။
စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ “အပြိုင်″ စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။ အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်းအတိုက်အခံ တွေကို ပါးစပ်ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်းများစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။
အမှန်က ကိုယ့်စကားကို သူများနားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ်ဂရုစိုက်နေပါ့မလဲ။ သူ့ ပရိသတ်နဲ့သူ အားပေးဖတ်ရှုနေတဲ့သူတွေ အခိုင်အမာ ရှိနေလို့သာ လွှတ်တော်မှာ အဆိုတင်ခံရတဲ့ အခြေအနေထိ ရောက်ရတာကိုး။ သူ ဘယ်သူ ဘယ်ဝါဆိုတာ မသိရပေမယ့် အတိုက်အခံထဲက မဟုတ်ဘဲ အစိုးရဌာနတခုခုက လူကြီး ဖြစ်နိုင်တယ် ဆိုတာ၊ အစိုးရအနေနဲ့ တရားဝင် ထုတ်ပြောလို့ မဖြစ်တဲ့ သဘောထား အာဘော် တွေကို တဖက်လှည့်နဲ့ တင်ပြနေတယ် ဆိုတာတော့ သေချာ သလောက် ရှိပါတယ်။ အရင် အစိုးရ လက်ထက် မှာဆို ဒီလိုလူမျိုး ဘယ်လောက် စာရေး ကောင်းကောင်း ပရိသတ် ရှိမှာ မဟုတ်ဘူး။ ဒါဖြင့် အခု ဘာလို့ ဒေါက်တာဆိတ်ဖွား မှာ ပရိသတ် ရှိနေရသလဲ။ ရှင်းရှင်း လေးပါ။ အတိုက်အခံ မီဒီယာတွေ ရှိနေတဲ့အတွက် နှစ်ဖက်စကား ချိန်ထိုးချင်သူတွေက ဒေါက်တာ ဆိတ်ဖွားရေးတဲ့ စာတွေကို ဖတ်ကြလို့ ပရိသတ်ရှိနေတာ ဖြစ်ပါတယ်။
အခုလဲ ဒီသဘောပါပဲ။ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ
အနာဂတ် ပြည်ထောင်စု တပ်မတော်
အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေ ကို ပြောခဲ့ တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တဦး၊ တိုင်းရင်းသားတဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။
ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် (၃) ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာ သိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စ မှာတောင် လူချင်း မဆုံရဘူးလို့ တားမြစ်ထားပါသတဲ့) နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။
ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလို ပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်း ကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြား ထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးကျေ
နောက်တိုင်းရင်းသားလက်နက်ကိုင်
၁။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
၂။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
၃။ ပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေကနေ ရလာတဲ့ အခွန် ဘဏ္ဍာကို ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေ နဲ့ ဆိုင်တာကိုသာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)
အဲဒီဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ
တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။ နောက်ထပ် စီးပွားရေးအသစ်တိုးချဲ့ခွင့်တော
ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့် ဘတ်ဂျက် ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့် ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီး တော့ကို ဖွဲ့ခိုင်းရမှာပါ။
အဲဒီ ဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ် နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့ မှာ နေထိုင် ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။
အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။ အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့ တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လိုပါပဲ။ စစ်သားနဲ့ ရဲဆိုတာ တယောက် ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုး ကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။
ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင် ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စုကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့အတွက် ပြည်နယ်တပ်တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရ ပါဘူး။ သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
နောက်တခု။ ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊ နိုင်ငံခြားကတပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။ နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။
ဒီနေရာမှာ မေးစရာရှိတာက “တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/
အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စုတပ်မတော် အနေအထားပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။
နောက်ဆက်တွဲ။ ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။
အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင် ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး “ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့” ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တခုကသာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့ ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။
နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ “လင်နဲ့မယား လျှာနဲ့သွား” ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေမျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ “မငြိမ်းသောမီး” ဖြစ်နေဦးမှာပဲ။
တိုင်းရင်းသား တစ်ဦး
(စာရေးသူသည် ပါရဂူဘွဲ့အတွက် ပညာသင်နေသူ တစ်ဦးဖြစ်သည်။) NARINJARA
Posted on 5:50 PM
ဖက်ဒရယ် မရရင် တိုင်းရင်းသားများ လက်နက်စွန့်မည် မဟုတ် (အင်တာဗျူး)
တွေ့ဆုံ မေးမြန်းခန်း — February 17, 2013 at 2:32 pm
မေး- အဲဒီအခမ်းအနားကို ရခိုင်တိုင်းရင်းသားများတိုးတက်
ဦးလှစော- မနေ့က လုပ်တဲ့ပွဲမှာ ကျွန်တော်တို့ ညီနောင် တိုင်းရင်းသားများ ပါတီ ဖယ်ဒရယ်ရှင်းက ပြုလုပ်တာ ဖြစ်တဲ့ အတွက် အဖွဲ့ဝင်တိုင်းရင်း သားပါတီတွေက တက်ပါတယ်။ နောက်တခြား NLDနဲ့ NDF ဗမာပါတီတွေကလည်း တက်ပါတယ်။ တိုင်းရင်းသား ရှမ်း၊ ကရင်၊ ရခိုင်စတွေ ရိုးရုာ ယဉ်ကျေးမူ အကအဖွဲ့တွေလည်း တက်ရောက်ပါတယ်။
မေး- အဲဒီအခမ်းအနားမှာ အတွင်းရေးမှူး ဦး ဦးလှစောအနေနဲ့လည်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ ပြည်ထောင်စုနေ့နဲ့ ပတ်သတ်ပြီး ဘယ်လိုအချက်တွေကို မီးမောင်းထိုးပြခဲ့ပါသလဲ။
ဦးလှစော- ကျွန်တော်ကတော့ မိန့်ခွန်း မပြောခဲ့ပါဘူး။ ကျွန်တော်က ညီနောင်တိုင်းရင်းသား ဖယ်ဒရယ်ရှင်းရဲ့ သဘောထား ကြေငြာချက်ကို ဖတ်ပြခဲ့တာပါ။ ကြေငြာချက်လည်း တစ်ခု ထုတ်ခဲ့ပါတယ်။
မေး- အဲဒီကြေငြာချက်ရဲ့ အနှစ်ချုပ်က ဘာတွေပါလဲ။
ဦးလှစော- အဲဒီ သဘောထားကြေငြာချက်ကို မဖတ်မီ၊ ကျွန်တော်တို့က ဖယ်ဒရယ်ရှင်းသည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲ ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ နောက်ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးထိပ်ထားပြီး ဒီကြေငြာချက်ကို ထုတ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အဓိက ထား ပြောကြားပါတယ်။ အဲဒီကြေငြာချက်က တိုတိုလေးပါ။ ကျွန်တော် ဖတ်ပြလို့ ရပါတယ်။
မြန်မာ့မော်ကွန်း သမိုင်းဝင်ဖြစ်သည့် ပင်လုံစာချုပ်သည် ၆၆ နှစ်တိုင်ခဲ့ပြီ။ ပင်လုံဂတိနှင့် အနှစ်သာရများသည် လက် တွေ့ကျကျ အကောင်အထည်မဖော်နိုင်ဘဲ ပြည်တွင်းစစ်မီးသာ တဟုန်းဟုန်း တောက်လောင်လျှက် ပြည်နယ်အ သီးသီးရှိ တိုင်းရင်းသားတို့သည် ကပ်ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ကို ၀မ်းနည်းဖွယ်ရာတွေ့ရှိနေရသည်။
ကျွနှုပ်တို့အနေဖြင့် (၁) ဖယ်ဒရယ်စနစ်သည်သာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ကျဉ်းပေးနိုင်မည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်သည်။
(၂) တိုင်းရင်းသား လူမျိုးစုများအခွင့်အရေးကို ကာကွယ်သည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် အမြန် ဆုံး ပြဌာန်းနှိုင်ရန်အတွက် ကျွန်ုပ်တို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်။ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာ နိုင်ပါစေသတည်း။ ညီနောင်တိုင်းရင်းသားများ ဖယ်ဒရယ်ရှင်း ဒါကို ကျွန်တော် ဖတ်ပြတာပါ။ တခြားသဘောထားတွေကို တော့ ထွေထွေထူးထူးမပြောပါ။
မေး- ဟုတ်ကဲ့- အခု လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဗမာအစိုးရကပြောနေပါတယ်။ အခု ပြည်နယ်တွေ မှာ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေပေးထားတယ်ဆိုပြီး ပြောနေပါတယ်။ ဆိုတော့ အစိုးရက ကျင့်သုံးနေတဲ့ ပြည်ထောင် စုနဲ့ အတွင်းရေးမှူးတို့ လိုလားနေတဲ့ ပြည်ထောင်စုနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိပါလဲ။
ဦးလှစော- ကွာခြားပါတယ်။ ကျွန်တော်တို့ ဖယ်ဒရယ်ပြည်ထောင်စုလို့ပြောရင် ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာပါ။ ကိုယ် ပိုင်ပြဌာန်းခွင့်မှာ ကျွန်တော်တို့ ယေဘူယျအားဖြင့် ၃ ချက်ရှိပါတယ်။ (၁) နိုင်ငံရေးပြဿနာ၊ (၂) စီးပွားရေး ပြဿနာ။ (၃) သမိုင်းယဉ်ကျေးမှု ပြဿနာပါ။ နိုင်ငံရေး ပြဿနာမှာဆိုလို့ရှိရင် ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့ RNDP သည် ပြည်သူထောက်ခံမှုနဲ့ မဲအများစုနိုင်တယ်။ အမတ်နေရာ အများစုကို ရရှိတယ်။ ပြည်နယ်အစိုးရကို ကျတော့ ကျွန်တော်တို့မှာ ဖွဲ့ခွင့်မရှိ။ ဒါဟာ နိုင်ငံရေးအရ လွတ်လပ်မှုမရှိဆိုတာကို သက်သေပြနေပါ တယ်။ ဒီစနစ်ကို ဖျက်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် သမ္မတရဲ့ ဆွဲခန့်ဖြစ်နေတယ်။ ကျွန်တော်တို့ ဆီက မဖြစ်ပါ။ ဒုတိယက ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတ တွေကို ခွဲဝေ စီမံပိုင်ခွင့်မှာ ရခိုင်ပြည်သူတွေ လုံးဝမစားရ တဲ့အပြင် အရိုးအရင်းတောင် မကိုက်ရတဲ့အဆင့်ဖြစ်နေပြီး “မစားရ ညှော်ခံ” ဆိုသလိုဖြစ်နေတယ်။ ဒါလုံးဝ တရားမျှ တမှု မရှိဘူး။ သယံဇာတ ခွဲဝေပိုင်ခွင့်နဲ့ပတ်သတ်ပြီး လုံးဝလွတ်လပ်ခွင့်မရှိ ကျွန်တော်တို့မကြိုက်ဘူး။ နောက်တချက် ကျွန်တော်တို့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ စာပေဆိုင်ရာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ဖော်ထုတ်ခွင့်နဲ့ ပတ်သတ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံဟာ တိကျခိုင်မာတဲ့ အာမခံပြဌာန်းချက် မရှိပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်၊ စီးပွားရေး ဆိုင်ရာ လွတ်လပ်ခွင့်၊ သမိုင်းဆိုင်ရာလွတ်လပ်ခွင့် ဒီသုံးချက်သည် ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝ ပြည့်ပြည့်စုံစုံ မရှိလို့ ကျွန် တော်တို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မပြင်ဘဲ ဖယ်ဒရယ် ပြည်ထောင်စုဟာ ဘာမှ အဓိပ္ပါယ် မရှိပါ။
မေး- ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုပြီး ဗမာအစိုးရက ပြောနေတော့ လက်ရှိမှာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်တဲ့ အနေအထားရှိပါသလား။ ဘယ်လိုမြင်ပါလဲ။
မေး- ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ညီတော် နောင်တော် လက်နက်ကိုင် အင်အားစုတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေပါတယ်။ အခု အပစ်အခတ်ရပ် စဲပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကတော့ ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည် ဖော်သွားရ မှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်မြင်တာက ဖြစ်စဉ်တခုပါ။ ဖြစ်စဉ်တစ်ခုမှာ အဓိက နိုင်ငံရေးကို ခေတ်အဆက် ဆက်ကြီးစိုး လာတဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေ၊ တပ်မတော်အထဲမှာရှိတဲ့ ဗမာခေါင်းဆောင်တွေ သဘောထား ကြီးကြီးနဲ့ တိုင်းရင်းသား ပြည်သူတွေ လိုလားတောင့်တနေတဲ့ အမျိုးသားရပိုင်ခွင့်တွေကို ညှိနှိုင်းပြီး ဖြေးဖြေးချင်း အကောင်အထည် ဖော်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ချက်ချင်းတော့ ဖြစ်နိုင်မှာမဟုတ်ပေမယ့် တိုင်းရင်းသား ပြည်သူတွေ လိုလားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ် တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ ဒါတွေ မဖြစ်နိုင်ရင် ငြိမ်းချမ်းရေးကို အာမဘန္တေမခံနိုင်ပါ။ တကယ့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံနိုင်မှာက ဒီဖယ်ဒရယ်စနစ်ဘဲ။ တိုင်းရင်းသားတွေရဲ့ အမျိုးသား ရပိုင် ခွင့်တွေကို အသိအမှတ်ပြုမှ မြန်မာနိုင်ငံမှာ စစ်မှန်သော ငြိမ်းချမ်းသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မှာ ဖြစ်တယ်။
မေး- နောက်တစ်ခုကျွန်တော် မေးချင်တာက အခုဗမာအစိုးရက နိုင်ငံသားတစ်ဦးချင်စီရဲ့ လွတ်လပ်ခွင့်ကိုပေးထားတယ်။ တိုင်းရင်းသား အခွင့်အရေးကို ပေးစရာမလို သလိုလို လေသံတွေလည်း ထွက်လာတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။
ဦးလှစော- ဒါကတော့ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိပါ။ တရားမ၀င်ပါ။ ဒါက ဒီမိုကရေစီဆိုသည့်တိုင် တခြားနိုင်ငံတွေနဲ့ မတူပါ။ ကျွန်တော်တို့က တိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံထဲမှာ ခိုင်ခိုင်မာမာ တိတိကျကျ အာမခံပြဌာန်းထားဖို့လိုပါတယ်။ ကျွန်တော်တို့ ဗဟိုချုပ်ကိုင် မှုစနစ်ကို လျှော့ချဖို့၊ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ကို ဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
မေး- အခု ဗမာပြည်မျာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြားရှိနေပါတယ်။ ဒီတိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းတွေက ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်မလာဘဲနဲ့ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် လက်နက်စွန့်မယ်လို့ မြင်ပါသလား။
ဦးလှစော- ကျွန်တော်မမြင်ပါ။ သူတို့ကိုင်စွဲထားတဲ့ လက်နက်တွေကို အလွယ်တကူချလိမ့်မယ်လို့ ကျွန်တော်မယုံပါ။ အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တွေ ယုံကြည့်လောက်တဲ့ ဖယ်ဒရယ် ဖွဲ့စည်းပုံ တစ်ခုကို ပေါ်လာအောင် ကျွန်တော်တို့ တဖြေးဖြေး လုံးပမ်း ရပါမယ်။ အဲဒီလို ဖွဲ့စည်းပုံအရ ခိုင်ခိုင်မာမာရှိမှဘဲ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ သူတို့ လက်နက်ကို ချပြီး ပြည်ထောင်စု တပ်မတော်ထဲမှာ ရခိုင်တပ်မတော်၊ ကရင်တပ်မတော်၊ မွန်တပ်မတော်ဆိုတဲ့ အစိတ် အပိုင်း တရပ် အနေနဲ့ ပါဝင်ပြီး ဖြစ်သွားမယ်လို့ ကျွန်တော် အဲလိုဘဲ မျှော်လင့်ပါတယ်။ ဒီစစ်မှန်တဲ့ ဖယ်ဒရယ် စနစ်တခု မပေါ်ထွန်းဘဲ တိုင်းရင်းသားတွေအနေနဲ့ သူတို့လက်နက်တွေကို အလွယ်တကူ စွန့်လွှတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါ။
(ပြီး) NARINJARA
Posted on 4:56 PM
ပေါက်တောမြို့နယ်သည် ထိုင်းတောင်ပိုင်းကဲ့သို့ ဖြစ်နေပြီလော [ဓါတ်ပုံသတင်း]
By Ko Tun (Ma-nya-ka)
ပေါက်တော ၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ဓါတ်ပုံသတင်း]
ဓါတ်ပုံရည်ညွှန်းစာသား - (၀ဲဘက်ပုံ) ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ဆယ်နာရီခန့် တွင် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းပေါ်ရှိ မညင်းကိုင်းကျေးရွာမှ ဆွမ်းချိုင့်လာပို့သူ အလှူရှင်များအား ကြိမ်နီပြင် ဘင်္ဂါလီစခန်းအနီးရှိ “မာလာတော်ဓါတ်” စေတီတော်မြတ် ပြုပြင်မွမ်းမံ ရေစက်ချအခမ်းအနား သို့ မြန်မာစစ်သားအချို့က တောလမ်းမှ ဦးဆောင်ခေါ်ယူ လိုက်ပို့နေကြစဉ်။
ဓါတ်ပုံရည်ညွှန်းစာသား - (ယာဘက်ပုံ) ၂၀၁၁-ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းတောင်ပိုင်း ပတ္တနီပြည်နယ် က Leamnok ကျေးရွာ၌ သံဃာတော်များ ဆွမ်းခံထွက်ရာတွင် ထိုင်းစစ်သားများက လိုက်ပါစောင့်ရှောက် ပေးကြရပုံ။
======================
ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း (ခေါ်) ပိန္နဲချောင်းကျွန်းပေါ်ရှိ မာလာတော်ဓါတ် ပြုပြင်မွမ်းမံခြင်းကို အလှူရှင် ဗိုလ်မှူးစောလင်းဆောင် က ဦးဆောင်လှူဒါန်းပြီး ကမကထပြုလုပ်ရာ၊ ထို့အတွက် ရေစက်ချ အမျှပေးဝေခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့က ကျင်းပရာ၌ စေတီတော် အနီးတစ်ဝိုက်တွင် ဘင်္ဂါလီကုလားဦးရေမှာ စိုးရိမ်လောက်ဖွယ်များပြားနေသဖြ
စစ်တွေမြို့ ရူပရပ်နေ ဒေါ်ဒါဇံဖြူ နှင့် သားသမီးမိသားစုများက အဓိကပါဝင်လှူဒါန်းပြုပြင်မွမ်းမ
ယင်းနှင့်မလှမ်းမကမ်းတွင်လည်း ဆင်တက်မော်ကုလားရွာကြီးရှိနေလေရ
ထိုကဲ့သို့ ဒေသခံများမှာ အစစအရာရာ စိုးရိမ်ကြောင့်ကြနေကြရသည့်အတွက
ဘင်္ဂါလီဆူပူမှုနှစ်ကျော့အတွင်း ဘင်္ဂါလီကုလားများ သည် မိမိတို့ လူဦးရေအသာစီးရသည့်နေရာများထံ ပြောင်းရွှေ့စုစည်းနေကြသည့် ဗျူဟာကို ကျင့်သုံးခဲ့ကြသည်။
[ ဓါတ်ပုံ နှင့် သတင်း ကို ကိုထွန်း(မညက) က Coral Arakan အတွက် ရိုက်ကူးရေးသား ပေးပို့သည်။ ] FACEBOOK
Posted on 4:40 PM
သာကေတ မြို့နယ် မာန်ပြေ (၁၈/၁၉) လမ်းကြား၌ ဗလီ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ နှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရစဉ်
Zay Tun and 5 other friends shared လူထု မောင်ကာဠု's photo.
==============================
သာကေတ မာန်ပြေ(၁၉)လမ်း အနောက်မှာ မူစလင်ကုလားအိမ်တစ်အိမ်မှ အာရဗီစာသင်ကျောင်းသို့တဖြေးဖြေး
နင်တို့ဗမာသူတောင်းစားတွေက ဘာတွေမနာလိုဖြစ်နေတာလဲ" ဟု စတင်ပြောဆိုရာမှ ပြဿနာဖြစ်ကာ ယခုအခါ ထိုအာရဗီကျောင်းအား သာကေတနေမြန်မာများမှ ၀ိုင်းဝန်းဖြိုဖျက်နေကြောင်းသတင
Posted on 4:19 PM
ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ
Lin Khaing
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထား
သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်
ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကို
တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။ FACEBOOK
Posted on 4:12 PM
Saturday, February 16, 2013
မြန်မာပြည်တွင်းနှင့်ဒေသနိုင်ငံအချို့ကို ခြိမ်းခြောက်နေသော အရိပ်ဆိုးကြီးများ
|
အိန္ဒိယနှင့် မြန်မာနိုင်ငံကြားတွင် ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ လူဦးရေပေါက်ဖွါးမူဒဏ်ကို ထိုနှစ်နိုင်ငံတို့ကောင်းစွာခံစား သိရှိပြီးဖြစ်သည်။ မကြာသောနှစ်များက အန္ဒိယက မိမိနိုင်ငံ၏ ခြံစည်းရိုးများကိုသေချာစွာကာကွ ယ်ပြီး
နယ်ခြားစောင့်တပ်များကို စနစ်တကျချထားပြီးဖြစ်သည်။ထိုကြောင့် အန္ဒိယသည်
ထိုဘင်္ဂလီကုလားတို့၏ ခိုးဝင်းသောအန္တရာယ်ကို ကာကွယ်ပြီးဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အိန္ဒိယကဲ့သို ခိုင်မာသောဥပဒေလည်းမရှိ
နယ်ခြားစောင့်တပ်လည်းစနစ်တကျမရှိသောကြောင့် ထိုဘင်္ဂလီကုလားတို့၏ဒဏ်ကို နည်းမျိုးစုံဖြင့်ခံနေကြရပါသည်။အထူးအားဖြင့်ထိုဒေသနှင့် နီး စပ်သော ရခိုင်လူမျိုးများမှာ ထိုဒဏ်ကိုယနေ့တိုင် ခံစားနေကြရသည်ကို မြန်မာမာနိုင်ငံ သားအားလုံးအသိပင်ဖြစ်သည်။ အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မူရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီများသည် ဒေသအတွင်းနိုင်ငံများကို ခြိမ်းခြောက်လာနေပါသည်။ကမ္ဘာ့မီဒီ ယာများတွင်
သူတို့၏သတင်းများကို ပုံကြီးချဲ့ကာ မဟုတ်မမှန်လုပ်ဇာတ်ခင်း
ပြီးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသည်မှာ အံသြဖွယ်ရာပင်ဖြစ်သည်။
ကျွန်တော် တို့သည် မည်သည်လူမျိုးနှင့်ဘာသာကိုမျှ ထိပါးခြင်းစော်ကားခြင်းအလျဉ်း မပြုလိုကြပေ။
သို့သော်လည်း မိမိနိုင်ငံနှင့် လူမျိုးတို့၏အန္တရာယ်ကို သတိထားကာကွယ်ကြရန်
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့၏ တာဝန်ဖြစ်ပေသည်။ ယနေ့ကမ္ဘာကြီးသည်
လျှင်မြန်စွာ တိုးတက်ဖြစ်ပေါ်နေသည်မျှ နယ်မြေသစ်ရှာနေသော
လက်သစ်ကိုလိုနီတို့၏ရန်ကို အထူးသိထားရမည်ဖြစ်သည်။ တနည်းအာြး ဖင့်ဆိုရသော် မိမိနိုင်ငံ၏ အမျိုးသားစည်းရုံးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန်လိုပေသည်။
ယနေ့ကချင်ပြည်နယ်တွယ်
ဖြစ်ပေါ်နေသောပြည်တွင်းစစ်သည် မြန်မာအစိုးရအားအတိတ်က အုပ်ချူပ်ခဲ့သော
စစ်အာဏာရှင် အရိပ်မည်းများကို တဖန်ဖြစ်ပေါ်ေ စပါသည်။ ထိုကြောင့် အာဏာရှင်စနစ်သည် ပုံစံအမျိုးမျိုးဖြင့် အမြစ်တွယ်လျှက်ပင်ရှိသည်ကို မြန်မာပြည်သူများအထူးသတိထားကာ
စောင့်ကြည့်လျှက်ပင်ရှိပါသည်။ြ ပည်ထောင်စုသား ညီနောင်များကို မတရားသော ပုံစံဖြင့်အနိုင်ကျင့်စော်ကာြး ခင်းသည်
မြန်မာသယံဇာတအရင်းအမြစ်များကို မတရားအမြတ်ထုတ် ဂုတ်သွေးစုပ်လိုကြသော
ဒေသတွင်းနိုင်ငံတစ်ချို့နှင့် ခရိုနီလက်သစ်ပြည်တွင်စီးပွါးရေး သမားတို့ကို အခွင့်ရစေသလို စစ်အာဏာရှင်စနစ်ကို ပြန်လည်ပြီးဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကြောင့်
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြသော
ရဟန်းရှင်လူပြည်သူများကို တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းကြရမည်ဖြစ်ပါသည်။
မြန် မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သဘာဝအရင်းအမြစ် ပွားများသော်လည်း
ထိုအရင်းအမြစ်များကို အာဏာရှင်များက မိမိကိုယ်ကျိုးအတွက်
နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသောကြောင့် ပြည်သူများမှာ
ဆင်းရဲငတ်ပြတ်ပြီး ဒုက္ခရောက်နေကြရသည်မှာ ယနေထိပင်ဖြစ်သည်။ ထိုကြောင့်ထို အကျင့်ဆိုး စနစ်ဆိုးများကို အမှန်တရားလိုလားသော မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုးလားကြသည်မှာ သဘာဝမှန်ကန်သောသစ္စာတရားပင်ဖြစ် သည်။သမိုင်းစဉ်တစ်လျှောက်
ဆိုးဝါးသော ဒဏ်ကိုခံစားခဲ့ကြရသော မြန်မာ ပြည်သူများကို
အုပ်ချူပ်သောအစိုးရက မည်သည်အခါမှ မသက်ညှာခဲ့ပေ။ယခုလည်း နယ်စပ်ဒေသဖြစ်သော
ကချင်ပြည်နယ်တွင် အကြီးမားဆုံးထိုးစစ်ကို ပြင်ဆင်ပြီး
ဒေသခံကချင်လူမျိုးများကို လက်နက်အားကိုးဖြင့် မတရားနိက်စက်
အနိုင်ကျင့်နေခြင်းသည် လက်ရှိအစိုးရ၏ အလုပ်နှင့်အပြော
မညီခြင်းကိုပြနေပေသည်။တကယ်ဆိုလျှင် မိမိတိုနှင့် နှစ်ရှည်လများလွတ်လပ်ရေးတိုက်ပွဲ ၀င် ခဲ့ကြသော ကိုယ်ညီနောင်တိုင်းရင်းသားများ ကို အမြော်အမြင်ရှိရှိ သဘောထားပြည့်ဝစွာဖြင့် ဆွေးနွေးအဖြေရှာသင့်ပေသည်။
သန်းတင် ARAKAN TIMES
Posted on 6:46 PM
ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူ ပြန်စတင်
သတင်း — February 16, 2013 at 11:32 am
ပင်လယ်ရေ မြင့်တက်နေတာကြောင့် ဇန္န၀ါရီလ ၂၀ ရက်နေ့ကနေ တူးဖေါ်မူကို ရပ်နားထားရာကနေ မနေ့က ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ပင်လယ်ရေ ပြန်ကျသွားပြီ ဖြစ်တဲ့ အတွက် လှေကြီးကို ဖေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အခုတွေ့ရှိတဲ့ ရခိုင်ရှေးဟောင်းလှေကြီးဟာ အလျားပေ ၇၂ ပေရှိပြီး အနံ အကျယ်က ၂၃ ပေရှိပြီး ဗမာဘုရင် ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကို ၀င်ရောက် သိမ်းပိုက်တဲ့ ၁၇၈၄ ခုနှစ်က ရခိုင်မိသားစုတွေ ဘင်္ဂလာကို ထွက်ပြေးလာရာမှာ အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အ၀ကျွန်း ဒေသခံ အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဦးသာစိန်က ၁၇၈၄ ခုနှစ် ရခိုင်ပြည်မှာ ရက်စက်စွာ သတ်ဖြတ်မူတွေကြောင့် ရခိုင် မိသားစု ၁၅၀ ခန့်ဟာ လှေကြီးတွေကို အသုံးပြုပြီး အဲဒီဒေသကို ထွက်ပြေးလာတယ်လို့ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တာကြောင့် သမိုင်းအရ တန်ဖိုးရှိတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက လှေကြီးကို ပြန်လည် ဖေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခု တူးဖေါ်မူကို ဦးဆောင်နေတဲ့ ရှေးဟောင်း လှေတွေကို တူးဖေါ်နေတဲ့ အဖွဲ့ ခေါင်းဆောင် Yves Marre ကတော့ ဒီတူးဖေါ်မူကို စိန်ခေါ်နေတာကတော့ တန်သုံးဆယ်ကျော်ခန့်လေးတဲ့ လှေကြီးကို မြေပေါ်ကို မယူနိုင်ရေးဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရှေးဟောင်းလှေကြီးကို လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က မြန်မာ- ရခိုင် အခေါ် အ၀ကျွန်းဒေသ (ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ) ဂင်္ဂါမတီမြစ် အနီးက ပင်လယ်ကမ်းစပ်မှာ ရေတွေကျသွားချိန်မှာ သဲသောင်ပြင်က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ NARINJARA
Posted on 5:40 PM
ကျောက်ဖြူ မွတ်ဆလင် ဒုက္ခသည်များ ထွက်ပြေး
သတင်း — February 16, 2013 at 11:48 am
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်တလုံး မွတ်ဆလင် ကယ်ဆယ်ရေး ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၁၂ ဦး ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောက်တစ်လုံးရှိ ဆားပြင်ကွင်း ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှ ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
“ ဒီလ ၁၃ ရက်နေ့ က ထွက်ပြေးသွားတာပါ။ အဲဒီ ထွက်ပြေးသွားတဲ့ အကြောင်းကို ကျွန်တော် အထက်အရာရှိတွေကို အကြောင်းကြားထားပါတယ်။ ခုတော့ အဲဒီ ကယ်ဆယ်ရေးစခန်းကိုသွားပြီး ကျောက်ဖြူမြို့ ရဲအုပ် မြင့်ခင်တို့ အဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်” ဟု ဆိုသည်။
ထွက်ပြေးသွားသူများမှာ နူရ်ဆလင် (ခ) တင်မောင်လှ (၃၅နှစ်)၊ ကျော်အေးနိုင် (၁၈နှစ်)၊ ညီလေး (၂၅ နှစ်)၊ ဘိုတာ (ခ) သိန်း အောင် (၃၅ နှစ်)၊ မာမက်ရော်ဖီး (ခ) ဇော်လင်းထွန်း (၁၅နှစ်)၊ ရော်ဖီး (ခ) မြထွန်း (၂၀)နှစ်၊ ပျောက် ကျား (ခ) မောင်စော တင် (၄၀ နှစ်)၊ ဂျာကေ (ခ) မောင်လှ (၃၀နှစ်)၊ မျိုးအေး (၂၆နှစ်)၊ အာမီအူးဆောင်း (ခ) မောင်လှသိန်း (၂၂နှစ်)၊ ချိုလေး (၁၃နှစ်)၊ ကာဒယ် (ခ) မောင်မောင်ချေ (၁၇ နှစ်)တို့ ဖြစ်သည်။
ထွက်ပြေးရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးသော်လည်း စခန်းမှ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။
“ အဲဒီနေ့ ညနေ ၇နာရီခွဲအချိန်မှာ အဲဒီလူတွေဟာ ကယ်ဆယ်ရေးစခန်းလမ်းမပေါ်မှာ ရှိနေသေးတယ်။ ဒါကြောင့် သူတို့ကို ကယ်ဆယ်ရေးစခန်းထဲကို ၀င်ကြဖို့ စခန်းက ဆယ်အိမ်မှူး ဦးရွှေသိန်းက ပြောခဲ့တယ်လို့ ပြောတယ်။ ညအိပ်ရာဝင်ရမယ့် ညဥ့် ၁၂ နာရီထိ စခန်းထဲကို ရောက်မလာတာကြောင့် လိုက်လံ ရှာဖွေတဲ့ခါ မတွေ့တော့ဘူးလို့ ဆယ်အိမ်မှူး ဦးရွှေသိန်းက ထွက်ဆိုပါတယ်” ဟု ဆိုသည်။
ထွက်ပြေးသွားသူများအထဲမှ ၂ ဦးကိုသာ ပြန်ဖမ်းမိပြီး ကျန် ၁၀ ဦးမှ ပျောက်ဆုံးနေသဖြင့် ကျောက်ဖြူ ဒေသခံများ အကြား စိုးရိမ်မူလည်း တိုးပွားနေသည်ဟု သိရသည်။
ထွက်ပြေးသွားသူများကို ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု သတင်း ရရှိသည်။ NARINJARA
Posted on 5:36 PM
ကမ်းထောင့်ကြီးကျေးရွာပိုင် ရွာလယ်မြေကွက် နဂိုအတိုင်းထားရှိရန် ရွာသားများလိုလား
သတင်း — February 16, 2013 at 4:47 pm
ရခိုင်ပြည်နယ်မှ ကျေးရွာကြီး တစ်ရွာ ဖြစ်သော မြေပုံမြို့နယ် ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်မြေကွက်ကို သက်ဆိုင်ရာက အိမ်ဆောက်ရန် ရောင်းချနေသဖြင့် ကျေးရွာသားများက ၎င်းမြေကွက်ကို နဂိုအတိုင်းသာ ထားရှိလိုကြောင်း ရွာသားများ သတင်းပေးပို့ရာတွင် ဖေါ်ပြသည်။
လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကမ်းထောင့်ကြီးကျေးရွာ ရွာလယ်ရှိ မြေကွက်လပ်ထဲမှ အကျယ် (၆၀ပေ၊ ၄၀ ပေ) မြေကွက် တစ်ခုအား ကျေးရွာ အုပ်ချုပ်ရေး စာရေး၏ ညီဖြစ်သူကို ကျပ်ငွေ သိန်း (၃၅) သိန်းဖြင့် ရောင်းစားထားပြီး ကျန်မြေကွက် တစ်ခုကိုလည်း အုပ်ချုပ်ရေးမှူး၏ အစ်ကို ဖြစ်သူကို ပေးအပ်ထားသည်ဟု ကျေးရွာသားများက ဆိုသည်။
အဆိုပါ မြေကွက်များကို လွန်ခဲ့သောနှစ် စက်တင်္ဘာလက ရောင်းစားခဲ့သည်ဟု ပြောကြားသည်။
အများပိုင် မြေကွက်ကို ရောင်းချနေခြင်းမှာ မသင့်တော်ကြောင်းနှင့် ကျေးရွာအတွင်း ယခုလုပ်ရပ်ကြောင့် စိတ်ဝမ်းကွဲပြားမူများလည်း ပေါ်ပေါက်နေကြောင်း၊ သို့အတွက် မြေနေရာကို နဂိုအတိုင်း ထားရှိစေလိုကြောင်း ရွာသားများက ပြောဆိုသည်။
၎င်းပြင် ရွာလယ်ရှိ ချင်းမိသားစု(၇) ခု နေထိုင်ရာ မြေကွက်လပ် ၄ ခုအတွက်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ငွေတောင်းစားနေသည်ဟု ချင်းအမျိုးသမီး တစ်ဦးက ပြောသည်။
“ ကျွန်မတို့ ဒီနေရာမှာ နေလာတာ ၁၂ နှစ်ကျော်ရှိပါပြီ။ အဲဒါကို အုပ်ချုပ်ရေးမှူးက ဒီနေရာမှာ နေမယ်ဆိုရင် ငွေပေးရ မယ်၊ ငွေမပေးရင် ဒီနေရာက ထွက်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်လာတော့ ကျွန်မတို့လဲ ထွက်ရမှာကြောက်လို့ ငွေပေး နေတာ ၂သိန်းနီးပါး ရှိနေပါပြီ” ဟု ချင်းအမျိုးသမီး မပွင့်က ဆိုသည်။
အုပ်ချုပ်ရေးမှူးမှာ သြဇာအာဏာ ရှိသူ ဖြစ်သဖြင့် မြေနေရာ ရောင်းစားမူ အပါအ၀င် ငွေကြေး တောင်းစားနေမူများ ရှိနေသော်လည်း ကျေးရွာသားများ အနေဖြင့် အထက်အာဏာပိုင်သို့ တိုင်ကြားရန် ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။
ကမ်းထောင့်ကြီးကျေးရွာတွင် အိမ်ခြေ ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။ NARINJARA
Posted on 5:30 PM
ကျောက်ထုတ်ရန် ကျောက်ဖြူမြို့ သမိုင်းဝင် ဘုရားတည်ရှိရာ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲပြီ
ကျောက်ထုတ်လုပ်မူကို MGC ကုမ္ပဏီနှင့် ဒေသခံ တပ်ရင်းများမှ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။
“ တပ်ရင်း ၅၄၃ နဲ့ MGC ကုမ္ပဏီ တို့က မိုင်းခွဲပြီးကျောက်တွေ ထုတ်နေပါတယ်။ အခုလို ကျောက်ထုတ် နေတဲ့ အတွက် သမိုင်းဝင် ကျောက်တစ်လုံး ဘုရား တည်ရှိရာ ကျောက်တောင်ဟာ နှစ်ပိုင်း ကျိုးသွားမယ့် အခြေအနေကို ရောက်ရှိနေပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သမိုင်းဝင် ရှေးဟောင်း စေတီတော်နှင့် ဂူဘုရားများ တည်ရှိရာ တောင်အား မိုင်းခွဲနေသဖြင့် ကျောက်ဖြူခရိုင် ဥက္ကဌအား ကျောက်ဖြူ လူငယ် အဖွဲ့မှ သွားရောက် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
ဒေသခံ ကျောက်ဖြူ လူငယ် တစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ နေ့တိုင်း မိုင်းခွဲပြီး ကျောက်ထုတ်နေတဲ့ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒီတောင်မှာ ရှေးရခိုင် ဘုရင်များ ခေတ်ကတည်းက ဂူဘုရား ၅၄ ပါးကို ကျောက်တောင်ကို ထွင်းထု တည်ဆောက် ထားခဲ့ပါတယ်။ ဒါကြောင့် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်အဖွဲ့က သွားရောက် တင်ပြပေမယ့် ခရိုင် ဥက္ကဌတို့က ဘာမှ အရေးတယူ ဆောင်ရွက်ပေးတာ မရှိဘဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။
သမိုင်းဝင် ကျောက်တစ်လုံး ဘုရားကို ကောဇာ သက္ကရာဇ် ၈၉၈ ခုနှစ်က မင်းဗာ ဘုရင် တည်ထားကိုးကွယ်ခဲ့ပြီး ကျောက်တောင်တွင် ဂူဘုရား ၅၄ ပါးကို ထွင်းထုထားခဲ့သည်။ အဆိုပါ ဘုရားသည် ကျောက်ဖြူမြို့မှ ၃ မိုင်ခွဲ အကွာတွင် တည်ရှိသည်။
ယခုအခါ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲပြီး ကျောက်ထုတ်လုပ်နေမူကြောင့် ကျောက်ဖြူ ဒေသခံများ အကြားတွင်လည်း အထူး စိတ်မချမ်းသာဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။
“ အခု တစ်မြို့လုံးက မကျေမနပ် ဖြစ်နေကြတယ်။ အခု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကိုလည်း တိုင်ကြားထားပြီ။ ခုလို သမိုင်းဝင် ဘုရားနေရာကို ဖျက်ဆီးနေတာကို မရပ်ရင် မြို့နယ် တစ်ခုလုံးက လူတွေ ဆန္ဒပြသွားကြဖို့ စီစဉ်နေပါတယ်” ဟု ဦးသန္တာမောင်က ဆိုသည်။
၎င်းပြင် ယခုကဲ့သို့ ရခိုင်သမိုင်းဝင် ဘုရား တည်ရှိရာ ကျောက်တစ်လုံးတောင်ကို မိုင်းခွဲဖျက်ဆီးနေမူနှင့် ပတ်သက်ပြီး ရခိုင် သံဃာတော်များ၊ ပြည်သူများမှလည်း ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြရန် နိုးဆော် သွားမည်ဟု ဆိုသည်။
မြန်မာအာဏာပိုင်များသည် ရခိုင်အမျိုးသားများ၏ အဖိုးမဖြတ်နိုင်သော သမိုင်း အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် အစား မထိန်းသိမ်း မစောင့်ရှောက်သည့် အပြင် အကြောင်းအမျိုးမျိုးပြကာ ဖျက်ဆီးနေသဖြင့် ရခိုင်သမိုင်း အမွေအနှစ်များမှာ တစ်ခုပြီး တစ်ခု ဆုံးရှုံးနေကြရသည်ဟု သိရသည်။ NARINJARA
Posted on 5:22 PM
Thursday, February 14, 2013
ရခိုင်ပြည်နယ်၌ တတိယမြောက် ပဋိပက္ခဖြစ်မည်ကို နှစ်ဘက်စိုးရိမ်
မိုးဝေ
ရခိုင်ပြည်နယ်တွင် ၂၀၁၃ နှစ်ဆန်းမှစ၍ ဖြစ်ပွားခဲ့သည့်နေရာကွက်ကြား အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသည့် ရခိုင်လူထုမှာ အလားတူအဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်။
လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပေါ်ခဲ့သော မောင်တောမြို့နယ်နှင့်မြောက်ဦြး
ဖေဖော်ဝါရီ(၁၀)ရက်နေ့ကလည်း မောင်တောမြို့နယ် ငါးခူးရကျေးရွာအုပ်စု ယောင်ဘွေကျေးရွာတွင် အကြမ်းဖက်မှု တစ်ခုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့၍ သုံးဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
“တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ကို ပို့လိုက်ပါတယ်’’ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
ထို့ကြောင့် မောင်တောမြို့ခံများမှာ စိုးရိမ်မှုဖြစ်ပေါ်နေခြင်းဖြစ်ပြ
“ အခုအချိန်မှာအကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင
လက်ရှိအနေအထားတွင် ပဋိပက္ခဖြစ်စဉ်များကြောင့် ဘေးဒဏ်သင့်ဒုက္ခသည်များအတွက် ပြန်လည် နေရာချထားရေး ကိစ္စဆောင်ရွက်နေရဆဲဖြစ်သည့်အချိ
၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခဖြစ်စဉ်များကြောင်း သေဆုံးသူ ၅၀ ရှိခဲ့ရာ ၊ ထိခိုက်ဒဏ်ရာ ရသူ ၅၄ ဦးနှင့် အဆောက်အဦး ၂၂၃၀ ဆုံးရှုံးခဲ့ရပြီး ဒုတိယ အကျော့ အောက်တိုဘာလတွင်လည်း သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၁၃၆ ဦး ပျက်စီးသွားသည့် အဆောက်အဦး ၅၃၅၁ လုံးရှိခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည် တစ်သိန်းကျော် ရှိသည်။
ထို့အပြင်အရေးအခင်းကာလအတွင်းကလည
၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၂၉ရက်နေ့ကလည်း ရန်ကုန်မြို့ အမေရိကန် သံရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အချို့ ရခိုင်အရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
လက်ရှိတွင်စစ်တွေမြို့နယ်ရှိ ဒုက္ခသည်များအား ဒုက္ခသည်တန်းလျား ဖြင့်နေထိုင်ခွင့်ပေးထားရာ ၄င်းတို့ အတွက် အိမ်ရာများကိုလဲ ယခုလ အစောပိုင်းမှ စတင်တည်ဆောက်ပေးလျှက်ရှိသည်။
သို့သော် ၂၀၁၂ ခုနှစ်တစ်ကျော့ ပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ဘေးဒဏ်သင့်ဒုက္ခသည်များ အတွက် ဒုက္ခသည်စခန်းတန်းများ ဆောက်လုပ်ရန် စီစဉ်ဆောင် ရွက်နေရဆဲဖြစ်သည်။
ဖေဖော်ဝါရီလ (၁၁)ရက်တွင် စစ်တွေမြို့သို့ နှစ်ရက်တာ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကွင်တားနား ခရီးစဉ်အတွင်း ယမန်နေ့က စစ်တွေဟိုတယ်တွင် ရခိုင်နှင့် ဘင်္ဂါလီနှစ်ဘက် တွေ့ဆုံခဲ့သော်လည်း ရလာဒ်ကောင်းများဖြစ်မလာခဲ့သည်ကု
အဆိုပါ နှစ်ဘက် ဆွေးနွေးပွဲတင် ရခိုင်လူထုမှာ လက်ရှိဘင်္ဂါလီလူဦးရေထက် အဆမတန်များပြားလာမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင
အေးချမ်းမွန်မှ Myit Makha Mediagroup တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။ FACEBOOK
Posted on 6:46 PM
တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ
Arakan Red shared Myanmar Online News's photo.
Thursday, February 14, 2013
တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။
ထိုသို့ မီးရှို့ သက်သေ၍ ဆန္ဒပြ ခြင်းသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၁ဝဝ ဦး
မြောက် ဖြစ်ပါသည်။ ထိုသို့ မီးရှို့ သတ်သေခြင်း နှင့်ပတ်သက်၍ အိန္ဒိယရှိ တိဘက်ပြည်ပြေး အစိုးရက တရုတ် အစိုးရအပေါ် ပြစ်တင် ဝေဖန်မှု
ပြုလုပ်ခဲ့ပြီး ၎င်းကိစ္စရပ် အပေါ် နိုင်ငံတကာ အစိုးရ အသိုက်အဝန်းမှ အလေးထားရန် တောင်းဆိုမှု ပြုလုပ်ခဲ့ ပါသည်။
လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် မရှိခြင်း၊ သို့မဟုတ် ဆန္ဒပြခွင့် မရှိခြင်းကြောင့် တိဘက်များသည် မိမိကိုယ်ကို မီးရှို့ သတ်သေရန်
ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိဘက်ပြည်ပြေး အစိုးရ၏ ဝန်ကြီးချုပ် Lobsang Sangay က ပြောကြားခဲ့ ပါသည်။ FACEBOOK
Posted on 6:42 PM
ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့
ချင်းမိုင်(မဇ္စျိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံး
အကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းမှာ
နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေး
အဖွဲ့ KIO က ဆိုသည်။
ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ၇ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင်
မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည်ဟု ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြုံရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးဇော်ဒွဲက ပြောသည်။
“ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ထွက်လာမယ်။ ကား ၇ စီး ရောက်လာမယ်လို့ သိရတယ်။ ကျနော်တို့က တက်လာပြီဆိုပြီး နားလည်ထားတာ။ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ လုံခြုံရေး ယူပေးမယ်ဆိုပြီး
ရှေ့တန်းတပ်ဖွဲ့တွေကို ညွန်ကြားထားတယ်” ဟု မဇ္ဈိမကို ပြောသည်။
နိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားသည်ဟု သိရကြောင်းလည်း သူက ဆိုသည်။
“နိုင်ငံခြားသား နှစ်ဦးပါလို့ နေပြည်တော်ကို မေးထားတယ်။ သူတို့ကို မသွားခိုင်းဘူး။ မနက်ဖြန်မှ သေချာမယ်ထင်
တယ်။ နဂိုက နိုင်ငံခြားသား ပါမယ်ဆိုတာ မသိလို့ထင်တယ်။ ဒီနေ့တော့ မလာနိုင်ဘူးလို့ ပြောတယ်” ဟု ဆက်ပြော
သည်။
မြန်မာအစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုလ အကူအညီအား ပထမဆုံး
အကြိမ်အဖြစ် ရရှိမည်ဖစ်၍ ကြိုဆိုကြောင်း သူက ဆက်ပြောသည်။
သို့သော် မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂ အဖွဲ့မှ ဒေါက်တာစည်သူကမူ “ကျနော်တို့ ဒီနေ့တော့ မထွက်လာသေးပါဘူး။ ကျနော်တို့ဘက်က လုပ်စရာလေးတွေ ရှိနေသေးလို့ပါ ”ဟု မဇ္စျိမကို ပြောသည်။ မည်သည့် အကြောင်းအရင်း
ကြောင့် အသွားရောက်နိုင်သည်ကိုမူ ပြောဆိုခြင်း မရှိပေ။
ဖားကန့်မြို့သို့ စစ်ပြေးဒုက္ခသည်များအား သွားရောက် လှူဒါန်းမည်ဟု သိရသော်လည်း ခွင့်ပြုချက်မရသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်ဟု ဖားကန့်
နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘောင် တူးဂျာ က “ခွင့်မပြုလို့ မနက်ဖြန်၊ သဖက်ခါ သူတို့ ကြိုးစား
ကြည့်မယ်လို့ ပြောတယ်” ဟု ပြောသည်။ မည်သူက ခွင့်မပြုကြောင်းကိုမူ မသိရဟု ဆိုသည်။
ဖားကန့်မြို့ပေါ် ငှက်ပျော်တော၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီဆာ စသည့် ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွင်းရှိ စစ်ပြေးဒုက္ခသည် စခန်း ၃၆ ခုတွင် ဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေသည်ဟု သိက္ခတော်ရ ဆရာဘောင်တူးဂျာက ပြောသည်။
အစိုးရ စစ်ကြောင်းများ လှုပ်ရှားနေသဖြင့် လုံခြုံရေး စိတ်မချရ၍ စစ်ပြေး ဒုက္ခသည်များက မိမိနေရပ်သို့ မပြန်ရဲဘဲ
ဖြစ်နေကြသည်ဟု ဆိုသည်။
ငှက်ပျော်တော ကက်သလစ်ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၁,၇၀၀ ကျော် ခိုလှုံနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေချိန်အတွင်း ကုလသမဂ္ဂမှ ကူညီမည်ဟုသိရသဖြင့် ကြိုဆိုကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဦးနော်ဂျာ က ပြောသည်။
“အကူအညီပေးတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ လူတွေက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်တဲ့လူ ပိုများလာတယ်။ စိတ်ဆင်းရဲ တာတွေ၊ သူတို့ ကိုယ်ကာယ စိတ်ဆင်းရဲ အစစအရာရာ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ် ဆိုတာတော့ ကြိုဆိုရမှာပါ” ဟု မဇ္စျိမကို ပြောသည်။ MIZZIMA
Posted on 6:30 PM
Subscribe to:
Posts (Atom)


![ပေါက်တောမြို့နယ်သည် ထိုင်းတောင်ပိုင်းကဲ့သို့ ဖြစ်နေပြီလော [ဓါတ်ပုံသတင်း]
By Ko Tun (Ma-nya-ka)
ပေါက်တော ၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ဓါတ်ပုံသတင်း]
ဓါတ်ပုံရည်ညွှန်းစာသား - (၀ဲဘက်ပုံ) ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ဆယ်နာရီခန့် တွင် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းပေါ်ရှိ မညင်းကိုင်းကျေးရွာမှ ဆွမ်းချိုင့်လာပို့သူ အလှူရှင်များအား ကြိမ်နီပြင် ဘင်္ဂါလီစခန်းအနီးရှိ “မာလာတော်ဓါတ်” စေတီတော်မြတ် ပြုပြင်မွမ်းမံ ရေစက်ချအခမ်းအနား သို့ မြန်မာစစ်သားအချို့က တောလမ်းမှ ဦးဆောင်ခေါ်ယူ လိုက်ပို့နေကြစဉ်။
ဓါတ်ပုံရည်ညွှန်းစာသား - (ယာဘက်ပုံ) ၂၀၁၁-ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းတောင်ပိုင်း ပတ္တနီပြည်နယ် က Leamnok ကျေးရွာ၌ သံဃာတော်များ ဆွမ်းခံထွက်ရာတွင် ထိုင်းစစ်သားများက လိုက်ပါစောင့်ရှောက် ပေးကြရပုံ။
======================
ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း (ခေါ်) ပိန္နဲချောင်းကျွန်းပေါ်ရှိ မာလာတော်ဓါတ် ပြုပြင်မွမ်းမံခြင်းကို အလှူရှင် ဗိုလ်မှူးစောလင်းဆောင် က ဦးဆောင်လှူဒါန်းပြီး ကမကထပြုလုပ်ရာ၊ ထို့အတွက် ရေစက်ချ အမျှပေးဝေခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃)ရက်နေ့က ကျင်းပရာ၌ စေတီတော် အနီးတစ်ဝိုက်တွင် ဘင်္ဂါလီကုလားဦးရေမှာ စိုးရိမ်လောက်ဖွယ်များပြားနေသဖြင့် အလှူရှင်များ နှင့် အခမ်းအနားတက်ရောက်ကြသူများအား အသွားအပြန် လုံခြုံရေး အစောင့်အရှောက် အကြိုအပို့ လုပ်ဆောင်ခဲ့ရသည်။
စစ်တွေမြို့ ရူပရပ်နေ ဒေါ်ဒါဇံဖြူ နှင့် သားသမီးမိသားစုများက အဓိကပါဝင်လှူဒါန်းပြုပြင်မွမ်းမံကြသော ဤစေတီတော်မြတ်မှာ ကုလားဦးရေထောင်ပေါင်းများစွာရှိနေပြီဖြစ်သော ကြိမ်နီပြင် ဘင်္ဂါလီစခန်းနှင့် တစ်ပြမျှသာ ဝေးကွာသည့်အပြင်၊ ထိုနေရာနှင့် တောင်ကြောတစ်ဘက်တစ်ချက်တွင် အလားတူ ဘင်္ဂါလီ ထောင်ပေါင်းများစွာ ရောက်ရှိနေကြသော အနောက်ရွဲ ဘင်္ဂါလီစခန်းရှိနေသည်။
ယင်းနှင့်မလှမ်းမကမ်းတွင်လည်း ဆင်တက်မော်ကုလားရွာကြီးရှိနေလေရာ ဤနေရာတစ်ဝိုက်ရှိ ဒေသခံရခိုင်လူမျိုးများမှာ ယခုကဲ့သို့ အလှူအတန်းကိစ္စ တွင်သာမက နိစ္စဒူဝ ကဏန်းရှာ ငါးဖမ်း အလုပ်များကိုပါ မလုပ်နိုင်ကြသည်မှာ လပေါင်းများစွာ ရှိသွားပြီဖြစ်သည်။
ထိုကဲ့သို့ ဒေသခံများမှာ အစစအရာရာ စိုးရိမ်ကြောင့်ကြနေကြရသည့်အတွက် ပေါက်တောမြို့နယ်သားပေါင်း (၆၅၅၀) ဦး လက်မှတ်ရေးထိုးကာ ထိုဘင်္ဂါလီများအားပြောင်းရွှေ့ပေးပါရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ အသနားးခံစာတစ်စောင်ကို ပြီးခဲ့သည့် ဇွန်န၀ါရီလ (၃၁) ရက်နေ့ကပေးပို့ခဲ့သည်။
ဘင်္ဂါလီဆူပူမှုနှစ်ကျော့အတွင်း ဘင်္ဂါလီကုလားများ သည် မိမိတို့ လူဦးရေအသာစီးရသည့်နေရာများထံ ပြောင်းရွှေ့စုစည်းနေကြသည့် ဗျူဟာကို ကျင့်သုံးခဲ့ကြသည်။
[ ဓါတ်ပုံ နှင့် သတင်း ကို ကိုထွန်း(မညက) က Coral Arakan အတွက် ရိုက်ကူးရေးသား ပေးပို့သည်။ ]](https://sphotos-b.xx.fbcdn.net/hphotos-prn1/s480x480/154868_558369357515976_68397322_n.jpg)



