Wednesday, August 28, 2013
Real Arakan People Literature Archaeology History ရခိုင်က အကိုကြီးလား ဗမာက အကိုကြီးလား ကိုယ့်ကိုကိုယ်တွေးပေတော့
Posted on 6:47 PM
“ မြောက်ဖျားမှလွင့်ပျံလာတယ် ”
Kyaw Hlaing and Aung Thant Sin shared Mungdung La's photo.
“မြောက်ဖျားမှလွင့်ပျံလာတယ်”
===================
စစ်တဲ့ လက်ညှိုးထိုးတတ်သူတစ်စု လောဘတွေပွားလို့ ဒေါသတွေထားလို့ မောဟတွေပွားလို့ ငါတို့ သွေးတွေ ချွေးတွေ မျက်ရည်တွေ မျှော်လင့်ချက်တွေ ဒုက္ခတွေ သိန်းသန်း ကိန်းကဏန်းချလို့ဖြင့်မရနိုင်……
“မြောက်ဖျားမှလွင့်ပျံလာတယ်”
စစ်တဲ့
လက်ညှိုးထိုးတတ်သူတစ်စု
လောဘတွေပွားလို့
ဒေါသတွေထားလို့
မောဟတွေပွားလို့
ငါတို့ သွေးတွေ ချွေးတွေ မျက်ရည်တွေ
မျှော်လင့်ချက်တွေ
ဒုက္ခတွေ သိန်းသန်း
ကိန်းကဏန်းချလို့ဖြင့်မရနိုင်……
ဟော့ဟိုမှာ စီးဆင်းနေတာ
သားမဲ့မိခင်တို့ရဲ့ မျက်ရည်မြစ်
မိဘမဲ့သားတို့ရဲ့ သောကမြစ်
လင်မဲ့မယားတို့ရဲ့ ဒုက္ခမြစ်
တို့တွေ အားလုံးရဲ့ သွေးနီမြစ်…..
ဟော့ဟိုမှာ လွင့်ပျံသွားတာ
သားမဲ့မိခင်တို့ရဲ့ အားနဲ့ထီး
မိဘမဲ့သားတို့ရဲ့ အနာဂတ်
လင်မဲ့မယားတို့ရဲ့ မျှော်လင့်ချက်
တို့တွေအားလုံးရဲ့ ပြန်လမ်းမဲ့ဝိဥာဉ်တွေ……
တွေ့လား….
မိုးမလုံတဲ့ ဗီနိုင်းစအောက်မှာ
ချမ်းတုန်နေတဲ့ သားမဲ့မိခင်……
တွေ့လား….
ညီမငယ်ရဲ့ တစ်နပ်စာအတွက်
ကျည်ခွံကောက်ရောင်းတဲ့ အမိမဲ့သား…..
တွေ့လား….
သားကျွေးမှုအတွက်
မွေးရာပါကို ရင်းနှီးတော့မယ့် လင်မဲ့မယား……
ကျောင်းမရှိတော့တဲ့ သံဃာတော်က
“ကိုယ့်ဝမ်းတောင် မနိုင်တဲ့ ဒုက္ခသည်တွေကြား
ဆွမ်းဘယ်ဘယ်လို ခံစားမလဲ”….တဲ့……
ချက်ပေါ်အင်္ကျီတိုနဲ့ ချေး(ဂျီး) အထပ်ထပ် ကလေးငယ်က
“ဟိုနားက မီးကျွမ်းတိုင်လေး သုံးငုတ်ဟာ
သားတို့စာသင်ကျောင်းပေါ့ ”..…တဲ့……..
မျက်စေ့မှုန်မှုန် တုန်ချိချိအမေအိုက
“ဟိုနားက ဗုံးချိုင့်ကြီးဟာ
မင်းအဘိုးရှိတုန်းက လုပ်တဲ့လယ်ပေါ့ကွယ်” ….. တဲ့
သစ်ကိုင်းခြောက်ချိုင်းထောက်နဲ့
“ဟိုနားက အုတ်ပုံမို့မို့ဟာ
နှစ်ကိုယ်တူ သစ္စာဆိုရာ စေတီသာပေါ့”…. တဲ့
………………………………………………………
……………………………………………………..
ကျီး နဲ့ လဒ ပျော်ပါးတို့
ငါတို့ အားလုံးပေးဆပ်ခဲ့တယ်
နိုင်သူလည်းရှုံး ရှုံးသူလည်းရှုံး
ဂုဏ်တက်ဖို့ တစ်ကွက်မပါ
ထိုးကြွေးခံ နယ်ရုပ်တွေဘဝ
ပဲ့ကြွေကျတဲ့ မြေဇာပင်တွေ……..
ဟိုတောင်ဖျားမှာ အုံ့မှိုင်းနေတာ
မီးခိုးတွေလား….
ငါတို့ မျက်လုံးတွေ မျက်ရည်သီနေလို့လား……
အုတ်ပုံနဲ့ တိုင်ငုတ် တွေကြား
တွေ့ခဲ့ရတာက
မီးကျွမ်းနေတဲ့ သံလွင်ခက်
ကျည်သင့်ထားတဲ့ ချိုးငှက်ဖြူ
အရည်ပျော်နေတဲ့ စည်းနဲ့ဝါး
ကျောက်ဖြစ်သွားတဲ့ လောကနတ်
ပြီးတော့
အသက်တွေ အရှက်တွေ
သွေးကွက်နဲ့ မျက်ရည်များ….............
(သုဆက်လင်း)
Posted on 6:20 PM
အသားအရောင်အလိုက် ဆင်းရဲချမ်းသာ ကွာဟနေမှု အိုဘားမားထောက်ပြ
TEXT SIZE
ကိုသိန်းထိုက်ဦး
29.08.2013
အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုရဲ့
သမိုင်းမှတ်တိုင် ထူခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၅၀) ပြည့်ခဲ့ပါပြီ။
တန်းတူအခွင့်အရေး ရရှိဖို့ ဒေါက်တာ မာတင် လူသာကင်း ဦးဆောင်ပြီး
ဝါရှင်တန်မြို့တော်ကို ချီတက်လှုပ်ရှားခဲ့တဲ့ နှစ်ပတ်လည်နေ့မှာတော့ အမေရိကန်
ပြည်ထောင်စုက ပထမဆုံး လူမဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း
တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။ နှစ်ပေါင်း ၅၀ ကြာ တန်းတူအခွင့်အရေး
လှုပ်ရှားမှုတွေ ဒီကနေ့အချိန်မှာ ဘယ်အခြေအနေအထိ ရောက်နေပြီလဲ ဆိုတာကိုတော့
ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ က အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ပြီး တန်းတူရေးအတွက် ၀ါရှင်တန်မှာ ချီတက်ခဲ့ကြတဲ့ ချီတက်ပွဲက ပေးခဲ့တဲ့ သင်ခန်းစာကတော့ အမေရိကန် ပြည်သူတွေဟာ သမိုင်းအမှားကြားမှာ ပိတ်မိနေသူတွေ မဟုတ်ဘူး၊ ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်၊ ကိုယ့်ဘာသာ ဖန်တီးနိုင်သူတွေ ဖြစ်တယ်ဆိုတာ ပြသခဲ့တာပါဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုပါတယ်။
ဝါရှင်တန်မြို့တော် သမ္မတဟောင်း လင်ကွန်းရဲ့ ရုပ်ထုကြီးရှေ့မှာ ကျင်းပတဲ့ အခမ်းအနားကို လူတွေ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ မာတင် လူသာကင်းရဲ့ မိသားစုဝင်တွေအပြင် အမေရိကန် သမ္မတဟောင်း ကလင်တန်၊ သမ္မတဟောင်း ဂျင်မီကာတာတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေရော၊ လွန်ခဲ့တဲ့နှစ် ၅၀ က စိတ်ဓာတ်တွေကို ပြန်လည်ခိုင်မာအောင် အသက်သွင်းဖို့ ပြောသွားခဲ့တဲ့ အော်ပရာ ၀င်းဖရီး (Opera Winfrey)၊ ဂျင်မီ ဖော့စ် (Jimy Fox) တို့လို ထင်ရှားတဲ့ သရုပ်ဆောင်တွေ၊ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတွေ အခမ်းအနားမှာ တက်ရောက်ပါတယ်။ သမ္မတဟောင်း ဘေလ် ကလင်တန်က အခမ်းအနားမှာ အခုလို ပြောပါတယ်။
“နိုင်ငံရေး ယုံကြည်မှုအတွက် ရိုက်တာနှက်တာ သတ်တာဖြတ်တာ ပစ်ခတ်တာမျိုး ကျနော်တို့ မကြုံရတော့ပါဘူး။ နိုင်ငံရေးအရ ဘေးကျပ်နံကျပ် ဖြစ်စေဖို့အတွက် မဟုတ်ဘူးဆိုတာကို ကျနော် လေးလေးစားစား ပြောချင်ပါတယ်။ စောဒက တက်နေကြတာတွေကို အဆုံးသတ်ပြီး အမေရိကန် လူထုအတွက် နောက်ပြန်ဆွဲနေတဲ့ ဂိတ်တံခါးတွေကို ကျနော်တို့ ပုခုံးနဲ့ တိုက်ပြီး ဖွင့်ကြရမယ့် အချိန်တန်နေပါပြီ။”
လူတိုင်းဟာ တန်းတူညီမျှ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ ဖန်တီးခံထားရသူတွေ ဖြစ်တယ်။ လွတ်လပ်စွာ အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခွင့် ဒီလို အမှန်တရားနဲ့ အခြေခံမူတွေကို ဖန်တီးသူတွေ ကိုယ်တိုင်က ပေးဆပ်ထားခဲ့တယ်ဆိုတဲ့ တချိန်က မာတင် လူသာကင်း ပြောခဲ့တဲ့ အသုံးအနှုန်းတချို့ကို ပြန်လည် သုံးနှုန်းရင်း သမ္မတ အိုဘားမားက အဓိက မိန့်ခွန်းထဲမှာ ပြောသွားခဲ့တာပါ။
အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ပေးဆပ်မှုတွေ အများကြီးနဲ့ စွန့်လွှတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ခက်ခဲတဲ့ အတွေ့အကြုံတွေက ရခဲ့တဲ့ သင်ခန်းစာတခုကတော့ တခါတုန်းက ဖရဒ်ရစ် ဒေါက်ဂလပ်စ် (Frederick Dogulas) ပြောခဲ့သလိုပါပဲ။ လွတ်လပ်ရေးဆိုတာ သူများက ပေးတာမဟုတ်ဘူး။ ရုန်းကန်လှုပ်ရှားမှု၊ စည်းကမ်းရှိမှု၊ ခိုင်ကျည်မှု၊ ယုံကြည်မှုတွေနဲ့ ရယူရတာ ဖြစ်တယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားခဲ့တာပါ။
“သူတို့ အခုလို ချီတက်ခဲ့လို့ နိုင်ငံသား အခွင့်အရေး ဥပဒေတွေကို အတည်ပြုနိုင်ခဲ့တာပါ။ သူတို့ အခုလို ချီတက်ခဲ့တဲ့အတွက် မဲပေးခွင့် အခွင့်အရေးတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ သူတို့ ဒီလို ချီတက်ခဲ့တဲ့အတွက်လည်း သူတို့ သားသမီးတွေအတွက် အခွင့်အလမ်းနဲ့ ပညာရေးဆိုင်ရာ မျှော်မှန်းချက်တံခါးတွေ ပွင့်လာခဲ့ပြီး၊ သူများရဲ့ အ၀တ်လျှော်ပေးရ၊ ဖိနပ်တိုက်ပေးရတဲ့ ဘ၀ကနေ ရုန်းထွက်နိုင်ဖို့ စိတ်ကူးယဉ်နိုင်ခဲ့တာပါ။”
ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း လူမဲတွေအတွက် စိတ်တောင်မကူးနိုင်ခဲ့ဘူးလို့
ပြောရမယ့် အောင်မြင်မှုတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း လူမဲတွေအကြား အလုပ်လက်မဲ့ဦးရေ အရေအတွက်ဟာ လူဖြူ အလုပ်လက်မဲ့နှုန်းနဲ့စာရင်
နှစ်ဆလောက် ပိုများနေပြီး လက်တင်အမေရိက တိုက်သားတွေရဲ့ အလုပ်လက်မဲ့နှုန်းက နောက်မှာ ကပ်နေတဲ့အကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုကလည်း နည်းမသွားဘဲ ပိုတောင်မှ ကြီးလာခဲ့တယ်လို့ သမ္မတ အိုဘားမား က ထောက်ပြပါတယ်။
အတိတ်က ကျနော်တို့ ရတဲ့ သင်ခန်းစာတွေဟာ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို မွေးဖွားစေခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခက်အခဲတွေကြားမှာ ဒီတိုင်းပြည်ကို ချစ်မြတ်နိုးသူတွေက ဖြစ်အောင် ပြောင်းလဲခဲ့ကြပါတယ်ဆိုပြီး သမ္မတ အိုဘားမား အခုလို ပြောဆိုသွားခဲ့ပါတယ်။
“ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို ကိုးကွယ်ကြတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေ အတူတကွ ညီရင်းအကို စိတ်ဓာတ်မျိုးနဲ့ လက်တွဲမယ်ဆိုရင် ကျနော်တို့ ကျော်ဖြတ်မယ့် တောင်တန်းတွေလည်း နိမ့်ဆင်းသွားပါလိမ့်မယ်။ ကြမ်းတမ်းတဲ့ မြေပြင်တွေလည်း ညီညာပြန့်ပြူးသွားပါလိမ့်မယ်။ ကွေ့ကောက်တဲ့ နေရာတွေကလည်း သာယာလှပစွာနဲ့ ဖြောင့်တန်းသွားမှာ သေချာပါတယ်။ အရင် အနစ်နာခံ ပေးဆပ်ခဲ့ကြသူတွေ ယုံကြည်လက်ခံခဲ့ကြတဲ့ ဒီတိုင်းပြည်ဟာ ဘုရားသခင်ရဲ့ တခုတည်းသော တိုင်းပြည်၊ ခွဲခြားမှုတွေ မရှိနိုင်တဲ့ အားလုံးအတွက် လွတ်လပ်ခြင်းနဲ့ တရားမျှတမှုရှိတဲ့ တိုင်းပြည်၊ ဒီတန်ဖိုးထားမှုတွေရှိတာ သေချာခဲ့ပြီဆိုတာကို ကျနော်တို့ အခိုင်အမာ ပြောနိုင်မှာဖြစ်ပါတယ်။”

Posted on 5:34 PM
မလေးရှား ( အထူးသတင်းပါ )
လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင် အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကိ
ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ ရေလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံး ပူးပေါင်းရှာဖွေမည့် အင်အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။
ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့် သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထာ
ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ
ထို့အပြင် တရားမဝင်အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင
ယခုစီမံချက်အတွက် တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက်အထားများကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင် ကြော်ငြာထားပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။
ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော သူများအားလုံးကို အဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့မျိုးမှ ပေးမည်မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်း
အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်းမပြည့်စုံသူများဖြစ
ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ်
ထပ်မံပြီးတရားမဝင်နေထိုင်သူများ
ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက် ပျောက်ကွယ်သွားရမည်ဖြစ်ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှဆက်လက်ပုန်းအောင်းနိုင်မည
၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှတရားမဝင်နေထို
တရားမဝင်နေထိုင်သူများအတွက် ကာကွယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထားသည့်အတွက် မည်သူမျှ ကာကွယ်မပေးစေလိုကြောင်းကို ...။
အလုပ်ရှင်များအားလုံးသိစေရန်မှာ
လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန်
Source : http://www.thestar.com.my/
Ref : မလေးရှားရောက် မြန်မာများ
Posted on 5:31 PM
ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့ စတိုက် မယ်
နေပြည်တော်၊ သြဂုတ် ၂၇
ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ
တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။ ကြာသပတေးနေ့ နံနက်
လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး
အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့ 
လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။
ဒီနောက် မှာ တော့ ဗြိတိသျှ တော်ဝင် လေတပ် ၊ လတ်တလော မာလီ မှာ
လေကြောင်း တိုက် ခိုက် မှု အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ပြင်သစ် လေတပ် တို့  နဲ့  အတူ အမေရိကန် တိုက် လေ ယာဉ် တွေ က ဆီးရီးယား နိုင်ငံ ထဲ ကို ၀င် ရောက် တိုက် ခိုက် မှာ ဖြစ် ပါတယ်။
သုံးရက် ကြာ တိုက် ခိုက် မယ့် ဒီစစ်ပွဲ ဟာ ဆီးရီးယားက ပြိုင် ဘက် တွေ ကို နှိပ် ကွပ် ရာ မှ နိုင်ငံ တကာ က တား မြစ် ထား တဲ့ ဓာတု လက် နက် တွေ ကို အသုံး ပြု လို့  ဖြစ် ပါတယ်။
နှစ် နှစ် ကြာ ဆီးရီးယား အုံကြွမှု မှာ အာဆဒ် အစိုးရ က လူ တစ်သိန်း ကျော်
လောက် ကို သတ် ဖြတ် ခဲ့ ပါတယ်။
ပုံ မှာ တွေ့ ရ တာ က တော့ ဆိုက်ပရပ်(စ) ကို နောက် ဆုံးရောက် ရှိ လာတဲ့
လေယာဉ် တင် သဘောင်္ ကြီး ဖြစ်ပါတယ်။
Posted on 5:18 PM
Monday, August 26, 2013
ဤသေတမ်းစာကြောင့် ဗမာလူမျိုးသည် ပြည်ထောင်စုတိုင်းရင်းသားများ ကို ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်ခဲ့ကြပါသလော.
ဤသေတမ်းစာသည် ဗမာအမျိုးသားခေါင်းဆောင် သခင်ကိုယ်တေ...ာ်မှိုင်းမှ သူမကွယ်လွန်မှီ ဗမာခေါင်းဆောင် တချို့အား အမှာ ထားခဲ့သော သေတမ်းစာဖြစ်သည်။
ရခိုင်ကို အထင်သေးမိလို့ ဗမာဦးခေါင်းအနောက်ကို ညွတ်ခဲ့ရတယ်။ ဒီတော့ရခိုင်ကို ဘယ်တော့အခါမှ အထင်မသေးနှင့်။ အတိတ်က ဖြစ်ရပ်ကိုကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇဝင်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွှေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ ဆွမ်းဆောင်တတ်ရမယ်။
ရှမ်းဆိုတဲ့လူမျိုးတွေလည်း တောင်ပေါ်နေ တောင်ပေါ်စား၊ သူတို့အထက်ကဆိုရင် ငှက်ပျံသွားတာကိုလည်း မလိုချင်ဘူး။ မလျှော့တဲ့ဇွဲဟာ ရှမ်းတွေမှာရှိတယ်။ ဗမာကို ရာဇဝင်ကြည့်ပြီး ဓါးသွေးတိုက်ရမယ်ဆိုတဲ့ စကားပုံဟာ တစ်နေ့နေ့တော့ ဒီပြဿနာ ပေါ်လာမယ်။ တောင်ပေါ်သားဟာ တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ် သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွား လာခဲ့ရင် ဒါဟာဗမာ့ရန်သူဘဲ။ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။
ကရင်ဆိုတာလည်း တို့တတွေရဲ့ စိတ်မချနိုင်တဲ့ စကားပြောရင် ပြောသလိုလုပ်တတ်တဲ့ ဝါဒရှိတယ်။ ဒါဟာရန်သူတစ်မျိုးဘဲ။ ဘဝကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန် ဝါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကျပ်လိမ့်မယ်။
ဓါးရှည်၊ ဓါးချွှန်တွေကိုကိုင်ပြီး ရေခဲတောင်မှာ ပျော်ပိုက်တဲ့ ကချင်တွေကလည်း မန္တလေးကိုတောင် သူတို့မြို့ဆိုပြီး တောင်ဘက်တစ်ခွင်ကို သူတို့ဒေသဖြစ်ဖို့ ရည်မှန်းထားတယ်။ သူတို့က ပင်လယ်ငါးကို စားမယ်တဲ့။ မင်းတို့ဗမာတွေရဲ့ သခင်ဘဝကို ရအောင် ဖန်တီးမယ်တဲ့။ ဘယ်လိုပဲဆိုဆို ငါတို့တစ်တွေဟာ လက်ဦးထားဖို့က အရေးကြီးတယ်။ မညှာနဲ့ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။
သမိုင်းရှည်ပြီး တိုးတက်ခဲ့တဲ့ မွန်ဆိုတာလည်း ယနေ့ ဗမာတွေအောက် ရောက်နေပေမယ့် ဒဂုံဆိုတာ မွန်စကားဖြစ်လို့ ရန်ကုန်မှာ မွန်နန်းဆောက်မယ်တဲ့။ မွန်တွေရဲ့သတ္တိကို ရွှေတိဂုံဘုရားမှာ မြင်စေရမယ်တဲ့။ ဆိုလိုတာကတော့ကွာ ရန်ကုန်ဆိုတာ မွန်ပြည်ဖြစ်ရမယ် ဆိုတာပဲ။ အတိတ်က သူပိုင်တယ် ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ။ ရှိနေသလိုဘဲ ထိန်းထား တတ်ရမယ်။ မွန်ဆိုတာ သည်းမခံတတ်ဘူး။ မလိုလားရင် တော်လှန်တတ်တယ်။
ဒေါင်းအတောင်ခတ်ရင် တောရှင်းရမယ်။ ဘယ်သူ့ကိုမှ ဒေါင်းအောင်လံအောက်က မလွတ်စေရဘူး။ ဒေါင်းအောင်လံကိုဘဲ ငါသိတယ်။ ဒေါင်းကိုပယ် ဘာကိုမှ ငါမလိုလားဘူး။ တို့ဗမာတွေကလည်း သူတလို ငါတမင်းနဲ့ ညီညွတ်မှု မရှိကြဘူး။ အချင်းချင်း ညီညွတ်မှုရှိမှ သာယာမယ်။ ဗမာ့နိုင်ငံရေး အာဏာကို ထိန်းထားနိုင်မယ်။ ပုဂ္ဂိုလ်အချင်းချင်း မကြေနပ်မှုကို နိုင်ငံရေးမှာ မရောထွေးသင့်ဘူး။
ဒီတော့ ငါမသေခင်နောက်ဆုံးမှာခဲ့ချင်တယ်
ပြည်ထောင်စုတိုင်းရင်းသားအားလ
Posted on 7:20 PM
မြောက်ဦးမြို့နယ် ပေါင်းတုတ်ကုလားရွာတွင် ဆိုင်ကယ်စီးလာသော ရခိုင် များအား ဓါးဖြင့်လိုက်လံခုတ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်
မြောက်ဦးမြို့နယ် ပေါင်းတုတ်ကုလားရွာတွင် ဆိုင်ကယ်စီးလာသော ရခိုင် များအား
ဓါးဖြင့်လိုက်လံခုတ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်
==========================
မြောက်ဦး၊ သြဂုတ်- ၂၆
ယနေ့ နေ့လည်ပိုင်းက မြောက်ဦးမြို့နယ်၊ပေါင်းတုတ် ကုလားရွာအား ဖြတ်ဆိုင်ကယ်စီးယင်းဖြတ်သွားစဉ်
ဘင်္ဂလီများက ဆိုင်ကယ်စီး၍သွားနေ သော ရခိုင်သုံးဦးအား ၀ိုင်းပြ...ီး
ဓါးဖြင့် လိုက် လံ ခုတ်သ ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြော င်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့သူများအား သက်ဆိုင်ရာရဲဌာန မှ ယာယီဖမ်းဆီးပြီး ဘင်္ဂလီများအား ထပ်မံ ခိုက်ရန်မဖြစ်စေရေး သွားရောက် တားဆီးတားခဲ့ကြောင်းသိရသည်။
ယင်းသို့ပြဿနာဖြစ်ပွားခဲ့သဖြင့် ရခိုင်တစ်ဦး ၏ လက်တွင်ဒဏ်ရာ ရရှိခဲ့
ကြောင်းနှင့် အဆိုပါပေါင်းတုတ်ရွာသည် ကားလမ်း၏ တစ်ဘက် တစ်ချက်တွင်
တည်ရှိနေသဖြင့် ရခိုင်တိုင်းရင်းသား ခရီးသွားလာရန် စိုး ရိမ်
နေရသည့်အနေအထားတွင်ရောက်ရှိနြေေ ကာင်းလည်းသိရှိရပါသည်။
RSV သတင်းမှ
==========================
မြောက်ဦး၊ သြဂုတ်- ၂၆
ယနေ့ နေ့လည်ပိုင်းက မြောက်ဦးမြို့နယ်၊ပေါင်းတုတ် ကုလားရွာအား ဖြတ်ဆိုင်ကယ်စီးယင်းဖြတ်သွားစဉ်
ယင်းနှင့်ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့သူများအား သက်ဆိုင်ရာရဲဌာန မှ ယာယီဖမ်းဆီးပြီး ဘင်္ဂလီများအား ထပ်မံ ခိုက်ရန်မဖြစ်စေရေး သွားရောက် တားဆီးတားခဲ့ကြောင်းသိရသည်။
ယင်းသို့ပြဿနာဖြစ်ပွားခဲ့သဖြင့်
RSV သတင်းမှ
Posted on 6:18 PM
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ နှစ်ဘက် ကိုယ်စားလှယ်တွေ့ဆုံ
(နိရဉ္စရာ – ၂၆ သြဂတ်စ် ၂၀၁၃)

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ နှစ်ဘက် ကိုယ်စားလှယ် များသည် အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီ Arakan National Party ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး စစ်တွေတွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီက စစ်တွေရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုရုံးတွင် ကျင်းပ ပြုလုပ်ရာ ပါတီ တစ်ခုမှ ကိုယ်စားလှယ် (၅) ဦးကျစီ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ALD မှ ဦးကျော်မြင့် ဦးဆောင်သော ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် ဦးထွန်းညို၊ ဦးဘကျော်၊ ဦးလှမြင့် တို့ ပါဝင်သည်။
RNDP ဘက်မှ ဦးခိုင်ပြည်စိုး ဦးဆောင်သော ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် ဒေါ်အေးနုစိန်၊ ဦးစံကျော်လှနှင့် ဦးခင်မောင်ကြီးတို့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပါတီဖွဲ့စည်းပုံ မူကြမ်းနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ALD အဖွဲ့ ခေါင်းဆောင် ဦးကျော်မြင့်က ပြောသည်။
“ ALD နဲ့ RNDP ပါတီ နှစ်ပါတီ တပါတီ ပေါင်းစည်းရေး ကိစ္စ မှတ်ပုံတင်ရေး အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဒီလ သြဂတ်စ်လ ၃၁ ရက်နေ့ နောက်ဆုံး အပီး လုပ်ဆောင်မှာ ဖြစ်တာကြောင့် ကျနော်တို့ ပါတီက ကိုယ်စားလှယ်တွေ RNDP ပါတီရှိတဲ့ စစ်တွေကို လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီနေ့ လာဆွေးနွေးတာက နှစ်ပါတီ ပေါင်းစည်းလိုက်တဲ့ Arakan National Party ပါတီ အတွက် ဖွဲ့စည်းပုံကို လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီတွင် တာဝန် ထမ်းဆောင်မည့် ကိုယ်စားလှယ် ၁၅ ဦး စာရင်းအား ဆွေးနွေးပွဲတွင် RNDP ပါတီ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်ဟု သိရသည်။
ပေါင်းစည်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး RNDP ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးမှလည်း အားရ ကျေနပ်မူရှိကြောင်း ပြောကြားသည်။
“ တက်ရောက်လာတဲ့ နှစ်ဘက် ကိုယ်စားလှယ်တွေက အမျိုးသား ပါတီ တစ်ခု ပေါ်ပေါက်ရေး အတွက် အားတက်သရော အပြုသဘောဆွေးနွေးကြတာကြောင့် အခု ပြုလုပ်တဲ့ ပေါင်းစည်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အားရ ကျေနပ်မူ ရှိပါတယ်” ဟု ဆိုသည်။
အပြီးသတ် ပေါင်းစည်ရေးမှာ လာမည့် စက်တင်္ဘာလ တတိယပတ် အတွင်း အပြီး သတ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။
ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးခဲ့ပြီး ALD က တင်ပြသော ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ပြန်လှန်သုံးသပ်ကာ နောက်လာမည့် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။

Posted on 5:11 PM
Sunday, August 25, 2013
ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
( In News Myanmar )
ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး
ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ
တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။
Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ
့ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး
သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ
နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ 
ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ
မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက်
ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။
၂၀၀၉
ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ
ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို
သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက
တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို
တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက
ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း
တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး
စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့
ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့
ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း
တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်
အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ
တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ
ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar
( In News Myanmar )
ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။
Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။
၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar
Posted on 7:01 PM
ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ
အမေရိကန် သမ္မတ အိုဘားမား ကနေ ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်ပြီး ဘာလုပ် မလဲ ဆိုတာကို စဉ်းစား နေချိန်မှာ အမေရိကန် ရေတပ် ကတော့ မြေထဲ ပင်လယ် အရှေ့ပိုင်းမှာ သူတို့ရဲ့ ရေတပ် အင်အားကို တိုးချဲ့ ချထား လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ် ရေး ဝန်ကြီး ချက်ခ် ဟဲဂယ်လ်က ပြောကြား ပါတယ်။
ဆီးရီးယား အစိုးရ အနေနဲ့ ဓာတု လက်နက် သုံးတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် မစ္စတာ အိုဘားမားဟာ စစ်ရေး အရ ဆောင်ရွက်ဖို့ တောင်းဆို လိုက်တယ် လို့ မစ္စတာ ဟဲဂဲလ်က ပြောပါတယ်။
အဲဒီ အရှေ့မြေထဲ ပယ်လယ် ထဲကို စတုတ္တမြောက် စစ်သင်္ဘော တစီး ဝင်ရောက် သွားပြီ လို့ အမေရိကန် ကာကွယ်ရေး အရာ ရှိတွေက ပြောပါတယ်။
ကုလသမဂ္ဂ လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ ထိပ်တန်း အရာရှိ အန်ဂျလာကိန်း ကတော့ ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကပ်ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
ဆီးရီးယားမှာ ဓာတု လက်နက်သုံး တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ နေရာတွေကို သွားရောက် စစ်ဆေးခွင့် ရရေး သမ္မတ အာဆတ် အစိုးရကို အန်ဂျလာကိန်း ကနေ ဖိအား ပေး နားချမှာ ဖြစ်ပါတယ်။
ဆီးရီးယား အစိုးရ ကနေ အရပ်သားတွေ အပေါ် ဓာတု လက်နက်တွေ သုံးပြီး ဂူတာ ဒေသ ဘက်မှာ တိုက်ခိုက် တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေ ထွက်ပေါ် လာခဲ့တာ ဖြစ်ပြီး၊ အစိုးရ ကတော့ မဟုတ်ကြောင်း ငြင်းဆိုထား ပါတယ်။
နောက်သတင်း တပုဒ်မှာတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒမားစကပ် ဆင်ခြေဖုန်း နေရာကို အစိုးရ စစ်သားတွေ ကနေ ဝင်ရောက် ခဲ့ရာမှာ ဓာတု လက်နက်တွေ တွေ့ခဲ့ ရတယ်လို့ အစိုးရ ရုပ်သံ ကနေ ကြေညာသွားပါတယ်။
ဓာတု လက်နက်တွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။ facebook
Posted on 6:43 PM
Nhyar Seimkhine အေတေးခြင်းကို ရီးစပ်ထားစွာက ကြာပါဗျာယ်...ယကေလေ့ ခိုင်က မိုနိုစီးရီးအတွက် အသံသွင်းထားစွာပါ...ယင်းစီးရီးမှာ အဆိုတော် ကိုမောင်ကိုကိုနန့်ခိုင် နှစ်ယောက်ဆိုထားစွာစီးရီးပါ...မထုတ်ဖြစ်သိလို့ပါ..အေစီးရီးကို ထုတ်ဖို့လို့ စဉ်းစားနိန်ပါရေ..
Posted on 6:20 PM
Saturday, August 24, 2013
Friday, August 23, 2013
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဋ္ဌါန ၀န်ကြီး ဦးခင်ရီကို ဦးခိုင်အောင်ကျော်မှ နယူးယောက်မြို့ မှာ မေးမြန်းခဲ့ စဉ် ခုလို ဖြေကြားသွားပါတယ်-
Posted on 6:28 PM
Wednesday, August 21, 2013
အဆမတန် ဈေးကြီးပေးလိုက်ရတဲ့ အောင်ပွဲ တဲ့။
(Pyrrhic victory in Myanmar)
ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။
(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။
(၂) မြန်မာ့ တပ်မတော် သမိုင်းမှာ ခေတ်အမီဆုံး နဲ့ အင်အား အများဆုံး ထုတ်သုံးတဲ့ တိုက်ပွဲ ဖြစ်တယ်။ (တပ်အင်အား = တပ်မ ၃၃၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နဲ့ မြောက်ပိုင်းတိုင်း နယ်မြေခံ တပ်ရင်းများ၊ လက်နက်ကြီး ၁၀၅မမ၊ ၁၂၀ မမ၊ Mi-35 ရဟတ်ယဉ်၊ ဂျက် တိုက်လေယဉ်များ)
(၃) ထိုးစစ်ဆင်တဲ့ ဗျူဟာသည်၊ ၁၉၈၀ ကျော်တုန်းက ရုရှားက အာဖကန်မှာ တိုက်ခဲ့တုန်းက ဗျူဟာ နဲ့ ဆင်တူတယ်။ (လေယဉ်သုံးတဲ့ နည်း နဲ့ မြေပြင် တက်တဲ့ နည်းတွေမှာ တူတယ်။)
(၄) အပြင်းထန်ဆုံး တိုက်ပွဲကာလ ဒီဇင်ဘာ ၁၄ မှ ဇန်န၀ါရီလ ၂၄ အထိ။
(၅) ၂၀၁၁ ဇွန်လမှ နောက်ဆုံး အချိန်ထိ မြန်မာ စစ်တပ်ဖက်က ကျဆုံးသူ စာရင်း အနဲဆုံး ၅၀၀၀ လောက်ရှိ။ အမေရိကန် စစ်တပ်ရဲ့ အီရတ် နဲ့ အာဖကန်နစ္စတန် နှစ်နိုင်ငံ ကျဆုံး စာရင်းထက်များ။
(၆) မြန်မာ့ တပ်မတော် တပ်မှူးများရဲ့ စိတ်ဓါတ်ရေးရာ ကျဆင်းမှုများကို ဒီတိုက်ပွဲမှာ ရလဒ်အဖြစ် တွေ့ရ။ (အဂတိ လိုက်စားမှု၊ အမျိုးသမီး အပျော်ကျူးမှု၊ အရက်သေစာသောက်စားမှု၊ ကိုယ်ပိုင်စီးပွါးရေးမှာ စိတ်ဝင်စားမှု)။
(ရ) လိုင်ဇာ ပတ်ဝန်းကျင် တောင်ကုန်းများကို တပ်စွဲထားနိုင်တယ် ဆိုပေမယ့် တကယ်တန်း လိုင်ဇာ ကို ၀င်မယ် ဆိုရင်တော့ အခုလက်ရှိ ကျဆုံးမှု စာရင်းထက် ပိုတဲ့ ပေးဆပ်မှု မလွဲမတွေ ကြုံ တွေ့နိုင်ကြောင်း။
(ဂ) ဒီ စစ်ပွဲဟာ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်လှန့်ထားသလို ဖြစ်။ အထူးသဖြင့် ၀ တပ်ဖွဲ့အတွက် ပိုပြီး ခိုင်မာတဲ့ ခံစစ်များအတွက် အကောင်းဆုံး ပြင်ဆင်မှု ပေးလိုက်ကြောင်း။
(၉) ကြည်း၊ လေ၊ လက်နက်ကြီး တပ်များကို စုပေါင်းပြီး စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်မှု မရှိခြင်းကို တွေ့ရ။
Posted on 6:34 PM
Subscribe to:
Posts (Atom)