Tuesday, July 23, 2013

ပထမအကြိမ်မြောက် ပြည်ထောင်စုတိုင်းရင်းသား ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်များ ဂါရ၀ပြုပွဲ အောင်မြင်စွာ ကျင်းပပြီးစီး


( နိရဉ္စရာ- ၂၃ ဇူလိုင် ၂၀၁၃) / မောင်နီမိုး
မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဆုံးအကြိမ် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဓနု၊ လားဟူအစရှိသည့်တိုင်းရင်း သားဝါရင့် နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု ပူဇော်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဂါရ၀ပြုခံ ၀ါရင့်နိုင်ငံရေးသမား ၃၁ ဦးဖိတ်ကြားခဲ့သော်လည်း ကျန်းမာရေးနှင့် အခြား အကြောင်းအမျိုးမျိုးတို့ကြောင့် စုစုပေါင်း ၂၁ ဦးသာ တက်ရောက် နိုင်ခဲ့သည်ဟု သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ၀ါရင့်နိုင်ငံရေး  ခေါင်းဆောင်များက ပြည်ထောင်စု စိတ်ဓါတ် အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထိုသို့ ပြောကြားရာတွင် ရှမ်းအမျိုးသားခေါင်းဆောင် စိုင်းအောင်ထွန်းက “ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဟိုတစ်ဖွဲ့နဲ့ တမျိုးပြော၊ ဒီတစ်ဖွဲ့နဲ တမျိုးပြောလုပ်နေလို့ မရဘူး။ ကာတွန်းတစ်ခု ကပြော ထားတယ်။ အဲဒီ ကာတွန်းမှာ ရှမ်းကလေး တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်ထောင်ကို သွားနှိပ်ကြည့်တယ်။  ဟေ့.. မင်းဘာနှိပ်သလဲတဲ့ ဗိုလ်ချုပ်က မေးတယ်။ အဲဒီမှာ ရှမ်းကလေးက ဘာပြန်ပြောသလဲ ဆိုရင် သြော်..ဗိုလ်ချုပ်.. ပင်လုံစာချုပ် ဗိုလ်ချုပ် အိပ်ထဲများ ပါသွားသလားလို့ နှိပ်ကြည့်တာပါလို့ ဖြေသွားတယ်။”
ဒါ့ပြင် သူက စိတ်ဓါတ်ကြောင့် ပင်လုံ စာချုပ်ဖြစ်လာတယ်။ ပင်လုံ စာချုပ်ကြောင့် စိတ်ဓါတ် ဖြစ်လာတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တယ်။ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ပင်လုံ စာချုပ် ကြောင့် လွတ်လပ်ရေး ရခဲ့တယ် ဆိုတာပါပဲ။ဒါကြောင့် ဒီပင်လုံ စိတ်ဓါတ်ကတော့ ဘယ်လို အကြောင်းနဲ့မှ ဖျောက်ဖျောက်ပစ်လို့ မရနိုင်ဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောကြားသွားသည်။
ပအိုဝ့်အမျိုးသားခေါင်းဆောင် ခွန်စိန်ရွှေကလည်း “ သူတို့က ပြောကြတယ် ကျနော်တို့ ဟိုမှာတော့ ဟိုလို လုပ်ခဲ့ပါပြီ။ ဒီမှာတော့ ဒီလို လုပ်ခဲ့ပါပြီ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး မကြာခင် ရတော့မှာပါလို့ မစားရ ၀ခမန်း ပြောတာတွေလည်း ကြားကြမှာပါ။ ဒါတွေလည်းပဲ ကျနော်တို့ပြည်သူလူထု အတွက် ဘာမှ အကျိုးမရှိဘူး။ ရှင်းရှင်းပြောရင် လိမ်ပြောတာတွေများတယ်။ လိမ်တယ်ဆိုတာ ပွင့်လင်း မြင်သာမှု မရှိတာနဲ့ အတူတူပဲ။ ဒါဟာ မရိုးသားတာပဲ ဖြစ်တယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ ၀ါဒကြီး တစ်ခုရှိတယ်။ အဲဒီဝါဒဟာ မဟာလူမျိုးကြီး ၀ါဒလို့ ခေါ်တယ်။ အဲဒီဝါဒကြောင့်ပြည်ထောင်စု အစစ်ကို ပေါ်မလာဘူး” ဟု ပြောကြားသွားသည်။
အခမ်းအနားသို့ တက်ရောက်လာသူ ဒေါ်အောင်ဆန်းစုကြည်ကလည်း  “သစ္စာရှိတယ်ဆိုတာ ယုံကြည်မှု အပေါ် မူတည်ပါတယ်၊ တခြားသူကို ယုံကြည်ရမယ်၊ ကိုယ်ယုံကြည်မယ့်လူသာ သစ္စာထားနိုင်တယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့လူဟာ တခြားလူကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ၊ အဲဒါကို ကျွန်မ ပြောချင် ပါတယ်၊ လွတ်လပ်ရေး ရခါစ ဒီနိုင်ငံဟာ တကမ္ဘာလုံးက လေးစားအထင်ကြီးတယ်။ ဘာမဆို လုပ်နိုင်တယ်၊ ပညာရေး၊ ကျန်းမာရေး စနစ်ကောင်းတယ်၊ ပြည်တွင်းသတင်းစာဆရာ၊ စာရေးဆရာ အဆင်တန်း မြင့်တယ်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ တခြားသူကိုလည်း ယုံကြည်မှုရှိတယ်၊ တိုင်းရင်းသား ညီညွှတ်ရေး ရဖို့ ပင်လုံစိတ်ဓါတ် အခြေခံတယ်၊ ပင်လုံစိတ်ဓါတ်လို့ပြောတဲ့ အခါမှာ တချို့ ပင်လုံစာချုပ်မှာ မပါခဲ့တဲ့ တချို့တိုင်းရင်းသားတွေက သိပ်မကျေနပ်ကြဘူး။  ပင်လုံမှာပါခဲ့တဲ့ တိုင်ရင်းသား အရေအတွက် ဆိုရင်တကယ်တော့ မများပါဘူး။ ဒါပေမယ့် ကျမက စိတ်ဓါတ်ကိုဆိုလိုဟာပါ။ ညီလာခံနဲ့ သဘောတူညီချက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပင်လုံ စိတ်ဓါတ် ရှိဖို့ဆိုတာ ပထမကိုယ့်ကိုယုံ ကြည်မှုရှိဖို့ လိုပါတယ်။ ကိုယ့်ကို ကိုယ် ယုံကြည်မှု ရှိဖို့ဆိုတာ တိုးတက်ဖို့လိုပါတယ်။ လူငယ်များ တတ်အားသမျှ ကိုယ့်ခေတ်ကိုယ့်အခါမှာ ကိုယ့်နိုင်ငံ အတွက် ကိုယ်ဟာဂုဏ်ယူနိုင် တဲ့သူမျိုး။ သစ္စာထားနိုင်တဲ့သူဖြစ်ကြပါစေလို့ ကျမအနေနဲ ဆုမွန်ကောင်းလိုက်ပါတယ်” ဟု ပြောဆိုသွားသည်။
ညီနောင် တိုင်းရင်းသား ပါတီကိုယ်စား ရခိုင်တိုင်ရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှလည်း လက်ရှိ နိုင်ငံရေးအမြင်နဲ့ ပတ်သက်ပြီး ပြောကြားရာတွင် “ ၂၀၀၈ ဥပဒေကို ကြည့်ရင် ဖက်ဒရယ် မစစ်ဘူး၊ အမျိုးသား သူငယ်နာ မစင်ဘူး။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ အတွက် အဓိက ဖက်ဒရယ် စနစ်ကို အာမခံသော၊ ဒီမိုကရေစီ ပီပြင်သော၊ သွေးရင်း သားရင်း တန်းတူညီမျှမှုရသော ဖွဲစည်းပုံကြီး တစ်ခု ပေါ်ပေါက်ဖို့လိုပါတယ်” ဟု ပြောဆိုသွားသည်။
ရခိုင်ဒီမိုကရေစီအဖွဲချုပ်နာယက ဦးသာဘန်းကလည်း“ ၁၇၈၄ခုနှစ် တွင် ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်း လာရောက် တိုက်ခိုက်၍ ရခိုင်ပြည် ကျဆုံးခဲ့ရကြောင်း၊  နတ်မြစ်အနောက်ဘက်ခြမ်း တစ်ခုလုံး တစ်ခြား ပြည်ဘက်သို့ ပါသွားကြောင်း၊  ယ္ခုလက်ရှိ ရခိုင်ပြည် ပြသာနာ အပေါ် အလေးအနက် ထားကြရန်နှင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံမှ ထွက်ပြေး လာကြရသော ရခိုင် မျိုးနွယ်စုများအားလည်း တိုင်းရင်သား ညီအကို မောင်နှမများက ၀ိုင်းဝန်းအကူအညီပေးကြပါလို့ တောင်းဆို ပါတယ်” ဟု ပြောကြား သွားသည်။
တိုင်ရင်းသား လူငယ်များကွန်ယက်မှ ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ကိုနိင်က အခမ်းအနားနှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ပထမ ကျနော်တို့ ဖိတ်ထားတာက ၀ါရင့် နိုင်ငံရေးသမားကြီး (၃၁) ယောက်ပါ။ ဒါပေမယ့် ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဆရာကြီး ဒဂုန်တာရာတို့ဟာ ကျန်းမာရေး မကောင်းလို့ မလာနိုင်ကြပါဘူး။  ဒါကြောင့် (၂၁)ယောက်ပဲ လူကိုယ်တိုင် တက်ရောက် နိုင်ပါတယ်”ဟုပြောကြားသည်။
အခမ်းအနားသို့ မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့်  မွန်ခေါင်းဆောင် နိုင်ငွေသိမ်း၊ ဗမာ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးတင်ဦး၊  ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဦးသာဘန်း၊ ဦးခိုင်စိုး၊ ဒေါက်တာ အေးမောင်၊ ကချင်-အင်ဖန်းဂျလောင်၊ ဒူဝါးခန်ထားယော်၊ ကရင်နီ-ဦးအာပီသောင်း၊ ချင်း-ပူကျင့်ရှင်းထန် ကရင်-မန်းသိမ်းရွှေ၊ မန်းပီတာကြာရင်၊ ရှမ်း-ဗိုလ်ချုပ်ဆေထင်၊ စိုင်းအောင်ထွန်း၊ ပအိုဝ့်-ခွန်စိန်ရွှေ၊ အောင်ခမ်းထီးနှင့် ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ ဦးဌေးကြွယ်နှင့် ကိုမြအေးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ တိုင်းရင်းသား ပေါင်းစုံ   လူပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။    NARINJARA

Monday, July 22, 2013

အာရက္ခ

အငြင်းပွားဖွယ်ဖြစ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံသားဖြစ်မှုတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပေးဖို့ ပျက်ကွက်မှုတွေ ရှိနေပါတယ်။

ပြည်သူ့ခေါင်းဆောင်အချို့ ဘင်္ဂါလီအားပေးလုပ်နေချိန်တွင် ဘင်္ဂါလီနိုင်ငံသားမဖြစ်ရေး ကာကွယ်သည့် ၁၉၈၂ ဥပဒေကို ဘင်္ဂလားဒေ့ရှ် အငြိမ်းစားဗိုလ်ချုပ်က ထောက်ခံ





ပြည်သူ့ခေါင်း...ဆောင်အချို့ ရိုဟင်ဂျာ(ခေါ်) ဘင်္ဂါလီကို ချစ်ပြကြောင်း လုပ်နေချိန်မှာတော့ ဘင်္ဂါလီနိုင်ငံသားမဖြစ်ရေး ကာကွယ်သည့် ၁၉၈၂ ဥပဒေကို ဘင်္ဂလားဒေ့ရှ် အငြိမ်းစားဗိုလ်ချုပ်က ထောက်ခံကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဗြိန်တိန်တွင် ပြောကြားချက်တွေကို ထောက်ခံကြောင်းကိုလည်း ပြောဆိုလာခဲ့ပါတယ်။

“ ၁၉၈၂ ဥပဒေက မြန်မာအတွက်ကို မှန်ကန်တဲ့ဥပဒေပါပဲ။ ရိုဟင်ဂျာဆိုတာ မြန်မာက ဖန်တီးတာလည်း
မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်က ဖန်တီးတာလည်း မဟုတ်ဘူး။ ဒါက ဗြိန်တိသျှလက်အောက်ရောက်ခဲ့စဉ်က စခဲ့တဲ့
ဇာတ်လမ်းပါပဲ။ မြန်မာနိုင်ငံက ၁၉၈၂ ဥပဒေကို ပြဋ္ဌာန်းတယ်။ ဒါက အရမ်းကောင်းတယ်http://www.myanmardailynews.org/2013/07/blog-post_4461.html

ထူးမြတ်တဲ့ဝါဆိုလပြည့်နေ့မှာဂေါဓမမြတ်စော်ဘုရားကိုစားတော်မဟာမုနိဘုရားကြီးကိုဒီသီချင်းနဲအတူဦးညွတ်လိုက်ရအောင်

ထူးမြတ်တဲ့ဝါဆိုလပြည့်နေ့မှာဂေါဓမမြတ်စော်ဘုရားကိုစားတော်မဟာမုနိဘုရားကြီးကိုဒီသီချင်းနဲအတူဦးညွတ်လိုက်ရအောင်

ထူးမြတ်တဲ့ဝါဆိုလပြည့်နေ့မှာဂေါဓမမြတ်စော်ဘုရားကိုစားတော်မဟာမုနိဘုရားကြီးကိုဒီသီချင်းနဲအတူဦးညွတ်လိုက်ရအောင်

မြောက်ဦးမြို. သျှစ်သောင်း ထုက္ကန် အံတော်သိမ် ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဘောလုံးပွဲ ကျင်းပဖို.အတွက် အဖွင်.ပွဲကျင်းပနီပုံ တစ်စိတ် တစ်ပိုင်းပါ .../ ကူးယူဖေါ်ပြပါသည်

ဗုဒ္ဓဂါယာကို ဗုံးနှင့်တိုက်ခိုက်၍ ကော့စ်ဘဇားတွင် ဘာသာကြီး သုံးရပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြ

(နိရဉ္စရာ- ၂၂ ဇူလိုင် ၂၀၁၃) ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခေါ် ဖလောင်းချိတ် ခရိုင်မြို့တွင် ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များက လက်ချင်းချိတ်ပြီး အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာအား ဗုံးခွဲတိုက်ခိုက်မူကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ၎င်းဆန္ဒုပြပွဲအား ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ညီညွှတ်ရေး အဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ယမန်နေ့ ( တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ကော့စ်ဘဇားမြို့ ခရိုင် ကောင်စီ ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂါယာရှိ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ မဟာဗေါဓိနှင့် တစ်ခြား နေရာ နှစ်ခုအား ဗုံးခွဲတိုက်ခိုက်မူကို မိမိတို့ ရှုတ်ချကြောင်း၊ သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အနေဖြင့် အမြန်ဆုံး တရားခံများအား ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့်လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ တရားခံများကို ဖမ်းဆီးရရှိရေး ကူညီရန် တောင်းဆိုကြောင်း စသဖြင့် ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။ ဆန္ဒပြပွဲသို့ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်သိန်း၊ ဒေါက်တာ မယဉ်နုနှင့် ရခိုင်အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။ - See more at: http://www.narinjara.com/burmese/?p=6492#sthash.3TKCKC1g.dpuf

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် Pepsi MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။ "ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။ ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော Watch TV show Dynamo: Magician Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။ "နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

Sunday, July 21, 2013

Who are Rohingyas? ရိုဟင်ဂျာဆိုတာဘယ်သူတွေလဲ??? အဖြေကို နားထောင် ရှာကြည့်လိုက်ပါတော့...။ ရခိုင်အမျိုးသား သမိုင်းပညာရှင်တစ်ယောက်ဟု သိရသည်။ အမည်မသိသေးပါ။

ဒေါ်စုကိုနှိပ်ကွက်ထားတဲ့ရခိုင်တေးခြင်းပါ::::မထင်ရက်ဘူးအမေ