Thursday, February 28, 2013

တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။   ။ တိုင်းရင်းသားလူမျိုးများ စုပေါင်းခြင်းဖြင့် တူညီသော အခြေခံမူများနှင့်အညီ နိုင်ငံရေးဆွေးနွေး သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးမှု လုပ်ငန်းစဉ်
များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် တူညီသော အခြေခံမူများနှင့် အညီ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ပုံမှန် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားများ စုဖွဲ့ထားတဲ့ UNFC ဆိုတာ ရှိတယ်။ အဲဒီမှာ မပါဝင်တဲ့ တချို့ တိုင်းရင်းသား အဖွဲ့တွေ လည်း ရှိတယ်။ အဲဒီမှာ နိုင်ငံရေးမူဘောင်တွေကို အခြေခံပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို သွားဖို့ပါ” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

KNU ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်သည့် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၆ ရက်နေ့ထိ ကျင်းပခဲ့သည်။

အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ
ဆောင်ရွက်သွားမည်ဟုလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဘက်မှ အလွတ်သဘော နှုတ်အားဖြင့် နှစ်ဖက်
ပြန်လည်တွေ့ဆုံရန် ပြောဆိုလာသော်လည်း KNU ဘက်မှ ပြင်ဆင်မှုများ ရှိနေသေး၍ အချိန်အနည်းငယ် ယူရန် လိုအပ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက နှစ်ဖက် တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်များ Code of Conduct နှင့် တပ်ရွှေ့ပြောင်းရေးကိစ္စများကို နောက်ထပ် တွေ့ဆုံသည့်အခါ ဆက်လက် ဆွေးနွေးဦးမည်
ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ခေတ်အဆက်ဆက် လက်နက်ကိုင်
တော်လှန်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP အဖွဲ့တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အပေါ် စိုးရိမ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

“အပစ်အခတ် ရပ်စဲရေးလုပ်တာနဲ့ နိုင်ငံရေးအရ တိုးတက်လာဖို့ လိုအပ်တယ်။ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲလာ မှု မရှိဘဲ ငြိမ်းချမ်းရေးကို ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးဆောင်ရွက်နိုင်တာနဲ့ တပြိုင်နက် နိုင်ငံရေး တိုးတက်ဆွေးနွေးနိုင်ဖို့ အများကြီး မူတည်ပါတယ်” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောဆိုသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေးဆွေးနွေး
နိုင်ရေး ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။    mizzimaburmese.com

လယ်သမားတိုက်ပွဲ မုချအောင်ရမယ်။လယ်တွေကိုမတရားသိမ်းတဲ့ ခရိုနီတွေမှန်သမျှ ကျဆုံးစေရမယ်။

ဧရာဝတီက တုံးမောင်းခေါက်သံ (မိုးသီးဇွန်)

ဧရာဝတီတိုင်းက ငါးသလောက်နဲ့ ငါးပြေမတင် နာမည်ကြီးတာမဟုတ်ဘူး။ လယ်သမားတွေကလဲ အစဉ်အလာကြီးကြ ပါတယ်။ လူသားတွေဖြစ်တဲ့အတွက် ဘယ်လိုတုန့် ပြန်ရမယ်ဆိုတာ နားလည်ကြတယ်။ ဒီမြေပေါ်မှာ အင်ဝဘုရင် မင်း ခေါင်ခေတ်ကနေ ဒီနေအထိ ဒီကန်သင်းရိုးတွေပေါ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ပဒေသရာဇတ်ခေတ်က စစ်ပွဲတွေကို အရင်းခံက မြေယာတော်လှန်ရေးတမျိုးပါပဲ။ မြေယာပိုင်ဆိုင်မှုအတွက် တိုက်ခဲ့ကြတာ။ မြေယာက စီးပွားရေးရဲ့ကျောရိုး ဖြစ်နေတာကိုး၊ စီးပွားရေးစစ်ပွဲလို့လဲ ပြောလို့ရတယ်။

မဆလခေတ်တလျှောက်လုံးကိုလဲ လယ်သမားတွေ တော်လှန်ခဲ့ကြတယ်။ မဆလခေတ်က နေ၀င်း တီထွင်ထားတဲ့ ပေါ်လစီက လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိရမယ် ဆိုတဲ့ ပေါ်လစီဖြစ်တယ်။ လှည့်စားထားတာပါ။ လယ်သမားတွေ လယ် ပိုင်ခွင့် မရှိခဲ့ကြဘူး။ လယ်ယာမြေအားလုံး နိုင်ငံတော်ပိုင်တာပဲ။ နိုင်ငံတော်ကဘယ်သူလဲ။ နိုင်ငံတော်က သူတို့ပဲဖြစ်နေ တယ်။

ဧရာဝတီတိုင်းကို ဖြတ်လေးဖြတ်နဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ကြတယ်။ ၁၉ ၉၂ လောက်မှာလဲ ကေအင်ယူက ဧရာဝတီ တိုင်းကို ထိုးဖေါက်စစ်ဆင်ခဲ့တယ်။ လယ်သမားတွေ လိုက်ပါကူညီခဲ့ကြတယ်လို့ ပြန်လာတဲ့ ကရင်ရဲဘော်တွေ ပြောပြကြ တယ်။

သူတို့ဟာ တိုက်ပွဲအတွေ့အကြုံရှိကြတယ်။ ဧရာဝတီတိုင်းက ရဟန်းပညာရှိနဲ့ လူပညာရှိတွေလဲထွက်တယ်။ အစဉ်အ လာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလဲထွက်တယ်။ ဧရာဝတီတိုင်းကို စော်ကားတဲ့သူတွေဟာ ဧရာဝတီကန်သင်းရိုးမှာ ဇာတ်သိမ်းမလှ ဖြစ်မှာပဲ။ နောက်ကို ခရိုနီတွေခိုင်းတိုင်း မလုပ်ကြဖို့လိုတယ်။ မတရားတဲ့အမိန့်တွေကို မနာခံဖို့လိုတယ်။

ဧရာဝတီတိုင်းက လယ်သမားတိုက်ပွဲကို ချီးကျူးဂုဏ်ပြုပါတယ်။ အကြမ်းဖက်လာသူကို ခုခံလိုက်တာဟာ မှန်ကန်မှုရှိတဲ့အပြင်၊ တရားမျှတမှုလည်းရှိတယ်။

လယ်သမားတိုက်ပွဲ မုချအောင်ရမယ်။

လယ်တွေကိုမတရားသိမ်းတဲ့ ခရိုနီတွေမှန်သမျှ ကျဆုံးစေရမယ်။

(မိုးသီးဇွန်)     HUGAWNG KACHIN

ရခိုင် ကဏန်းပျော့လုပ်ငန်း ပိုမိုအောင်မြင်ရေး အစိုးရမှနည်းပညာနှင့် အရင်းအနှီးပံ့ပိုးရန်လိုအပ်နေ


Written by ဇင်ကီး    Thursday, 28 February 2013 11:04    PDF Print E-mail
DSC08183 copyရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းမှာ အောင်မြင်မှု အထိုက်အလျောက် ရရှိနေသော်လည်း ယခုထက်ပိုမို အောင်မြင်စွာ လုပ်ကိုင်နိုင်ရေးအတွက် အစိုးရ အနေဖြင့် နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့ နယ်မှ ကဏန်းပျော့ ကုမ္ပဏီ များက ဆိုသည်။
"ကျနော်တို့ရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းက အောင်မြင်မှုရှိနေပေမယ့် လုပ်ငန်းပိုအောင်မြင်ဖို့ဆိုရင် နည်းပညာနဲ့ အရင်းအနှီးတွေကို အစိုးရကပံ့ပိုးပေးဖို့လိုအပ် မယ်။ ရခိုင်မှာအရင်က ကဏန်းပျော့လုပ်ငန်း စတင်လုပ်ကိုင်ခဲ့တာ ကျနော်တို့ ရွှေကျောက်ဖြူကုမ္ပဏီပဲ ရှိတယ်။ နောက်ပိုင်းကျမှ တရုတ်ကုမ္ပဏီဖြစ်တဲ့ ရွှေငါးကုမ္ပဏီ ရောက်လာတာပါ။ စလုပ်တဲ့အခါ နည်းပညာအားနည်းမှုကြောင့် ငွေကြေး အကုန်အကျ အရမ်းများခဲ့ပါတယ်" ဟု ရွှေကျောက်ဖြူကုမ္ပဏီ၏ လုပ်ငန်းမန်နေဂျာ တစ်ဦးကပြောသည်။
နည်းပညာအားသာချက်ကိုလိုက်၍ ကဏန်းအမာမှ အပျော့လုပ်ရာတွင် အချိန် နှင့် အသုံးစရိတ်သက်သာ စေသဖြင့် နည်းပညာကောင်းရရှိရန်မှာလည်း လုပ်ငန်းအောင်မြင်ရေးမှာ အခရာကျ ကြောင်းရခိုင် ကဏန်းပျော့ လုပ်ငန်းရှင်များကဆိုသည်။
ရခိုင်ပြည်နယ်၌ကဏန်းပျော့လုပ်ငန်းလုပ်ကိုင်သည့် ရွှေကျောက်ဖြူနှင့်ရွှေငါးကုမ္ပဏီနှစ်ခုသာရှိပြီး၊ ယင်းကုမ္ပဏီ များမှာလည်း ကျောက်ဖြူ တစ်မြို့တည်း တွင်သာရှိသည်။ ထိုသို့ကဏန်းပျော့ လုပ်ငန်း လုပ်ကိုင်သူနည်းပါးရခြင်းမှာ လုပ်ငန်းအတွက် နည်းပညာအပါအ၀င် ရင်းနှီးမြှုပ်နှံငွေ စိုက်ထုတ်လုပ်ကိုင် နိုင်ခြင်း မရှိ၍ဖြစ်ကြောင်း သိရသည်။
"ကဏန်းပျော့လုပ်ငန်း တစ်ခုအတွက် အနည်းဆုံး မြေ(၁၀)ဧက လိုအပ်တယ်။ ကဏန်းအမာတွေကို သိမ်းဆည်းထားရှိမယ့် ပလပ်စတစ် ကဏန်းအိမ် တစ်လုံးကို ငါးရာ ကျပ် နှုန်းနဲ့ ကဏန်းအိမ် အလုံးပေါင်း တစ်သိန်းခန့် အခြေခံ လိုအပ်မယ်။ နောက်ပြီးတော့ ကဏန်းအမာတစ်ကောင်ကို တစ်ရာ ကျပ်ဈေးနဲ့ ကောင်ရေ တစ်သိန်း အတွက်ငွေပမာဏအပြင်၊ အဆောက် အဦးတွေဆောက်လုပ်ရမယ့်စရိတ်၊ ကဏန်းထိန်းကန်တွေ တူးဖော်ရမယ့်စရိတ်၊ ကဏန်းစာ ၀ယ်ယူမယ့်စရိတ်၊ Compressor၊ Freezer ၀ယ်ယူရမယ့်စရိတ်တွေ နဲ့ အနည်းဆုံးခန့်ထားရမယ့် ၀န်ထမ်း လေးဆယ်အတွက် လစာငွေ စတဲ့ အရင်းအနှီးတွေက ကဏန်းပျော့ လုပ်ငန်းတစ်ခု စတင်ရာမှာ မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်"ဟု အဆိုပါ ရွှေကျောက်ဖြူ ကုမ္ပဏီ မန်နေဂျာက ရှင်းပြသည်။
ကျောက်ဖြူ မြို့ရှိ ကဏန်းပျော့ ကုမ္ပဏီနှစ်ခုသို့ ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံ၊ရမ်းဗြဲ၊ တောင်ကုတ် မြို့နယ်များမှကဏန်းဖမ်းရေလုပ်သားများ လာရောက်ရောင်းချသည့် ကဏန်းမာများကို ကဏန်းအိမ် တစ်လုံးမှာတစ်ကောင်ကျစီထည့်ပြီးပြီး၊ရေငန်ဖြည့်ထားသည့် ကဏန်းမွေးကန်မှာ ထားပေးရသည်။ အစာကို
တစ်နေ့ တစ်ကြိမ် ပုံမှန်ကျွေးရသလို၊ ၂နာရီတစ်ကြိမ်ကျစီ ကဏန်းအိမ်တွဲများကို ရှေ့တိုးနောက်ဆုတ် လုပ်ရင်း အရေခွံလှဲထားတဲ့ ကဏန်းပျော့ကို ရှာဖွေရသည်။
ကဏန်းမာကနေ အပျော့ဖြစ်နေသော ကဏန်းကို တွေ့လျင်တွေ့ချင်း ဆယ်ယူပြီး၊ ရေချိုမှာထည့်ပြီးတော့ Compressor ဖြင့် အောက်စီဂျင်ပေးရသည်။ ရေအငန်ဓာတ် သန့်စင်သွားပြီးသည့်အခါ Freezer ထဲမှာထည့်ပြီး အအေးခံထားရသည်။ Freezer ထဲမှာလိုအပ်သည့် ကဏန်းအရေအတွက်ပြည့်သည်နှင့် ကျောက်ဖြူ အအေးခန်းစက်ရုံကို သယ်ယူကာ ထိုမှတဆင့် အအေးခန်းကားဖြင့် ရန်ကုန်သို့ ပို့ဆောင် ပေးကြသည်ဟု သိရသည်။
ရခိုင်ကဏန်းပျော့များကို ရန်ကုန်မြို့သို့ ၃ တန်ဆန့် အအေးခန်းကားများဖြင့် သယ်ယူပြီး၊ နိုင်သိင်္ဂီ ထရေးဒင်းကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံတွင် ဆက်လက်သိမ်းဆည်းထားကာ၊ ဂျပန်နိုင်ငံသို့ တင်ပို့ ရောင်းချခြင်းရှိသလို၊ ပြည်တွင်း၌လည်း ရန်ကုန်မြို့ ဟိုတယ်ကြီးများတွင် ဖြန့်ချီရောင်းချကြကြောင်းလည်း သိရသည်။
"ကဏန်းတွေကိုလေကြောင်းနဲ့တင်ပို့တော့အချိန်တိုတိုနဲ့ဝယ်သူတွေဆီကိုရောက်တယ်။အသေအပျောက်လဲ နည်းတယ်။ လတ်ဆတ်မှု ရှိတဲ့အတွက် ဈေးပိုရတယ်။ ဒါကြောင့် ရန်ကုန်က ဏန်းပျော့တွေကို တချို့က လေယာဉ်နဲ့ပို့နေသလို၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတဆင့် ပို့တာလည်းရှိတယ်။ လေယာဉ်နဲ့ တင်ရင် လေယာဉ်စရိတ်ကကြီးလွန်းတော့ ကျနော်တို့ရခိုင်ကတော့ သင်္ဘောနဲ့ပဲသယ်ပါတယ်"ဟု ရန်ကုန်ဖြန့်ချီရေး
တာဝန်ခံ ကိုမောင်မောင် က ပြောသည်။
ရန်ကုန် ကဏန်းပျော့က တရုတ်နှင့်ထိုင်းဈေးကွက်တွင် နေရာယူထားပြီး၊ ရခိုင် ကဏန်းပျော့ကို ဂျပန်ဈေးကွက် တွင်သာ ရောင်းချခြင်းဖြစ်သည်။ ရခိုင်ကဏန်းပျော့မှာ ပြည်ပ ဂျပန်ဈေးကွက်တွင်သာမက၊ ပြည်တွင်း ရန်ကုန် ဈေးကွက်မှာ ကုန်သည်ကြီးများဟိုတယ်၊ ဟိုတယ်နီကိုးလ် အစရှိသည့် ဟိုတယ်ပေါင်း သုံးဆယ်ကျော်သို့ ဖြန့်ချီ ရောင်းချ ရာတွင်လည်း အောင်မြင် နေကြောင်း သိရသည်။
"Sea Food တွေ ထဲမှာ ရခိုင်ကဏန်းပျော့ဟာ ဥရောပတိုက်သားတွေ အကြိုက်ဆုံးပဲ။ ပြည်တွင်းဈေးကွက်၊ ရန်ကုန်ဟိုတယ်ကြီးတွေမှာတောင် ရခိုင် ကဏန်းပျော့ တစ်ကောင်ပါတဲ့ ကဏန်းပျော့ပေါင်းတစ်ပွဲကို မြန်မာငွေ သုံးထောင်ကနေ ငါးထောင်ထိ ရောင်းပန်းလှနေတယ်"ဟု ရန်ကုန် ဖြန့်ချီရေးကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
ရန်ကုန်ဈေးကွက်တွင်ရခိုင်ကဏန်းပျော့တစ်ကီလိုဝင်ရှစ်ကောင်လျှင် ၈၀၀၀ကျပ် ၊တစ်ကီလိုဝင် ၁၂ကောင် လျှင် ၅၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီး၊ ဂျပန်နိုင်ငံ၏၀ယ်ယူအားကောင်း၍ အမြတ်အစွန်း ကောင်း သော်လည်းဈေးနှုန်းအပြောင်းအလဲများရှိနေသည်ဟုသိရသည်။ လက်ရှိ ပြည်ပဈေးကွက်တွင် ကဏန်းပျော့ တစ်တန်လျှင် ပျှမ်းမျှ အမေရိကန် ဒေါ်လာ ၃၀၀၀ကျော် ဈေးပေါက်နေကြောင်းလည်း သိရသည်။
ရခိုင်ဒေသ ကဏန်းပျော့လုပ်ငန်းကို ၂၀၀၈ ခုနှစ်မှစ၍ ရွှေကျောက်ဖြူကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ ချီကျွန်းတွင်လုပ်ကိုင်လျက်ရှိပြီး၊ ရွှေငါးကဏန်းပျော့ကုမ္ပဏီကမူ တရုတ်လူမျိုးဦးဆောင်လျက် ကျောက်ဖြူမြို့ ငလပွေ့ချောင်းဖျား တောင်ရှည်ကျေးရွာအနီးတွင် လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံက တင်ပို့သော ကဏန်းပျော့များကို ကုန်ကြမ်းအတိုင်း တင်ပို့မှုထက် တန်ဖိုးမြင့် ထုတ်လုပ် တင်ပို့သင့်ကြောင်း၊ လက်ရှိ ကဏန်းများမှာ သဘာဝမှ ဖမ်းဆီးတင်ပို့နေခြင်း ဖြစ်သဖြင့် တချိန်ချိန်တွင် သဘာဝရင်းမြစ်များ ကုန်ခမ်းသွားနိုင်ကာ၊ သယံဇာတ ထိန်းသိမ်းသည့်အနေဖြင့် ၁၀၀ဂရမ်အောက် ကဏန်းသေးများ တင်ပို့နေမှုအား ကိုယ်တိုင် အသိစိတ်ဓါတ်ဖြင့် ပြုပြင်သွားသင့်ကြောင်း ကဏန်း လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။
၂၀၁၂/၂၀၁၃ဘဏ္ဍာရေးနှစ်၊ဖေဖော်ဝါရီလအထိ၊ရန်ကုန်ဏန်းပျော့လုပ်ငန်းရှင်များမှလေကြောင်းလိုင်းဖြင့် ပြည်ပသို့ ကဏန်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂.၆၃၁သန်း၊ တန်ဖိုးမြှင့်ကုန် အဖြစ် ထုတ်လုပ် တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၈.၃၀၈သန်း၊ မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၅.၇၄၆သန်း၊မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၀.၀၁၅သန်း၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၀.၁၉၉သန်း ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇.၃၈၃သန်း
ရရှိခဲ့ပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
DSC08185 copy
DSC08199 copy
DSC08193 copy    ARAKAN TIMES

Wednesday, February 27, 2013

စစ်မနိုင်မြို့တော် အပိုင်း(၂)

အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်

Khaing Zaw Linn
သိမ်းထားတဲ့လယ်တွေ ပြန်ပေးမယ်ဆို... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်...
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ်..
တရားဥပဒေစိုးမိုးရမယ်ဆိုတဲ့ ... တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ ဘာလုပ်မှာလဲ...ချိုမိုင်မိုင်တော့ မကနဲ့နော်....
ပြည်သူ့အသံ ...လွတ်တော်အသံဆိုတဲ့ လွှတ်တော်ကြိးရော... ဒီသေနတ်သံတွေ မကြားရဘူးလား.....ခင်ဗျားတို့ မနက် ညစားနေတဲ့ ထမင်းတွေက ဒီပြည်သူတွေ ဖင်ကြား ရွံ့ဝင်အောင် ရုန်းထားတာဆိုတာ မမေ့ကြပါနဲ့....

မျိုးချစ်မြန်မာ
သိမ်းထားတဲ့လယ်တွေ ပြန်ပေးမယ်ဆို... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်...
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ်..
တရားဥပဒေစိုးမိုးရမယ်ဆိုတဲ့ ... တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ ဘာလုပ်မှာလဲ...ချိုမိုင်မိုင်တော့ မကနဲ့နော်....
ပြည်သူ့အသံ ...လွတ်တော်အသံဆိုတဲ့ လွှတ်တော်ကြိးရော... ဒီသေနတ်သံတွေ မကြားရဘူးလား.....ခင်ဗျားတို့ မနက် ညစားနေတဲ့ ထမင်းတွေက ဒီပြည်သူတွေ ဖင်ကြား ရွံ့ဝင်အောင် ရုန်းထားတာဆိုတာ မမေ့ကြပါနဲ့....

မျိုးချစ်မြန်မာ                 FACEBOOK

ဒီဘ၀မှာ မိသားစု စုံစုံလင်လင်နဲ့ နေခွင့် ရနိုင်ပါဦးမလား

ဝါးနဲ့ပျဉ်သားတွေ ရောနှောပြီးဆောက်လုပ်ထားတဲ့ လူနေအိမ်တွေတော့ အလည်ဗဟိုက ဈေးတန်းကြီးကို ပတ်ပတ်လည်လည် ၀ိုင်းရံလို့ ထားပါတယ်။ လူနေအိမ် နှစ်ရာဝန်းကျင်လောက် ရှိပေမဲ့ အများစုကတော့ ဆိုင်တန်းတွေဖြစ်ပြီး ခရီးသည်တွေနဲ့ ကုန်သည်တွေက အဆက်မပြတ် ၀င်ထွက်သွားလာတဲ့အတွက်မြို့မကျရွာမကျလို့ ဆိုနိုင်ပါတယ်။ ရွာလေးရဲ့ဘေးတဘက်တချက်စီမှာတော့ လှေကားထစ်ပမာ လယ်ကွက်လေးတွေရှိပြီးစိမ်းစိုတဲ့ သစ်ပင်၊၀ါးပင်ကြီးတွေက ရွာလေးကိုနောက်ခံထားပါတယ်။ အဲ့ဒီရွာလေးက ကယား(ကရင်နီ)ပြည် ရှားတောမြို့နယ်ထဲက နန်းအွမ် ဆိုတဲ့ရွာလေးပါ။
လူစည်ကားခဲ့ဖူးတဲ့ နန်းအွမ်ရွာလေးဟာ ၁၉၉၅ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်သွားချိန် စစ်ဆင်ရေးတို့ကြောင့် တရွာလုံး ပြာကျသွားခဲ့ရပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်စဲတာ တနှစ်ဝင်းကျင် ရှိသွားပြီဖြစ်ပေမဲ့ ဒေါ်မေလှိုင်ရဲ့ ခင်ပွန်းသည် အိမ်မပြန်သေးပါဘူး (ဓါတ်ပုံ-ကေတီ)
စစ်ဆင်ရေးတို့ကြောင့်  အိုးအိမ်တွေစွန့်လွတ်၊ လူတွေရာနဲ့ထောင်ချီပြီး လွတ်မြောက်ရာ တောထဲကို ထွက်ပြေး ပုန်းရှောင်ခဲ့ကြရပါတယ်။ အသက်ရှင် လွတ်မြောက်ဖို့ နေ့ရောညပါ ပြေးလွှားနေခဲ့ကြရတဲ့ မိသားစုအမြောက်အများထဲက ပိုပြီးဒုက္ခ ရောက်နေခဲ့တဲ့သူက ကရင်နီရဲဘော် ဇနီးဖြစ်တဲ့ အသက်(၄၅) နှစ်အရွယ် ဒေါ်မေလှိုင်ပါဘဲ။ ခန်ပွန်းသည်က စစ်တိုက်နေရတော့ သူမအနားမှာ မရှိဘူးလေ။ ဇွန်လှိုင်လ မိုးတွင်းဖြစ်တာမို့ မိုးတွေစိုစိုရွှဲရွှဲနဲ့ ၁ လသား သမီးငယ်လေး ကိုလွယ်ပြီး တောလျှိုတောင်ကြားတွေထဲ မှာ ပြေးလွှား နေခဲ့ရတဲ့ အချိန်လေးကို ဒေါ်မေလှိုင် မမေ့နိုင်ပါဘူး။
"ကျမယောကျာင်္းကတော့ တိုက်ပွဲထဲမှာရှိတော့ စိတ်လည်းပူ စိုးလည်းစိုးရိမ်တာပေါ့နော်… ပြီးတော့ကျမမှာ ယောကျာင်္းရှိပြီး ယောကျာင်္းကို အားမကိုးရတော့ တော်တော်နဲ့ စိတ်ထိခိုက်သွားတာပေါ့။ ကျမအတွက် နွေးထွေးမှုတွေ မရှိတော့ဘူး အားကိုးရာမဲ့သလို ခံစားရတယ်"
သူမစကားမဆုံးသေးပေမဲ့ အဖြစ်ကခါးသီးလွန်းတာမို့ သူမမျက်ရည်တွေဝဲလာပါတယ်။ ဆက်လက်ပြီး ဒေါ်မေလှိုင်က... "ယောကျာင်္းအနားမှာ မရှိတဲ့ကျမတို့လို လူမျိုးကပိုဆိုးတာပေါ့….. သူများတွေ ကျမတို့အိပ်ဖို့အတွက် ကာဗာ (cover) ကျဉ်းသေးသေးလေးတွေ တူးပေးတယ်။ အိပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မအိပ်ရဲဘူးဒီအတိုင်းပဲ ထိုင်နေရတာပေါ့…. ရန်သူဘယ်တော့ ထပ်လားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာ..."
ပြေးရင်းလွှားရင်း ၁၉၉၆ ခုနှစ်မှာတော့ ဒေါ်မေလှိုင် မိသားစု ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အခုဆို ဒုက္ခသည်စခန်းဟာ ဒေါ်မေလှိုင်အတွက် လုံခြုံစိတ်ချမှုရှိတဲ့ နေရာလေးပါ။
စခန်းထဲမှာ သောင်းနဲ့ချီပြီးရှိနေကြတဲ့ ဒုက္ခသည်တွေနည်းတူ ဆန်၊ ဆီ၊ ဆား၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံမှုတွေရရှိကြပေမဲ့လို့ ရဲဘော်မိသားစုဘ၀မှာ အပိုဝင်ငွေဆိုတာမရှိပါဘူး။
အများအကျိုးအတွက် အသက်ကိုစွန့်ပြီး အလုပ်အကျွေးပြုတယ်ဆိုတဲ့ သူမရဲ့ခင်ပွန်းသည် ရဲဘော်လည်း လစာမရှိတဲ့အတွက် မိသားစုအတွက် ဘာမှမထောက်ပံ့နိုင်ပါဘူး။
ဒါပေမဲ့ ဒေါ်မေလှိုင်အားမလျော့ပါဘူး။ ၁၉၉၇ ကနေ ၂၀၀၃ခုနှစ်အထိ ကရင်နီပညာရေးမှာ ၃ တန်း ၄ တန်း ကရင်နီဘာသာပြ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိစခန်းထဲက ဒုက္ခသည်တွေအတွက် ကက်သလစ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR အဖွဲ့မှာ လူမှုရေးလုပ်ငန်းကိစ္စတွေ ၀င်ရောက်ကူညီလုပ်ဆောင် ခဲ့ပါတယ်။
၂၀၀၉ မှယနေ့အထိမှာတော့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO မှာအလုပ်ကျွေးပြုပြီး မိသားစုအတွက် ရုန်းကန်နေရပါတယ်။ KNWO ရဲ့အစီအစဉ် ငါးခုထဲကအမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းမှာ တာဝန်ခံအဖြစ် လုပ်ဆောင်နေပါပြီ။
ဒေါ်မေလှိုင်လိုဘဲ ကရင်နီဒုက္ခသည်စခန်းမှာ ရဲဘော်မိသားစုတွေ အများအပြား ရှိနေပါတယ်။ သူတို့တတွေမှာရှိတဲ့ အခက်အခဲနဲ့ ကြမ်းတမ်းတဲ့ ဘ၀အတွေ့အကြုံတွေက ဒေါ်မေလှိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တချို့ကခင်ပွန်းဖြစ်သူတွေ ရှေ့တန်းမှာကျဆုံးသွားပြီး မုဆိုးမဘ၀ ရောက်သူရောက်နဲ့ ဖခင်မဲ့သားသမီးအဖြစ် ရောက်နေတဲ့ မိသားစုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစစ်တိုက်ရင်း ကျဆုံးသွားတဲ့ရဲဘော်တဦးရဲ့ မယားဖြစ်သူတဦးက သူမရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခက်ကို အခုလိုပြောပြပါတယ်။
"နောက်ဘက်ကမ်းမှာနေတုန်းက အိမ်ရှိတယ်။ဒါပေမယ့် ယောကျာင်္းဆုံးပြီးတော့ ကျမနဲ့ကလေးကို ဖမ်းခေါ် သွားကြတယ်။ ပြန်လွှတ် လာတော့ကျမ ဒီဘက်ကိုထွက်လာခဲ့တယ်…. ဒီရောက်တော့ အိမ်မရှိဘူးပေါ့။ အိမ်တို့ဘာတို့က အခက်ခဲရှိတာပေါ့။ စားစရာကတော့ သူများဂိုဒေါင်က ဆန်ထုတ်ပေးတော့ ဟင်းဖိုးပဲရှာရတာပေါ့"
ရဲဘော်မယားဖြစ်ရတဲ့ဘ၀ကြမ်းကို ဖြတ်သန်းလာခဲ့တဲ့ ဒေါ်မေလှိုင် သူမရဲ့သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါမှာ အမြဲတမ်းပါလာလေ့ရှိတဲ့ စကားလေးတခွန်းက… "ဘဝမှာဘာမဆို ကြိုးစားရတယ်"တဲ့… သူမဆိုလိုရင်းမှာ… ရဲဘော်ခင်ပွန်းသည်တွေက မိသားစုတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ စိတ်ဆင်းရဲ၊ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုဘာမှ ထမလုပ်တော့ဘူးဆိုရင် ခါးတီးတဲ့ဘ၀ကြမ်းကြီးထဲကနေ ဘယ်တော့မှ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါဘဲ။

အသက်မွေးဝမ်းကြောင်းနဲ့ ပါတ်သက်တဲ့ ကရင်နီရိုးရာ အထည်ဆိုင်တခု (ဓါတ်ပုံ-ကေတီ)
အခုဆို KNPP နဲ့ မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားကြတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ကနေ ယနေ့ထိ ဆိုရင်ဖြင့် တနှစ်ဝန်းကျင်တောင် ရှိသွားပါပြီ။ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက်က KNPP နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမယ့်လို့ သုံးလ အကြာမှာ ပြန်လည်ပျက်ပျယ်ခဲ့ပြီး တိုက်ပွဲတွေပြန် ဖြစ်ပွားခဲ့ပါတယ်။
အပစ်အခတ်ရပ် သဘော တူပြီးနောက်ပိုင်း ပြန်ပျက်ပျယ်သွားတဲ့ အဖြစ်မျိုးရောက်ရင် အပစ်အခတ်ရပ်မလုပ်ဘဲ နေတဲ့အခြေအနေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
လူတွေရဲ့အသက် ပေါင်းများစွာဆုံးရှုံးခြင်း ခံရသလို အပြစ်မဲ့ကလေးငယ်တွေ ဒုက္ခရောက်ကြရပါတယ်။ ဒေါ်မေလှိုင်တို့ ဒီအတွေ့အကြုံကို ကောင်းကောင်းရထားပါတယ်။
ဒါကြောင့်အခု နှစ်ဦးနှစ်ဘက်ကြိုးပမ်းနေကြတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် ရဲဘော်မယားဖြစ်တဲ့ ဒေါ်မေလှိုင်က...  "ဒီအနှစ်၂၀ ကျော်အတွင်းမှာ တိုက်ပွဲပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့တယ်။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အထိပေါ့။ ဆက်လက်ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ရဲဘော်တွေရဲ့ သားမယားတွေဟာ သာမန်ပြည်သူလူထုတွေလိုပါဘဲ။ သာယာတဲ့ မိသားစု၊ ပျော်ရွှင်တဲ့မိသားစုဘ၀ကို သူတို့လဲ ပိုင်ဆိုင်ချင်ကြတာပါဘဲ။ ခင်ပွန်းသည်က သေနတ်ကိုင်ထားလို့ မိသားစုတွေရဲ့အခြေအနေက သာမန်ပြည်သူတွေထက် သာရမယ်ဆိုတဲ့ စိတ်နေသဘောထားနဲ့ အယူအဆတွေ သူတို့မှာမရှိကြပါဘူး။
ဒေါ်မေလှိုင်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရင်ဖြင့် ပြာကျသွားခဲ့ရတဲ့ မြို့မကျ၊ ရွာမကျဆိုတဲ့သူမရဲ့ နန်းအွန်ရွာဟောင်းလေးကို တချိန်က လူသူစည်စည်ကားကားနဲ့ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနေထိုင်ကြတဲ့ အခြေအနေမျိုးကို ပြန်ရချင်ပါတယ်။
ဒေါ်မေလှိုင်နောက်ဆုံး ပြောသွားတဲ့စကားလေးတခွန်းကတော့…" အများပြည်သူလိုလား တောင်းတနေကြတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ မိသားစုနဲ့ စုံစုံလင်လင် နေရတဲ့အချိန်ဟာ အပျော်ဆုံးပဲ…" တဲ့…   ktimes

ကျောက်ပုဇွန်လုပ်ငန်းမှာ ပြည်ပဈေးကွက်အဖြစ် သီးသန့်ရပ်တည်နိုင်၊ ဒေါ်လာပုစွန်ဟု ခေါ်နိုင်ကြောင်းပြော


Written by ဇင်ကီး    Wednesday, 27 February 2013 12:09    PDF Print E-mail
Kyauk Pu Zan copyရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းများထဲတွင် ကျောက်ပုဇွန်လုပ်ငန်းမှာ အကောင်းဆုံးဖြစ်၍ ပြည်ပဈေးကွက်အဖြစ် သီးသန့်ရပ်တည်နိုင် သဖြင့် ကျောက်ပုစွန်ကို ဒေါ်လာပုစွန်ဟု ခေါ်ဆိုနိုင်ကြောင်း ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။
" ရခိုင်မှာ ရေလုပ်ငန်းတွေ အများကြီးရှိပါတယ်၊ တခြား သားငါး၊ ပုစွန်တွေက ပြည်တွင်းပြည်ပ နှစ်မျိုးအသုံးပြု ကြပါတယ်၊ ဒါပေမယ့် ကျောက်ပုစွန် လုပ်ငန်းက ပြည်ပဈေးကွက်သီးသန့် တစ်ခုတည်းသာ ရပ်တည်နေတယ်။ ပြည်ပ၀င်ငွေရရှိမှု အားကောင်းတဲ့အတွက် ကျောက်ပုဇွန်ကို ဒေါ်လာပုဇွန်လို့တောင် ခေါ်ကြသေးတယ်။ " ဟု ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျောက်ပုဇွန်ကို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံများသို့ Export ရောင်းချကြပြီး၊ ပြည်ပဈေးကွက် တစ်ခုတည်းကိုသာ အမှီသဟဲ ပြုနေရသည်နှင့်အညီ၊ ဈေးအတက်အကျမှာလည်း ပြည်ပဈေးကွက်၏ သတ်မှတ်ဈေးနှုန်းကိုလိုက်၍ ပြည်တွင်းတွင် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိကြောင်း မင်္ဂလာဒုံမြို့နယ်မှ ပုဇွန်ကန်ပိုင်ရှင်တစ်ဦးက ဆိုသည်။
" ရခိုင်ကလာတဲ့ ကျောက်ပုဇွန်တွေက နိုင်ငံခြားဈေးကွက်မှာ ရောင်းပန်းလှတယ်ဗျ။ ရခိုင်ကျောက်ပုဇွန်ဟာ ဧရာဝတီကျောက်ပုဇွန်ထက်အရွယ်အစားပိုကြီးတယ်။ အရသာလည်းပိုရှိတယ်။ နောက်ပြီးတော့ရခိုင်ပုဇွန်က အခြားဒေသတွေထက် အထွက်နှုန်းပိုကောင်းပြီး ဈေးပိုလည်းရတယ်။ "ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။
ကျောက်ပုဇွန်အား ကာလာ၊ အစိမ်း၊ ရိုးရိုးဟု သုံးမျိုးခွဲထားကာ ကာလာမှာ အမြင့်ဆုံးဈေးရှိပြီး လက်ရှိပေါက်ဈေးမှာ ဆယ်သားအထက်တပိဿာလျှင် လေးသောင်းခွဲဈေးနှုန်း ရှိကြောင်း သိရသည်။
" တစ်ပတ်မှာ ပျမ်းမျှလေးကြိမ်လောက် ရန်ကုန်ကိုပို့ဖြစ်တယ်။ တစ်ကြိမ်ပို့ရင် ၃ ပုံးကနေ ၁၀ ပုံးထိ ပုဇွန်ရရင် ရသလို ပို့ပါတယ်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပုဇွန်ကန်ကြီးတွေမှာ သူတို့ပေးတဲ့ဈေးအပေါ် မူတည်ပြီးတော့ရောင်းကြပါတယ်။ "ဟု ရန်ကုန်သို့ တင်ပို့ရောင်းချပုံအကြောင်းကို ပုဇွန်လုပ်ငန်းရှင် နောက်တစ်ဦးဖြစ်သူ ဦးခင်အေးမောင်က ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့တွင် ကျောက်ပုဇွန်ဒိုင်အများဆုံးတွေ့ရပြီး၊ ကျောက်ဖြူ၊ မြေပုံ၊ အမ်းစသည့် မြို့နယ်များမှ ကျောက်ပုဇွန်ဖမ်းသူများက ကျောက်ဖြူမြို့ရှိ ပုဇွန်ဒိုင် (၁၈) ဒိုင်တွင်လာရောက် ရောင်းချ ကြသည်။
ရခိုင်ကျောက်ပုဇွန်မှာ သဘာဝမြစ်ချောင်းများ၏ ရေအောက် ပေ ၂၀ ကျော် အနက်ရှိ ကျောက်ဆောင်များအကြားမှာ နေထိုင်လေ့ရှိပြီး၊ အရှည် ၃၆လက်မ၊ လုံးပတ် ၂၄လက်မထိရှည်လျားကာ၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများတွင် ကျောက်ပုဇွန်အများဆုံး ဖမ်းယူရရှိနိုင်သည်။ ပုဇွန်သားပေါက်ကာလ ဇွန်လမှ စက်တင်္ဘာလများအတွင်း ဖမ်းဆီးခြင်းမပြုရန် နိုင်ငံတော်အစိုးရက ငါးလုပ်ငန်းဥပဒေဖြင့် တားမြစ်ထားသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ပုဇွန်လုပ်ငန်းကို ၁၉၉၀ ကျော်ကာလမှ စတင်လုပ်ကိုင်ခဲ့ကြပြီး၊ ယခုအခါ ကျောက်ပုဇွန်လုပ်ငန်းရှင် ၃၀ ခန့်ရှိနေပြီး၊ ကျောက်ပုဇွန်ဖမ်းရေလုပ်သားမှာ ရာနှင့်ချီလျက် လုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။             ARAKAN TIMES

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်း တိုက်ခိုက်


Written by အာရ်ကန်တိုင်းမ်စ်    Wednesday, 27 February 2013 13:36    PDF Print E-mail
Photo For AT copyအမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုကာလအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်းတိုင်းတစ်ခု ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ထူထပ်ပြင်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုအကြိမ်တိုက်ခိုက်ခဲ့သည့် ဆီးနှင်းမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသမိုင်းဝင်မည့် ဆီးနှင်းမုန်တိုင်း (Blizzard) ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နေထိုင်လာခဲ့သည့် မနန္ဒာဝေက အာရ်ကန်တိုင်းမ်စ်သို့ပြောသည်။
" ကျမ ဒီပြည်နယ်မှာ အခြေချနေထိုင်လာခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပါပြီ။ ဒီလောက်ဆိုးဝါးစွာ ကျဆင်းတိုက်ခိုက်တဲ့ ဆီးနှင်းမုန်တိုင်းမျိုး တစ်ခါမှ မကြုံခဲ့ပါဘူး။ သယ်ယူပို့ဆောင်ရေး၊ မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်းနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရတဲ့အခြေအနေထိ ကြုံတွေ့ခဲ့ရတာဟာ ဆယ်စုနှစ်တစ်ခုအတွင်း ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ " ဟု ပြောသည်။
ဆီးနှင်းမုန်းတိုင်းသည် အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ် တက္ကဆက်စ် (Texas)၊ ကင်ဆာ့စ် (Kansas)၊ အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်များတွင် ကျဆင်းတိုက်ခိုက်ခဲ့ပြီး တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆီးနှင်းမုန်တိုင်းများ (၅ ) လက်မခန့်ထိ ထူထပ်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ ဈေးဆိုင်ခန်းများနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
ဆီးနှင်းမုန်တိုင်း ပြန်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမာရီလိုမြို့တွင် သစ်ပင်များ ကျိုးကျပျက်စီးမှုကြောင့် လျပ်စစ်မီးကြိုးများပြတ်တောက်ကာ ဈေးဆိုင်နှင့် လူနေအိမ်တစ်ချို့ နာရီအတန်ကြာ လျပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။
မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ စက်ရုံအလုပ်ရုံများနှင့် အမာရီလို အော်ကလာဟိုးမား ပြည်တွင်းအဝေးပြေးလမ်းမကြီး (Interstate Street 40) ကို တနင်္လာနေ့မှ အင်္ဂါနေ့ထိ နှစ်ရက်တိုင်တိုင် ပိတ်ပင်ထားခဲ့ရပြီး တက္ကဆက်စ် (Texas) ပြည်နယ်၊ ကင်ဆာ့စ် (Kansas) အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်တို့တွင် လေယာဉ်ခရီးစဉ် နှစ်ထောင် (၂၀၀၀) နီးပါး အစီအစဉ်ဖျက်သိမ်းထားခဲ့ရကြောင်း ဆီးနှင်းမုန်တိုင်းမှတ်တမ်းများ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။Photo For AT 2 copy
အမာရီလိုမြို့လမ်းမများပေါ်တွင် အိမ်စီးကားများနှင့် ဟိုက်ဝေးလမ်းမပေါ်တွင် လော်ရီကားအကြီးများ ဆီးနှင်းရေခဲများကြားတွင် နှစ်မြုပ်သွားခဲ့ရပြီး ဇေယျသုခ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုလုံး ဆီးနှင်းရေခဲများလွှမ်းခြုံသွားခဲ့ရကာ ဆရာတော် သံဃာတော်များသည် ၂၅ ရက် တနင်္လာနေ့က ကျိန်းစက်တော်မူသည့်ကျောင်းဆောင်မှ ဆွမ်းစားဆောင်သို့ ကြွရောက်ကာ မွန်းတည့်ဆွမ်း သုံးဆောင်ရန်အတွက်ပင် အခက်အခဲရှိခဲ့ကြောင်း အမာရီလိုမြို့မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီလွင်က ပြောကြားသည်။
အဆိုပါ ဆီးနှင်းမုန်တိုင်းသည် ၂၅ ရက် တနင်္လလာနေ့ နှောင်းပိုင်းတွင်း အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ်များမှ အရှေ့ဖက်ခြမ်းရှိ ချီကာဂို (Chicago) ပြည်နယ်သို့ ရွှေ့လျားသွားခဲ့ကြောင်း မိုးလေ၀ါသ ကြိုတင်ခန့် မှန်းချက် သတင်းများအရ သိရှိရပြီး လမ်းတံတားများတွင် ပိတ်ဆို့နေသည့် ဆီးနှင်းရေခဲများကို သယ်ယူပို့ဆောင်ရေးဌာနနှင့် မီးသတ်ဌာနများမှ ခေတ်မှီစက်ပစ္စည်းကရိယာများနှင့် ဆေးဝါးများအသုံးပြုကာ အင်အားသုံး ရှင်းလင်းဖယ်ထုတ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

Photo For AT 3 copy                             ARAKAN TIMES

Tuesday, February 26, 2013

ကျေးဇူးပြုပြီးနားထောင်ပါ

မြန်မာပြည်မှ လူသားကလီစာ ဈေးကွက်

Thar Kyaw Wai shared Thit Htoo Lwin blog's photo.
မြန်မာပြည်မှ လူသားကလီစာ ဈေးကွက်

 ၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု 

 တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာ စမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက် ရှိအောင်မြင် သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေး ခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်း မှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။ 

 သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက် များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမ ဟုတ်သောကြောင့် ငွေကုန်ကြေး ကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။

 တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသ ရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက် လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
 ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။ 

 တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့   

ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။

 တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ 

တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။

 လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။

 ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။

 အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက် မျှရှိတာကိုတွေ့ရပြီဖြစ်သည်။

 မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက် တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ် အတွက် ထောက်ပြစရာ သက်သေ သက်ကာရဖြစ်နေသည်။

 မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက် ရှိနေပြီဖြစ်သည်။

 လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင် သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက် လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများ သည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊ 

ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက် တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။

 ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ် ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက် ရှိကာ လူမှောင်ခိုဂိုဏ်းသား များ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..

 ကျေးဇူးတင်ပါသည်
 ဂိုလ်ရှယ်လေး
 ဖေဖေါ်ဝါရီလ ၂၅ ရက် ည ၈နာရီ ၅၀ တွင် ရေးသားသည်။ 

Posted From Maha Mingyi


၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု

တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာ စမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက် ရှိအောင်မြင် သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေး ခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်း မှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။

သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက် များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမ ဟုတ်သောကြောင့် ငွေကုန်ကြေး ကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။

တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသ ရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက် လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။

တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့

ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။

တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။

တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။

လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။

ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။

အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက် မျှရှိတာကိုတွေ့ရပြီဖြစ်သည်။

မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက် တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ် အတွက် ထောက်ပြစရာ သက်သေ သက်ကာရဖြစ်နေသည်။

မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက် ရှိနေပြီဖြစ်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင် သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက် လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများ သည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊

ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက် တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။

ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ် ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက် ရှိကာ လူမှောင်ခိုဂိုဏ်းသား များ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၅ ရက် ည ၈နာရီ ၅၀ တွင် ရေးသားသည်။  facebook

Monday, February 25, 2013

အီရန်နဲ့ဆီးရီးယားကို နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီ သတိပေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (၂၅၊ ၀၂၊ ၂၀၁၃)အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (၂၅၊ ၀၂၊ ၂၀၁၃)
 
ဗွီအိုအေ(မြန်မာဌာန)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က အီရန်နဲ့ ဆီးရီးယား အစိုးရတွေ အနေနဲ့ အပြောင်းအလဲ မလုပ်နိုင်ရင် နောက် ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေး ပြောဆို လိုက်ပါတယ်။

ဝန်ကြီး ဂျွန် ကယ်ရီ ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် တထောက် အဖြစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရပ်နားခဲ့ပြီးတော့ မကြာသေးခင်က ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံ ဟိတ် (William Hague) နဲ့ တွေ့ဆုံပါတယ်။

တနင်္လာနေ့မှာတော့ ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ကယ်ရီ က မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံအနေနဲ့ ဆီးရီးယားနဲ့ အီရန် နိုင်ငံတွေမှာ နျူကလီးယား လက်နက် ရယူဖို့ သဘောတူမှာ မဟုတ်ဘဲ သံတမန်ရေး အရ ဖြေရှင်းဖို့ အချိန်ဟာလည်း မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

မကြာသေးခင်တုန်းက ဆီးရီးယား အစိုးရက အလက်ပိုမြို့တော်မှာ ဗုံးကြဲ တိုက်ခိုက်မှုကို ၀န်ကြီး ကယ်ရီ က ရှုံ့ချ ပြောဆိုပြီး၊ ဆီးရီးယား ပြည်သူတွေဟာ သမ္မတ ဘက်ရှာ အဲလ် အာဆတ် (Bashar al-Assad) လက်အောက်မှာ လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက် မှုတွေကို ခံစားဖို့ မထိုက်တန်ဘဲ ဒီ့ထက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အခြေအနေနဲ့ အစိုးရတွေကိုသာ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။  VOA

အိမ်မက်တွေ လက်တွေ့ ဖြစ်လာပါစေ…

ဆယ်တန်းအောင်ပြီးရင် ဘာဆက်လုပ်မလဲဆိုတဲ့ အခြေအနေကို ရင်ဆိုင်နေခဲ့ရတဲ့ အချိန်လေးဟာ အသားဖြူဖြူ၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခူးဦးရယ်အတွက် ဆယ်ကျော်သက်အရွယ်ရဲ့ ဘဝတကွေ့မှာခါးသီးလှတဲ့ အတွေ့အကြုံတခုဟု ဆိုရမှာပါ။ ပညာဆက်လက်သင်ယူနိုင်ဖို့ ကောလိပ်တွေ၊ တက္ကသိုလ်တွေမရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းကြားမှာ ခူးဦးရယ်လို ဆယ်ကျော်သက်အရွယ်တွေ နှစ်စဉ်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတခုပါ။
ခူးဦးရယ်တက်ခဲ့တဲ့ နယ်စပ်ဒေသက ကရင်နီအထက်တန်းကျောင်းမှာ တနှစ်ကိုကျောင်းသားဦးရေ ၂၀၀ ခန့် အထက်တန်းပညာကို နှစ်စဉ် အောင်မြင်ပြီးဆုံးကြပါတယ်။
ဆယ်တန်းလွန်ကျောင်းကို ပညာနှစ်နှစ် ဆက်လက်သင်ယူနိုင်ဖို့ သူတို့ထဲကအယောက် ၁၀၀ ၀င်းကျင်ကိုသာ စီစစ်ခေါ်ယူပြီး ကျန်တဲ့ကျောင်းသားတွေအတွက်တော့ ပညာဆက်လက် သင်ယူနိုင်ဖို့အတွက် တခြားရွေးချယ်စရာလမ်းမရှိပါဘူး။
နှောင်နှစ်တွေစောင့်ပြီး ကြိုးစားဖြေဆိုမယ်ဆိုတဲ့ ကျောင်းသားတွေရှိသလို တချို့လည်း ဆယ်တန်းအောင်ပညာလေးနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ရရာအလုပ်တွေကို ကြိတ်မိတ်ပြီး ၀င်လုပ်ကြရပါတယ်။ တချို့တော့ အိမ်ထောင်စောစောစီးစီး ကျသွားရရှာတယ်။
အတန်းပညာကို ဆက်လက်သင်ယူ ဆည်းပူးနိုင်ဖို့အခွင့်အလမ်းမရှိသေးတဲ့ ခူးဦးရယ်တယောက် သူ့ဘ၀တိုးတက်ဖို့ ဇွဲမလျော့ပါဘူး။ အတန်းပညာမရှိပေမဲ့ သူ့ဘ၀မှာ အတတ်ပညာဆိုတာဟာလည်း အရေးကြီးတဲ့အတွက် အခုဆိုသူ စွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းမှာ အတတ်ပညာနဲ့ အသိပညာတွေ လေ့လာဆည်းဖူးနိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။
"သင်တန်းကို စခန်းကော်မီတီကနေ ကြေငြာထားတယ်။ နောက်ဘာသာရပ်တွေကိုလည်း ဖော်ပြထားတယ်ပေါ့။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်များလည်း ပါရှိတာကြောင့် ဒီသင်တန်းကိုလျှောက်ဖြစ်သွားခဲ့ပါတယ်... ကျနော်စိတ်ဝင်စားဆုံး ဘာသာရပ်ကတော့ အင်္ဂလိပ်ဖြစ်ပါတယ် ။ ဘာဖြစ်လို့အင်္ဂလိပ်က ကျနော့တွက်ဖြစ်စေ တခြားသူတွေတွက်ဖြစ်စေ အရမ်းအရေးကြီးတဲ့ ဘာသာရပ်တွေဖြစ်တယ်ပေါ့ နောက်အခြားဘာသာရပ်တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်"လို့ ခူးဦးရယ်ကပြောပါတယ်။
အခုခူးဦးရယ်တက်နေတဲ့ စွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းဟာ ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ KSWDC ကနေဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ယခု ၂၀၁၃ခုနှစ်မှာဆိုရင် ကျောင်းသား/သူ အယောက်ပေါင်း ၁၅ယောက် တက်ရောက်နေတာကို တွေ့ရပါတယ်။
“အစပိုင်းကတော့ နွေရာသီကျောင်းပိတ်ရက်လေးတွေမှာဘဲ အခြေခံကွန်ပြူတာသင်တန်း၊ အခြားအထွေထွေ ဗဟုသုတသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို ရက်တိုလောက်ဘဲဖွင့်ပြီး နောက်ပိုင်းမှ (၃) လကနေ စပြီးတော့မှ (၆) လအထိပေါ့နော် နောက်ဆုံး ဒီတစ်နှစ်ခါကျတော့ လုပ်ရင်းနဲ့ (၆) လကနေ ကို့လိုကန်လန့် ဆင်းသွားမယ်ဆိုရင် အလုပ်က မယ်မယ်ရရလည်း မရှိသေးဘူး နောက်ပညာကလည်း မပြည့်စုံသေးဘူး ဆိုတော့ စာသင်တဲ့နှစ်တစ်နှစ်သာ သက်မှတ်ပေးလိုက်တယ်။ နောက်ပြီး ကိုယ့်လူမူအသိုင်းဝိုင်းမှာ တကယ်ပြန်ပြီး အလုပ်လုပ်နိုင်ဖို့တွက်ရယ် သူတို့တွေ တခြားကျောင်းတွေကို ဆက်လက် လျှောက်နိုင်ရန်အတွက် ဒီစွမ်းရည်မြင့်တင်ရေးကျောင်းကို ဖွင့်ရခြင်းဖြစ်တယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပို ကောင်းမွန်အောင် လုပ်ဖို့လည်းရှိပါသေးတယ်”လို့ KSWDC ဒါရိုက်တာ ခူထဲဘူးက ရှင်းပြပါတယ်။
၂၀၀၈ ခုနှစ်ကဖွင့်လစ်ထားတဲ့ KSWDC စွမ်းရည်မြင့်တင်ရေးသင်တန်းကျောင်းမှာ အင်္ဂလိပ်ဘာသာရပ်၊ ကရင်နီအမျိုးသားစာပေနဲ့ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်တွေ သင်ကြားဖို့ချပါတယ်။
"ကျနော်တို့ကရင်နီစာပေကို ဒုက္ခသည်မရှိခင် ဒီတော်လှန်းရေး နယ်မြေကတည်းကိုက မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေမှာ ပို့ချပြီးပြီပေါ့ အခုဒီမှာ လာရောက်ပို့ချရတာကတော့ အခြားဘာသာတွေ စကားတွေကိုသူတို့တတ်တယ် ဒီကရင်နီစကားတော့တတ်တယ်။ စာကိုမတက်တော့ သူတို့တွက် အားနည်းချက်ရှိတယ်လေ အားနည်းချက်မရှိအောင် နောက် မိခင်လူမျိုးဖြစ်ရက်နဲ့ မိခင်ဘာသာစကား မတက်ရင်မကောင်းဘူး ဆိုပြီး ကျနော်တို့နေရာတိုင်းကို လိုက်လံပို့ချနေပါတယ်။ သူတို့ဒီ ကရင်နီစာပေတက်မြောက်ထားရင် ကြိုက်တဲ့အသံနဲ့စကား တွေနဲ့သုံးနိင်တယ် တဖြည်းဖြည်းနဲ့လည်း ရုံးသုံးစာပေအဖြစ် လည်းအသုံးပြုနိုင်တယ် ရှေ့ဆက်ပြီးတော့သူတို့ ဖက်ရှု့မယ်ဆိုရင် သူတို့အနာဂါတ်မှာလည်း အသုံးဝင်သွားမှာဖြစ်တယ်။" လို့ ကရင်နီစာပေသင်ကြားပေးတဲ့ ဆရာယွီရယ်ကပြောပါတယ်။
KSWDC ကို ၁၉၉၆ ခုနှစ်ဇွန် လကတည်းက စတင် တည်ထောင်ခဲ့ပါတယ်။ အဖွဲ့အစည်းဟာ ကရင်နီပြည်တွင်းမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေကြတဲ့ (IDP) အတွက် အရေးပေါ် ကယ်ဆည်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ထူထောင်ထားခဲ့တာ ဖြစ်ပါတယ်။
KSWDC ကနေယခုလက်ရှိကရင်နီပြည်မှာ INGOs တွေနဲ့ အစိုးရတို့မရောက်နိုင်တဲ့ IDP ဒေသနဲ့  ရွာစွန်၊ ရွာဖျားတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။
KSWDC စွမ်းရည်မြင့်တင်ရေးကျောင်းကိုရောက်လာတဲ့ ခူးဦးရယ်ဟာ အခုသူအတန်းပညာကို ဆည်းဖူးနေရသလိုပါဘဲ။
သင်တန်းကျောင်းက သင်ကြားပို့ချတဲ့စာတွေကို လိုက်နိုင်ဖို့ အချိန်တွေကို စနစ်တကျ စီမံခန့်ခွဲရပါတယ်။ သင်တန်းကျောင်းမှာ သူပျော်နေပါတယ်။
သူရဲ့  ဂုဏ်သတင်းတွေဟာလည်း သူနဲ့အတူ သင်တန်းကျောင်းတက်နေတဲ့ သူငယ်ချင်းတွေကြားမှာ ထင်ပေါ်ကျော်ကြားလျက် ရှိနေပါတယ်။
ခူးဦးရယ်ဟာ သူပညာပြည့်စုံတဲ့တနေ့ သူ့ရဲ့လူမှုအသိုင်းအ၀ိုင်းအတွက် ပြန်လှည်အလုပ်ကျွေးပြုဖို့ စိတ်အားထက်သန်မှုတွေ ရှိနေတဲ့အတွက် အခုသူရောက်နေတဲ့ KSWDC စွမ်းရည်မြင့်တင်ရေးကျောင်းရဲ့ ရည်ရွယ်ချက်တွေနဲ့လည်း တထပ်တည်း ကိုက်ညီမှုတွေ ရှိနေပါတယ်။
စွမ်းရည်မြင့်တင်ရေးမှာ သင်တန်းကျောင်းပြီးသွားလို့ အတန်းပညာ၊ ပညာတော်သင် အခွင့်အလမ်း ရှိလာမယ်ဆိုရင်လဲ သင်တန်းကျောင်းကသူ့ကို တတ်နိုင်သလောက် ကူညီမှာဖြစ်ပါတယ်။
"ဒီစွမ်းရည်မြင့်တင်ရေးကျောင်း ပြီးသွားရင် ဆတ်လက်ပြီးကျောင်းတွေကို ဆက်သွားဖို့ရှိပါတယ်"လို့ ခူးဦးရယ်ကပြောပါတယ်။
ခူးဦးရယ်တယောက် စွမ်းရည်မြင့်တင်ရေးကျောင်းမှာ သူကြိုးစားတလောက် သူ့ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်လာနိုင် သလို ကျောင်းအတွက်ပါ အကျိုးရှိမှာသေချာပါတယ်။     ktimes

ဘိန်းစိမ်းများ သိုလှောင်ထားသည် ဟူသောသတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးရာမှ တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ၊ မိုးဗြဲဆည်၏ အရှေ့ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ နေအိမ်တအိမ်အား ဘိန်းစိမ်းများ ဝယ်ယူသိုလှောင်ထားသည်ဟူသော သတင်းအရ တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးရာ နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ နံနက် ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သူ အမျိုးသားတဦးမှာ မော်တော် ကားဖြင့် မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့တွင် တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ စုစုပေါင်း အင်အား ၁၃ ဦးခန့်တို့က ဟိုင်းလက်ကားနှစ်စီးဖြင့် အသက် ၂၅ နှစ်အရွယ် ဆန်းနိုင်ဆိုသူ နေအိမ်ကို ဝိုင်းထားခဲ့ကြကြောင်း ၎င်းရဲတပ်ဖွဲ့များ ဝိုင်းထားသည့်အိမ်မှာ ဧကဝက်ခန့်ကျယ်ပြီး ရှစ်ပေခန့်အမြင့်ရှိ အုတ်တံတိုင်းဖြင့် ကာရံထားကြောင်း၊ ထိုအချိန်တွင် ဆန်းနိုင်က ဓါးပြဗျို့ ဟုနေအိမ်အတွင်းမှ အော်ဟစ်သဖြင့် ရဲတပ်ဖွဲ့များက ယူနီဖေါင်းများကို ကျေးရွာနေပြည်သူလူထုမှ မြင်သာစေရန်အတွက် အပေါ်အင်္ကျီများကို ချွတ်နေကြစဉ် နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် လှမ်းပစ်လိုက်သဖြင့် တောင်ကြီးမူးယစ်အထူးအဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်း၏ ဝဲဖက်တင်ပါးတွင် သံတိုသံစတခု ထိမှန်ခဲ့ကြောင်းသိရသည်။
ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ၁၂ ဦးခန့်က နံနက် ၉ နာရီခန့်တွင် ထပ်မံရောက်ရှိလာပြီး ထိုအချိန်မှာပင် ဆန်းနိုင်မှာ တူမီးသေနတ်ကို လက်တဖက်မှ ကိုင်ဆောင်လျက် ဆပ်(ဖ်)ကားအနက်ရောင်ကို မောင်းနှင်ထွက်ပြေးရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၄ ၊ ၅ ) ချက်ခန့် ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း ကျေးရွာနေ ရပ်မိရပ်ဖတဦးက ပြောသည်။
၎င်းရပ်မိရပ်ဖတဦးက “ ဆန်းနိုင်ရဲ့ နေအိမ်က နှစ်ထပ်တိုက်အိမ်ပါ။ မြေအောက်ခန်းလည်းရှိပါတယ်။ မြေအောက်ခန်းထဲမှာ ဘိန်းစိမ်းအနှံ့တွေလည်း ရပါတယ်။ ဘိန်းစိမ်း အကြွင်းအကျန်တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။ များများစားစားတော့ မတွေ့ရတော့ပါဘူး။ ဆန်းနိုင်က မော်တော်ကားပေါ်ကို အထုပ်ငါးထုပ်လောက် ပစ်တင်သွားတာကို ပတ်ဝန်းကျင်အိမ်တွေက လှမ်းမြင်ရတယ်လို့ပြောပါတယ်။ ပစ္စည်းတွေက ကားပေါ်မှာ ပါသွားတယ်ထင်ပါတယ်။ ဆန်းနိုင်က ကားကိုမောင်းနှင်ထွက်ပြေးတော့
အေးအေးဆေးဆေးပဲ လို့အော်သွားပါသေးတယ်” လို့ ဆက်ပြောသည်။
ဆန်းနိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ဆန်းနိုင်မောင်းနှင်ခဲ့သည့် မော်တော်ကားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ခဲတောင်အနီးတွင် သေနတ်ထိမှန်ထားသောဒဏ်ရာ ခုနှစ်ခန့်နှင့်အတူ တွေ့ရှိခဲ့ကြကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတဦးထံမှ သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၄ရက်က မိုးဗြဲရဲစခန်းသို့ သွားရောက်၍သော်လည်းကောင်း ၊ ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မေးမြန်းရာ မိုးဗြဲရဲစခန်းမှ ဒုရဲအုပ်တဦးက “ဘာမှမသိဘူး” ဟု ဖြေကြားပြီး ဖယ်ခုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကမူ “ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ ဒီအသေးစိပ်ကိုတော့ အထက်လူကြီးတွေမှ သိမှာပါ”  ဖြေကြားသည်။
ယခုအခင်း ဖြစ်ပွားရာနေရာ အနီးဝန်းကျင်ရှိ ဒေသများတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံများစိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်သော်လည်း ဘိန်းစိုက်ပျိုးသူများပြားနေပြီး ယခုနှစ်တွင်
ဘိန်းစိမ်းတပိဿလျှင် ကျပ်ခုနှစ်သိန်း ပေါက်ဈေးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။                 ktimes

သွေးကျိန်စာ

Saw Mon Aung and 2 other friends shared Moe Sat Ni's photo.
သွေးကျိန်စာ 
**********


ရခိုင်တွေ ငိုနေတယ် ..... 

သူတို့မျက်ရည်တွေကို 

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက် 

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့ 

ယူကြုံးမရနာကျည်းခြင်းတွေ 

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး 

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် ..... 

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ... 

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ... 

နာကျင်ရပါများလွန်းလို့ 

သူတို့ရဲ့နှလုံးသွေးတွေ 

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ 

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို 

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ 

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို 

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့ 

မြေခခဲ့ရတဲ့သွေးတွေဟာ 

မင်းတို့ရဲ့ ကျူးကျော်မှုတွေ ..... 

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့် 

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ

**********


ရခိုင်တွေ ငိုနေတယ် .....

သူတို့မျက်ရည်တွေကို

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက်

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့

ယူကြုံးမရနာကျည်းခြင်းတွေ

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် .....

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ...

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ...

နာကျင်ရပါများလွန်းလို့

သူတို့ရဲ့နှလုံးသွေးတွေ

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့

မြေခခဲ့ရတဲ့သွေးတွေဟာ

မင်းတို့ရဲ့ ကျူးကျော်မှုတွေ .....

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့်

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ                 FACEBOOK

မြစ်နားရွာ ဆရာတော်ကြီး ဈာပန သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

သတင်း — February 25, 2013 at 10:12 am


ဘင်္ဂလာဒေခ်ျ့  နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ၏ ဈာပနပွဲတော်ကို မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ရခိုင်တွင် ကျင်းပနေသော ဘုန်းတော်ကြီး ပျံပွဲ (ဒုံးပွဲ) တစ်ခု၏ မြင်ကွင်း။
ရခိုင်တွင် ကျင်းပနေသော ဘုန်းတော်ကြီး ပျံပွဲ (ဒုံးပွဲ) တစ်ခု၏ မြင်ကွင်း။
ဈာပနပွဲတော် ကျင်းပရေး နေ့ရက်ကို ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း  ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မီတီ အတွင်းရေးမှူး ကိုမောင်တင်အောင်က ပြောသည်။
“ ကျွန်တော်တို့ ဈာပန ပွဲတော်ကို သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ မတ်လ ၂၇-၂၈- ၂၉ ဖြစ်ပါတယ်။ နေ့ခင်းပွဲတွေဘဲ ပြုလုပ်မှာ ဖြစ်ပြီး ညပွဲကတော့ ပါဝင်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိသည် ဘင်္ဂလာဒေခ်ျ့နိုင်ငံရှိ ဗုဒဘာသာ ရဟန်းတော်များထဲတွင် သက်တော် ၀ါတော် အကြီးဆုံး ရဟန်းတော် တစ်ပါး ဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက ဘာသာ သာသနာ အကျိုးကို ရွပ်ရွပ်ချွန်ချွန်  သယ်ပိုးခဲ့သော ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။
ဆရာတော်ကြီး ဈာပနကို ဒေသခံ ပြည်သူများက ရခိုင်ရိုးရာ ဓလေ့ထုံးတန်းစိုင်လာနှင့် အညီ ဒုံးတိုက်ပြီး ကျင်းပရန် အထူး လိုလားကြရာမှ ပွဲတော်ကို ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဈာပနပွဲတော် ဖြစ်မြောက်ရေး ကော်မီတီ တစ်ခုကိုလည်း ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်းနှင့် ဈာပန ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌမှာ အရှင် မေဓသာရ ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုမောင်တင်အောင်၊ တွဲဘက် အတွင်းရးမှူးမှာ ဦးသိန်းစိုးအောင်နှင့် ဘဏ္ဍာရေးမှူး ဦးစံအောင်ကျော်တို့ ဖြစ်ကြသည်။
ဆရာတော်ကြီးသည် ယခု လ ၂၁ ရက်နေ့ နံနက်ပိုင်းက သီတင်းသုံရာ မြစ်နားရွာ ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော် မူသွားပြီး ပျံလွန်ချိန်တွင် သက်တော် ၈၆ နှစ် ၀ါတော် ၆၆ ၀ါ ရှိပြီ ဖြစ်သည်။
ဈာပန ပွဲတော်တွင် မြေစိုက်၊ စံကျောင်း၊ စံရှိန်၊ ကတလားများ ဆင်ယင် ပြုလုပ်ပြီး နောက်ဆုံး ရုပ်ကလာပ်တော်ကို အပူဇော်ခံကာ နောက်ဆုံး ဒုံးတိုက် မီးသဂြိင်္ုလ်သွားမည်ဟု သိရသည်။
ရခိုင်တွင် ကျင်းပ ပြုလုပ်သော ဘုန်းတော်ကြီး ဈာပနပွဲတော်ကို ဒေသခံများက  ဒုံးပွဲဟု ခေါ်ဆိုကြပြီး အထူးငွေကြေး အကုန်အကျခံကာ ကျင်းပ ပြုလုပ်ကြရသဖြင့် “ ဘုန်းကြီးမှာပွဲ၊ လူမှာမွဲ” ဟု တင်စား ပြောဆိုလေ့ရှိကြသည်။               NARINJARA

ရသေ့တောင်မြို့နယ် ကျောက်ဆုံပညာရေးဖောင်ဒေးရှင်းမှ လင်းလက်ကြယ်စင် စာကြည့်တိုက်ဖွင့်လှ

စ်
Written by မိုးဇော်    Monday, 25 February 2013 15:53    PDF Print E-mail
Arr Nare coopy ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ ကျောက်ဆုံကျေးရွာတွင် ကျောက်ဆုံပညာရေးဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး လင်းလက်ကြယ်စင် စာကြည့်တိုက်တစ်ခုက ပထမဆုံးလုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စာကြည့်တိုက်အား သီရိလင်္ကာနိုင်ငံရောက် အရှင်အာစိဏ္ဏက ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒေသခံရွာသားများနှင့် ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
" ရွာတွေမှာ ကျောင်းနေအရွယ် ကလေးတွေများပြားလာကြပေမယ့် စီးပွါးရေးအဆင်မပြေတာတွေကြောင့်၊ ပညာရေးကို စိတ်မ၀င်းစားတာကြောင့်လည်း အလယ်တန်းပညာကို ဆက်မသင်နိုင်ကြတဲ့အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြတယ်၊ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားတွေလည်း ပညာရေးအရ အသိအမှတ်ပြုခြင်းမခံရတာတွေ၊ ကျေးရွာတွေမှာ စာပေလိုက်စားတဲ့သူတွေအဖို့လည်း လေ့လာစရာ စာအုပ်တွေ မရှိကြဘူး၊ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ ကျေးရွာရဲ့ ပညာရေးနဲ့ လူမှုရေးဆိုင်ရာတွေကို တစ်ဆင့်မြင့်တင်ပေးဖို့ရည်ရွယ်သလို ရခိုင်ပြည်နယ်ရဲ့ လက်ရှိအပူတပြင်း လိုအပ်နေတဲ့ ပညာရေးမြင့်တင်မှုအပိုင်းကိုလည်း တစ်စွမ်းတစ်စ ကူညီရာရောက်တဲ့ အနေနဲ့ တည်ထောင် ဖွင့်လှစ်ခဲ့တယ် " ဟု ဦးဇင်း အာစိဏ္ဏက မိန့်ကြားသည်။
ရခိုင်ပြည်မှာ ပညာရေးအလွန် ညံ့ဖျင်းနေကြသောကြောင့် ၄င်းကျေးရွာတွင် စာကြည့်တိုက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယင်းရွာနှင့် အနီးအနားကျေးရွာများမှ အသိပညာဗဟုသုအတွက် အားကိုးနေရသော ရေဒီယိုနားဆင်ရန် အခက်အခဲနှင့် မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်ဆုံးရှုံးနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်လိမ့်မည်ဟု အဆိုပါ ဦးဇင်းနှင့် ရွာသားများက ယုံကြည်မိကြသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်သည် အခြားပြည်နယ်များနှင့် နှိုင်းစာလျှင် ပညာရေးအဆမတန်နိမ့်ကျနေပြီး သို့သော်လည်း ၄င်းနိမ့်ကျင်းခြင်းကို ဥပမာအနေဖြင့် သင်ခန်းစာယူကာ ပညာရေးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်ကြီးများက မိမိတို့ နေရပ်များတွင် တတ်နိုင်သလောက် ပညာရေးအေးမျှဝေပေးကြရန် ဦးဇင်းက တိုက်တွန်းခဲ့သည်။
Kyauk Taw - Letterf copy
ကျောက်ဆုံကျေးရွာသားများ              ARAKAN TIMES

ခမရ ၃၅၃ တပ်ရင်းမှ ရေယာဉ်ခွန်များ အတင်းအဓမ္မ ကောက်ခံနေ

Written by မိုးဇော်    Monday, 25 February 2013 11:31    PDF Print E-mail
ရခိုင်ပြည် စစ်တွေခရိုင်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတစ်ဖက်ကမ်းရှိ ရွာညာ ကုလားရွာ၌ အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ စစ်ဝန်ထမ်းများသည် မြစ်အတွင်းသွားလာနေသည့် ခရီးသည်ရေယာဉ်များအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အခွန်များကောက်ခံနေကြောင်း သတင်းရရှိသည်။
Checkpoint along the river 2 copy
ကုလားတန်မြစ်အတွင်း ရေတပ်မှ ဖြတ်သန်းသွားလာနေသည့် စက်လှများအား အခွန်ကောက်နေစဉ်
ဖေဖောက်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျွဲနင်းကန်ကျေးရွာမှ ကျောက်တော်မြို့သို့ သွားသော စက်လှေတစ်စီးအား သေနတ်ပစ်၍ အခွန်တောင်းခံခဲ့ကြောင်း ၄င်းစက်လှေပိုင်ရှင် ကိုဌေးကျော်က ပြောသည်။
" ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျနော်တို့ စက်လှေက ကျောက်တော်မြို့ကို သွားတော့ စစ်တပ်က သေနတ်ဖေါက်ပြီးခေါ်တယ်၊ ကျနော်တို့ ရောက်သွားတော့ မင်းတို့မကြားဘူးလား၊ ကျေဆန်တန်ဖိုး ဘယ်လောက်ကုန်လဲ မင်းသိလား ဆိုပြီးပြောပါတယ်။ ကျနော်လည်း မသိဘူးလို့ ပြောလိုက်တော့ မသိရင်မှတ်ထား ကျည်တစ်တောင့်ကို ငါးထောင်ပေးရတယ်။ ဒါကြောင့် မင်းတို့ ကျည်ဖို့ ငါးထောင်ပေးရမယ်လို့ ပြောတော့ ကျနော်တို့မှာ ပိုက်ဆံမရှိဘူးပြောတဲ့အတွက် စက်မောင်းတဲ့ စက်ဂေါက်ကို သိမ်းသွားခဲ့တယ်၊ ကျနော်တို့မှာက စက်ဂေါက်မရှိရင် စက်မောင်းလို့မရတဲ့အတွက် နောက်ဆုံး ငွေ နှစ်ထောင့်ငါး ပေးခဲ့ရပါတယ်။ " ဟု စက်လှေပိုင်ရှင် ကိုဌေးကျော်ကပြောသည်။
အဆိုပါနေ့ နံနက် ၉ နာရီခွဲခန့်တွင်လည်း စက်လှေပိုင်ရှင် ကိုမောင်ခင်ညွန့် ထံမှလည်း သေနတ်ပစ်ဖေါက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အခွန်ကောက်ခံခဲ့ကြောင်း သိရသည်။
" အဲ့ဒီနေ့ကလည်း ကိုမောင်ခင်ညွန့် စက်လှေ ဆီမှာလည်း အတင်းအဓမ္မ တောင်းတဲ့အတွက် အခွန်ငွေ ၂၀၀၀ ပေးခဲ့ရတယ်လို့ သိရတယ်၊ အခွန်ငွေကောက်တာက ခရီသည်တင် ပြေးဆွဲနေတဲ့ လှိုင်းဘုတ်တွေဆီကနေ အဓိကထား ကောက်ခံနေကြပါတယ်။ ကျနော်တို့မသိသေးတဲ့ စက်လှေတွေလည်း အများကြီးရှိအုံ့မှာပါ။ ဒီတပတ်အတွင်းမှာပဲ စပြီးတောင်းလာကြတာဖြစ်တယ်၊ တချို့က ကြောက်ကြလို့ ဘယ်သူ့ကိုမှ မပြောဝံ့ကြဘူး။ " ဟု အဆိုပါ စက်လှေပိုင်ရှင်က ဆက်လက်ပြောကြားခဲ့သည်။
ကုလားတန်ပရိုဂျပ် စီမံကိန်းဖြစ်သည့် စစ်တွေရေနပ်ဆိပ်ကမ်းမှာ ပြီးလုနီးပါးအခြေအနေရောက်ရှိနေသည့်အတွက် ကုလားတန်မြစ်ကြောတစ်လျှောက်တွင် ယခင်ကထက် စစ်တပ်များတိုးချလာခြင်းဖြစ်ပြီး တိုးချလာသည်နှင့် ဒေသခံတွေအတွက် ပိုပြီးအန္တရာဖြစ်လာနိုင်ကြောင်း စစ်တွေအခြေပြု လူမှုရေးငန်းအဖွဲ့တစ်ဖွဲ့မှ ပြောသည်။
အဆိုပါမြို့နယ်ရှိ ပီချောင်းမြစ်ကမ်းဘေး၌ အခြေစိုက်သည့် ခမရ ၅၆၅ တပ်ရင်းမှလည်း ဖေဖော်ဝါရီလ ပထမအပတ်တွင် မြစ်အတွင်းသွားလာနေသာ စက်လှေများထံမှ အကောက်အခွန်များကို အတင်းအဓမ္မကောက်ခံခဲ့ကြောင်း သိရသည်။                   ARAKAN TIMES

Sunday, February 24, 2013

ပိုက်လိုင်းဖြတ်သန်းမြေ နစ်နာကြေးပေးရာ၌ မသမာမှုများရှိနေခြင်းအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု RNDP ဗဟိုကော်မတီဝင် တစ်ဦးကဆို

Written by ဇင်ကီး    Monday, 25 February 2013 09:09    PDF Print E-mail
Tway Tway Soe Ann CC of RNDPတရုတ်ကုမ္ပဏီ CNPC ၏ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ ဥယျာဉ်ခြံ မြေများပါဝင်သွားခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီကိုယ်စား လျော်ကြေးငွေများထုတ်ပေးနေသည့် မြေယာနှင့်သီးနှံလျော်ကြေးပေးရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် မသမာမှုများရှိနေခြင်းအပေါ် ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ၏ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး (အမ်း)က ဆိုသည်။
အမ်းမြို့နယ် လျော်ကြေးပေးရေးအဖွဲ့၏ဖေဖော်ဝါရီလ (၂၂) ရက်နေ့က အမ်း(မယက)ရုံးတွင်ကျင်းပသော နောက်ဆုံး လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနား၌ ဒေါ်သွယ်သွယ်စိုးက မူလမြေပိုင်ရှင်များကို ဘေးဖယ်ပြီး၊ မသမာသောနည်းဖြင့် သီးနှံပင်အတုစိုက်ပျိုးသူများကိုသာ လျော်ကြေးငွေထုတ်ပေးခြင်း၊ မြေပိုင်အဖြစ် အသိအမှတ်ပြုခြင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းရန် ပျက်ကွက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီးသည့်နောက် ၄င်းက Arakan Times သို့ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
" ပိုက်လိုင်းသွယ်တန်းတဲ့ လမ်းကြောင်းမှာ ပါသွားတဲ့မြေပိုင်ရှင် အစစ်အမှန်တွေကို လျော်ကြေးပေးမယ့်အစား၊ သူတို့နဲ့ပတ်သက်တဲ့ မြေကြီးနဲ့မဆိုင်သူတွေကိုပဲ သီးနှံပင်တွေကိုပိုက်လိုင်းလမ်းကြောင်းပေါ်မှာ အနီးကပ်စိုက်ခိုင်းပြီးမှ၊ မြေစာရင်းနှင့်လက်ဝါးရိုက်ပြီး လျော်ကြေးငွေတွေကိုထုတ်ပေးခဲ့ကြတယ်။ နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင် လာခဲ့တဲ့သူတွေမှာ လျော်ကြေးမရရုံမျှမက မိမိပိုင်မြေကြီးပါ ဆုံးပါးရတော့မယ့် အနေအထားကိုရောက်နေရပြီ။ ဒါကြောင့် ဒီလိုမသမာတဲ့လုပ်ရပ်တွေကိုကျူးလွန်နေတဲ့ အမ်းမြို့နယ် မြေယာနဲ့သီးနှံလျော်ကြေးပေးရေးအဖွဲ့ကို ကျမတို့အနေနဲ့ ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား ရင်ဆိုင်သွားဖို့ပဲရှိတော့တယ်။ " ဟု ၄င်းက ပြောသည်။
အမ်းမြို့နယ်လျော်ကြေးပေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး၊ မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။
၁၉၉၉ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည့် ဒေါ်သွယ်သွယ်စိုး ပိုင်မြေမှာ အမ်းမြို့နယ်မြေစာရင်းမှ ပုံစံ(၁၀၅)နှင့် စိုက်ပျိုးခွင့် ပြုထားသော အမ်းမြို့နယ်၊ စပ်စီကျေးရွာအုပ်စုရှိ ကွင်းအမှတ်(OSS) ကြေးတိုင်ပြင်၊ မြေဧက (၇၀)ကျော်ရှိပြီး၊ အမ်းမြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ၄င်းနှင့်အတူ တစ်ဆက်တစ်စပ်တည်းပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်သူ သုံးဦးတို့ကလည်း ဒေါ်သွယ်သွယ်စိုးပိုင်မြေအမှန်ဖြစ်ကြောင်း အတည်ပြုထောက်ခံထား ကြသလို၊၂၀၁၀ ဒီဇင်ဘာလ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စုံစမ်းရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက် အရလည်းကောင်း မြေမှာဒေါ်သွယ်သွယ်စိုး၏ လက်ငုတ်လက်ရင်း စိုက်ပျိုးမြေဖြစ်သည်နှင့်အညီ၊ လျော်ကြေးပေးရန်ရှိက အဆိုပါ မြေနေရာနှင့်အပင်များအတွက် စဉ်းစားဆုံးဖြတ်သင့်သည်ဟု အကြံပြုထားသည်။
သို့ရာတွင်ပိုက်လိုင်းဖြတ်ခါနီးမှာ မြေစာရင်းနဲ့နီးစပ်သူတချို့က ၄င်း၏စိုက်ပျိုးမြေ၌ ပိုင်ရှင်မသိဘဲ ယာယီအပင် များလာစိုက်ပြီး၊ လျော်ကြေးငွေ ထုတ်ယူသွားခဲ့ကြသည်ဟု ဆိုသည်။ ယင်းကိစ္စအား၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မေးမြန်းရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်ဇော်က " ၂၀၁၁ခုနှစ် အောက်တိုဘာလမှစပြီး၊ အဆိုပါမြေပေါ်ရှိ စီမံကိန်းပိုက်လိုင်း ဖြတ်သန်းသွားမည့်နေရာကို ရွေးချယ်၍ ရော်ဘာနှင့် ကော်ဖီပင်များစိုက်ပျိုးမှုရှိခဲ့ရာ၊ အဆိုပါမြေနှင့်သီးနှံအတွက် လျော်ကြေးမပေးရန် အမ်းမြို့နယ် မြေယာနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့က ဆုံးဖြတ်ကြောင်း" ပြန်လည်ဖြေကြားခဲ့သည်။
"သက်ဆိုင်ရာမှတ်တမ်းမှတ်ရာတွေ၊ တရားဝင်ခွင့်ပြုထောက်ခံချက်တွေ၊ စုံစမ်းစစ်ဆေးချက်တွေ အားလုံးရှိရက်နဲ့ ကျမရဲ့ကိုယ်ကျင့်သိက္ခာကိုထိပါးစေတဲ့ ဒီလိုဆုံးဖြတ်ချက်ကို ကျမအနေနဲ့ခွင့်ပြုလိုက်မယ်ဆိုရင်၊ ကျမလိုပဲ တခြားနစ်နာသူတွေဟာ တရားမျှတမှုနဲ့ ဥပဒေအရညီမျှမှုတွေကို ဘယ်တော့မှရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ကျမခံစားရတယ်" ဟုဒေါ်သွယ်သွယ်စိုးက မှတ်ချက်ပြုပြောဆိုသည်။
ဒေါ်သွယ်သွယ်စိုးနည်းတူ ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်အများစုမှာ မိမိတို့ပိုင်ဆိုင်သည့်မြေအား ဆယ်စုနှစ်နှင့်ချီ၍ စိုက်ပျိုးလုပ်ကိုင်နေကြရင်းက ပိုက်လိုင်းတပ်ဆင်ခါနီးတွင်မှ မြို့နယ်မြေစာရင်းနှင့် နီးစပ်သူတစ်ချို့၏ လျော်ကြေး ရလိုမှုဖြင့် မိမိတို့မြေမှာ သီးနှံပင်စိုက်ပျိုးကာ လျော်ကြေးကို လိမ်လည်ထုတ်ယူခဲ့ကြသည်သာမက မြေကြီးကိုပါ ပိုင်ဆိုင်ရန်ကြိုးစားနေကြောင်း မိမိမြေကြီးလျော်ကြေးအား တပါးသူထုတ်ယူခြင်းခံရသူ အမ်းမြို့ အောက်ရွာမှ တပ်မတော် အငြိမ်းစား ဦးဝဏ္ဏစောက ပြောသည်။
" ဒီကိစ္စက ကျမတစ်ယောက်ထဲအတွက် ပြောနေရတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ရခိုင်ပြည်နယ်က သယံဇာတတွေကို ပြည်နယ်လူထုရဲ့ သဘောတူညီချက်နဲ့ ထုတ်ယူခဲ့ကြတာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီနစ်နာကြေးတို့၊ ဒေသဖွံ့ဖြိုးရေးတို့ဆိုတာက လုပ်ငန်းမစခင်ကတည်းက လုပ်ပေးပြီးသားဖြစ်နေရမယ်။ ခုဟာက မနက်ဖြန် စီမံကိန်းက ပြီးတော့မယ်။ ဒီကနေ့ထိ ဒေသဖွံ့ဖြိုးရေးမပြောနဲ့၊ နစ်နာကြေးတောင်မပေးရသေးဘူး။ နဲနဲပါးပါး ပေးပြန်တော့လည်း ကိုယ့်တိုင်းရင်းသား အချင်းချင်း ရိုက်စားလုပ်ကြတယ်။ ဒါတွေဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ ကိုချိုးဖောက်ရုံသာမက၊ ကျမတို့နိုင်ငံသား၊ တိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာကိုပါ ထိပါးစော်ကား တဲ့လုပ်ရပ်ပဲ လို့မြင်တယ်" ဟု ဒေါ်သွယ်သွယ်စိုးက ဆက်လက်ရှင်းပြသည်။
အမ်းနှင့်ကျောက်ဖြူ မြို့နယ်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာလမ်းတလျှောက် ပါဝင်သွားသည့် လယ်မြေနှင့် အခြားဥယျာဉ်ခြံမြေများအတွက် လျော်ကြေးငွေများမရရှိသူများ၊ အပြည့်အ၀မရရှိသူများ၊ မသက်ဆိုင်သူများအား လွဲမှားစွာထုတ်ပေးထားခြင်းများ၊ ပိုက်လိုင်းအတွက် မြေတူးမှုကြောင့် အနီးဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းများ အပေါ်နစ်နာကြေးပေးရန် ပျက်ကွက်မှုများမှာ များပြားစွာပေါ် ပေါက်လျက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။
စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့သော ကျောက်ဖြူ - ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း စီမံကိန်းအား လာမည့်မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ယင်းစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသည့် တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) ကုမ္ပဏီမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းကြီးတစ်ခုလုံး အပြီးသတ်ရန် နှစ်လသာလိုတော့သည့် ယနေ့အချိန်ထိ၊ ပိုက်လိုင်းဖြတ်သန်းရာ ဒေသအတွင်းရှိ နစ်နာသူများအား လျော်ကြေးငွေအပြည့်အ၀ပေးခြင်းမရှိ၊ ဒေသ၏ အမှန်တကယ်လိုအပ်နေသည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကိုလည်း ဖြည်းဆည်းပေးခြင်းမရှိသည့်အပြင်၊ ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပို့လွှတ်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို အများပြည်သူတို့ သိရှိရန်ထင်သာမြင်သာစွာ ရှင်းလင်းမှုမရှိခြင်း စသည့်လိုအပ်ချက် များစွာတို့မှာလည်း ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ယင်းစီမံကိန်းအား တရုတ်နိုင်ငံ၏ နာမည်ကျော်စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သော CNPC ကုမ္ပဏီကြီးက လုပ်ကိုင်နေခြင်းဖြစ်ပြီး တရုတ်၊ မြန်မာ၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီခြောက်ခုတို့က ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ကာ အမေရိကန် ဒေါ်လာသန်း ၂၅၀၀ နီးပါး ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။                ARAKAN TIMES

ကရင်ဒေသ စေတနာ ခရီးတခေါက်


KNU ကာကွယ်ရေးဝန်ကြီး စောရော်ဂျာခင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုရှီဝါ ဆာဆာကာဝါ(ဓာတ်ပုံ – ဧရာဝတီ)
 
 


နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေကူညီမယ် ဆိုလို့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ နဲ့ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်တွေ အပါအဝင် သတင်းသမားတွေ လည်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ပေါ်ကနေ ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ရှိရာ နယ်မြေကို တောလမ်းကြမ်းကြမ်း ဖြတ်သန်းရင်း ရောက်ရှိခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ KNU၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တွေကတဆင့် အကူအညီပေးမယ့် အစီအစဉ်ပါ။
လှိုင်းဘွဲ့မြို့ပေါ်ကနေ သရီးဖိုးကွီးကျေးရွာ အနီးမှာရှိတဲ့ တပ်မဟာ ၇ နယ်မြေကို KNU လမ်းပြ တချို့က ခေါ်သွားခဲ့တာပါ။ လမ်းခရီး က တော်တော်လေးကို ကြမ်းတမ်းပါတယ်။ ၁၄ မိုင်လောက် ချောင်းတွေမြောင်းတွေကိုဖြတ်၊ တောင်ကုန်းငယ်တွေကို ဖြတ်သန်း ရင်း နဲ့ ဖုန်ထူလွန်းတဲ့ လမ်းတလျှောက်မှာ ကျင်းတွေ ချိုင့်ခွက်တွေကို ကျော်ရင်း ၂ နာရီကျော်ကြာ ကားစီးပြီးသွားခဲ့ရပါတယ်။
တောလမ်းကိုဖြတ်ရင်း ကားတစီးနဲ့တစီး ပေ ၃၀ လောက်ခွာပြီး မောင်းတာတောင် ဖုန်ထူလွန်းလို့ ကားတွေကို မမြင်နိုင်အောင်ပါပဲ။ ဒါကြောင့် ရွာငယ်တရွာရောက်ရင် တခါ နားရင်း ကားတွေကို စောင့်ဆိုင်း ကြရတယ်၊ တောထဲမှာ လမ်းသွယ်တွေ၊ လမ်းခွဲတွေ၊ ချောင်းငယ်တွေလည်းရှိတာကြောင့် လမ်းပြတွေက မျက်ခြည် မပြတ်အောင် ကားတစီးနဲ့ တစီး ဂရုစိုက်မောင်းကြရပါတယ်။ ကွမ်ဘီ၊ ပိန္နဲတော၊ ထသိန် ကြိုးဝိုင်းရွာတွေကို ကျော်ဖြတ်ပြီး နောက်မှာတော့ KNU တပ်မဟာ ၇ ကို ရောက်လာပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီလောက် လှိုင်းဘွဲ့မြို့ပေါ်က ထွက်ခဲ့တာ တပ်မဟာ ၇ ကို ရောက်တော့ နေ့လယ်၂ နာရီ လောက် ဖြစ်နေပါပြီ။ KNU က ယာယီတဲထိုးပြီး ဧည့်သည်တွေအတွက် အဆင်သင့်လုပ်ထားပါတယ်၊ ကျမတို့ သတင်းသမားတွေလည်း လမ်းတလျှောက် ကားကြပ်ကြပ်ကိုစီးပြီး ပူလောင်နေတဲ့ နေရောင်အောက်ကနေ ယာယီတဲထဲ အဝင် ရေအိုးလေးတွေနဲ့ ရေခွက်တွေချထားတာကြောင့် အားရပါးရ ငှဲ့သောက်မိတာ ရေနွေးပူပူတွေ ဖြစ်နေတာကြောင့် တော်တော်လေး ကသိကအောက် ဖြစ်သွားရပါသေးတယ်။ KNU က အစောင့်စစ်သား တယောက်ကို မေးကြည့်တော့ တောထဲမှာဖြစ်လို့ ရေစိမ်း မသောက်ကြဘူးလို့ ဆိုပါတယ်။
KNU စခန်းမှာ ကျမတို့တွေ ရောက်ပြီး သိပ်မကြာခင်မှာဘဲ ပြည်ပကနေ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ကျော် လောက် ရောက်လာခဲ့ကြပါတယ်။ နီပွန်ဖောင်ဒေးရှင်းက ဆန်တွေလှူမယ်ဆိုတာကြောင့် နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် တိုင်းရင်း သား ဒေသခံတွေ ရောက်ရှိ လာကြတာပါ၊ တချို့ တွေကလည်း ပလိုင်းကြီးတွေကို ခေါင်းထက်မှာ ချိတ်ရင်း စောင့်နေသလို အများစုကတော့ ပုဆိုးပိုင်းတွေကို ကိုင်ရင်း ဆန်လှူပေးမယ့်အချိန်ကို စောင့်နေကြပါတယ်။ သူတို့တွေက သရီးဖိုးကွီး ကျေးရွာ၊ ထီးမဲပေါကျေးရွာ တွေကနေ ဆန်ရရှိဖို့ နှစ်နာရီ နီးပါး လမ်းလျှောက်လာခဲ့ကြတယ်လို့ ပြောပြပါတယ်။
ဒေသခံတွေက ကရင်လူမျိုးတွေဖြစ်ပြီး မြန်မာစကား ပြောတတ်သူက ၃ ယောက်လောက်ပဲ ရှိပါတယ်။ တချို့ ကရင် အမျိုး သမီး ငယ်တွေက အင်တာဗျုးလုပ်ဖို့ ဓာတ်ပုံရိုက်တာတွေကို ရှောင်သွားကြပါတယ်။
လမ်းခရီးက ကြမ်းတမ်းလွန်းတာကြောင့် လှိုင်းဘွဲ့မြို့ကိုဘယ်လို သွားလာကြလဲလို့ မေးတော့ မြန်မာ စကား အနည်းငယ်တတ်တဲ့ ကရင်အမျိုးသမီးကြီးက“ပိုက်ဆံရှိတဲ့သူတွေကတော့ ကားစီးတယ်၊ ငါတို့တော့ မနက် စောစော လမ်းလျှောက်၊ ညနေဆို မြို့ပေါ် ရောက်တယ်လေ”လို့ ပြောပြပါတယ်။
အဲဒီ ကျေးရွာအများစုက ဒေသခံတွေက သူတို့အတွက် လမ်းလျှောက် သွားလာနေရတာဟာ အပန်းမကြီးတော့ဘူးလို့ ဆိုပါတယ်။ ဖုန်ထူထူလမ်းတွေနဲ့ ချောင်းတွေမြောင်းတွေပေါတဲ့ တောလမ်းကနေ လှိုင်းဘွဲ့မြို့ပေါ်အထိ လမ်းလျှောက် သွားလာရတယ် ဆိုတာ မလွယ်လှတဲ့ ကိစ္စတခုပါပဲ။ နေ့စဉ် မြို့ပေါ်ကို လမ်းလျှောက်သွားလာဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုနဲ့ပဲ ရွာသူရွာသားတွေက မြို့ပေါ်ကို အရောက်အပေါက်နည်းပြီး သူတို့ နေထိုင်ရာက ကတသီးတခြား နယ်မြေတခုလို ဖြစ်နေပါတယ်။
ဒေသခံတွေက သွားလာရခက်ခဲတဲ့အပြင် တောင်ကြားတွေမှာ ရွာတည် နေရတဲ့အတွက်ကြောင့် တောင်ပြိုတာမျိုး မကြာခဏ ကြုံရတာအပြင် ဆန်စပါးစိုက်ပျိုးရတာ၊ ဟင်းစားရှာရတာနဲ့ ရေရရှိဖို့က အရမ်းကိုခက်ခဲတယ် လို့လည်း ပြောဆိုပါတယ်။
အခုလိုမျိုး KNU ထိန်းချုပ်နယ်မြေမှာ အဖွဲ့အစည်းတွေက လာပြီး စားနပ်ရိက္ခာလှူဒါန်းတာမျိုး တခါမှ မရှိခဲ့ဘူးလို့လည်း ဒေသခံ တဦးဖြစ်တဲ့ ဒေါ်နော်မေဖွီး က ပြောပြပါတယ်။
“ဟင်းစားမရှိတာများတော့ ခံတက်ရွက်ကို ပြုတ်စားဖြစ်တာများတယ်၊ ဒီဒေသမှာ အဓိက လိုတာ ရေနဲ့ ဆန်ပဲ။ အခုမှ ငြိမ်းချမ်းစ ပြုတဲ့ နယ်မြေဆိုတော့ တိုးတက်ဖို့ဆိုတာ ဖြည်းဖြည်းသွားရမယ် ထင်တာပဲ”လို့လည်း သူက ဆိုပါတယ်။
ဒေသခံအများစုကတော့ တောင်ယာလုပ်ငန်းနဲ့ပဲ အသက်မွေးကြပြီး ကွမ်းပင် စိုက်ရာက ရရှိလာတဲ့ ကွမ်းရွက်တွေကို ရေနွေးဆူဆူ ထဲ ထည့်ပေါင်း၊ ရလာတဲ့ ကွမ်းရွက်ပေါင်းတွေနဲ့ သဘာဝ ဆေးလိပ်ဖက် ဖြစ်တဲ့ ပန့်ပွေးရွက်ကို ကျပ်တင်ပြီး ကရင်ရိုးရာ ဆေးမျိုးစုံနဲ့ ဆေးလိပ် လိပ်ကြပြီး အဲဒီ ကွမ်းပေါင်းနဲ့ ပန့်ပွေးဆေးလိပ်ကို လှိုင်းဘွဲ့မြို့ပေါ်ကို သွားပြီးရောင်းချ၊ ရတဲ့ငွေနဲ့ ဆန်ဝယ်ကြတယ် လို့ သိရပါတယ်။
နီပွန်ဖောင်ဒေးရှင်းက ပထမ တကြိမ် မွန်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက တဆင့် အထောက်အပံ့တွေပေးခဲ့ပြီးတော့ ဒီတခါမှာတော့ ကရင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ဆန်အိတ် ၂၂၀၀ ကို လှူဒါန်း တာပါ။
ဆန်လှူရာကို ရောက်ရှိလာတဲ့ ကရင်တိုင်းရင်းသူကြီးတွေ (ဓာတ်ပုံ – ဧရာဝတီ)
နီပွန်ဖောင်ဒေးရှင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ မြန်မာ အစိုးရတို့ အကြား ရရှိခဲ့တဲ့ သဘောတူညီချက်ကို အခြေခံပြီး နီပွန်ဖောင်ဒေးရှင်းက အထောက်အပံ့ ပစ္စည်းတွေကို ပြည်တွင်း ဒုက္ခသည်တွေရှိရာ ဒေသတွေကို ဖြန့််ဝေပေးသွားဖို့ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ အတွက်လည်း ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နီပွန်ဖောင်ဒေးရှင်းက ဥက္ကဌ ယိုရှီဝါ ဆာဆာကာဝါက“ကျွန်ုပ်တို့ ငယ်ငယ်တုန်းကလည်း အရမ်းဆင်းရဲခဲ့တဲ့ အခြေအနေပါ၊ စား စရာမရှိလို့ လမ်းဘေးနေရမယ့် အထိ ဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် စိတ်ဓာတ်မကျခဲ့ပါဘူး၊ ခင်ဗျားတို့လည်း စိတ်ဓာတ် မကျပါနဲ့”လို့ ဒုက္ခသည်တွေကို အားပေးစကား ပြောသွားပါတယ်။
တိုင်းရင်းသားဒုက္ခသည်တွေကို မျက်မြင်တွေ့လိုက်ရတော့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တခုခုတော့ ဆုံးဖြတ် သင့်ပြီလို့လည်း သူက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့က အရေးကြီးနေတယ်လို့လည်း ဆိုပါသေးတယ်။
KNU ကလည်း ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ ရွှေ့ပြောင်းပြီး စစ်ဘေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည်တွေကို နေရပ်မှာပြန်ပြီး နေနိုင်ဖို့အတွက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတာနဲ့ ဆောင်ရွက်မယ်လို့ KNU ကာကွယ်ရေးဝန်ကြီး စော ရော်ဂျာခင်က ပြောပါတယ်။
KNU က စာရင်းပြုစုထားတဲ့ ဒုက္ခသည်ပေါင်းကတော့ ထိုင်းနယ်စပ်မှာ ရောက်ရှိနေတာ ၁၅၀၀၀၀ ကျော် ရှိနေပြီး ပြည်တွင်း တိမ်းရှောင် နေရတဲ့ ဒုက္ခသည်ပေါင်းကတော့ ၂၁၀၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်က တိုင်းရင်းသားအများစုက နယ်မြေမငြိမ်းချမ်းစဉ်တုန်းက ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်ခိုလှုံ နေခဲ့ကြ တာဖြစ်ပါတယ်။ လက်ရှိ ထိုင်းနယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး မယ်လဒုက္ခသည် စခန်းကတော့ အကြီးဆုံးပဲလို့ စောရော်ဂျာခင် က ပြောပါတယ်။
တချို့တိုင်းရင်းသား ဒုက္ခသည်တွေကတော့ ပြည်နယ်က ငြိမ်ချမ်းစပြုနေပြီလို့ ထင်တာကြောင့် ဒုက္ခသည် စခန်းတွေက နေရပ်ကိုပြန် လာကြတာလို့ သိရပါတယ်။
“မငြိမ်းချမ်းတုန်းကတော့ မနေရဲဘူး၊ တိုက်ပွဲဖြစ်ပြီဆိုရင် လက်နက်ကြီးမှန်မှာစိုးလို့ ပြေးလွှားနေရတာ၊ နောက်တော့ ဒုက္ခသည် စခန်းကိုပဲ သွားနေလိုက်တာ၊ အခုလည်း ပြန်လာတာ သိပ်မကြာသေးဘူး”ဟု ဆန်လှူရာကို ရောက်ရှိနေတဲ့ ကရင်အမျိုးသား တဦး က ပြောပြပါတယ်။
ဒေသခံတွေကို တိုက်ပွဲအတွေ့အကြုံတွေလည်း မေးကြည့် ပါသေးတယ်။
“လက်နက်ကြီးက ဝုန်းခနဲကျလာတော့ ရွာထဲကနေ ထွက်ပြေးကြတာ၊ အမိုးဆို အရှက်တောင် မငဲ့နိုင်ပါဘူး၊ အဝတ်အစားတွေ ကျွတ် ကုန်တာတောင် ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးခဲ့ရတာ။ သေဘေးကတော့ လွတ်ခဲ့တယ်”ဟု ဒေသခံ တိုင်းရင်းသူကြီး တဦးက ပြောပြပါတယ်။
အခုချိန်အထိ တိုင်းရင်းသားတွေက တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်နေရတုန်းပဲလို့လည်း ပြောကြပါတယ်။
ဆန်လှူရာကို ရောက်လာတဲ့ ကရင်တိုင်းရင်းသား အသက်၁၂ နှစ်လောက်ရှိတဲ့ ကလေး ကလည်း သူတို့ မြန်မာစကား မတတ်ဘူး၊ အင်္ဂလိပ်စကား ဆိုတာလည်း မသိဘူး၊ ကျောင်းလည်း မတတ်ဖူးဘူး၊ ရွာမှာ ရှိတဲ့ သူတွေလည်း အဲ့ဒီလိုပဲတဲ့၊ သူတို့သိတာ ဖထီးတို့ အမိုးတို့ သစ်ခုတ်ရင်လိုက်ပြီး တောကောင်လေးတွေပစ်ပြီး ဟင်းစားရှာဖို့ပါလို့ ကရင်ဘာသာနဲ့ ပြောပြတာကို စကားပြန် တယောက် က ပြန်ပြောပြပါတယ်။
ညနေ ၃နာရီခွဲလောက်မှာတော့ နီပွန်ဖောင်ဒေးရှင်းက အိမ်ထောင်စုတစုကို ဆန်တတင်းစီ လှူပါတယ်၊ ကျေးရွာလူကြီးက နာမည် စာရင်းခေါ်ပြီး တယောက်စီ တန်းစီ ဆန်ယူကြပါတယ်၊ နောက်တော့ ယူပြီးတဲ့သူတွေက အုပ်စုဖွဲ့ပြီးတော့ ရွာကို ပြန်ကြပါတယ်။
ကျမတို့တွေလည်း ရွာသုံးရွာ သွားမယ်လို့ သိခဲ့ရပေမ့် လမ်းခရီးကြမ်းလွန်းတာက တကြောင်း၊ ရွာတရွာမှာတင် ညနေ စောင်းအထိ အချိန်ကုန်ခဲ့တာကြောင့် သရီးဖိုးကွီးရွာတရွာကိုပဲ သွားဖြစ်ပြီး လှိုင်းဘွဲ့မြို့ပေါ်ကို ပြန်လာခဲ့ရပါတယ်။
အပြန်ခရီးမှာတော့ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ် ရေး စတဲ့ လူမူဘဝ တိုးတက်ဖို့ အတွက် အစိုးရ အပါအဝင် အဖွဲ့အစည်းပေါင်းစုံက ဝိုင်းဝန်း ကူညီဖို့ လိုနေပြီလို့ တွေးတောလာခဲ့ မိ ပါတယ်။     .irrawaddy

နိဂုံးချုပ်ရတော့မည့်စစ်နဲ့ အသစ်ဖြစ်ချင်နေသော ဘ၀များ


36529_380271168735274_345909444_n
တချက်တချက် ဒိန်းကနဲပစ်လိုက်သည့် လက်နက်ကြီးသံက မြေကြီးပင်တုန်ခါသွားသည်။ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ် ပွားမှုမျိုးမရှိသော်လည်း လက်နက်ကြီးနှင့် ကြိုကြားပစ်ခတ်မှုကတော့ ရှိနေဆဲဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုအဆင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ မြန်မာ့တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော်သို့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၄ ရက်အကြာ ရှေ့တန်းစစ်မျက်နှာပြင်အခြေအနေ ဖြစ်သည်။
“မနက် ၄ နာရီလောက်ကတည်းက ပစ်နေတာ။ ၇ ချက်ရှိသွားပြီ” ဟု ဂျန်မိုင်စစ်စခန်းမှ ဗိုလ်အောင်ဘန်းက ဇန်န၀ါရီလ ၂၂ ရက်က ပြောသည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ထုတ်ပြန်ကြေညာခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှ ၁၄ နာရီ (၂ နာရီ) ထိ ယောရုံတောင်မှ ဂျန်မိုင်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် ၁၇ ချက်တိတိ အစိုးရတပ်မှ ပစ်ခတ်ခဲ့ကြောင်း၊ ဇန်န၀ါရီလ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှ ၁၃ နာရီ ( ၁နာရီ )ထိ လက်နက်အကြီး၊ အသေးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း ပစ်ခတ်မှုအကြိမ်ရေအား မှတ်သားထားသော စာအုပ်ငယ်ကို ဖွင့်ဖတ်ကြည့်ရင်း ၎င်းကပြောသည်။
“သူတို့ဖက် (မြန်မာ့တပ်မတော်ဖက် ) က ကျနော်တို့ ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီး တောက်လျောက်ပစ်နေတာ” ဟု ဗိုလ်အောင်ဘန်းကဆိုသည်။
သို့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်အနေဖြင့် ထိုးစစ်ဆင်ခြင်းထက် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုအပေါ် ခံစစ်ကြောင်းဖြင့်သာ တုံ့ပြန်လျက်ရှိသည့်အနေအထားဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ စခန်းသည် မိုင်ဂျာယန် မြို့ပေါ်မှ တောလမ်းခရီးအတိုင်း ကားဖြင့် ၂ နာရီနီးပါး သွားရသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စခန်းချ ထားရာ ဒေသအတွင်းမှ နောက်တန်းဗဟို စခန်းတခုဖြစ်သည်။ ၎င်းသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်ကြား ၂၀၁၁ ခုနှစ်အတွင်းက အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတခုလည်း ဖြစ်သည်။ ယင်း ပတ် ၀န်းကျင်အနီး တောင်ကုန်းသာခြားသောဒေသ ကီလိုမီတာ ၈၀၀ ခန့်အကွာ၌ မြန်မာ့တပ်မတော်မှ အခြေစိုက်စစ်စခန်း ခြေကုတ်ယူထားကြောင်း သိရသည်။
ယင်းတောင်ကုန်းများသည် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စခန်းများ အခြေစိုက်ရာ တောင်ကုန်းများ ဖြစ်သော်လည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်ကြောင်းကြောင့် စွန့်ခွာ လက်လွှတ်ခဲ့ရ သော တောင်ကုန်းများဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ဇန်န၀ါရီလ ၁၈ ရက်က ပြင်းထန်သော ထိုးစစ်ကြောင့် လဂျားယန်မြို့၏ အဓိကတောင်ကုန်းနှစ်ခုဖြစ်သော ပြုံဘန်ဘွမ်နှင့် မဆမ်ဘွမ် တောင်ကုန်းနှစ်ခုကို စွန့်ခွာပေးခဲ့ရပြီး၊ ဇန်န၀ါရီလ ၂၁ ရက်က မိုင်ဂျာယန်မြို့ နောက်တန်းဗဟိုဌာန ဂျန်မိုင် မှ ၃ မိုင်ခန့်အကွာရှိ မဂခက်တပ်စခန်းအခြေစိုက် ထားရာ တောင်ကုန်းသို့ မြန်မာ့တပ်မတော်တပ်သားများ တိတ်တဆိတ် ၀င်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက် အပြန်အ လှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း အဆိုပါ တပ်စခန်းရှိ ကွန်မန်ဒိုရဲဘော်အချို့ကပြောသည်။ ထို့ပြင် ၆၀ မမများ၊ ၁၂၀ မမများဖြင့် အချိန်ခြားပစ်ခတ်မှုများကြောင့် အသင့် သတိအနေအထားဖြင့် နေထိုင်ရကြောင်း ၎င်းတို့ကဆိုသည်။
ပစ်ခတ်တိုက်ခတ်မှုများ မဖြစ်ချင်သော်လည်း ကိုယ့်နယ်မြေထဲ တိုးဝင်လာသည့် အခြေအနေမျိုး၌ ရှောင်လွဲမရသော တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အပစ်အခတ်ရပ်စဲပြီဟု ဆိုသော်လည်း ရှေ့တန်း စစ်မျက်နှာပြင်ရှိ မြန်မာ့တပ်မတော် တပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်မှုနှင့် ထိုးစစ်ဆင်မှုများ မရပ်ဆိုင်းခြင်း အပေါ် မယုံကြည်နိုင်ဖြစ်မိကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၉ နှစ်ကြာရှိပြီ ဖြစ်သော ဗိုလ်အောင်ဘန်းကပြောသည်။
သို့ရာတွင် ဇန်န၀ါရီလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ တပ်မတော်မှ စစ်ရေးကိစ္စ ဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတမှ ညွှန်ကြားထားပြီး ရက်ပိုင်းအတွင်းတွင် ကချင်လွတ်မြောက်ရေး တပ် မတော် တပ်ဖွဲ့ဝင်များသည် လွယ်ဂျယ်မြို့နယ် ဂျာမိုင်းကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းအား အင်အားဖြင့် လာ ရောက်တိုက်ခိုက်ခြင်း၊ ဖားကန့်မြို့အနီး နယ်မြေခံတပ်စခန်းအား ပစ်ခတ်ခြင်း၊ ကာမိုင်းရဲစခန်းအား စီးနင်းတိုက်ခိုက်ခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုမ္ပဏီနှစ်ခုအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများအား ပြန်ပေးဆွဲခြင်း၊ မူဆယ်-လားရှိုးကားလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်ကျူး လွန်ခဲ့ကြောင်းဖော်ပြထားခဲ့သည်။
ထို့ပြင် ကေအိုင်ကေတပ်ဖွဲ့မှ ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစားများတွင် ဖော်ပြခဲ့သည်။ ထိုကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ဖက်သို့ တရား ၀င်သတင်းရယူနိုင်မှု မရှိခဲ့သော်လည်း ယင်းကာလအတွင်းရှိခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအပေါ် နိုင်ငံတော် သမ္မတ ကိုယ်စားပြောရေးဆိုခွင့်ရှိသူ “ဦးရဲထွဋ်” က လေကြောင်းတိုက်ခိုင်မှုသည် အရပ်သားများရှိရာအရပ်များသို့ ရည် ရွယ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ မြေမြှုပ်မိုင်းကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်အချို့က ၀န်ခံခဲ့ပြီး မြေမြှုပ်မိုင်း သည် ၎င်းတို့အဖွဲ့အစည်းတခုတည်း ထောင်ထားခြင်းမဟုတ်ဘဲ မြန်မာ့တပ်မတော်မှလည်း ထောင်ထားသည်များရှိ ကြောင်း ပြောကြားခဲ့သည်။
“သူတို့ဖက်က သမ္မတကြီးပြောတဲ့စကားကို မနာခံဘူး။ အဲဒီတော့ ကျနော်တို့လည်း တချို့ကိစ္စတွေလုပ်ရတာပေါ့” ဟု ဗိုလ်အောင်ဘန်း က ပြောသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်အား ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ထား ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ၃ ကြိမ်တိုင်ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိသေးပေမယ့် ဆက် လက်ဆွေးနွေးရန် အသင့်ရှိနေကြောင်းဖြင့် ၎င်း၏ နိုင်ငံသို့ပြောကြားသော မိန့်ခွန်းအချို့တွင်ပြောကြားခဲ့သည်။ အထူး သဖြင့် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ရွှေလီမြို့၌ ဆွေးနွေးခဲ့သော တတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူအချို့ ကပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအတွက်ကြောင့်ပင် ပြည်ထောင်စု သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် ၃/၂၀၁၃ သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်မှ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်စေလို ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
သို့ရာတွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စနှင့် တိုက်ပွဲများချုပ်ငြိမ်းရေးကိစ္စရပ်များအပေါ် ကချင်လွတ်မြောက်ရေး တပ် မတော် တာဝန်ရှိသူများမှ တစုံတရာ ထုတ်ပြန်ကြေညာမှုမရှိခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာပြင်ရှိ ကချင်လွတ် မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင် အများစု၏ တူညီသည့် သဘောထားသည် အထက်လူကြီးများ၏ ညွှန်ကြားချက် သ ဘောထားအတိုင်း တိုင်းပြည်အတွက် တိုက်ပွဲဝင်နေခြင်းနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်လိုလားကြောင်းပင်ဖြစ်၏။
“ကျနော်တို့လူငယ်စိတ်ဓာတ်ကတော့ ငြိမ်းချမ်းရေးပဲ။ ဒါပေမယ့် လူကြီးတွေစိတ်ဓာတ်ကျတော့ ငြိမ်းချမ်းရေးဆိုတာ သူတို့ရဲ့ခံယူမှုက မပြောနိုင်ဘူး။ သူတို့ဦးဆောင်သလို သူတို့လမ်းပြသလိုလိုက်ဖို့အဓိကပဲ။ ဒါကျနော်တို့ခံယူမှုပေါ့” ဟု ကေအိုင်အေ ကွန်မန်ဒိုတပ်သား စိုင်းထွန်းလင်းက ပြောသည်။
ငြိမ်းချမ်းရေးကိုလိုလားသော်လည်း အဖြေရှာမရသော အကျိုးအမြတ်နှင့် အပြစ်တင်မှုများကြောင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများသည် ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် ထုတ်ပြန်ထားသော်လည်း လက်နက်ကြီးပစ်ခတ်မှုများ၊ မိုင်းထောင်အ ကြမ်းဖက်မှုများ၊ အစွန်းရောက် အယူအဆများကြောင့် ဇန်န၀ါရီလ ၂၅ ရက် လိုင်ဇာမြို့၏ အဓိက ခံတပ် ခါယာဘွမ် တောင်ကုန်းကို မြန်မာ့တပ်မတော်မှ သိမ်းယူနိုင်ခဲ့ပြီး လိုင်ဇာမြို့ ကျဆုံးလုနီးပါးအခြေအနေရှိခဲ့သော်လည်း ကချင်ပြည် နယ်တွင်း စစ်မက်ဖြစ်ပွားမှု ချုပ်ငြိမ်းခြင်းသည် မည်သည်အချိန်တွင်မှ ဆုံးခန်းတိုင်မည်မဟုတ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီဝင် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။
“ကျမ ဒီလိုစစ်ပွဲတွေပြန်ဖြစ်မှာကို ကြောက်တယ်” ဟု လေကြောင်းတိုက်ခိုက်မှုကိုစိုးရွံ့သဖြင့် ဗုံးခိုကျင်းထဲဝင်ရောက် ပုန်းခိုရာမှ မြေပြိုပိမှုကြောင့် သားတယောက်ဆုံးရှုံးခဲ့ရသလို ရှေ့တန်းရောက်သားနှစ်ယောက်၏ မိခင်ဖြစ်သူက ငိုရှိုက် ရင်းပြောသည်။ ထို့အတူ ရှေ့တန်းရောက်နေသော သားငယ်နှစ်ဦး တိုက်ပွဲများမတိုက်ဘဲ မိမိရင်ခွင်ထဲ ပြန်လာနေဖို့ စိတ်ဆန္ဒရှိသော်လည်း သူတို့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသည့်အပေါ် ၎င်းအနေဖြင့် ဘုရားသခင်စောင်မပါ စေကြောင်း ဆုမွန်တောင်းရင်းဖြင့်သာ …
ဉာဏ်လင်းအောင်  naytthit.net