Tuesday, January 1, 2013

နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျ မှသာ ဖြစ်နိုင်မည်


User Rating: / 1
PoorBest 
သတင်း - ပြည်တွင်း
နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျမှ ဖြစ်နိုင်မည်မြန်မာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတို့ လျာထားသည့် ယခု နှစ်ကုန်၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အချို့မှ အဆင်သင့် မဖြစ် သေး၍ လျာထားသည့် ကာလထက် နောက်ကျ မှသာ ဖြစ်နိုင်ဖွယ် ရှိကြောင်း မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု - စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
“ကျွှန်တော်တို့ မွန်ပြည်သစ် ပါတီ အနေနဲ့ က နိုင်ငံရေး ဆွေးနွေး ပွဲကို ကျွှန်တော်တို့ တပါ တီတည်း သွားရောက် ဆွေးနွေးဖို့ သဘောထား မရှိ ပါဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ကိုလည်း အခု အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အဆင့်သင့် မဖြစ် သေးတဲ့ အနေ အထားတွေ ရှိနေ ပါတယ်၊ ဒါကြောင့် အနည်း ငယ်တော့ အချိန်ယူ ရဦးမှာပါ” ဟု ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
မွန်ပြည်သစ် ပါတီ အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေး မူဘောင် ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ရှိသည် ဟုလည်း ဆိုပါသည်။
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ မော်လမြိုင် မြို့၌ ပြီးခဲ့သည့် ဖော်ဖော်ဝါရီ (၂၅) ရက်နေ့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး စဉ်က ဒီဇင်ဘာလ (၃၁) နောက်ဆုံး ထားကာ အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းကာ ယခု နှစ်ကုန် အမှီ အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် အချက် တစ်ချက်ကို နှစ်ဖက် ကိုယ်စား လှယ်များ လက်မှတ် ရေးထိုးကာ သဘောတူ ထားကြ ပါသည်။

အမေရိကန် ဘဏ္ဍာရေး ညှိနှိုင်းမှု အထက်လွှတ်တော် အတည်ပြု



အထက်လွှတ်တော် အမတ် Mitch McConnell

TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်တွေကြား ၂ ရက်ဆက်တိုက် အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးနောက် Fiscal Cliff လို့ ခေါ်တဲ့ အခွန်တိုးမြင့် ကောက်ခံမှုတွေ သူ့အလိုလို ဖြစ်ပေါ်ပြီး အစိုးရအသုံးစားရိတ်တွေလည်း သိသိသာသာ ဖြတ်တောက်ပစ်မယ့် အရေးက ရှောင်ရှားနိုင်မယ့် အစီအစဉ်တရပ်ကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းမှာ ရရှိလိုက်တဲ့ အဲဒီ သဘောတူညီချက်ကို ၈၉ မဲ ၈ မဲနဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်တာပါ။

အထက်လွှတ်တော်မှာ အဲဒီလို သဘောတူညီချက် ရလိုက်တဲ့အပေါ် သမ္မတ အိုဘားမားက ချီးကျူး ပြောကြားလိုက်ပြီး အောက်လွှတ်တော်ကလည်း အဆိုင်းမတွ အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသဘောတူညီချက် မူကြမ်းကို မဲခွဲ ဆုံးဖြတ်နိုင်ဖို့အတွက် ၀ါရှင်တန် စံတော်ချိန် နေ့လည် မွန်းတည့်ချိန်မှာ အောက်လွှတ်တော် စည်းဝေးပွဲ ခေါ်ထားပါတယ်။

ဒီသဘောတူညီချက်ဟာ ပြီးပြည့်စုံတဲ့ သဘောတူညီချက်မဟုတ်ပေမယ့်လည်း အမေရိကန်နိုင်ငံသား အများစုအပေါ် အခွန်တိုးကောက်မယ့် အစီအစဉ်က ရှောင်ရှားလိုက်နိုင်တယ်လို့ အထက်လွှတ်တော် အမတ်အနည်းစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။ ဒီသဘောတူညီရအောင် အထက်လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ဒုသမ္မတ Joe Biden ကိုလည်း Mitch McConnell က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။   voa

ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်




2013-01-01
လိုင်ဇာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ လဂျားယန် တောင်ကုန်းတွေကို အစိုးရတပ်က လက်နက်ကြီးတွေ၊ စစ်ရဟတ်ယဉ်တွေနဲ့ ဒီနေ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Photo: RFA
အစိုးရ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်မှ ကျည်ဆံခွံတွေပုံ
မနက် ၉ နာရီခွဲလောက်မှာ ကေအိုင်အိုနဲ့ ABSDF ကျောင်းသားတပ်ဖွဲ့တွေ နေရာယူထားတဲ့ စခန်းကုန်းတွေကို ဂျက်တိုက်လေယာဉ်နဲ့ ၃ကြိမ် ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်ကျော်မှာတော့ စစ်ရဟတ်ယာဉ် ၂ စီးက  ဒုံးကျည်တွေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။

အခု အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နေရာတွေဟာ ကေအိုင်အိုနဲ့ အစိုးရအတွက်  အရေးကြီးတဲ့တောင်ကုန်းတွေ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။
"ဒီတောင်ကုန်းတွေဟာ အရေးကြီးတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောင်ကုန်းတွေကို စိုးမိုးသွားနိုင်တယ်ဆိုလို့ရှိရင် လိုင်ဇာအခြေအနေတော့ မကောင်းဘူးပေါ့ သူတို့ကတော့ ထိုးစစ်မဆင်ဘူးလို့ပြောပေမဲ့ လက်တွေ့အခြေအနေမှာတော့ မဟာမိတ်တွေနေတဲ့ တောင်ကုန်းတွေကို သူတို့က အတင်းထိုးစစ်ဆင်ပြီးမှ သိမ်းယူနေတဲ့ အနေအထားရှိတာပေါ့"
အစိုးရတပ်တွေဟာ ကေအိုင်အို စခန်းတွေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက သိသိသာသာ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ၁ဝ၅၊၁၂ဝ မမ စတဲ့ လက်နက်ကြီးတွေကို နေ့စဉ်အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုတိုက်ပွဲတွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးက လဂျားယန်တပ်စခန်းတွေက ဆုတ်ပေးဖို့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကေအိုင်အို ကို စာရေးအကြောင်းကြားလာပြီးနောက်ပိုင်း ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။     RFA

၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစုများကို ငွေလှူ


၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ရခိုင် ကျောင်းသားများက မြောက်ဦးမြို့နယ်မှ အောက်တိုဘာလ အရေးအခင်း အတွင်း သေဆုံးသွားခဲ့သူ (၁၅) ဦး၏ မိသားစုများအား  ကျပ်ငွေ ၁၅ သိန်း လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ဒေါက်တာ ကျော်ခိုင်မှ ကျန်ရစ်သူ မိသားစု အဖွဲ့ တစ်ဦးအား ကူညီပေးနေစဉ်။
ဒေါက်တာ ကျော်ခိုင်မှ ကျန်ရစ်သူ မိသားစု အဖွဲ့ တစ်ဦးအား ကူညီပေးနေစဉ်။
၎င်းအလှူငွေများကို စစ်တွေမှ ဒေါက်တာ ကျော်ခိုင် ကိုယ်တိုင် ဦးစီး သွားရောက်ပြီး မိသားစုများကို များမကြာမှီက လှူဒါန်းခဲ့သည်ဟု ဆိုသည်။
“ အခမ်းအနားကို မြောက်ဦးမြို့ နာရေးကူညီမူ အသင်းရုံးမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို အကူအညီပေးတာကတော့ ကျန်ရစ်တဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ အားပေးရာ ရောက်တဲ့ အတွက် အထူး အကျိုးရှိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်က ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို မေ့ပျောက်မထားဘူး။ သူတို့နဲ့ ထပ်တူ ရှိနေတယ် ဆိုတာကို ပြသလိုက်တဲ့ အတွက် ဒီလို အကူအညီတွေဟာ ကျန်ရစ်တဲ့ မိသားစုတွေကို အားဖြစ်စေပါတယ်” ဟု အခမ်းအနားကို ကိုယ်တိုင် လိုက်ပါ တက်ရောက်ခဲ့သူ ဦးစံကျော်လှက ပြောသည်။
ယခု အလှူငွေ ၁၅ သိန်းတွင် ၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ကျောင်းသားများမှ ထည့်ဝင်ငွေ ၅သိန်းနှင့် ထိုင်းဆေးကုမ္ပဏီက တစ်ခုက လှူဒါန်းသော ကျပ်ငွေ (၁၀)  သိန်း တို့ ဖြစ်သည်။
ကူညီမူ အခမ်းအနားသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။  narinjara

Monday, December 31, 2012

ရခိုင်တမျိုးသားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော် ထုတ်ပြန်

Khaing Zaw Linn shared Ko Aung's photo.
Arakan Review

ရခိုင်တမျိုးသားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော် ထုတ်ပြန်

ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈-နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ အရှေ့ဘက်စစ်ဒေသတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်၊ ဘုရားသုံးဆူနှင့် ဇာမရီတို့တွင် နှစ်နေရာခွဲပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် ရခိုင်ပြည်ကျဆုံးရခြင်းအကြောင်းနှင့် ယနေ့ ရခိုင်ပြည်သူတို့ ခံစားနေကြရသည့် ဘ၀အခြေနေများကို ရဲဘော်များအား သိရှိကြစေရန်နှင့် တစ်ဦးချင်းစီ၏ အမြင်သဘောထားများကို အပြန်အလှန် တွေ့ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်မှ နိုင်ငံရေးမှုး ဗိုလ်ကြီးအောင်ထွန်းက Arakan Review သို့ ပြောသည်။

“ကျွန်တော်တို့ ဒီအခမ်းအနားကို လုပ်ရခြင်းက ဒီနေ့ ဒီဇင်ဘာ (၃၁) ရက်နေ့ဟာ ရခိုင်ပြည်ကို ဗမာဘုရင်မောင်ဝိုင်း သိမ်းပစ်ပြီး ရခိုင် ထီးနန်းကို မီးရှို့လိုက်တဲ့နေ့။ ရခိုင်တပြည်လုံး၊ ရခိုင်တမျိုးသားလုံးကို ဗမာ့ကျွန်ပြုခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် (၁၁၄၆) ခု ကတည်းက ဗမာတွေဟာ ရခိုင်တွေကို ကျွန်ပြုလာခဲ့တာ ဒီနှစ်မှာ (၂၂၈) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ ကနေ့အချိန်ထိ ဘာကြောင့် တော်လှန်ရေး လုပ်နေကြရသလဲဆိုတာကို သိရှိကြဖို့ အတွက်၊ ရခိုင်ဘုရင်နဲ့ ရခိုင်ပြည်အတွက် ပေးဆပ်ခဲ့ကြတဲ့ အသက်သွေးပေါင်းများစွာအတွက် ဒီနေ့မှာ ဂါရ၀ပြုဦးညွန့်ရခြင်း ဖြစ်ပါတယ်။ ”ဟု၎င်းကဆိုသည်။

ယင်းအခမ်းအနားတွင် တက်ရောက်ခဲ့သူအားလုံးက ရခိုင့်အောင်လံတော်နှင့် ရခိုင်ပြည်အတွက် တိုက်ပွဲဝင်ယင်း အသက်၊ ချွေး၊ သွေးများကို ပေးဆပ်သွားခဲ့ကြသည့် ရခိုင့် အာဇာနည်ခေါင်းဆောင်များကို အောက်မေ့တသ ဂါရ၀ပြုခဲ့ကြကြောင်းနှင့် ရခိုင်ထီးနန်းကျဆုံးရခြင်း အကြောင်းနန့်ပတ်သက်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ သဘောထားကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုကြေညာချက်ထဲတွင် ရခိုင်အမျိုးသားများသည် ကိုယ့်မင်းကိုယ်ချင်းဖြင့် လွတ်လပ်ခဲ့စဉ်က စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ စသည့် နယ်ပယ်များတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းခဲ့ပြီး ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ကြောင်း၊ သူ့ကျွန်ဘဝ ကျရောက်ချိန်မှ စ၍ ခေတ်အဆက်ဆက် အုပ်စိုးသူ ဗမာနယ်ချဲ့တို့၏ မတရားဖိနှိပ်အုပ်ချူပ်မှုကြောင့် ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးယိုယွင်းလာခဲ့ကြောင်း ဖော်ပြပါရှိသည်။

တဖန် ကျူးကျော်သူ ဗမာနယ်ချဲ့တို့၏ ဖိနှိပ်မှု အဘယ်မျှ ပြင်းထန် ဆိုးဝါးနေပါစေ၊ ရခိုင်ပြည်တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုဖြင့် ဘ၀တူ အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုနှင့် လက်တွဲလျှက် ရခိုင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူအခွင့်အရေးနှင့် လူသား မျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်ဖြင့် မိမိတို့ ရည်မှန်းရာ ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
Arakan Review


ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈-နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ အရှေ့ဘက်စစ်ဒေသတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်၊ ဘုရားသုံးဆူနှင့် ဇာမရီတို့တွင် နှစ်နေရာခွဲပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် ရခိုင်ပြည်ကျဆုံးရခြင်းအကြောင်းနှင့် ယနေ့ ရခိုင်ပြည်သူတို့ ခံစားနေကြရသည့် ဘ၀အခြေနေများကို ရဲဘော်များအား သိရှိကြစေရန်နှင့် တစ်ဦးချင်းစီ၏ အမြင်သဘောထားများကို အပြန်အလှန် တွေ့ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်မှ နိုင်ငံရေးမှုး ဗိုလ်ကြီးအောင်ထွန်းက Arakan Review သို့ ပြောသည်။

“ကျွန်တော်တို့ ဒီအခမ်းအနားကို လုပ်ရခြင်းက ဒီနေ့ ဒီဇင်ဘာ (၃၁) ရက်နေ့ဟာ ရခိုင်ပြည်ကို ဗမာဘုရင်မောင်ဝိုင်း သိမ်းပစ်ပြီး ရခိုင် ထီးနန်းကို မီးရှို့လိုက်တဲ့နေ့။ ရခိုင်တပြည်လုံး၊ ရခိုင်တမျိုးသားလုံးကို ဗမာ့ကျွန်ပြုခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် (၁၁၄၆) ခု ကတည်းက ဗမာတွေဟာ ရခိုင်တွေကို ကျွန်ပြုလာခဲ့တာ ဒီနှစ်မှာ (၂၂၈) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ ကနေ့အချိန်ထိ ဘာကြောင့် တော်လှန်ရေး လုပ်နေကြရသလဲဆိုတာကို သိရှိကြဖို့ အတွက်၊ ရခိုင်ဘုရင်နဲ့ ရခိုင်ပြည်အတွက် ပေးဆပ်ခဲ့ကြတဲ့ အသက်သွေးပေါင်းများစွာအတွက် ဒီနေ့မှာ ဂါရ၀ပြုဦးညွန့်ရခြင်း ဖြစ်ပါတယ်။ ”ဟု၎င်းကဆိုသည်။

ယင်းအခမ်းအနားတွင် တက်ရောက်ခဲ့သူအားလုံးက ရခိုင့်အောင်လံတော်နှင့် ရခိုင်ပြည်အတွက် တိုက်ပွဲဝင်ယင်း အသက်၊ ချွေး၊ သွေးများကို ပေးဆပ်သွားခဲ့ကြသည့် ရခိုင့် အာဇာနည်ခေါင်းဆောင်များကို အောက်မေ့တသ ဂါရ၀ပြုခဲ့ကြကြောင်းနှင့် ရခိုင်ထီးနန်းကျဆုံးရခြင်း အကြောင်းနန့်ပတ်သက်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ သဘောထားကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုကြေညာချက်ထဲတွင် ရခိုင်အမျိုးသားများသည် ကိုယ့်မင်းကိုယ်ချင်းဖြင့် လွတ်လပ်ခဲ့စဉ်က စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ စသည့် နယ်ပယ်များတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းခဲ့ပြီး ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ကြောင်း၊ သူ့ကျွန်ဘဝ ကျရောက်ချိန်မှ စ၍ ခေတ်အဆက်ဆက် အုပ်စိုးသူ ဗမာနယ်ချဲ့တို့၏ မတရားဖိနှိပ်အုပ်ချူပ်မှုကြောင့် ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးယိုယွင်းလာခဲ့ကြောင်း ဖော်ပြပါရှိသည်။

တဖန် ကျူးကျော်သူ ဗမာနယ်ချဲ့တို့၏ ဖိနှိပ်မှု အဘယ်မျှ ပြင်းထန် ဆိုးဝါးနေပါစေ၊ ရခိုင်ပြည်တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုဖြင့် ဘ၀တူ အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုနှင့် လက်တွဲလျှက် ရခိုင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူအခွင့်အရေးနှင့် လူသား မျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်ဖြင့် မိမိတို့ ရည်မှန်းရာ ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။  facebook

ရသေ့တောင်မြို့တွင် စေတီတောင်ဘုရားပွဲကျင်းပလျှက်ရှိ

Written by အာရ်ကန်တိုင်းမ်စ်    Tuesday, 01 January 2013 09:31    PDF Print E-mail
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် မြို့၏ကျက်သရေဆောင် စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၁၃၇၄-ခုနှစ် နတ်တော်လပြည့်နေ့မှ နတ်တော်လဆုတ် (၄)နေ့ထိ (၂၈-၁၂-၁၂ မှ ၁-၁-၁၃ ထိ) ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
RDT 13
စေတီတောင်(ရသေ့တောင်စေတီ)ဘုရားပွဲ ကျင်းပနေစဉ်
စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ရသေ့တောင်မြို့ စေတီယင်္ဂဏဝေယျာ ၀စ္စအဖွဲ့ ဦးစီးမှ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ပြုလုပ်ကျင်းပလျှက်ရှိကို သိရသည်။
စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်သည် ဓမ္မသဘင်ပွဲ၊ ၀င်္ကဘာပွဲ၊ ကျင်ပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးသတ်ပွဲနှင့် ဇာတ်ပွဲများဖြင့် ယင်းဒေသတွင် သိုက်မြိုက်စည်ကားသော ဘုရားပွဲဖြစ်သည်ကိုလည်း သိရသည်။ သို့ရာတွင် လွန်ခဲ့သည့် (၄)နှစ်ခန့်မှစ၍ တေးဆိုပြိုင်ပွဲ (ရခိုင်တေး၊ ဗမာတေး)နှင့် နတ်ပွဲများကိုပါ အစားထိုး ကျင်းပလာခဲ့ကြသည်။
တေးဆိုပြိုင်ပွဲသည် ဒေသတွင်းမှ လူငယ်များကို မြေတောင်မြောက်ပေးသော အစီအစဉ်ကောင်းတစ်ခုဖြစ်သော်လည်း ဘုရားပွဲတွင် နတ်ပွဲကိုပါထည့်သွင်းပြီး ကျင်းပခြင်းသည် ဘုရားပွဲကျင်းပရေးဂေါပကအဖွဲ့က ဆုံးဖြတ်ချက်သက်သက်ဖြင့် ပြုလုပ်သော လုပ်ရပ်သာဖြစ်သည့်အတွက် မြို့သူ/သားများက မနှစ်သက်၊ မနှစ်မြို့မှုများရှိကြောင်း သိရှိရသည်။
ယခင်က ရသေ့တောင်မြို့တွင် မြို့ ရှင်မ/ရွာရှင်မ နတ်ပွဲကို သီးသန့်ကျင်းပခဲ့သည်။ ရသေ့တောင်မြို့ နယ်သူ/သားများက တောင်းဆိုသည်မှာ " ဘုရားပွဲက ဘုရားပွဲသီးသန့်သာဖြစ်သင့်တယ်။ နတ်ပွဲကလေး နတ်ပွဲသီးသန့်သာဖြစ်သင့်ပါတယ်။ အခုက ဆွမ်းဆန်ထဲကြွက်ချေးရောသကဲ့သို့ မသင့်လျော်ဟု။ " ဆိုကြသည်။
ယခုနှစ်တွင် ရခိုင်ပြည်တွင်း ပဋိပက္ခကြောင့် ရခိုင့်ဇာတ်သဘင်အဖွဲ့များ ရပ်တန့်ခဲ့ရသောကြောင့် ဘုရားပွဲတွင် ဇာတ်ပွဲမတင်ဆက်နိုင်ခဲ့ကြပြီး သို့သော်လည်း စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်သည် ပွဲဈေးတန်းများနှင့် နေ့ရောညပါ စည်ကားလျှက် ရှိနေသည်ကို သိရသည်။
RDT 12
စေတီတောင်(ရသေ့တောင်စေတီ)ဘုရားကို အဝေးက မြင်ရစဉ်
စေတီတောင်(ရသေ့တောင်စေတီ)ဘုရားသည် ရသေ့တောင်ချောင်းနှင့် မယူမြစ်တို့ ပေါင်းဆုံရာအနီးရှိ ရာဇပဗ္ဗတတောင်ပေါ်၌ တည်ထားသည်ကို သိရသည်။ ဦးကင်းတော်ဓါတ်ကို ဌာပနာတည် ဗုဒ္ဓမြတ်စွာနုစဉ်ခါက ဤဒေသ၀န်းကျင်၌ ဆဒ္ဒန်ဆင်မင်းဖြစ်ခဲ့ပြီး ဘုရားမင်းဖလောင်းကြီး ဦးရာဇ်တော်စေတီကို သီလပဗ္ဗတတောင်ပေါ်၌ တည်ဆောက်နေစဉ်အတွင်း ပြုပြင်မွမ်းမံခဲ့သည်ကိုလည်း သိရသည်။
ဦးရာဇ်တော်စေတီနှင့် ပုံစံတူ (အရွယ်အစားငယ်)ပြုပြင်ခဲ့ပြီး ကင်းတော်စေတီဟု ခေါ်တွင်ကာ ကမ်းပါးစေတီဟုလည်း ခေါ်တွင်ကြပြီး ယခုအခါ ရသေ့တောင်မြို့ကို အစွဲပြု၍ ရသေ့တောင်စေတီဟု ခေါ်တွင်ကြသည့်အတွက် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ အမြောက်ဒဏ်ကြောင့် ခေါင်းလောင်းမှောက်အထိ ပျက်စီးသွားခဲ့၍ စစ်ပြီးခေတ် ပြန်လည်ပြုပြင်လာကာ လုံးပတ် (၅၄)တောင်၊ ဉာဏ်တော် (၂၂)တောင်ဖြစ်ပြီး စေတီယင်္ဂဏဝေယျာဝစ္စအဖွဲ့ မှ ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။           arakan times

ဒီဇင်ဘာ(၃၁) ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနား ပြည်တွင်းပြည်ပကျင်းပ



Written by မိုးဇော်    Monday, 31 December 2012 21:57    PDF Print E-mail
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့သော ရခိုင်တို့၏ ဘုရင့်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈ နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ပြည်တွင်းပြည်ပ ရခိုင်ပြည်သူများက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်လူမျိုးတို့သည် ဘီစီ ၃၃၁၅မှ အေဒီ၁ ၇၈၄ ခုနှစ်အထိ နှစ်ပေါင်းငါးထောင်ကျော်တိုင်အောင် ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် ဓညဝတီ၊ ဝသာလီ၊ လေးမြို့နှင့် နောက်ဆုံး မြောက်ဦးခေတ်အထိ နိုင်ငံတစ်နိုင်ငံအဖြစ် သီခြားရပ်တည် နေထိုင်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်သည်။
No Foo
ထို့ကြောင့် အချုပ်အခြာအာဏာကျဆုံးခဲ့ရသည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖူးကတ်မြို့၊ နို့ဖို့ဒုက္ခသည်စခန်း၊ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ကာဘိုရိုမြို့၊ အိုင်အိုဝါ(IOWA, Des Moines)မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့၊ တောင်းတန်းဒေသ စသောမြို့များတွင် ပြုလုပ်ကြပြီး ပြည်တွင်းတွင် ရန်ကုန်နှင့် စစ်တွေမြို့၊ ရသေ့တောင်မြို့တို့တွင်လည်း ရခိုင်လူမျိုးတို့၏ မမေ့အပ်သည့်နေ့တစ်နေ့အဖြစ် ဝမ်းနည်းဖွယ်ကျင်းပခဲ့ကြောင်း သိရသည်။
" ကျနော်တို့ ရခိုင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အဖိနှိပ်ခံနေခဲ့ရတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှုအောက်မှာ လည်းဖိနှိပ်မှုမျိုးစုံကို ခံလာခဲ့ရတယ် ယခုတိုင်လည်း ခံနေဆဲဖြစ်တယ်။ စစ်တပ်က လယ်ယာမြေတွေကို သိမ်းတယ်၊ ရွာတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်။ ပြီးတော့ စီမံကိန်းတွေကို တည်ဆောက်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း စစ်အစိုးရခေတ်အဆက်ဆက် ဖျက်ဆီးလာခဲ့ကြတဲ့အတွက် အခုဆိုရင် တိမ်ကောပျောက် ကွယ်လုဆဲဆဲဖြစ်နေပြီ။ ရခိုင်ပြည်သူလူထုတွေဟာ ယခုအချိန်ထိ ဘဲဒုက္ခမျိုးစုံခါးစည်း ခံနေကြရတယ်။ ဒီလို နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေ ခံနေရတာဟာ ရခိုင်လက်ထဲမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိလို့ဘဲ။ အချုပ်အခြာအာဏာရရှိဖို့အတွက် ရခိုင်လူမျိုးတွေ စည်းရုံးရမယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့လည်း အရည်အခြင်းတွေမြှင့်တင်ရမယ်၊ ဆုံးရှုံးနေတဲ့ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ရရှိအောင်လုပ်ဆောင်ရမယ်။ ဒါမှ ရခိုင်လူမျိုးတွေ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်လာမယ်၊ တင့်တင့်တယ်တယ်ဖြစ်လာမယ်။ " ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မဲဆောက်မြို့၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။
" ရခိုင်ပြည် လွတ်လပ်ရေးကို ရခိုင်သားတိုင်းကတိုက်ယူရမယ်။ အချုပ်အခြာအာဏာမရမချင်း ရအောင်တိုက်ပွဲဝင်ရမယ်။ ရခိုင်ပြည်ဟာအင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပေမယ့် ဗမာလက်အောက်မှာ ဆက်လက်ပြီး ကျွန်ပြုခံနေရတယ်။ ဒါကြောင့် ရခိုင်သားတိုင်းဟာ မိမိတို့တတ်ထားတဲ့ပညာကို ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်သွားကြရမယ်။ " ဟု အမေရိကန်၌ ကျင်းပသော အခမ်းအနားတွင် သဘာပတိဦးထွန်းဝင်းက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းစောင်၌ ပြည်ပရောက်ရခိုင်မျိုးချစ်များနှင့် ရခိုင့်နိုင်ငံရေးအင်အားစုများမှ စုပေါင်းကျင်းပသော အခမ်းအနားတွင်လူပေါင်း (၁၀၀၀)ကျော် တက်ရောက်ကြပြီး ၄င်းအခမ်းအနားသို့ စစ်ဦးစီးချုပ် ဦးထွန်းမြတ်နိုင် (ရက္ခိုင်တပ်မတော်)၊ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် (ရခိုင်လွတ် မြောက်ရေးပါတီ)၊ ရခိုင့်ရဟန်းပျိုများသမဂ္ဂ အပါအဝင် ပြည်ပရောက် ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် " ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရခြင်းဟာ စည်းလုံးမှုမရှိလို့ ကျဆုံးရတာဖြစ်တယ်။ ကျဆုံးရတာနဲ့ ပတ်သတ်လို့ အခုရှိနေကြတဲ့ ရခိုင်ပြည်သူလူတွေဟာ ရှေ့ကဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဒီအချိန်မှာသင်ခန်းစာယူရမယ်။ နောက်ပြီးတော့ အခုအချိန်မှာ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဒါကြောင့်ပြည်သူလူတွေမှာ အခွင့်အရေးတွေရှိလာပြီဖြစ်တယ်။ ပြည်တွင်းမှာ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ကို ကျင်းပခွင့်ရလာကြတယ်။ " ဟုရက္ခိုင်တပ်မတော်က ပြောကြားသွားကြောင်း သတင်းသွားယူသည့် အာရ်ကန်တိုင်းမ်စ် သတင်းထောက် ကိုမင်းသွီး၏ သတင်းပေးပို့ချက်အရ သိရသည်။
" ရခိုင်လူမျိုးတချို့ ဧရာဝတီတိုင်းမှာနေကြတယ်။ မိခင်ဖခင်ဟာရခိုင်ဖြစ်တယ်။ ဒါပေမယ့်မှတ်ပုံတင်မှာ ရခိုင်လူမျိုးမဟုတ်ဘူး၊ ဗမာလူမျိုးဖြစ်နေတယ်။ ဒါဆိုရင်ရခိုင်လူမျိုးတွေဟာ ဗမာလူမျိုးဖြစ်သွားပြီပေါ့။ ဒီလိုမျိုးဖြစ်ရတာဟာ ကျနော်တို့ရခိုင်လူမျိုးမှာ အချုပ်အခြာအာဏာမရှိလို့ပဲ။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ ကျွန်ဘ၀ကလွတ်မြောက်ဖို့ တောခိုပြီးကြမ်းတမ်းတဲ့ ဘ၀နဲ့လက်နက်ကိုင် တိုက်ပွဲဝင်ရမယ်။ ပြီးတော့ ကလောင်ကိုင်ပြီးတော့လည်း ရခိုင်နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်လို့ တိုက်တွန်းချင်ပါတယ်။ ရခိုင်မျိုးချစ်များ နိုင်ငံရေးမျိုးစေ့များချကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ " ဟု ထိုင်းနိုင်ငံ နို့ဖို့ဒုက္ခသည် စခန်း၌ပြုလုပ်သော ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်မျိုးချစ်ဖြစ်သူ ကိုအောင်ဖြိုးက ပြောသည်။
၂၂၈ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းဖွယ်အခမ်းအနားကို ပြည်တွင်းပြည်ပရှိရခိုင်များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
No Foo 1
Foo Kat
ထိုင်းနိုင်ငံ ဖူးကတ်တွင် ၂၂၈ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေစဉ်  arakan times

အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံအချုပ်အခြာအာဏာကျဆုံးသည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကျင်းပ


Written by အာရ်ကန်တိုင်းမ်စ်    Monday, 31 December 2012 11:22    PDF Print E-mail
အမေရိကန်ပြည်ထောင်စု IOWA, Des Moines မြို့ ရခိုင်အမျိုးသားရေအသင်းမှ ကြီးမှူးပြီး (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာ (၃၀)ရက် နံနက် (၁၀) နာရီမှ ညနေ (၄)နာရီအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
IOWA
အခမ်းအနားတွင် လွန်ခဲ့သည် နှစ်ပေါင်း (၂၂၈)နှစ် ရခိုင်နိုင်ငံတော်အား ခုခံကာကွယ်ကျဆုံးခဲ့သော အာဇာနည်များနှင့် ယနေ့ ၂၀၁၂ အရေးအခင်းအထိ ရခိုင်ပြည်အားကာကွယ်ရင်း ကျဆုံးခဲ့ရသော ရခိုင်အာဇာနည်သူရဲကောင်း အပေါင်းအား တစ်မိနစ်ခန့် ငြိမ်သက်စွာ ဂါရ၀ပြုခဲ့သည်ကို သိရသည်။
သမာပတိမှ အဖွင့်အမှာစကားပြောကြားပြီးနောက် အခမ်းအနားတက်ရောက်လာသူများက ၁၇၈၄ ဒီဇင်ဘာ လ ၃၁ ရက်နေ့တွင် ရခိုင်အမျိုးသားများ၏ အချုပ်အချာအာဏာကျဆုံးခဲ့ရပုံများအား ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသင်းဥက္ကဌ ဦးအေးလွင်က " ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးပြီးသည့်အချိန်မှစပြီး ရခိုင်လူမျိုးများလုံခြုံမှုဘ၀မှာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွက်သထက်ဆိုးရွားလာနေပါတယ်။ ရခိုင်လူမျိုးတို့၏ အကျပ်အတည်းမှုကြီးမှာ burmeselization နဲ့ isalimization ကြားတွင် ရင်ဆိုင်နေရပြီးတော့ တိုင်းပြည်နှင့်လူမျိုးပါ ပျက်စီးပျောက်ကွယ်သွားမယ့် အခြေအနေသို့ ရောက်ရှိနေပါပြီ။ အဲဒီတော့ မိမိတို့အနေနဲ့လည်း ညီညွတ်ကြရန် အထူးလိုအပ်နေပါတယ်။" ဟုပြောသည်။
" ၁၇၈၄ခု ရခိုင်အချုပ်အခြာအာဏာကျဆုံးရသည့် အထိမ်းအမှတ် ကျင်းပရခြင်းဟာ တင်းဝါးပန်းခိုင်တစ်မြိုင်မြိုင်ဆိုတဲ့ သမိုင်းမှတ်တမ်းအရစစ်အတွင်း ကျဆုံးသွားခဲတဲ့ ရခိုင်အမျိုးသားပေါင်း (၇) သန်းကျော်နှင့် ၂၀၁၂ အရေးအခင်းမှ ကျဆုံးကွယ်လွန်သွားသည့် ရခိုင့်သူရဲကောင်းအပေါင်းအား အောက်မိဝမ်းနည်းစွာနဲ့ ကျင်းပပြုလုပ်ရတာဖြစ်တယ်။ ဒီလိုဖြစ်ရပ်ဆိုးတွေကို ကျွန်တော်တို့တထွေအနေနဲ့ ဘယ်တောမှ မေ့မှာမဟုတ်ပါဘူး။ သင်္ခန်းစာယူရပါလိမ်မယ်။ တစ်မျိုးသားလုံးညီညွတ်ကြဖို့လည်း အခုအချိန်မှာအရေးတကြီးလိုအပ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ကံကြမ္မာကိုကိုယ်ဖန်တီးပိုင်ခွင့်ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ " ဟု အသင်း၏ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးထွန်းသာက ဆွေးနွေးတင်ပြတိုက်တွန်းခဲ့ဟု ဆိုသည်။
IOWA 1
တက်ရောက်လာသူများက ရခိုင်နိုင်ငံကျဆုံးရခြင်းနဲ့ ဆက်စပ်လို့ မိမိတို့၏အမြင်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးဟောပြောခဲ့ကြပြီး အခမ်းနားကို ပြည်နယ်ကိုယ်စားလှယ်များအပါအ၀င် လူပေါင်း(၆၀)ကျော် တက်ရောက်ပြီး ကျဆုံးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအား ဆွမ်းကျွေးရေစက်ချအမျှပေးဝေကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်ကို သိရသည်။                                                                                                                                                      arakan time

မဒေးကျွန်း တရုတ်စီမံကိန်းတွင် အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရ

သတင်း — December 29, 2012 at 11:39 am


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်  မဒေးကျွန်းတွင် တရုတ်မှ တည်ဆောက်နေသော ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွင် နေ့စား အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရသည်ဟု သတင်း ရရှိသည်။
မဒေးကျွန်းတွင် တရုတ်က တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း ပုံစံ ( ဓါတ်ပုံ- နိရဉ္စရာ)
မဒေးကျွန်းတွင် တရုတ်က တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း ပုံစံ ( ဓါတ်ပုံ- နိရဉ္စရာ)
ကျွန်းပေါ်ရှိ ဒေသခံများက သူတို့ကိုသာ အလုပ်ခန့်ရန်နှင့် ပြင်ပမှ လာရောက်သူများကို အလုပ် မခိုင်းရန် တောင်းဆိုရာမှ အလုပ်ဖြုတ်ခံရခြင်း ဖြစ်သည်ဟု အလုပ်ဖြုတ်ခံရ၍ နေရပ်သို့ ပြန်သူ ရသေ့တောင်မြို့နယ်မှ ကိုစိန်သန်းမောင်က ပြောသည်။
“ ကျွန်တော်တို့ အခု မဒေးကျွန်းက  အလုပ်ဖြုတ်ခံရတဲ့ အတွက် ကျောက်ဖြူ သင်္ဘောဆိပ်ကို ရောက်နေ ပါတယ်။ ကျွန်တော်တို့က ဇွန်လ ကုလား/ရခိုင် အရေးခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ  အလုပ်အကိုင် အဆင် မပြေ ဖြစ်ပြီး စားဝတ် နေရေး အခက်အခဲ ဖြစ်လာတဲ့ အတွက် မိသားစုတွေကို ခေါ်ပြီး အရင် ရောက်ရှိနေခဲ့တဲ့  ဆွေမျိုးတွေ အကူအညီနဲ့ မဒေးကျွန်းမှာ လာအလုပ် လုပ်ပါတယ်။  မဒေးကျွန်းမှာ အလုပ် လုပ်ပြီး  စားဝတ် နေရေး အဆင်ပြေနေတဲ့ အချိန်မှာဘဲ ကျွန်းပေါ်က ဒေသခံတွေက သူတို့ကိုသာ   အလုပ်ပေးရမယ်။ မဟုတ်ရင် ဆန္ဒပြမယ်လို့ ခြိမ်းခြောက်တဲ့ အတွက် တရုတ်တွေက ကြောက်ပြီး အပြင်က အလုပ်လာလုပ်နေတဲ့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပါတယ်” ဟု ပြောသည်။
ထိုသို့ အလုပ်ဖြုတ်ခံရသဖြင့် လူပေါင်း (၁၀၀) ခန့် သည် ယမန်နေ့က ကျောက်ဖြူမှ တဆင့် ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။
အလုပ်ဖြုတ်ခံရရာတွင် ပါဝင်သူ ပေါက်တောမြို့ ဘ၀မ်းရပ်ကွက်မှ  ကိုမောင်လှချေကလည်း အခြေအနေကို ယခုလို ပြောသည်။
“ မဒေးကျွန်းမှာ ရှိတဲ့ သူတွေလည်း ရခိုင်သားတွေပါ။ ကျွန်တော်တို့လည်း ရခိုင်သားတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ်ထဲမှာ တည်ရှိတဲ့ အတွက် ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံး အလုပ် လုပ်ပိုင်ခွင့် ရှိတယ်လို့ ယူဆပါတယ်။ မဒေးကျွန်း စီမံကိန်းကို အားကိုးပြီး လာလုပ်တဲ့ ပြင်ပက လူတွေကို ဒေသခံ ကျွန်းပေါ်က လူတွေ အနေနဲ့ အနိုင်ကျင့်တာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အခု အလုပ်ဖြုတ်ခံရတဲ့ အတွက် အလုပ်သမားတွေကို မှီခိုပြီး စားသောက်နေတဲ့ မိသားစု တော်တော်များများ ဒုက္ခရောက်သွားပါတယ်” ဟု ပြောသည်။
မဒေးကျွန်းတွင်  ရခိုင်ပြည်နယ် မြို့ နယ်အသီးသီးမှ အလုပ်ကြမ်း လာလုပ်သူ ၈၀၀ ကျော်ရှိပြီး မှီခို နေသူ မိသားစုများနှင့်ပါ ဆိုလျှင်  တစ်ထောင်ကျော် ရှိသည်ဟု သိရသည်။
တရုတ်များမှလည်း အဝေးမှ လာရောက် လုပ်ကိုင်နေသူ အများအပြား အလုပ်ဖြုတ်ခံရပြီး လုပ်ငန်းများ ထိခိုက်မူ ရှိသဖြင့် စိတ်မကောင်း ဖြစ်နေကြသည်ဟု ကိုမောင်လှချေက ပြောသည်။
မဒေးကျွန်းပေါ်မှ ဒေသခံများသည် သိမ်းဆည်းလယ်မြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရန်၊ အလုပ်သမားကတ် ရရှိထားသည့် ကျွန်းပေါ်မှ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းအနီး ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ လုပ်အားခကို နိုင်ငံတကာစံနှုန်း အ တိုင်းပေးရန်၊ မဒေးကျွန်းတွင် လူနေအိမ်၊ အဆောက်အဦးများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ဒေသခံများ လုံခြုံမှုရှိရေးအတွက် သူစိမ်း အလုပ်သမားများကို သေချာ စိစစ်ရန်နှင့် ကျွန်းပတ်လည် တွင် လွတ်လပ်စွာ ရေလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်ဆိုသည့် အချက်များကို တောင်းဆိုရန် အတွက် China National Petroleum CorporatioN CNPC ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ကြသည်။
ကျောက်ဖြူ ခရိုင်အာဏာပိုင်များက အချက် (၅) ချက်ကို လိုက်လျော့ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပြီး ဆန္ဒပြရန် တောင်းဆိုမူကို ခွင့်ပြုချက် မပေးခဲ့ပေ။ အဆိုပါ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် တစ်ခြားဒေသက လာရောက် လုပ်ကိုင်သူများကို တရုတ် ကုမ္ပဏီက အလုပ်များ ဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။   narinjara

Arakanese fishermen suffer from instability and atrocities


Khine Thein
Sittwe: Arakanese fishermen said they want Burmese navy to step up security in the sea off the Arakan coast as the situation in the sea is still unstable due to the communal violence that took place last June and October in the region.
navy-shipsfrom-dynnawaddy-navy-based-station-near-the-deep-sea-port-area-off-the-coast-of-kyauk-phyu
They however worry that the increase of naval vessels will cost them more atrocities and forcible taxation in the sea.
“We want the Burmese navy to step up its security in the sea because it is still unreliable to fish in the sea. But we fear that we will suffer from more atrocities and forcible taxation if it deploys more ships in the sea. We are now in great trouble to earn our livelihood because of both the security situation and security forces in the sea”, said a fisherman from regional capital Sittwe on condition of anonymity.
The naval ships being deployed for maintaining security in the sea off Arakan State are said to have been forcibly collecting whatever they want that include fuel, fish, food and alcoholic drinks besides regular toll taxes from the fishing boats.
“The forces of the naval ship being deployed at the mouth of Kaladan River collected 1 lakh kyat from a boat for each fishing trip to the sea during the reign of the former military government. Now during the reign of the U Thein Sein-led government, it has increased their toll-tax to 2 lakh kyat. They also take three big fish and fuel oil from the boat returning from the sea and order the fishermen to bring food, beer and rum for them on their next trip. If the fishermen refuse or forget to pay whatever they ask for, they will beat them or disturb their fishing trips”, said the fisherman.
He said a fishing boat from Sittwe can set out to sea to fish once or twice a month depending on the weather and availability of fish in the sea and the fishermen are now unable to make any profit because they cannot go far in the sea due to their security concerns and because of the heavy tolls being collected by the naval ships.
A fisherman from Pauktaw also said they are suffering from similar atrocities and toll-taxes being perpetrated by the naval ships deployed along the coast off their township.
“The naval ships here collected 50,000 kyat from a fishing-boat before. They have now doubled their tolls and also collected fishes from our boats. We don’t like to pay them, but we have to. We are just people earning our livelihood by small fishing boats in the broad sea and are now facing the ruin of our livelihood”, said the fisherman.
According to local residents, the Burmese naval ships being deployed on the coast and riverine routes in Arakan State have been operating like toll-gates rather than undertaking security in the region. They have been collecting forcible toll-taxes not only from the fishing-boats, but also from the passenger and cargo-boats sailing on the riverine itineraries across the region.
They said they expected that such unlawful activities being perpetrated by the forces in their region would disappear with the coming of the new civilian government, but they have to pay more forcible toll-taxes to the forces under the reign of the civilian government than the former military government.
They also said they have reported the matter of forcible taxation by the forces to the regional government as well as to the central government themselves and through their elected lawmakers, but the forces seem to be unruly and both governments are still unable to stop the forcible taxation in their region.
Most of the Arakanese people have seen such perpetrations by the Burmese forces as oppression and racial discrimination against them.
An Arakanese politician from Sittwe criticized the Government, claiming it is apparent the Burmese government and its forces still regard Arakan State as one of their imperial regions rather than a state in the Union of Burma.      narinjara

မလေးရှားတွင် ရခိုင် ၃ ဦး ရက်စက်စွာ သတ်ဖြတ်ခံရ


ထွန်းထွန်း
မလေးရှားနိုင်ငံ အ၀က်စတားမြို့ရှိ ရော်ဘာခင်း တစ်ခု၌ အလုပ်လုပ်နေသော ရခိုင်အမျိုးသား ၃ဦး မနေ့က လည်လှီး သတ်ဖြတ်ခံရသည်ဟု သတင်း ရရှိသည်။
Rubber-plantations
သတ်ဖြတ်ခံရသူများမှာ ကျောက်တော်မြို့နယ် ပေါက်တော ပလောင် ကျေးရွာမှ (ဘ) ဦးဖိုးသာနှင့် (မိ) ဒေါ်ဦးမျှသိန်းတို့၏ သား မောင်ခိုင်သောင်း(၃၈)နှစ် ဖြစ်သည်။
ကျန် (၂) ဦးမှာ မြောက်ဦးမြို့နယ် စေတီတောင်ရွာမှ (ဘ) မောင်လှယဉ်၏ သား လှရှင်မောင်(၂၁) နှစ်နှင့် (ဘ )မောင်စံအေး၏သား မောင်သန်းရွှေ (၂၁) တို့ ဖြစ်ကြသည်ဟု သိရသည်။
နောက် တစ်ဦး ဖြစ်သူ အထွီး(၄၈)နှစ်မှာ ကြိုးဖြင့် တုတ်နေစဉ် ရုန်းကန် လွှတ်မြောက်လာခဲ့သည်ဟု သိရသည်။
သူတို့ ၄ ဦး အလုပ်လုပ်နေသာ ရော်ဘာခင်းထဲကို ယမန်နေ့ ညဉ့်က မြန်မာနိုင်ငံက မွတ်ဆလင် များဟု ယူဆရသူ ၁၅ ဦးက ၀င်ရောက် လာပြီး  ဖမ်းဆီးကာ  ကြိုးဖြင့် တုတ်၍  နည်းမျိုးစုံနှင့် ရက်စက်ကာ လည်လှီး သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀က်စတားမြို့နယ်ရှိ ရာဘာခင်းတွင် လုပ်ကိုင်နေသူ ကိုမောင်သန်းလှိုင်က နိရဉ္စရာသို့ ယခုလို ပြောသည်။
“မနေ့က ဒီဇင်္ဘာလ ၂၈ရက်နေ့ ညဥ့် ၁၁နာရီမှာ ၀က်စတားမြို့နယ်မှာရှိတဲ့ ရာဘာခင်းအတွင်းရှိ တဲက ရခိုင် ၄ယောက်ကို မြန်မာ ဘင်္ဂလီမွတ်ဆလင်လို့  ယူဆရတဲ့ လူ ၁၅ယောက်က ကြိုးတုတ်ပြီး အနီး အနား တောင်ထိပ်ကို ခေါ်သွားပြီး မုဒိမ်း ကျင့်တယ်။  ပီးရင် လည်လှီးပြီး သတ်သွားပါတယ်။ ဒီနေ့ ၂၉ရက် မနက် ၉နာရီခွဲမှာ တောင်ထိပ်မှာ သေနေတာကို ကျွန်တို့ တွေ့ရပါတယ်။ တော်တော် အဖြစ်ဆိုးနဲ့ သေဆုံးသွားကြ ပါတယ်” ဟုပြောသည်။
ကိုအထွီး လွတ်လာပုံကိုလည်း သူ့ကို ကိုးကားပြီး ကိုမောင်သန်းလှိုင်က ယခုလိုဆက်ပြောသည်။
“အထွီးကို ကြိုးတုတ်နေစဉ် ခြေနဲ့ကန်ကျောက်ပြီး ဒဏ်ရာ ပြင်းထန်စွာနဲ့ လွတ်မြောက်လာပါတယ်။ ခုသူ့ကိုတ နေရာမှာ ၀ှက်ထားပါတယ်။ ရဲတွေကမေးမြန်းလာရင် သက်သေအဖြစ် ပြောနိုင်အောင် အတွက်ပါ။ ခုထိမလေး အစိုးရကို တစုံတရာ အမှုဖွင့်ဆိုချက် မလုပ်နိုင်သေးဘူး။ ဒီမှာ အမှုကို လိုက်နိုင်တဲ့ လူလည်း မရှိပါဘူး။ ရှိနေနဲ့လူတွေ ကလည်း တော်တော်ကြောက်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟုပြောသည်။
မလေးရှားနိုင်ငံ အ၀က်စတားမြို့နယ်ရှိ ရာဘာခင်းသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ဆက်စပ်သည့် မြို့ဖြစ်ကြောင်း၊ ယင်းရာဘာခင်းတွင် ရခိုင်အလုပ်သမား လူပေါင်း ၂၀ခန့်ရှိသည်ဟု ပြောသည်။
လည်လှီး သတ်ဖြတ်ခံထားရသော အလောင်းများမှာ  ရာဘာခင်းအနီးမှ တောင်ထိပ်တွင် ယခု (နံနက်ပိုင်း)အချိန်ထိ ရှိနေသေးကြောင်း ကိုမောင်သန်းလိုင်က ပြောသည်။  narinjara

မနောဒဏ်ရာ




မနောဒဏ်ရာ
မောင်လွမ်းဏီ

ချိုးငှက်အစား၊ လင်းတနား
ရွှေဟင်္သာလား၊ လင်းယုန်လား၊

ဝေဟင်ပျံသွား၊ ချိုးငှက်လား
လေယာဉ်ပျံလား၊ စစ်မက်ဖျား၊

ဂျိမ်းဖောမိခင်၊ ခါးထစ်ခွင်ထား
စစ်မြေပြင်က လူမမယ်များ။

နေနိုင်သူလား၊ ရန်သူလား
မိတ်ဆွေပဲလား၊ ချစ်သူလား။

အာဏာရှင်မွှေးတဲ့ ပြည်တွင်းစစ်
ခရိုနီမွေးတဲ့ အိမ်ကြက်စစ်
အနှစ် ၆၀ ကျော်ပြီလား
အနှစ်တရာ တိုင်မှာလား။

ဘာနှစ်သစ်လဲ၊ ၂၀၁၃
ငါမုန်းတဲ့စစ်၊ ငါပစ်ပယ်ရင်
ပင်လုံအိပ်မက်
ရေပွက်ပမာ ခဏတာ။ ။

မောင်လွမ်းဏီ
၃၁-၁၂-၂၀၁၂

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့


Mon_flag eng_flag Thai_flag
Select Your Language


User Rating: / 6
PoorBest 
သတင်း - ပြည်တွင်း
အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။

ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)
ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန် KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးတပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။

Add comment





1000 symbols left


Security code
Refresh


ကြည့်နေသူပေါင်း

We have 189 guests online
Banner

ကြော်ငြာကဏ္ဍ

မွန်ရိုးရာဝတ်စုံမွန်ရိုးရာဝတ်စုံ

ရွှေဟင်္သာသတင်းဌာန၊ ပြည်သူ့သတင်းဌာန၊ မွန်အမျိုးသား သတင်းဌာန

မွန်ရိုးရာဝတ်စုံ





ကချင်အရေး စာပေအနုပညာရှင်များ စိတ်မအေး

မြန်မာ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။

TEXT SIZE
ကိုသားညွှန်ဦး
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာအပေါ် အရပ်သားပြည်သူတွေအတွက် စိုးရိမ်မကင်း ဖြစ်တာကြောင့်၊ ပဋိပက္ခအပေါ်မှာ နှစ်ဘက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ စာပေ အနုပညာရှင်တွေ က တိုက်တွန်းနေကြပါတယ်။ ကချင်ပြည်နယ်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စာပေ အနုပညာရှင်တွေရဲ့ ပြောဆိုချက်တွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြ ထားပါတယ်။

 ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပို ပြင်းထန်လာပြီးတော့ မြန်မာစစ်တပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်လာတာ တွေ့ရပါတယ်။ စာပေ အနုပညာရှင် အတော်များများကတော့ ဒီ အခြေအနေတွေကို သတိပြုမိကြပြီး ကချင်အရပ်သားပြည်သူတွေ အတွက် အထူးပဲ စိုးရိမ်ပူပင်နေကြတာ တွေ့ရပါတယ်။ လူမှုရေးသမားလည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ခဲ့သူ ကိုကျော်သူ ကတော့ ကလေးငယ်တွေအတွက် အနာဂတ်ကိုပါ စိတ်ပူမိတယ်လို့ ပြောပါတယ်။

“ဘယ်သူ မှားမှား မှန်မှန်ပေါ့လေ။ ပြေပြေလည်လည် ညှိဖို့တော့ ကောင်းတယ်။ ကိုယ်တွေ ခေါင်းဆောင်ပိုင်းတွေက တယောက်နဲ့တယောက် ဘာမှမဖြစ်ပေမဲ့ ဓားစားခံဖြစ်နေတဲ့ ပြည်သူထူထုကိုတော့ ငဲ့ဖို့ကောင်းတယ်။ တဘက်နဲ့တဘက် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေကြောင်းကနေ ပစ်တယ်ဆိုရင် တကယ့် သူတို့လိုချင်တဲ့အရာလည်း ရမှာမဟုတ်ဘူး။ ကြားထဲမှာပဲ ပြည်သူလူထုပဲ အသေအပျောက်တွေ များမယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အနာဂတ်အတွက် အရမ်းကို စိုးရိမ်ရတယ်။ ကလေးတွေ အတွက် အနာဂတ်က သူတို့အတွက်က စိတ်ထဲမှာ ဒီအစွဲကြီးက စွဲသွားမယ်။ ဗမာဆိုရင် အင်မတန် ကြောက်စရာကောင်းတဲ့ အနေအထားမျိုးတွေ၊ ဒါမျိုးတွေ မြင်တွေ့သွားမယ်။ အဲဒီတော့ အဲဒီလောက်ကြီးတွေ လုပ်ကြမယ်၊ ပစ်ကြခတ်ကြမယ် ဆိုရင်တော့ ဒါ ဘယ်သူ့အတွက်မှ မကောင်းဘူး။”

ကဗျာဆရာ မောင်အောင်ပွင့် ကတော့ အခု အခြေအနေကြောင့် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို သံသယဖြစ်မိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“အဲဒါကတော့ သိပ် လွန်သွားပြီဗျာ။ ပြည်တွင်းစစ်မှာ ဒီလို လေကြောင်းနဲ့ စစ်တိုက်ခိုက်တာတို့၊ တော်တော်ကို ကန့်ကွက်ပါတယ်ဗျာ။ မကောင်းပါဘူး။ စားပွဲဝိုင်းမှာပဲ ရှင်းရမယ့်ဟာတွေ၊ အဲဒါတွေက ပစ်ခတ်တာနဲ့ သေနတ်နဲ့တင် ရှင်းဖို့တော့ မကောင်းဘူးလေ။ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး လုပ်နေတာ တကယ်ကို မလုပ်သေးဘူးလို့ အဲဒီလို ခံစားမိတယ်။ ဟိုက တိုက်ခိုက်နေတာလည်း နေပြည်တော် လာတိုက်တာ မဟုတ်ဘူး။ လိုင်ဇာကို ဒီက သွား တိုက်နေတာ။ အဲဒီတော့ ဘယ်သူစ သေနတ် ပစ်ဖောက်လဲဆိုတဲ့ဟာက အရေးကြီးတာပဲ။”

မန္တလေး လူထုတိုက်က စာရေးဆရာ ညီပုလေး ကတော့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ ဆိုရင်တော့ ပြည်တွင်းစစ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အမြန်ဆုံး ရပ်စဲဖို့လိုပြီလို့ ပြောလိုက်ပါတယ်။

“ကျနော်က ပြည်တွင်းစစ်ကို မတိုက်စေချင်တာ။ ရပ်စဲပြီး ငြိမ်းချမ်းစေချင်တာ။ ကျနော်တို့ တိုင်းပြည်က ပြည်တွင်းစစ်ကြောင့်မို့ ဖွတ်ဖွတ်ညက်ညက် ကြေပြီးတော့ လူတွေလည်း သေလှပြီ။ ဘ၀တွေလည်း ပျက်လှပြီ။ ဒုက္ခိတ တွေလည်း များလှပြီ။ နှစ်ဘက် အကျအဆုံးတွေနဲ့ ကျနော်တို့ဆီမှာ မုဆိုးမတွေကို အများကြီးပဲ။ ကျနော်တို့ အဖေတို့ အမေတို့ ငြိမ်းချမ်းရေး သိပ်လိုချင်ကြတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ အပါအ၀င်။ အဲဒီတော့ ဒီ စစ်ပွဲကြီး ရပ်ဖို့ ကောင်းပြီဗျ။”

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးဖို့ ပျော်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကချင်ပြည်နယ်က အခြေအနေတွေကို ကြားရတာ စိတ်မကောင်းဖြစ်မိတယ်လို့ တေးရေးဆရာ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့တော့ဗျာ၊ ကိုယ့်ပြည်သူပြည်သား အချင်းချင်း တိုင်းရင်းသားအချင်းချင်း စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့က ဒီဘက်မှာ နှစ်သစ်တခုကို ကူးဖို့၊ ရောက်လာမယ့် မင်္ဂလာနှစ်သစ်တခု ဖြစ်ဖို့၊ ကြိုဆိုဖို့ပေါ့ နှစ်သစ်ကူးမယ့်ကာလကို ဖြတ်သန်းဖို့ လုပ်နေကြတဲ့အချိန်။ တကမ္ဘာလုံးကလည်း နှစ်သစ်တခုကို ကြိုဆိုဖို့ အခု သီချင်းတွေ ဆိုကြတော့မယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတော့မယ် ဆိုတဲ့ အခြေအနေမှာ ကချင်ပြည်နယ်မှာကျတော့ ဒီလို ဖြစ်နေရတယ် ဆိုတော့ အဲဒီ အရပ်ဒေသမှာ နေထိုင်နေကြတဲ့ ကချင်တိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးတွေ အားလုံး အတွက် စိတ်မကောင်းဘူးပေါ့ဗျာ။”

ကာတွန်းဆရာ အော်ပီကျယ် ကတော့ သူအမှတ်ရနေတဲ့ နိုင်ငံခြား ကာတွန်းတကွက်ကို ဖော်ညွှန်းပြီး၊ ကြားက အောက်ခြေတိုက်ခိုက်ရေး ရဲဘော်တွေနဲ့ ခံစားရတဲ့ ပြည်သူတွေအတွက် စာနာမိတယ်လို့ ဗွီအိုအေကို ပြောသွားပါတယ်။

“အခုဟာကတော့ တိုက်ပွဲတွေမှာ နှစ်ဘက်က တာဝန်ရှိတဲ့သူတွေက ငြိမ်းချမ်းရေး တကယ် လိုချင်စိတ် ရှိရဲ့လား ဆိုတာလေ အဲဒါကိုတော့ သံသယ ဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဘက်လုံးမှာ တာဝန်ရှိတာကိုး။ တကယ် ခံရတာကတော့ နှစ်ဘက်က ရဲဘော်တွေနဲ့ ပြည်သူတွေ ပါပဲ။ အမိန့်ပေးတဲ့သူတွေက ခက်တာက အဲဒီလူတွေပဲ ချမ်းသာနေကြတာ။ ကျနော်က နိုင်ငံခြား ကာတွန်းလေးတောင် သတိရတယ်။ နိုင်ငံခြား ကာတွန်းလေးက ခြောက်ကမ်းပါးကြီး နှစ်ဘက်။ ခြောက်ကမ်းပါးကြီးရဲ့ ဟိုဘက်နဲ့ ဒီဘက်မှာ အဲဒီ တပ်နှစ်ခု ချထားတာပေါ့။ ဗိုလ်ချုပ်တွေက ဟိုဘက်က ဗိုလ်ချုပ်တွေနဲ့ ဒီဘက်က ဗိုလ်ချုပ်တွေ တိုက်တိုက် ဆိုပြီးတော့၊ သူတို့ကတော့ ရှေ့ဆုံးက မဟုတ်ဘူး၊ နောက်ဆုံးကနေ လက်ညှိုးကြီး ထိုးပြီး တိုက် ဆိုတော့ အဲဒီမှာ နှစ်ဘက် တိုက်နေကြတဲ့ ရဲဘော်တွေကတော့ ခြောက်ကမ်းပါး အစပ်ပေါ့။ ဟိုဘက်ကနဲ့ ဒီဘက် အစပ်မှာ တယောက်နဲ့တယောက် လှမ်း ပစ်နေတယ်။ အဲဒီမှာ ရဲဘော်တွေရော ပြည်သူတွေရော၊ အောက်ထဲ ပြုတ် ပြုတ် ကျသွားတာလေ။ အဲဒီ ခြောက်ကမ်းပါးထဲ ပြုတ် ပြုတ်ကျသွားတာ။ နောက်ဆုံးကျတော့ အကုန် ပြုတ်ကျသွားပြီးတော့ အကုန် ခြောက်ကမ်းကြီးက ပြည့်သွားတာ။ ခြောက်ကမ်းပါးကြီးက လူတွေ လူတွေအလောင်းတွေနဲ့ ပြည့်သွားတော့မှ အဲဒီ ဗိုလ်ချုပ် နှစ်ယောက် ဟိုဘက်နဲ့ ဒီဘက် ဖြတ်လျှောက်သွားပြီးတော၊ ဖြတ်လို့ ရသွားပြီလေ။ အဲဒီလို ဖြတ်ပြီးတော့မှ လက်ဆွဲ နှုတ်ဆက်လိုက်တဲ့ ကာတွန်း ကျနော် ဖတ်ဖူးတယ်။ အဲဒီလိုဖြစ်မှာ ကျနော် သိပ် စိုးရိမ်တာ။” 

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်


ထက်နောင်နောင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၂
ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။ “ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလား ဆိုတာကိုကျွန်တော် မေးချင်ပါတယ် ” ၄င်းကပြောကြားခဲ့သည် ။
ဆက်လက်ပြီး “အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ” ဟု ထပ်မံပြောကြားသွားသည် ။
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရသိရသည် ။
မြန်မာ့ခေတ်မီဒီယာ မှ ပြန်လည်ကူးယူဖော်ပြပါသည်။

လိုင်ဇာမြို့ကောင်းကင်ယံတွင် ဗမာအစိုးရ ဆင်ဖြူတစ်ကောင်ရောက်ရှိနေ


ဒီဇင်ဘာ (၃၀) တနင်္ဂနွေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ကောင်းကင်ယံပေါ်တွင် ဗမာအစိုးရ စစ်လေယာဉ်ပေါ်မှ ဆင်ဖြူတော်ရုပ် တစ်ခုကို ယနေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်တွင် လာရောက် ချထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ကေအိုင်အိုအစိုးရ နှင့် တိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ အကျအရှုံးများပြာလာမှုကြောင့် ယခုကဲ့သို့ ယတြာချေ ခြင်းဖြစ်မည်ဟု လိုင်ဇာ ဒေသခံများက ထင်ကြေးပေးကာ ဝေဖန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Burmese Government fell down big white elephant doll from their military jet fighter on Laiza, Which is KIA (5th) Brigade head quarter at 03:00 PM according to the Laiza civilians report. “It is like the Burmese Government wants to wave that many of their soldiers were died in Kachin battle and follow what the astrologist is suggested them, critiqued Laiza civilian.

MATUT HTI NA »                                                                                 jinghpawkasa