Thursday, December 20, 2012

မသီတာထွေး အရေးကြောင့် ရွာကိုမလာရဟု တားမြစ် ပိတ်ပင်ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ


မောင်ရမ္မာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လုံဆော်မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ  ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။
ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“ ကိုလှသွယ်ကို ဖမ်းရတဲ့ အကြောင်းရင်းက သူ့ကို ကျောက်နီမော်မှာ လှုံဆော်မှု ပြုလုပ်သူ ဖြစ်တယ်ဆိုပြီး ကျောက်နီမော် ကို မလာဖို့ ရဲဆီမှာ ၀န်ခံကတိ ပြုလုပ်ပြီး လက်မှတ် ရေးထိုးထားရပါတယ်။ မနေ့က သူက ကျောက်နီမော်ကို လာတဲ့ အတွက် ၀န်ခံကတိကို ဖေါက်ဖျက်တယ်ဆိုပြီး ကျောက်နီမော်ရဲက ဖမ်းဆီးပါတယ်။ ဖမ်းပြီး ချက်ချင်း ရမ်းဗြဲမြို့နယ် တရားရုံးကို ပို့ပါတယ်။ တရားရုံးက ၀န်ကတိ ဖေါက်ဖျက်မှုနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထောင်တစ်နှစ် ချမှတ်လိုက်ပါ တယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ကိုလှသွယ်မှာ ဒေသ အခြေအနေ အေးချမ်းနေပြီ ဖြစ်သဖြင့် ပြန်လာခြင်း ဖြစ်ပြီး ယခုကဲ့သို့ ထောင်ချမည်ဟု မထင်ခဲ့ကြောင့် ရမ်းဗြဲဒေသခံက ဆက်ပြောသည်။
“ ကိုလှသွယ်ကို ရွာအပြန် လမ်းမှာ ရဲက ဖမ်းဆီးပြီး ရမ်းဗြဲကို ယူလာပါတယ်။ ရဲက ကိုလှသွယ်ကို ရှေ့နေ ငှားမလားလို့ မေးတော့ ကိုလှသွယ် ငွေကြေးမတတ်နိုင်တာက တကြောင်း၊ ထောင်ကျလိမ့်မယ်လို့ မထင်တာက တကြောင်းကြောင့် ရှေ့နေ မငှား ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ ဒါကြောင့် ရဲက သူ့ကို တရားရုံးသို့ တိုက်ရိုက်ပို့ပြီး ခုလို အမူကို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ တရားရုံးတွင် စစ်ဆေးရာတွင် ကိုလှသွယ်က မိမိမှာ  ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်ဖြစ်တဲ့ အတွက် ပါတီ ကိစ္စအပြင် ဗိုလ်မှူးကျော်ခိုင် ကျောက်နီမော်ကို လာရန်ရှိသည့် အတွက် သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ခံဝန်ချက်ကို ချိုးဖေါက်သည်ဟု ဆိုကာ ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးအောင်က ထောင်ဒဏ် တစ်နှစ် အမိန့် ချမှတ်လိုက်သည်ဟု တစ်ခြား ရဲသား တစ်ဦးကလည်း အတည်ပြု  ပြောကြားသည်။
ယခုကဲ့သို့ တစုံတရာ အမူကို သေသေချာချာ စစ်ဆေးမေးမြန်း မရှိသည့် အပြင် အယူခံဝင်ခွင့် မရဘဲ ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အဆိုပါ ရမ်းဗြဲဒေသ ခံက သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။
“ အခု နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ပါတီတွေက လူတွေ တိုက်ရိုက် ပါဝင် ပတ်သက် နေတယ်လို့ ပြောထားတဲ့အပေါ်မှာ သူတို့ ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်တွေကိုလဲ ခုလို ပါဝင်ပတ်သက်လာရင် ထောင်ချတယ်ဆိုတဲ့ သဘောမျိုး လုပ်ပြ လိုက်တာလို့ မြင်ပါတယ်။ ဒါမှ  နောက်ထပ် တခြား ပါတီက လူတွေကို အရေးယူနိုင်မှာကိုး။ တစ်ခြား ပါတီဝင်တွေကို ဘယ်လို လုပ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုလှသွယ်ကို ရမ်းဗြဲတရားရုံးမှာ နေ့လည် ၁၂ နာရီခွဲတွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီးနောက် နေ့လည် ၂နာရီခွဲတွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သိရသည်။  narinjara

Wednesday, December 19, 2012

အမင်သား၏လွမ်းဆွတ်သံ

အို အမင်
သဇင်တိလည်း ၀ီဝီဆာလို့ ပွင့်နီရေ
အမင်မြီမှာ လီချေသွတ်သွတ် တိုက်နီယင့်
သဇင်ရိပ်အောက် အမင်ဇာလုပ်နီပါလဲ --။

အို အမင်
အမင်သားချေ လှပရေသဇင်တိနန့်
အီးမြရေ အမင်အရိပ်အောက်ကို
အမြဲတမ်း အတွက်ရနီပါရေ --။

အို အမင်
သားနန့်အမင်ရို့ ဘ၀တိစွာ
အသက်ရှင်လျှက် မျှော်လင့်ချက်မဲ့နီကတ်တေ
ယေဇူးနန့် အမင်၏သား အောင်မြင်မှုနန့် လာဖို့နိကို
အမင်အိုက သဇင်ရိပ်ခိုလို့
စောင့်ကြိုနိုင်ပါခန့်သိမ့်လား --။

အို အမင်
အခုပိုင် မလှပရေ ကံကြမ္မာ
ယုတ်မာရက်စက်တေ အဖိနှိပ်ခံဘ၀တိ
လွတ်မြောက်လာဖို့ နိကို
ကြိုးစားယင်းနန့် အခုဘ၀ မဆုံဖြစ်ကေလည်း
နောင်သံသရာ ဘ၀ကနီပြီး
နားလည်ခွင့်လွှတ် ပီးပါလီ --။

ခိုင်နီလ (လခြမ်းမြီ)
နွီအလွမ်း (၀တ္ထုတို)

နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။ ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။

တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။

ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် သြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။ မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။

မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။ မောင်နီပြန်မိန်းကေလဲ့ မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။

မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။ ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်စွာကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။

သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။ အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။ ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။

သူ့ဘ၀ကို ခွန်အားနှင့် ရုန်းခသည်။ နိုင်ဖို့ကျည်း မျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။ သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။

လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။ မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။ ။

မောင်မောင် (စစ်တွေ)

သုတေသီ



သုတေသီဟု
ပညတ်ပြုသော
ဗဟုသုတ
လွန်ကြွယ်ဝသော ဆရာ --။

ကမ္ဘာ့သမိုင်း
ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန်
တိကျမှန်သော ဆရာ --။

မြန်မာရာဇ၀င်
ကျမ်းစုံလင်ကို
ရင်သတ်မိမော
ဟောပြောနိုင်သော ဆရာ --။

ပိဋကတ်သုံးဖုံ
အလုံးစုံကို
အာဂုံဆောင်လျှက်
နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ်
ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက်ကရီကျမသား
ဝမ်းဖားဖား
ကားရီကားရား
ဝက်ပိုင်ယှောင်စား
ဝက်ပိုင်ယှောင်လား --။

ဘွဲ့လုံးထီးထီး
ထန်းသီးလုံးပိုင်ယှောင်ကြီး
ဓပြုတ်သီးပိုင်ယှောင်ကြီး
(လီးလိုက်တေပင်) ထမ်းလို့မပါ
ကာလနာ --။

မောင်ဂေါက် (ရခိုင်ပြည်)

က၀ိအမော် ခိုင်မဟာပညာကျော်



ရခိုင်ပြည်ကြီး လွတ်လပ်ရီးတွက်
အသက်ကိုပီး သွီးချောင်းစီးလော့
လက်သီးလက်မောင်း ဖြောင်းဖြောင်းဆန့်တန်း
လမ်းကောင်းညွှန်ပြော သူဆော်သြ၏ --။

အမျိုးဘာသာ သာသနာမှာ
ကွယ်ကာမပျောက် တိမ်းမမှောက်အောင်
ဂုဏ်ရောင်ဘုန်းမီး ညီးညီးတောက်အောင်
အာပေါက်အောင်ပြော သူဆော်သြ၏ --။

သို့ပါသော်ငြား
သူဆော်သြစာ ကဗျာမှာကား
မြန်မာပိုင်ယှောင်ဖြစ်နီသတည်း --။

သူများနခေါင်းနှင့် အသက်လျှူ
သူများလျှာနှင့် အငှားယက်ကေ
မရှက်လားဝေး သူငယ်ချင်း --။

မြင်လိုက်ကေပင် အံလိုက်ချင်သည်
ရင်မှာ နလုံးပျို့သောကြောင့် --။


(၀ရင်းတုတ်)

(သမိုင်းကြောင်းကိုလေ့လာစီချင်သည်)



ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အောင်နှင့် ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီးလှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့ တဘုန်းဘုန်းရိုက်ခတ်လျက်ဟိသည်။ ရခိုင်ကုန်းတွင်းဒေသတွင် မြစ်ချောင်းအင်းအိုင် အလွန်ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်သည်။ မြောက်ပိုင်းရှိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်းများစွာဟိသည်။ တောင်ဘက်၌ မြစ်တို၊ ချောင်းတိုများသည် အရှိမှအနောက်သို့ စီးဆင်းသည်။

ထင်ရှားသောမြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီအတက်အကျဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါးပုဇွန်အလွန်ပေါများသည်။

ရှုတိုင်းသာစွ ရခိုင်မြီ

ကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။

ငါးများရခိုင်အခေါ်

ဤရီဤမြီနှင့်အတူ ရှိပဝေသဏီကပင် ရခိုင်ငါးများသည် ရခိုင်သားများနှင့်အတူ ဒိုးတူပေါင်ဖက် နီထိုင်လာခသူများဟု ဆိုချင်ပါသည်။ ရခိုင်များသည် မြစ်ချောင်းအင်းအိုင် ပင်လယ်ဝိုင်းလျှက် မွီးဖွားလာကြသူများဖြစ်ရာ တနည်းအားဖြင့် ရခိုင်ငါးမျိုးစုံနှင့်အတူ ၀ိုင်းရံကြီးပြင်းလာသူများပင် မဟုတ်ပါလား။ ရခိုင်ငါးများတွင် ကိုယ်စီကိုယ်စီ ရခိုင်အခေါ်နာမ ဟိပြီးသားဖြစ်ပါသည်။

ငါးသရွဲမင်းကျား၊ ဘီသျှပ်တရာ၊ ငါးခွေးပနီ၊ ပင်လယ်ငါးခူ၊ ငါးသလဲထိုး၊ သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုး၊ ငါးတောက်တူ၊ ငါးချိုင့်ကြား၊ ငါးပတုန်၊ ဒေါင့်ဒနာ၊ ငါးရင်းကုန်း၊ ရုဇနား၊ ငါးကန့်ဗျိုင်၊ ငါးကုန်းညို၊ မျက်ဆံကျယ်၊ ငါးဒါးလွယ်၊ ငါးပသွင်၊ စံလှမေ၊ ငါးဒလာ၊ ငါးသရွဲ၊ ငါးစရိုင်း၊ ငါးနုသန်း၊ ငါးနံ့သာ၊ ငါးစလုံး၊ ငါးဝမ်းပူ၊ ငါးရစ်မ၊ ငါးပယုံ၊ ငါးကန်သား၊ ငါးသပွေ၊ ၀ါမရှီ၊ ငါးလ၀ါ၊ ငါးပါးသျှင်း၊ ငါးနီတူ၊ ဗရဲဂါး၊ မျှိုင်သျှေ၊ စွန်သျှေ၊ဖက်သျှေ၊ ခသျှာ၊ အာဖာ၊ ဘာသျှား၊ ငါးဆူ၊ ငါးဝ ၊ ရိုးရည်၊ ငါးညို့၊ ရီခူ၊ ရီမျောက်၊ ရီကြက်၊ ဒေါင်းပြောက်၊ ပဂျင်း စသည့် ငါးအမည်များမှာ ရခိုင်သံပီသလှပါသည်။

အခြားရခိုင်ငါးများမှာ ငါးသတစ်၊ လက်ခွာ၊ ငါးတန်၊ ငါးမြင်း၊ ငမန်း၊ လိပ်ကျောက်၊ ပြင်သာလိပ်၊ ငါးရံ့၊ ငါးခူ၊ ငါးပြီ၊ ငါးရက် ၊ ငါးစွယ်၊ ငါးကြေး၊ ငါးဖယ်၊ ငါးခုံး၊ ဂဏန်း၊ ကြက်ဖားပုစွန်၊ ရီလားပုစွန်၊ ရွှေပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်တက်၊ ပုစွန်စိတ် စသည်ဖြင့် အသီးသီးဟိသည်။

ရခိုင်ဒေသဥတုရာသီ

ရခိုင်ဒေသသည် လီပြင်းပြီး မိုကြီးသောဒေသဖြစ်သည်။ နှစ်စဉ် မိုးရီချိန်လက္မ (၂၀၀) ကျော် ရွာသည်။ ဒေသအခေါ် (ရမ်းပေါက်လီ၊ ဆင်ခေါင်းလီ၊ ကတ္တရန်လီ) ရို့မှာ ရခိုင်ပင်လယ်လီများဖြစ်သည်။ နွီခေါင်ခေါင် လဆန်းလဆုတ် ဖြားသီရက်များမှာတောင် ရခိုင်မြစ်ချောင်းများသည် သိသိသာသာ ရီလျော့ကျလားလေ့မဟိပါ။ မိုးတွင်းခါဆိုလျှင် “၀ါဆိုဝါခေါင်၊ ရီဖောင်ဖောင်” ဆိုရေပိုင် ရခိုင်မြစ်ချောင်းများသည် ရီဖြိုးလျှက်ဟိပါသည်။

ထို့ကြောင့် ရခိုင်ငါးများသည် ရခိုင်ရီကိုကြိုက်ပြီး ရခိုင်ရီတွင်ပျော်သည်။ ရခိုင်ငါးများသည် ရခိုင်ရီမြီသဘာဝနှင့် ရခိုင်လူမျိုးများကိုခွဲခွာ၍ အခြားတပါးသို့ လားချင်လိုစိတ်ဟိမည်မထင်ပါ။ ၀ိသမလောဘသားများ မထောက်မညှာ ဖမ်းဆီးယူလားသည့်အခါမှသာ ပါတော်မူဘ၀သို့ ရောက်လားမည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ်သိ

ရှိရခိုင်များသည် မိမိရို့ပတ်ဝန်းကျင်ဟိ ရခိုင်ငါးများအကြောင်းကို နှံ့နှံ့စပ်စပ် သိထားဟန်တူပါသည်။ ရခိုင်သားများ၏ဓလေ့စရိုက်နှင့်ဖြစ်စဉ်များကိုလည်း ရခိုင်ငါးများသည် အတွင်းသိမြင်ထားသူများဖြစ်ပေလိမ့်မည်။ နိစဉ်လူမှုကိစ္စများ၌ ရခိုင်သားများနှင့် ရခိုင်ငါးများသည် အကျွမ်းတ၀င် တွိဆုံမြဲဖြစ်သည်။ ရှိခေတ်ဦးကပင် ရခိုင်သားဘ၀၌ ရခိုင်ငါးများသည် တစင်းထင်ဟပ်နီကြောင်းတွိရပါသည်။

ရခိုင်သမိုင်းအရ ၀ါသုဒေ၀မင်းနောက် ဗြဟ္မဏရာဇာမင်းဆက်၌ ဘီစီ (၃၃၂၅) မတိုင်မှီကာလက ကစ္ဆပနဒီမြစ်၏အရှိဘက် (၉၉) မြို့။ အနောက်ဘက် (၉၉) မြို့ တည်ဟိခသည်။ အရှိဘက်မြို့များအနက် (ငါးရန့်ချောင်းမြို့) နှင့် အနောက်ဘက်မြို့များအနက် (ငါးတန်သရဲမြို့) ဟူ၍ ရခိုင်ငါးနာမည်များနှင့် မှည့်ခေါ်ထားသည်ကို တွိရပါသည်။

ဒင်္ဂါးမှာခတ်နှိပ်ထား

ရခိုင်ဒင်္ဂါးသမိုင်းကိုလေ့လာလျှင် အမည်ထိုးပါဟိသော အစောဆုံးဒင်္ဂါးမှာ ဒေ၀စန္ဒြဒင်္ဂါး ဖြစ်ပါသည်။ ခန့်မှန်းသက္ကရာဇ် အေဒီ (၃) ရာစုနှင့် (၄) ရာစု စဦးပိုင်းလောက်က သွန်းလုပ်ခသော စာထိုးမပါ ပတုန်း (အမြီး) ပါဟိသည့် ပင်လယ်ခရုပုံ ခပ်နှိပ်ထားသည့်ဒင်္ဂါးအချို့မှာ နိုင်ငံခြားပြတိုက်များ၌ ဟိပါသည်။ ယင်းဒင်္ဂါးများကို စန္ဒြားမင်းများသွန်းလုပ်ခပြီး၊ ရှိအကျဆုံးဖြစ်မည်ဟု ပါမောက္ခသုတေသီ ဆရာကြီးဦးစံသာအောင်က ခန့်မှန်းထားခပါသည်။ ဤသို့ဆိုလျှင် ရခိုင်ငါးများသည် နှယ်နှယ်ရရမဟုတ်။ ရခိုင်သမိုင်းနှင့်အတူ ဖွားတော်ဖွားဖက်ဖြစ်သည်ကို တွိရသည်။

ယိုင်းသာခြင်း

ရခိုင် အဘုချေသားချော့ ယိုင်းသာခြင်းများ၌ “အမျည်မျည်၊ မှိုဟင်းခူးဇောင်လားကတ်မည်၊ မှိုဟင်းလဲခူး၊ စူးလဲစူး၊ အစူးလည်းထွင်၊ အိမ်ကိုလည်းရောက်၊ အထွဋ်တင်၊ ငယ်လင်စားဖို့၊ မျောက်လက်ညှိုး၊ ကုလားပုစွန်၊ ညှီနံ့နံ့နှင့်၊ အကျွန်မစား၊ ရွှေလင်ပန်းမှာ၊ ကြင်းလို့ထား” ဟူ၍တမျိုး။ “နင့်ဘားဘာ လူယဉ်ကျေးက လောင်းတစင်းနှင့် လားလတ်တေ၊ သားငါးရှာဖို့လားလတ်တေ၊ နင့်ဘားဘာလာကေ၊ ပုစွန်တုတ်ကို အီးယောင်ပြုတ်လို့ ကျွေးပါ့မည်” ဟူ၍တဖုံ လေ့လာတွိသိရပါသည်။

ငါးနှင့်နွယ်သည့် နာမည်မှဲ့ခေါ်

ရခိုင်သမက်တက် ထိမ်းမြားမင်္ဂလာပွဲများတွင် ချက်ပြီးသား ပုစွန်တုတ်နှစ်ကောင်၊ ဘဲဥနှစ်လုံးစသည်ရို့ ပါဝင်ပါသည်။ ရခိုင်နာမည်တချို့တွင် ငါးနှင့်နွယ်သော၊ (ယက်သဲအောင်၊ ချောင်းနားအောင်၊ ငါးလုံးချေ၊ ဖားချေ၊ စံလှမေ) စသည့်ဝေါဟာရနာမများကို တွိရပါသည်။ ကနိ ရခိုင်ပြည်ကျွန်းရွာနာမည်များတွင်လည် (ငါးရန့်ချောင်းရွာ၊ ငမန်းရဲကျွန်း။ ငါးစရိုင်းချောင်းကျွန်း၊ ငါးပြီကျွန်း၊ ငါးပြီတက်ရွာ၊ တံငါရွာ) စသည်ဖြင့် တွိရပါသည်။

ရခိုင်သားများသည် ငါးနှင့်ပတ်သက်သော စကားပုံများကို ကနိတိုင် ခုံမင်သုံးစွဲနီသည်ကို တွိရပါသည်။ “ငါးမဟိလို့ မျှိုင်စွံ”၊ “ပုဇွန်ဖြူ ငါးမဟုတ်၊ ဆင်းရဲသူ လူမဟုတ်”၊ “ဖွတ်မီးကျောင်းဖြစ်၊ မြစ်ချောင်းမချမ်းသာ” စသည်ဖြင့်ဖြစ်ပါသည်။

ရှိရခိုင်းများသည် ပန်းဝှက်တမ်း ကဇတ်လေ့ဟိပါသည်။ ပန်းဝှက်ရာတွင်လည်း ရခိုင်ငါးများပါဝင်သည်။

ငါးစရိုင်းသျှေ ၀မ်းပူ၊ အအူမဟိပါ။ (၀ခွက်၊ ရီအိုး)
အ၀ီးကလာမဲမဲ၊ အိမ်မှာရောက် ရဲရဲ။ (ဂဏန်း)
ထိုဖက်ဒေဖက် လှော်တက်နန့်၊ အလယ်ဂေါင်မှာ ရွက်တိုင်နန့်။ (ငါးစရိုင်း)

အ၀ီးရောက်ရခိုင်အချို့သည် ရခိုင်အစားအစာ၊ ရခိုင်အာဟာရများကို အာသီသဖြစ်ကာ တမ်းတလေ့ဟိပါသည်။ တမ်းတသည့် အစားအစာများမှာ ရခိုင်ငါးပိ၊ သင်္ဘောထိုးပါသည့် ရခိုင်မုန့်တီ၊ သံတွဲမှ ငါးနီတူခြောက်၊ ရမ်းဗြဲမှ လက်ခွာခြောက်၊ စစ်တွေမှ ရွှေပုဇွန်ခြောက် စသည်ရို့ဖြစ်သည်။ ရခိုင်တချို့ မိမိရို့၏အဆွေ ရခိုင်ငါးနာမည်များကိုမိပျောက်ကာ တခြားအရပ်သုံး ငါးနာမည်နာမများကို လျှာတွိအာတွိ ခေါ်လျှက်ဟိကတ်ပါသည်။

ရခိုင်ငါးများမြင်ပါက “ငါးစိမ်းမြင်၊ ငါးကင်ပစ်” ဟု စိတ်ဆိုးဆိုးဖြင့် အပြစ်တင်ကောင်း တင်ပါလိမ့်မည်။ ရခိုင်သားများသည် ရခိုင်ငါးများအကြောင်း မမိအပ်ပါ။ ရခိုင်ငါးများနှင့် ရခိုင်ငါးနာမည်များကို သတိရနီခြင်းပင်လျှင် အဖရခိုင်ပြည်ကို သတိရနီခြင်း မဟုတ်ပါလား။

ယခုအခါ ရခိုင်ချောင်း၊ မြစ်၊ ပင်လယ်များတွင် ၀ိသမလောဘသားတချို့သည် နည်းမျိုးစုံဖြင့် ဖမ်းဆီးယူငင်နီသဖြင့် ရခိုင်ငါးများသည် ကြောက်ကြောက်လန့်လန့် နီထိုင်ကတ်ရပါသည်။ ရခိုင်ရီပြင်သို့ နိုင်ငံခြားငါးများဖြစ်သည့် ကုလားပုစွန်နန့် ပလာတူးရို့သည် စုပြုံကျူးကျော်ဝင်ရောက်နီသဖြင့် ရခိုင်ငါးများသည် အယင်ကပိုင် မချောင်လည်ကြပါ။ ဖီးအန္တရယ် အရိပ်အခြေကြည့်ဗျာ တိမ်းယှောင်လားလာနီကတ်ရပါသည်။

တနိသ၌ ကုလားတန်မြစ်ဝ လေးချိုင့်တောင်အနားမှာ ငါးသရွဲမင်းကျားတကောင်နှင့် သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုးတကောင် တွိဆုံကတ်ပါသည်။

မင်းကျား ။ ။ ငါလည်း တချိန်က မင်းပိုင် အဆီတ၀င်းဝင်းနန့် အကောင်ကြီးကြီးဖြစ်ဖူးရေ။ အဂုခါ အကြောင်းမလှ ပိန်ကျလားစွာ။

သင်္ဘောထိုး ။ ။ မင်းအရုပ်နန့် ငါ့ပိုင်ယှောင် ဖြစ်ဖူးရေဆိုစွာ ငါမယုံဝေး။ မင်းပါးစက အာခေါင်ပြဲပြဲနန့်။

မင်းကျား ။ ။ မယုံလည်းနီ။ အာခေါင်ပြဲနီစွာက “မချိလို့ သွားဖြဲ” စွာ။ အယင်က ငါလည်း ငါးမင်းတကာ မင်းထဲမှာ (မင်းကျား) ဖြစ်ဖူးရေ။ အခုလည်း ငါ့ကို (မင်းကျား) လို့ခေါ်ရေ။
ယင်းသို့ စကားပြောငြင်းခုံနီသည်ကို မနီးမ၀ီးတွင်ဟိသည့် ရှိမှီနောက်မှီ ပြင်သာလိပ်မကြီးတကောင်ကြား၍ ကြားက၀င်ပြောသည်။

ပြင်သာလိပ်မကြီး ။ ။ မင်းရို့နှစ်ယောက်ပြောစွာ အားလုံးကြားရေ။ သင်္ဘောထိုးလည်း မင်းကျားပြောစွာ မယုံမဟိကဲ့။ ဖြစ်နိုင်မဖြစ်နိုင် ယုတ္တိယုတ္တာနန့်ပြောကေ ယုံရရေ။ ငါက ရခိုင်ပြည်မှာ နီလာစွာ အံတိုလားယာ။ အကြောင်းကြုံလို့ ရှိဟောင်းနောက်ကြောင်း ပြန်ပြောပြမည်။ နားထောင်။

ဘုရားမပွင့်ခင်က ၀ါသုဒေ၀ညီနောင်တကျိပ်ရို့တည်ထောင်သောဒွါရာဝတီ (သံတွဲ) ပျက်သုဉ်းလားပြီးနောက် ကုလားတန်မြစ်ဝှမ်းတွင် ရှိဝေသာလီမြို့ဟောင်းကို တည်ထောင်သည်။ ဝေသာလီခေတ်ဦးမင်းဆက်သည် ဘီစီ (၅၃၁၆) မှစလတ်ရာ ဗြဟ္မဏရာဇာမှ ဗြဟ္မသိဒ္ဓိမင်ထိမင်း (၂၆) ဆက် နှစ်ပေါင်း (၁၉၉၀) တိုင်အောင် ရှည်ကြာသည်။ ယင်းနောက် မာရယုမင်းသည် ဓည၀တီမြို့ကိုတည်၍ ဓည၀တီခေတ်ကို ဘီစီ (၃၃၂၅) မှအစပြုထူထောင်သည်။ ဓည၀တီခေတ်သည် (ပထမ ၊ ဒုတိယ၊ တတိယ) စသည်ဖြင့် အေဒီ (၃၂၇) ထိ တည်တံ့သည်။ မာရယုမင်းသည် လှဲအတတ် ၊ လှံအတတ်၊ သံလျှက်အတတ်၊ ကျွမ်းကျင်တတ်မြောက်ပြီး နှလုံးရည်လက်ရုံးရည်ဖြင့် (၆၂) နှစ်တိုင်တိုင် ထီးနန်းစိုးစံသည်။ (မင်းနံလှနှင့် နီလဂုဏ်) မင်းရို့လက်ထက် ဆင်ကောင်ရေအလွန်များပြီး ပြည်သူရို့လည်း ဆင်အတတ် မြင်းအတတ် ထူချွန်တတ်မြောက်သည်။ ဤခေတ် အေဒီ (၁) ရာစုနှင့် (၂) ရာစုနှစ်များတွင် နိုင်ငံခြားနှင့် ကူးသန်းရောက်ဝယ်ဖောက်ကား အလွန်ကြွယ်ဝချမ်းသာသည်။ ဖရုံကာကျွန်းမှာ ဘရုက္ဆကမည်သောသင်္ဘောဆိပ်ကြီးတခု ဟိခသည်။ ဖရုံကာကျွန်းကို မင်းရို့ငါရို့နီရာကလှမ်းကြည့်ကေ လင်းလို့ကြောင်းလို့မြင်ရရေ။

သင်္ဘောထိုး ။ ။ ဟုတ်တေ။ အယင်က ငါရို့အဖိုးပြောစွာကြားဖူးရေ။ ဖရုံကာကျွန်းနားမှာ နိုင်ငံခြားသင်္ဘောတိ ရက်ပြတ်ရက်ပြတ်ဖြတ်လားကတ်တေလတ်။

မင်းကျား ။ ။ ယေကေ မမြင်ဖူးကေလဲ့ ကြောင်းကျိုးပြောပြစွာနန့် မင်းယုံလာဗျာမဟုတ်လား။ ဆက်ပြောပါလိပ်မကြီး။

လိပ်မကြီး ။ ။ ဓည၀တီခေတ်ကလည်း တတိယမင်းဆက်တည်ထောင်သူ စန္ဒြသူရိယမင်းလက်ထက် ဘီစီ (၅၅၄) မှာ ဗုဒ္ဓသျှင်တော်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ဗုဒ္ဓကြွရောက်လာကြောင်း ကျောက်တော်မြို့အနီး၊ တောင်ပေါက်ကြီးကျောက်စာမှာ ဗြဟ္မအက္ခရာ၊ ပါဠိဘာသာဖြင့် ရွီးထိုးထားခသည်။ ဗုဒ္ဓသျှင်တော်ကိုယ်စား မဟာမြတ်မုနိရုပ်ရှင်တော်ကို သွန်းလုပ်ခသည်။ ယင်းခေတ်ကပင် ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာထွန်းကားလာစွာဖြစ်သည်။ ဤခေတ်၏ရုပ်ကြွင်းသက်သီအဖြစ် ဓည၀တီမြို့တော်သည် ကနိတိုင် အထင်အရှားဟိနီသိမ့်သည်။

ဓည၀တီပျက်ပြီးနောက် အေဒီ (၃၂၇) နန်းတက်သော မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား) သည် ဝေသာလီကျောက်လှေကားမြို့ကိုတည်၍ ဝေသာလီခေတ်ကို စတင်ထူထောင်သည်။ ဘုရင်သည် အမြော်အမြင်ဉာဏ်ပညာကြီးပြီး နိုင်ငံတော်ကို ခိုင်ခန့်အောင်လုပ်ဆောင်သည်။ တစ်ရာ့တစ်ပါးသောမင်းရို့ကို အောင်မြင်တော်မူသည်။ ဝေသာလီမင်းများသည် ဘုန်းတန်ခိုးကြီးအလွန်ကြီးသည်။

တိုင်းစန္ဒြးမင်းလက်ထက် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးမြောက်များစွာ သွန်းလုပ်သည်။ ပန်းအတတ် (၁၀) မျိုး၊ ကြီးသွန်းအတတ်၊ ကျောက်ဆစ်အတတ်ရို့ကို တတ်မြောက်သည်။ ရခိုင်အက္ခရာစာပီနှင့် ယဉ်ကျေးမှုတိုးတက်ထွန်းကားသည်။ ဤခေတ်တွင် အာနန္ဓစန္ဒြားမင်းသည် ရှိဖိုးဖီးစိုင်လာ နန်းစဉ်ကို ကျောက်စာရွီးထိုးပြုခသည်။ ဤကျောက်စာမှာ ရခိုင်သမိုင်း၌ အလွန်တန်ဖိုးကြီးပြီး၊ ကနိတိုင် မြောက်ဦးမြို့ သျှစ်သောင်းဘုရားခြီရင်းတွင် ဟိသည်။ စူဠစန္ဒြားမင်းလက်ထက် အေဒီ (၇၃၃) အေဒီ (၇၆၉) တွင် ရခိုင်ရီတပ်အင်အားအလွန်တောင့်တင်းသည်။ ဝေသာလီမြို့ကျောက်လှီကားတွင် နိုင်ငံခြားသင်္ဘောများစွာဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှုပြုသည်။ လက်ဟိဝေသာလီရွာတွင် နန်းရာကုန်းဟိသည်။ အေဒီ (၈၀၀) ကျော်တွင် သျှမ်း (မဂို) ဖျက်၍ ဝေသာလီပျက်သည်။

ယင်းနောက် လေးမြို့ခေတ် (အေဒီ ၈၁၈- အေဒီ ၁၄၃၀) ကိုတည်သည်။ နန်းတည်အရပ်ကို ကုလားတန်မြစ်ဝှမ်းမှ လေးမြို့မြစ်ဝှမ်းသို့ ရွှိပြောင်းသည်။ လေးမြို့ခေတ်တွင် မင်းစိုင်ပေါင်း ပေါင်း (၆၀) ဟိသည်။ မြို့တော်များမှာ (ပဉ္စာ၊ ပရိန်၊ ခြိတ်၊ စမ္ပ၀က်၊ နေရစ္စရာ၊ တောင်ငူနှင့် လောင်းကြက်) မြို့များဖြစ်သည်။ ထင်ရှားသောဘုရင်များမှာ (မင်းရင်ဖြူ၊ ကောလိယ၊ ဒဿရာဇာ၊ အလောမာဖြူနှင့် မင်းထီး) ရို့ဖြစ်သည်။ ဤခေတ်သည် မြန်မာနိုင်ငံ၏ပထမပုဂံခေတ်၊ ဒုတိယပုဂံခေတ် ၊ အင်းဝခေတ်များနှင့် ခေတ်ပြိုင်ဖြစ်သည်။

နောက်ဆုံး မြောက်ဦးခေတ် (အေဒီ ၁၄၃၀-၁၇၈၅) ကို တည်ထောင်သည်။ မြောက်ဦးမြို့ကိုတည်စဉ် မင်းစောမွန်ကွယ်လွန်သည်။ နောက်မင်းများဆက်လက် ပြုပျင်တည်ဆောက်သည်။ မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂) မြို့ကိုအောင်မြင်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းဘုရားကြီးကို တည်ထားကိုးကွယ်သည်။ နိုင်ငံတော်ကို လက်အောက်ခံဘုရင် (၁၂) ပါးနှင့်အုပ်ချုပ်သည်။ မင်းဖလောင်း၊ မင်းရာဇာရို့လက်ထက်၊ ရခိုင်အင်ပါယာအထွတ်အထိပ်သို့ရောက်လတ်ပြီး ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဤခေတ်တွင် နိုင်ငံခြားသို့လည်း ပညာတော်သင်စေလွှတ်သည်။ သီဟိုဠ်သို့လည်း သာသနာပြုစီသည်။ ရီကြောင်းအားဖြင့် ပေါ်တူဂီနှင့် ဒတ်(ခ်ျ) များက ရခိုင်ပြည်ကို ရန်စောင်မှုပြုသည်။ မြောက်ဦးခေတ်တွင် ရခိုင်စာပီယဉ်ကျေးမှု လွန်စွာထွန်းတောက်သည်။ အေဒီ (၁၇၈၅) ခု၊ မဟာသမတမင်းလက်ထက် မြန်မာအမရပူရဘုရင် ဗဒုံမင်း တိုက်ခိုက်သိမ်းယူ၍ ရခိုင်ပြည်ကြီးပျက်သုဉ်းသည်။

ရခိုင်ရို့သည် ရခိုင်နိုင်ငံတော်ကြီးကို မာရယုမင်းမှအစပြု၍ မဟာသမတမင်းအဆုံးတိုင် မင်းဆက်ပေါင်း (၂၅၆) ဆက် နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော်၊ (ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး) စသည်ဖြင့် ခေတ်ကြီး (၄) ခေတ် ရခိုင်ဧက္ကရာဇ်နိုင်ငံတော်ကြီးထူထောင်လျှက် နီထိုင်အုပ်ချုပ်လာလတ်သူများဖြစ်သည်။

ပြောစွာလည်း တအောင့်ကြာလားဗျာ။ တအောင့်နားလိုက်အုံးမည်။ အေလောက်ဆို ရခိုင်အကြောင်း အကျဉ်းသိဖို့။ ငါပြောစွာယုံယင့်လား။

မင်းကျား။ ။ ကျွန်တော်ယုံပါရေ။ အယင်ရခိုင်တိ ကောင်းစားခကေလဲ့ အခု သူတောင်းစားဖြစ်လားပါဗျာ။ “အယင်က ကျင်သန်၊ အခု ပြင်ခံ” ဖြစ်လားပါဗျာ။

သင်္ဘောထိုး။ ။ အခုပိုင် ကြောင်းကျိုးယှင်းပြလို့ ငါလည်းယုံပါရေ။ ငါရို့ အဖိုးအဘောင်တိ စိုင်ဆက်ပြောလာရေစကားကို သတိရရေ။ အေဒီ (၁၆၁၅) လောက်က ပေါ်တူဂီတိသောင်းကျန်းလို့ ရခိုင်ပြည်ကို ပင်လယ်ကြောင်းလာတိုက်တေ။ ရခိုင်ဘုရင် မင်းခမောင်းက ပြန်တိုက်ဖျက်နိုင်ခရေ။ ယင်းခါက ငါရို့သင်ပေါင်းထိုးငါးတိလည်း ရီထဲမှာ ရီငုပ်သင်္ဘောယှောင်ကူးလို့ ရခိုင်ဖက်က ကူတိုက်တေ။ ယင်းအချိန်ကစလို့ ငါရို့ကို ရခိုင်သားတိက (သင်္ဘောထိုး) လို့ ခေါ်ရေ။

ကိုင်း.. ယုံကေယုံ၊ မယုံကေနီ။

နောက်ဆုံး တိုတိုတုတ်တုတ် နိဂုံးချုပ်မည်။ မင်းရို့ငါရို့ ကိုယ့်သမိုင်းကြောင်း ကိုယ်သိဖို့လိုရေ။ မမိဖို့လိုရေ။

(သာမြ)
ရခိုင်သဟာယအသင်း အမှတ် (၄) မှ ကူးယူဖော်ပြပါသည်။
ကျမ်းကိုးစာအုပ်များ
၁။ ဓည၀တီရာဇ၀င်သစ်။
၂။၁၉၆၈ ခုထုတ် ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း။
၃။ ဦးလှဒင် (ဘာသာပြန်) ရတနာရွှေမြေ၀တ္ထု။
၎။ ဦးစက္ကိန္ဒရွီး ရခိုင်ယဉ်ကျေးမှုများ အမှတ် (၁) ၊ (၂)၊ (၃)
၅။ ဦးစံသာအောင်ရွီး အာနန္ဒစန္ဒြ။
၆။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီထုတ် ပြည်နယ်ဖြစ်စဉ်သမိုင်း (ပထမတွဲ)။
၇။ ဦးစောလှအောင်ရွီး၊ မဟာမုနိ၊ စက်ဘုရားသမိုင်း (အကျဉ်းချုပ်)။

သြဂတ်(စ်) ၁၃ စစ်တွေ ဆန်ပြဿနာနိတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခသူ ဦးမောင်အေးချမ်းနှင့် တွိဆုံခြင်း



၁၉၆၇-ခုနှစ် သြဂတ်(စ်) ၁၃ ရက်နိ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခသူ ဦးမောင်အေးချမ်းမှာ ရခိုင်ပြည် စစ်တွေမြို့မှဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၂) နှစ်အကြာ ၁၉၅၀-ခုနှစ်တွင် မွီးဖွားသည်။ ဘ၀သက်တမ်းတလျှောက်လုံး ရခိုင်နိုင်ငံရေးတွင် ပါဝင်ခသဖြင့် အကြိမ်ကြိမ် ထောင်ကျခသူလည်းဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တည်ထောင်စဉ်က ကေဒါတဦးအဖြစ် ပါဝင်ခသည်။ ၁၉၈၅-ခုနှစ်တွင် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလပ) တွင် တာဝန်ထမ်းဆောင်သည်။ နောက်ပိုင်း ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီတွင် ပါဝင်လာသည်။ ယခုအခါ ပန်းထိမ်ဆရာတဦးအဖြစ် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇာမြို့တွင် မိသားစုနှင့်အတူ နီထိုင်လျှက်ဟိသည်။ ဦးမောင်အေးချမ်းသည် သြဂတ်(စ်) ၁၃ အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခသူဖြစ်သဖြင့် ယခုလတွင်ကျရောက်သော နှစ် (၄၀) မြောက် ရခိုင်ပြည်ဆန်ပြဿနာနိ (သို့မဟုတ်) ၁၃ သြဂတ်(စ်) အရေးတော်ပုံနိတွင် သြဂတ်(စ်) ၁၃ အရေးတော်ပုံအကြောင်းအား အများသူငါ သိကြားနိုင်ရန် သူနှင့်တွိဆုံမိန်းမြန်းခန်းကို ထည့်သွင်းဖော်ပြလိုက်ပါသည်။

NN ။ ရခိုင်ပြည် ဆန်ပြဿနာနိ ဇာကစလို့ ဇာပိုင်ဖြစ်လာစွာပါလဲ။

ချမ်း။ ။ ရခိုင်ပြည်ရေ စပါးဆန်ရီ အလွန်ပေါများရေ တိုင်းပြည်ဖြစ်ပါရေ။ ၁၉၆၇-ခုနှစ်မှာ ဗိုလ်နေ၀င်းစစ်အစိုးရက ရခိုင်ပြည်ကဆန်စပါးတိကို သတ်မှတ်ထားရေ ဈီးနန့် မရောင်းမနီရ အတင်းအဓမ္မသိမ်းကျုံးဝယ်ယူပြီး အစိုးရဂိုဒေါင်တိမှာ လှောင်ထားပါရေ။ ပြီးကေ ယင်းဆန်စပါးတိကို နိုင်ငံခြားတိုင်းပြည်တိကို အဆက်မပြတ်ရောင်းနီလို့ ရခိုင်ပြည်သားတိ ထမင်းငတ်ကတ်ပါရေ။ ချမ်းသာရေလူတိတောင်က ငွေဟိကေလဲ့ ဆန်ဝယ်လို့မရ၊ ကပ်ဆိုးဆိုက်ပါရေ။ ရခိုင်သားတိစွာ တခါလည်း အငတ်ဖီးကို မကြုံဖူးပါ။ နေ၀င်းလက်အောက်ရောက်မှ ရခိုင်သားတိ ထမင်းငတ်လို့ သူတောင်းစားဖြစ်ပါရေ။ ပြိန်းဥနန့်ချိုင်ပေါင်ကြိုသောက်ကတ်ရပါရေ။ ၀မ်းလားလို့သီသူသီ ပျောက်သူပျောက် ဒုက္ခဆိုက်ရောက်ပါရေ။ တချို့ဆိုကေ ရှက်လို့ မိသားစုတခုလုံး အဆိပ်စားလို့ ကိုယ့်စွာကို သတ်သီလားကတ်ပါရေ။ ရခိုင်ပြည်တခုလုံးမှာ ဆန်ပြဿနာကြောင့် အမျိုးမျိုးပြဿနာ ဖြစ်ပါရေ။ ငတ်လို့ အပျိုမချေတိ ၀ါကြီးဝါကြီးမတိပါမကျန် ထမင်းအလှူခံစားဘ၀ ရောက်ရပါရေ။

အေချင့်တိကိုမြင်လို့ ပြည်သူတိက အစိုးရဘားမှာ ဆန်ရောင်းချပီးဖို့ အကြိမ်ကြိမ် တင်ပြတောင်းပန်ကေလဲ့ အာဏာပိုင်တိက လုံးဝဂရုမစိုက်ပါ။ ယင်းအတွက်နန့် အာဏာပိုင်တိကို ထိပ်တိုက်ရင်ဆိုင်လို့ ဆန်ရဟိရေးကို ရခိုင်သားတိ တောင်းဆိုစွာဖြစ်ပါရေ။ ယေကေလဲ့ ယင်းအချိန်က ရခိုင်ပြည်ကို အုပ်ချုပ်ထားရေ မြန်မာအစိုးရက ရခိုင်သားတိကို ညစ်ညစ်ပတ်ပတ် ပစ်သတ်ခစွာဖြစ်ပါရေ။ ယင်းနိရေ ၁၉၆၇-ခု သြဂတ်(စ်) ၁၃ ရက်နိဖြစ်ပြီး ရခိုင်သားတိ အသတ်ခံခရရေ နိဆိုးနိယုတ်ဖြစ်ပါရေ။ ရခိုင်သားတိအားလုံး ယင်းနိကို တခါလည်းမိဖို့မဟုတ်ပါ။

NN ။ မြန်မာအစိုးရက ရခိုင်ပြည်ဆန်ပြဿနာကို အီးအီးချမ်းချမ်း ဖြေယှင်းလို့ရယင့်သားနန့် ဖြေယှင်းမပီးဘဲ အခုပိုင် ရက်ရက်စက်စက် ပစ်သတ်ခစွာကို ဇာပိုင်မြင်ပါရေလဲ။

ချမ်း။ ။ မြန်မာအစိုးရက ရခိုင်သားတိ ငတ်လို့သီသီ အရေးမကြီး၊ စပါးကို နိုင်ငံခြားသို့ရောင်းလို့ ဒင်္ဂါးရကေကျီ။ ပြည်တွင်းစစ်မှာသုံးဖို့ လက်နက်ဝယ်ဖို့ အရေးကြီးရေ။ ယင်းနှစ် ရခိုင်ပြည်မှာမက မြန်မာတပြည်လုံး ငတ်ကတ်ပါရေ။ ကျွန်းရွာတိမှာ ထမင်းငတ်လို့ သီကတ်တေ။ ရန်ကုန်မှာဆိုကေ စကေချေ ချောင်ပါရေ။

NN ။ နေ၀င်းလက်ကိုင်တုတ် ဗိုလ်မှူးစောဖြူက ရခိုင်သားတိကို ပစ်သတ်စွာမှာ သီကျလားခသူဦးရေကို သိချင်ပါရေ။ ယင်းအချိန်က ရှာမရ ပျောက်လားခသူတိကို နောက်ပြန်တွိပါရေလား။

ချမ်း။ ။ သူရို့ တရားဝင်လိမ်ကြေငြာစွာက စုစုပေါင်း (၂၄) ယောက်ရာ သီရေလို့ဆိုပါရေ။ ယေကေလဲ့ ရခိုင်သားတိစာရင်းကောက်စွာ လူ (၃၀၀) ကျော်သီပါရေ။ ဇာကြောင့်လည်းဆိုကေ တချို့ရပ်ကွက်တိမှာ မိဘဆွီမျိုးတိက သူ့သားသမီးတိ ဇာရောက်လားရေလဲ သီလားပျောက်လား ရှာနီကတ်စွာ ကျွန်တော်ကိုယ်တွိပါ။

NN ။ အပစ်သတ်ခံရရေ လူသီအလောင်းတိကို သူရို့ ဇာမှာမြုတ်ပစ်ပါရေလဲ။

ချမ်း။ ။ အလောင်းတိကို ပထမ လမ်းမထက်မှာ အေအတိုင်းပစ်ထားပါရေ။ ပြီးကေ စစ်ကားကြီးတိ ရောက်လာပါရေ။ ယင်းအချိန်မှာ ဒဏ်ရာနန့်မသီသိမ့်ရေလူတိက (ကျွန်တော်မသီပါသိမ့်၊ ဆီးရုံကိုပို့ပါ၊ ဆီးကုကေ ကောင်းနိုင်ပါသိမ့်ရေ) လို့ တောင်းပန်ကေလဲ့ ဘောက်သာအိပ်ကို ကားထက်တင်ပိုင်ယှောင် ယူလားပြီးကေ အုန်းတောမှာ အသီအရှင်တပါတည်းပေါင်းလို့ ဓါတ်ဆီလောင်းလို့ မီးတိုက်ပစ်လိုက်ကတ်ပါရေ။

စစ်တပ်က သြဂတ်(စ်) ၁၃ ရက်နိမှာ အလောင်း (၂၄) လောင်းကို ၁၄ ရက်နိမှာ စစ်တွေမြို့ကြေးနန်းယုန်းရှိမှာ ပွဲကြီးခင်းလို့ပြပါရေ။ ယင်းအလောင်းတိကို စစ်တွေမြို့ ကရာတေးနန့် သိုင်းအဖွဲ့က သင်းဂြိဟ်ဖို့တောင်းကေလည်း ခွင့်မပီးဘဲ စစ်တွေမြို့သင်္ချိုင်းနား သရက်တောဘုန်းကြီးကျောင်းနားက ကွင်းပြင်ထဲမှာ မြုတ်ပစ်လိုက်ကတ်ပါရေ။

NN ။ ဆန်ရဟိရေးအတွက် ရခိုင်သားတိ ဆန္ဒပြစွာ ဇာကဇာပိုင် စလာပါရေလဲ။

ချမ်း။ ။ ရခိုင်ပြည် ဆန်ပြဿနာက သြဂတ်(စ်) လ ၁၂ ရက်နိကပင် စဖြစ်စွာပါ။ ပထမ စစွာက သြဂတ်(စ်) ၁၂ ရက်နိ ညဇာ ၃ ချက်တီးလောက်မှာပါ။ ယောက်ျားမိမ္မ (၁၀၀) ကျော်လောက် နိုင်ငံခြားဆန်တင်သင်္ဘောထက်ကိုတက်လို့ ဆန်လုကတ်ပါရေ။ ယင်းအချိန်မှာ ဆန်စက်ဝင်းထဲမှာ လုံခြုံရေးရဲသားတိက မဟန့်တားပါ။ တချို့ဆိုကေ ဆန်အိတ်တိကို သင်္ဘောဝမ်းခေါင်းထဲက မနိုင်မနင်းထမ်းလာလို့ ရီထဲကို လူးကျလားစွာတိလည်းဟိပါရေ။ ညဇာသား ၅ ချက်တီးလောက်မှာ ဆန်လုပွဲပြီးပါရေ။ ထူးခြားစွာက ယင်းအချိန်မှာ အာဏာပိုင်တိက အဟန့်အတားမလုပ်ပါသိမ့်။

ယင်းနိ ညဇာသား ၇ ချက်တီးလောက်မှာ လမ်းမတော်တောင်ရပ်ကွက်က ကျောင်းဆရာမနီအိမ်တအိမ်မှာ လူငယ် (၃၀) ကျော်လောက်စုလို့ ယင်းအိမ်ကတဆင့် လမ်းမကြီးအတိုင်း (ဆန်ပြဿနာဖြေယှင်းပီး၊ အရေးတော်ပုံအောင်ရမည်) ဟု ကြွေးကြော် ချီတက်လာပါရေ။ ရူပရပ်ကွက်လမ်းဆုံ မြူနီစီပါယ်ဥက္ကဌ ဦးမောင်ကျော်ဦးအိမ်ရှိရောက်အခါ ဆန္ဒပြသူ (၂၀၀) လောက်ဖြစ်လားပါရေ။ ဦးမောင်ကျော်ဦးအိမ်ကို ကျောက်ခဲနန့်ပစ်ကတ်ပါရေ။ အကြောင်းက မြူနီစီပါယ်ဥက္ကဌဦးမောင်ကျော်ဦးက မြန်မာအစိုးရနန့် အထက်အာဏာပိုင်တိကို (စစ်တွေမှာ လူတယောက်ကို တနိ ဆန်တဗူးနှုန်း ပြုတ်ဆန်နှင့်ဆန်ခွဲပီးကေရရေ) လို့ ပြောလို့ဖြစ်ပါရေ။

ပြီးကေ ဗိုလ်မှူးစောဖြူ စစ်ကား (၂) စီး လက်နက်အပြည့်နန့်ရောက်လာပါရေ။ အိုးတန်းနန့် ရူပရွာခွဆုံမှာ ဆန္ဒပြလူငယ်တိကို လာဝိုင်းပါရေ။ ဗိုလ်မှူးစောဖြူက ဆန္ဒပြ လူငယ်ခေါင်းဆောင်တိကို (ဆန်ပြဿနာကို ငါဖြေယှင်းပီးမည်) လို့ ကတိပီးပါရေ။ ဆန္ဒပြသူတိကိုလည်း လူစုခွဲပြီး အိမ်ပြန်ဖို့ပြောပါရေ။ ယင်းအချိန်က ညဥ့် (၁၀) ချက်တီးလောက် ဟိပါယာ။

နောက်နိ သြဂတ်(စ်) ၁၃ ရောက်ခါ ကျွန်တော်ရို့ ပြည်လုံးချမ်းသာဘုရားကြီးမှာ စုပါရေ။ လမ်းမတော်က လူငယ်အဖွဲ့တခုက ခြုပ်ပြီးသားပိတ်စ အစိမ်းရောင် အလျား ၈ တောင် အနံ ၃ တောင် ဆိုင်းဘုတ်တခု ယူလာပါရေ။ ယင်းဆိုင်းဘုတ်မှာ (ဆန်ပြဿနာဖြေယှင်းပီး၊ အရေးတော်ပုံအောင်ရမည်) လို့ ရွီးထားပါရေ။

ကျနော်ရို့လူစု ဆိုင်းဘုတ်ကို ရှိဆုံးမှာတင်လို့ စစ်တွေဘုရားကြီး ဒိုးဝန်းရွာရပ်ကွက် ဆန်စက်ရုံ သင်္ဘောဆိပ်လမ်းအတိုင်း (ဆန်ပြဿနာဖြေယှင်းပီး၊ ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစား ရခိုင်သား)၊ ကြွေးကြော်ပြီး လမ်းမကြီးအတိုင်း ချီတက်လားပါရေ။ ယင်းနိ ဥပုသ်နိဖြစ်လို့ ဥပုသ်သည်တိလည်း ရှိဆုံးကပါပါရေ။

ကျွန်တော်ရို့ မြို့မအမှတ် (၁) ရဲစခန်းရှိရောက်တေအခါ စခန်းကရဲသားတိ သူရို့ဌာနပတ်ပတ်လည် လုံခြုံရေးချထားပါရေ။ သူရို့ တခုလည်း အနှောက်အယှက်မပီးပါ။ ယင်းကတဆင့် ဆန္ဒပြလူအုပ်ကြီးစွာ ဦးဥတ္တမပန်းခြံ၊ ထိုကတဆင့် လှခိုင်ဆရာတော်ဘုန်းကြီးကျောင်းခွဆုံ၊ ယင်းကပြန်လှည့်လို့ စစ်တွေမြို့ထောင်ရှိကဖြတ်ပျာယ် ပလုတ်တောင်ခွဆုံကို ချီတက်ပါရေ။ ပလုတ်တောင်ခွဆုံမှာ ပြည်သူတိဘားက အလှူရီကိုသောက်လို့ ရှိဆက်ချီတက်ပါရေ။ တမြို့သားလုံးပူးပေါင်းလာလို့ ဆန္ဒပြသူလူတန်း တဖြည်းဖြည်းများလာပါရေ။ အစအဆုံး မမြင်လိုက်ရပါဗျာယ်။ ခန်းမှန်းခြေပြောရဖို့ဆိုကေ လူပေါင်းအနည်းဆုံး (၃၀၀၀၀) သုံးသောင်လောက်ဟိပါဖို့။

ဆန္ဒပြလူအုပ် လီယာဉ်ကွင်းရှိကိုဖြတ်လျောက်ပြီး စစ်တွေမြို့မီးစက်ကြီးခွဆုံက မူဆလင်အများစုနီထိုင်ရေ နာဇီရွာလမ်းအတိုင်းဖြတ်လာခါ မူဆလင်ဘာသာဝင်တိလည်း ဆန္ဒပြသူတိနန့် ပူးပေါင်းပါဝင်လာပါရေ။ လူအုပ်ကကောင်းကြီးလားပါရေ။ ကသဲရွာခွဆုံကနီ ကုန်တန်းရပ်ကွက် မြဆန်စက်ရှိကိုရောက်တေခါ စစ်တပ်က လမ်းထက်မှာ သံဆူးကြိုးချကာထားပြီးကေ နီရာယူထားပါရေ။

စစ်တပ်က ရှိကိုဆက်မလားဖို့တားပါရေ။ သနတ်နန့်ချိန်ထားလို့ ဆန္ဒပြသူတိနန့် မြန်မာစစ်တပ်အကြား အနီအထားဆိုးလာပါရေ။ နောက် အမိန့်ပီးသံထွက်လာပြီး နေ၀င်းစတန်း၊ ကာပိုင်မောင်းပြန်သနတ်တိနန့် မိုးရီသရီပစ်ပါရေ။ နောက်ဆုံး သီလူသီပျောက်လူပျောက် ဆန္ဒပြလူအုပ်ကြီးပြိုကျပါရေ။

NN ။ ။ အေနိမှာ ရခိုင်သားတိကို ဇာဇာပြောချင်ပါသိမ့်ရေလဲ။

ချမ်း။ ။ သြဂတ်(စ်) ၁၃ ရက်နိရောက်တိုင်း မြန်မာစစ်တပ်ဘားမှာ မထင်းငတ်လို့ အပစ်သတ်ခံလားရရေ ရခိုင်သားတိကို မမိကတ်ဖို့ ပြောချင်ပါရေ။

(ရခိုင်သားများ ရခိုင်စကားပြောခြင်းဖြင့် ဂုဏ်ယူပါ။ ရခိုင်စကားတည်တံ့မှ ရခိုင်သားလည်း တည်တံ့မည်။ စကားပျောက်က လူမျိုးပျောက်သည်။)

မိုးကြိုးစစ်ဆင်ရေး



(၁)
ပြောက်ကျားလို့ခေါ်ရေ တော်လှန်စစ်သားသုံးယောက်
တယောက်တလက် လက်နက်ကိုယ်စီကိုင်လျှက်
တယောက်က AK47 တယောက်က M16
တယောက်က ရန်သူ့သနတ် G3
ကြောပိုးအိပ် ကိုယ်စီလွယ်
Equipment ကို ခါးပတ်
ရီပူးကိုခါးချိတ် ဒါးကိုခါးထိုး
ကျားပြောက်အင်္ကျီနန့်
သတင်းအရ ရန်သူ့စခန်းသို့ချီတက်
ညဥ့်နက်သန်းခေါင် မှောင်မှောင်မဲမဲ
မိုးရိပ်ခဲခဲ
ဖြောက်စိတ်ကြယ်ချေတချို့ မလင်းတလင်း
မှိတ်တုံလင်းတုံ (ဘုရားဝါ) စခန်းက ထွက်ခွာ
ညတိုက်ပွဲဆင်ဖို့ ခရီးနှင်
မြောင်ကိုကျော် တောင်ကိုပတ်
ချောင်းကိုကွေ့ယှောင် ခြုံကိုဖောက်
တောက်လျှောက်ချီတက်လားကတ်တေ --။

ခြင်ကတမှောင့် ဖြုတ်ကလည်းကိုက်
ကြွတ်ကလည်းတွယ်
ဂရုမစိုက်နိုင်အား စကားမပြောနိုင်အား
အချက်ပြ သင်္ဂေတသဘောနန့်
အရေးပေါ်လမ်းကွဲခသော်
စုရပ်ကို (သမင်တောင်) ထိပ်ကို သတ်မှတ်တေ --။

စစ်ဆင်ရေးနာမည်က (မိုးကြိုး)
တဟုန်ထိုးစစ်ခင်းလို့ ရန်သူကိုဖြိုခွင်းဖို့
ပြင်းပြင်းကြီးချီတက်
စကားဝှက်ကို (ကြောင်နက်) လို့ သုံးရေ --။

ရိက္ခာအတွက် မသိုးထမင်း မသိုးဟင်း
ထမင်းခြောက်ကို ပျားနန့်နှယ်လို့
ဂျီသားခြောက်ကို
တယောက်တသိုက်ခွဲလောက်
တပတ်စာအတွက် ထည့်ပီးလိုက်တေ --။

(၂)
ညဥ့်အမှောင်မှာ ရန်သူမမြင်ရအောင်
လကွယ်ညကိုအဖော်ပြု
ဝတ္ထုထဲက ဇတ်ကောင်များသဖွယ် --။

လမ်းခုလပ်မှာ ရည်းစားကိုတမ်း ရွာကိုလွမ်း
တေးခြင်းတပုဒ်ကို လီသသွတ်ချေနန့်
ရွာလည်ရေ အခါမျိုးပိုင် တောင်ကုန်းထက်က
ဇကုန်အော်လို့ ဆိုလိုက်ချင်ရေ --။

အချစ်နှင့်စစ်မှာ အပြစ်က အသူလဲ
ကြားလူဖျက်လို့ ပျက်ရရေ အချစ်
မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရရေ အချစ်
ချစ်ယင့်သားနန့် သီကွဲကွဲရရေ အချစ်
ချစ်ယင့်သားနန့် ရှင်ကွဲကွဲရရေ အချစ်
အချစ်အဘိဓမ္မာ မပြုချင်ပါ
အပြစ်ပြုသူကိုရှာ
ချစ်ကတ်သူတိုင်း ပေါင်းရဖို့ရာ
မိတ္တာပန်းခင်း ပေါင်းယှင်းပီးချင်သူက
စူး အစူးခံကာ အနစ်နာခံကာ ကြိတ်မှိတ်ခံကာ
တခါတခါ အံကြိတ်ပနာ
(အချစ်နန့်စစ်) စစ်နှစ်ပွဲကို
တပြိုင်တည်း တိုက်နီရသူပါ --။

(မောင်းမောင်ပြန်လာလတ်ပါပလင်) တေးခြင်းသံကို
ကြားတိုင်းမျက်ရည်ကျ
ပျော့ညံ့ရေလို့ ဆိုချင်ဆို
ယောက်ကျားလည်း ငိုတတ်ပါရေ
တော်လှန်နှလုံးသားတိုင်းမမာပါ --။

(၃)
ခုနှစ်စဉ်ကြယ် ခြီထောင်လို့
မိုးလင်းစပြုချိန်
တောင်ကုန်းချေတခုထက်မှာ
သုံးယောက်သား ကင်းစောင့်မနီအား
ညောင်းညောင်းနန့် အိပ်ချလိုက်ကတ်တေ --။

ဝါးတောနန့် ပြိုင်းတောကိုကွယ်
ဖင်ကို နီထိုးမှ နိုးရေ --။

မိုးလင်းချိန်ခါ ရောင်နီလာလို့
အ၀ီးတနီရာက ခမောင်းပင်ထိပ်ချေမှာ
ဂြိုးချေကကြူ ငှက်ဝါချေတွန်မြည်လတ်က
ရွာကအချစ်ကို အတွက်ရရေ --။

စမ်းချောင်းချေက တောင်စောင်းနားက စီးဆင်းလို့
ခြီမျက်စိလောက်ရာနက်တေရီမှာ
မိုးထက်မျက်နှာသစ်လိုက်ကတ်တေ --။

ကြိုင်အီးရေရီကို လက်ခုပ်ချေနန့်ယူသောက်
တယောက်က ကင်းစောင့်တာဝန်ယူရေ --။

တတောကိုကျော် တမော်ကိုသန်း
တစခန်းခရီးရောက်ဖို့ တထောက်ခရီးမနား
နိခြင်းထမင်းမစားသိမ့်ခင် အပြင်းနှင်
တက်နီကစူး ဂေါင်းကမူး ချွေးတပြစ်ပြစ်
နောက်ကုန်းချောင်းဖြစ်လားရေ --။

ထမင်းကညင် ၀မ်းကညင် လွင်ပြင်ခရီး
အပြီးတခါ အမှောက်တလှည့် အထောက်တဖန်
ရန်သူကို သတိမူလို့
ရှိကကင်းထောက် နောက်လှည့်လို့ခေါ်ခါ
အရောက်အမြန် ချီတက်ရပြန်ပါရေ --။

ကြောပိုးအိပ်ထဲက အိပ်ရာခင်းပါးပါး
တာလပတ်ချာပါးပါး ခါးမှာချိတ်ထားရေ ဒါး
အသေးအမွှားတိက
လားယင်းလားယင်း တအိအိ
ပိယင်းနန့်ပိ ကြားဖူးနားဝဟိအောင်
ပြောပြလိုက်ချင်ရေ
စက္ကန့်နန့်အမျှ ကမ္ဘာထက်လီးရေ --။

(၄)
ယင်းပိုင်နန့် နှစ်ရက်ခရီး အပြင်းနှင်လို့
သုံးရက်မြောက်ည
(ပီချောင်း) ရွာကို ရောက်တေ --။

မြန်မာစစ်တပ်က ရွာ၏မြောက်ဖက်
ဗျူဟာကျရေ တောင်ကုန်းအမြင့်မှာ
နီရာယူထားရေ --။

ကျောက်ပေါက်မြှာနန့် အရုပ်ဆိုးဆိုး
အသားမဲမဲ နခေါင်းပိပိ နခေါင်းရောင်ကောက်ကောက်
နဖူးမောက်မောက် ဖင်ပေါက်ပေါက်
ကော့လန်ကော့လန် မျောက်မဟန်ဖြင့်
လင်းပြန်မသား မလကားစစ်ဗိုလ်က
ရှိတန်းကိုဦးစီး
မြောက်ကြွမြောက်ကြွ မျောက်မှာသပြာရယှောင်
လက်မအား ထမင်းတောင်းစား ဟင်းတောင်းစား
ယစ်မူးယမ်းကားပေတေ
အောက်တန်းကျလွန်းရေ --။

ဝက်ထက်ညှက်တေအမျိုး
ရွာကမိမ္မချေတိကို
ထိုအကြောင်းပြ ဒေအကြောင်းပြ
နိမအား ညမအား အလုပ်ခိုင်း
ရိုင်းစိုင်းယုတ်ညံ့
ကကောင်းညစ်ပတ်တေ --။

ညကျကေ မတော်မတရား ခြီတော်တင်လို့
အပျိုရည်ပျက်လို့
မျက်ရည်စက်လက်နန့် ရွာပြန်အ၀င်
မောင်ကြီးမြင်ယောင်ပါသိမ့်ရေ --။

ရွာသားတိကိုလည်း
နောက်ပြန်ကြိုးတုတ် နီပူလှန်း
ကျောက်ခါကျောက် ဆောင့်ခါဆောင့်
မှောက်ခါမှောက် လှန်ခါလှန်
သနတ်ပေါင်နန့်ထောင်းခါထောင်း
ဝါးရင်းဒုတ်နန့် သတ်ခါသတ်
ရက်စက်နည်းမျိုးပေါင်းစုံ
ယုတ်မာမှုမျိုးပေါင်းစုံ
လက်နက်အားကိုး အနိုင်ကျင့်
(ခွီးထက်ညှက်တေအမျိုး)
ကျားထိုးလို့သတ် ဂေါင်းဖြတ်လို့သတ်
အရှင်လတ်လတ် ထူးခတ်လို့သတ်
မြီမြှုတ်လို့သတ် ခြီတွဲလက်တွဲလို့သတ်
သွီးရဲသံရဲ ရွာလုံးပြတ် တန်းစီပစ်သတ်
အမိတကွဲ အဖတကွဲ
သားတကွဲ မယားတကွဲ
ကြီကွဲစရာမြင်ကွင်း ခံစားချက်ပြင်းထန်လွန်းလို့
တော်လှန်ရေးထဲ ရောက်လာရစွာပါ --။

ကျော်ဗျလောက် ဇောက်မနက်
ခခတ်ဝါးထက်အပေါက်ကျဉ်းရေ
မျက်ကန်းမျိုးချစ်အမြင်နန့်
မြီလှန်မျိုးဖျောက် စစ်ခင်းနီကတ်လို့
ကိုယ့်ပြည်ကိုယ့်ရွာအလှ မပျက်ရလီအောင်
ဆောင်ရွက်ဖို့
မောင်ကြီးမှာ တာဝန်ဟိရေ --။

(၅)
ရွာသားများအကူအညီနန့် ပြောက်ကျားသုံးယောက်
တန်းဆောင်ဘုန်းလဆုတ် (၁၃) ရက်
တင်္လဂုနီနိညဥ့် သုံးချက်တီးကျော်မှာ
ရွာကို ၀ိုင်းထားလိုက်ကတ်တေ
ခွီးဟောင်သံ တချက်နှစ်ချက် ကြားရရေ --။

တယောက်က ကင်းစောင့် တယောက်က တန်းခါးခေါက်
သတင်းအရ တက်အိပ်နီရေ အိမ်၏
အရှိဖက် တန်းပျင်းထက်မှာ
မြန်မာစစ်တပ်က မလကားစစ်ဗိုလ်ကို
နဖူးတည့်တည့် ပစ်သတ်လိုက်ကတ်တေ --။

(အယုတ်တမာရို့၏အဆုံးစွန်လမ်းသည်ကား
ကျဆုံးခန်းပင်တည်း --။)

XXXXXXXXXXXXXXXX

နောက်တနိ ပီချောင်းရွာက
တလိပ်လိပ်တက်နီရေ မီးခိုးတိရေ
တစုံတခုသော ရင်ဆို့နင့်ဖွယ် ဇတ်လမ်းတပုဒ်ကို
ပြန်ပြောပြလျှက်ဟိရေ --။

မြန်မာစစ်တပ်က
ရွာသူကြီးနန့် အိမ်သျှင်ဝါကြီးကိုခေါ်လို့
စစ်တပ်စခန်းနား ပီချောင်းကမ်းထောင့်မှာ
နိခြင်းကြောင်တောင် ပစ်သတ်လိုက်ကတ်တေ --။

နှစ်ယောက်စလုံး ဒူးထောက်လဲမှောက်
ရုပ်ပျက်ဆင်းပျက် --။

ရီစီးပြင်းရေ ပီချောင်းတရိုး
သွီးအတိ စီးဆင်းလျှက် --။

သာလှဦး
(4/6/2000)

မှတ်ချက်။ ။ ဖြစ်ရပ်မှန်ဇတ်လမ်းကို ကဗျာဝတ္ထုအဖြစ် ခံစားရွီးဖွဲ့ပါသည်။
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (၄)

(၄) ရောက်လတ်ပြန်ကေ၊ ပျော်ရန်ကောင်းခြင်း၊ လောကဓံမှာ၊ ပြိုင်စံကင်းအောင်၊ သန့်ယှင်းသာယာ၊ ဒေါင်းဒေါင်ရွာကို၊ လှည့်ကာပတ်ဝန်း၊ ကြည့်ပြီးကေလျင်၊ ရွာလယ်လမ်းက၊ ဖြောင့်တန်းမှန်စွာ၊ တောင်ဒိသာသို့၊ လှမ်းလာပြန်က၊ ဥဿပကေ၊ နွားလှနှစ်ထွန်၊ ခရီးစွန်တွင်၊ ၀င်းခြံပြိုင်းပြိုင်း၊ တဆိုင်းဆိုင်းနှင့်၊ တံတိုင်းပမာ၊ ရံဝိုင်းကာ၍၊ များစွာအိမ်ခြီ၊ ပြည့်ဝှန်းစီကေ၊ ဆန်ရီစပါး၊ ၀တ်အထည်ကေ၊ ရွှေငွေများနှင့်၊ ကျော်ကြားလူ့ခွင်၊ လွန်စည်ပင်၍၊ လိုအင်ပြည့်ငြား၊ ကြီးငယ်ဟူကေ၊ လူအများမှာ၊ ရိုးသားဖြောင့်မှန်၊ လုပ်အကြံကို၊ အားသွန်ကြိုးပန်း၊ လုံ့လသန်၍၊ ဇွဲမာန်ကြွကေ၊ မယော့တန်းဖြင့်၊ လုပ်ငန်းဆောင်တာ၊ အရာရာတွင်၊ ညီညာစည်းလုံး၊ ကိုယ်ချင်းစာကေ၊ သမ္မာထုံးကို၊ နှလုံးပိုက်ခါ၊ မကောင်းရာကို၊ ပယ်ခါစွန့်ထား၊ ကောင်းစီရန်လေ၊ ညွှန်စကားကို၊ နားထောင်နာယူ၊ တယောက်လူတွင်၊ အပူရောက်က၊ တရွာသူမှာ၊ ၀ိုင်းကူကြလို့၊ ဖေးမကယ်တင်၊ လူတိုင်းပင်လျင်၊ ကြည်လင်နှလုံး၊ ရှိအဟော်က၊ သူတော်ထုံးကြောင့်၊ ရွာလုံးစုံစွာ၊ ရတနာဖြင့်၊ ချမ်းသာကြွယ်ဝ၊ သာသနာမှာ၊ ရောင်ဝါပလို့၊ ဖက်မျမမြင်၊ ဖော်သဟာရို့၊ ပျော်ရာကောင်းကေ၊ အဒေါင်းပြင်ဟု၊ သောင်းခွင်ကျော်ညာ၊ ထိုသည်ရွာကို၊ ရောက်ပါလတ်သော်၊ ကုန်းထိပ်ပေါ်တွင်၊ ရောင်တော်ထိန်လျပ်၊ မွေသရီလေ၊ စေတီမြတ်သို့၊ ချည်းကပ်ပြီးလျင်၊ လက်နှစ်ပြင်ကို၊ ထိပ်တွင်ချီမိုး၊ ခါသုံးကြိမ်ဖြင့်၊ ဦးနှိမ်ကျိုးလို့၊ ရှိခိုးပြီးခါ၊ ရပ်ပြုပ္ပါသို့၊ ဖြောင့်စွာတန်းတန်း၊ ၀ါးပြန်တာဖြင့်၊ သျစ်ရာခန်းကို၊ ချီလှမ်းတုံပြန်၊ စည်မောင်းညံ၍၊ ပျော်သံမတိတ်၊ လူ့ရပ်ဘုံမှာ၊ ဂုဏ်တံဆိပ်နှင့်၊ ပုဏ္ဏရိပ်ရွာမ၊ ခေါ်တွင်ပေကေ၊ ရပ်ဒေသကို၊ ရောက်ပါလိမ့်မည်၊ ရှိမြောက်ယံကို၊ တဖန်ထပ်လို့၊ ရှုလတ်ချေသော်၊ မသွေခြားကွာ၊ တာငါးရာတွင်၊ လွန်စွာစည်ကား၊ ရောင်းအ၀ယ်ဖြင့်၊ ကုန်သည်များရို့၊ ကမ်းပါးတခွင်၊ လောင်းစပ်တင်နှင့်၊ လွမ်းကြင်ထောင်ပေါင်း၊ နားခိုပြန်ကေ၊ ကုန်ဝယ်ရောင်းလို့၊ သောင်းသောင်းလည်းဆူ၊ များသျင်လူရို့၊ ၀ယ်သူမပြတ်၊ မြစ်ကမ်းပြင်မှာ၊ ထွက်ဝင်ငြားကေ၊ ပျားပန်းခပ်သို့၊ လှည့်ပတ်လူးလာ၊ ဤရပ်ရွာကား၊ သာယာတင့်တယ်၊ ရခိုင်ပြည်မှာ၊ ကျော်သည်ဂုဏ်ဟိတ်၊ လိုရာစုံကေ၊ ပုံဏ္ဏရိပ်ဟု၊ တံဆိပ်နာမည်၊ တပ်ဝင်းခြံနှင့်၊ ပတ်ရံလစ်ကေ၊ ရွာသစ်တည်ဟု၊ နုမေပျိုလှ၊ သိချင်လိုကေ၊ လူပျိုချောကို၊ ပြောလို့ပြရေ။
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (၃)

(၃) လ၀န်းပေါ်ကေ၊ ထိုရော်ကာလ၊ သိန်းကျော့ဝေနှင့်၊ မငွေလှရို့၊ တူကွမကွာ၊ ဆီးကွမ်းယာကို၊ လှမ်းကာပြီးမြောက်၊ မောင်လူပျိုလေ၊ ထိုနှစ်ယောက်မှာ၊ စားသောက်ပြီးကေ၊ ကြောင်းများဖျင်ကို၊ သိချင်ရီးနှင့်၊ မီးလတ်တေကား၊ ရွှေပြည်အောင်နန်း၊ ကြငှန်းထူကေ၊ ထီးဖြူရွန်းလို့၊ မင်းခဏ်းတန်တန်၊ စည်တော်သံဖြင့်၊ ဆူညံဟိလတ်၊ ဓညခေါ်ကေ၊ မြို့တော်မြတ်ကို၊ ရံပတ်ဝိုင်းကာ၊ နိဂုဏ်းရွာ၏၊ သညာနာမ၊ တွင်ခေါ်ပုံလျင်၊ ဟူသမျကို၊ နှမကညာ၊ သိတုံပြန်သော်၊ မကျန်ရယောင်၊ ပြောပြပါဟု၊ ထိုခါကာလ၊ သိန်းကျော့ဝေကေ၊ မေအလှက၊ မောင်လှတင့်တယ်၊ မေပြောဆိုကေ၊ ထိုစကားကို၊ ထောင်နားတည်ပါ၊ ပြန့်ကျယ်စွာလှ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗူဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သီရိချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြိုကြီးဓညာ၊ အောင်ချာချက်မှာ၊ ဒိသာနောက်ယွန်း၊ ကျီးငှက်သံဖြင့်၊ ညိုးညံညောင်းကေ၊ ဇီးချောင်းကမ်းတွင်၊ ပထွန်းကျက်သရီ၊ လှဆန်းညီကေ၊ အိမ်ခြီများစွာ၊ လီညင်းသွန်၍၊ ပျော်ရန်ကောင်းကေ၊ ဇီးချောင်းရွာက၊ မကွာဝီးမြောက်၊ သံကျော်ကျော်ဖြင့်၊ တခေါ်လောက်တွင်၊ ရှိနောက်တည့်ခါ၊ သီရိမာ၏၊ ဒိသာနောက်ကမ်း၊ နတ်ရို့ရွာနှင့်၊ ပမာညွှန်းကေ၊ ကြောင်းလမ်းဇင်္ခါ၊ ဘယ်နှင့်ညာမှာ၊ သွယ်ကာစီတန်း၊ အဝေယာလေ၊ နော်ဇာပန်းကေ၊ ဒန်းထပ်တရာ၊ ဇီသ၀ါရို့၊ အခါမလပ်၊ ပွင့်ဟောင်းလွန်၍၊ မုံဟန်ရင့်ကေ၊ ပွင့်သစ်ထပ်လို့၊ ခိုင်ညွတ်ဖြူဝါ၊ ပန်းနံ့ကြိုင်၍၊ ရိပ်မြိုင်ကောင်းကေ၊ ပုန်းချောင်းရွာကို၊ မကြာထုတ်ချောက်၊ မောင်သက်ဝီမှာ၊ လှမ်းချီရောက်က၊ တယောက်နားကာ၊ ထိုသည့်ရွာမှ၊ အရာတဖန်၊ နောက်ရပ်ထံသို့၊ ခေါ်သံတကြား၊ သိချင်လို၍၊ ရှိကိုလားသော်၊ ထူးခြားသာလွန်၊ ဥယျာဉ်ခြံနှင့်၊ သီးနှံမျိုးမျိုး၊ တူးဆွလှန်ကေ၊ ပေါက်ထွန်တိုးလို့၊ စိုက်ပျိုးကြအင်၊ ပွင့်ဖူးဆင်၍၊ အောင်မြင်ဖြစ်ထွန်း၊ ကွင်းပြင်ကျယ်မှာ၊ မြထည်ရွှန်းသို့၊ စိမ်းလမ်းစိုပြေ၊ ကျက်သရေနှင့်၊ တင့်ပေတုံလတ်၊ လုပ်တိုင်းအောင်ကေ၊ ဒေါင်းဒေါင်ရပ်ကို၊ မချွတ်မသွေ၊ မပန်းခင်ပင်၊ မြင်ကာတွိကေ၊ ရောက်လိမ့်မည်လေး။
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (၂)

(၂) တောင်ကျန်းမယေဒီပါ၊ မဟီချာမှာ၊ စီကာလှပ၊ မြရိပ်မြိုင်နှင့်၊ တောင်စဉ်ဝိုင်းကေ၊ တိုင်းရက္ခတွင်၊ စန္ဒသုဓမ္မ၊ မည်တွင်ခေါ်၍၊ ဘွဲ့တော်ရကေ၊ မင်းလှဘုန်းကြွယ်၊ နတ်မြို့ဟန်သို့၊ အလွန်ထူးကေ၊ မြောက်ဦးပြည်တွင်၊ ဂုဏ်ရည်မညှိုး၊ လက်ရုံးထောင်ကေ၊ အခေါင်မိုးလို့၊ စိုးသည့်အခါ၊ များစည်းစိမ်နှင့်၊ ပြည့်ညီလတ်ကေ၊ ဘောင်းဒွတ်ရွာက၊ သညာနာမ၊ ပန်းဖြူအောင်နှင့်၊ မောင်ထွန်းမြဟု၊ လှပတင့်တယ်၊ သက်နှစ်ဆယ်ကေ၊ အရွယ်တူမြောက်၊ လုလင်ပျိုလေ၊ ထိုနှစ်ယောက်မှာ၊ ဘုန်းတောက်ပေါ်ထင်၊ မုနိသျင်ကို၊ ဖူးမြင်လိုလှ၊ တိုင်ပင်ခံကေ၊ အကြံမျလို့၊ မိဘအထံ၊ လားချင်လိုသည်၊ ထိုအကြောင်းကို၊ ခွင့်တောင်းပန်၍၊ ယင်မြန်ဆွဆွ၊ ၀တ်စားယင်၍၊ ဆင်ပြီးမှလျင်၊ မိုးထမှုံရီ၊ နှင်းဝီ၀ီနှင့်၊ စုံလီဖြူးဖြူး၊ တကျော်ကျော်နှင့်၊ ငှက်တော်ကျူးကေ၊ ရက်ဦးမင်္ဂလာ၊ ချိန်အခါတွင်၊ နှစ်ဖြာတူကွ၊ မိမာတာနှင့်၊ ပီတာဖကို၊ ဦးချပြီးသော်၊ ဓညမည်ကေ၊ မြို့ဒေသကို၊ မှန်းဆမျော်လို့၊ ပျော်ပျော်ပါးပါး၊ ရွှေဇင်္ခါလေ၊ မဂ္ဂါလမ်းကို၊ လှမ်းလို့လားသော်၊ များပြားလှစွာ၊ ကျေးလက်ရွာကို၊ လွန်ကာကျော်မြောက်၊ ရိပ်မြိုင်မြိုင်နှင့်၊ ဂနိုင်တန်းမှာ၊ စခန်းထောက်လို့၊ ရှိနောက်ဘယ်ညာ၊ ကြည့်သောခါတွင်၊ စီကာညွတ်ပျောင်း၊ များစုံလင်ကေ၊ သစ်ပင်ပေါင်းမှာ၊ ရွက်ဟောင်းလည်းကြွီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအ၀ါ၊ ပန်းများစွာလည်း၊ မုံကာပွင့်ဖူး၊ သင်းပျံ့ကြိုင်ကေ၊ ဂနိုင်ဦးမှာ၊ ပျော်မြူးဝဲပျံ၊ ကျီးငှက်သံဖြင့်၊ ညိုးညံချိုမြ၊ တောဂနိုင်လေ၊ မြိုင်အလှကို၊ ၀၀ရှုကာ၊ တတောဝင်ကေ၊ တပြင်သန်းလို့၊ လှမ်းလတ်ပါသော်၊ သာယာလှပ၊ ဇီးချောင်းရွာလေ၊ ရပ်ဂါမကို၊ ရောက်ကြတုံလျက်၊ မြပြိုင်ညောင်နှင့်၊ ကံဘောင်ထက်မှာ၊ တန့်လျက်တူညီ၊ ထိုင်လို့နီကေ၊ ထိုသည်အခါ၊ သာမောစည်၍၊ ပျော်ဘွယ်ကောင်းကေ၊ ဇီးချောင်းရွာက၊ ကလျာရူပ၊ သိန်းကျော့ဝေနှင့်၊ မငွေလှရို့၊ ယင်ဆွမကြာ၊ ရီကန်သာကို၊ လှမ်းလာဆတ်ဆတ်၊ ညချမ်းနီမှာ၊ သောက်ရီခပ်၍၊ တက်လတ်ကာလ၊ ပန်းဖြူအောင်လေ၊ ပျိုမောင်ထွားမှာ၊ စကားစလို့၊ မြွက်ဟခြင်းရာ၊ မောင်ရို့မှာကေ၊ ပြည်ရွာညွန့်ဖူး၊ ထီးနန်းဆောင်ဖြင့်၊ ထွန်းပြောင်တောက်ကေ၊ မြို့မြောက်ဦးက၊ သုံးလူ့ထိပ်ပန်၊ ကိုယ်စားမွန်ကို၊ ဖူးရန်စိတ်ဟိ၊ ဒေရပ်ရွာကို၊ ရောက်လာဘိလည်း၊ အသိမိတ်ဆွေ၊ မဟိပေကေ၊ နှမအိမ်မှာ၊ တညည့်တာကို၊ တည်းပါစီရန်၊ လှတင့်တယ်လေ၊ ပျိုမေနှောင်းကို၊ မောင်တောင်းပန်ဟု၊ ဆိုပြန်တုံငြား၊ သိန်းကျော့ဝေလေ၊ ပျိုမေကြားက၊ စကားသာယာ၊ မောင်လူပျိုကို၊ နှုတ်ချိုပျားနှင့်၊ ပြောကြားရာကား၊ မဟာမုနိ၊ မြတ်ဘုန်းမိုကို၊ ဖူးလိုဘိ၍၊ ခရီးထွက်ခါ၊ မေရို့ရွာသို့၊ ရောက်လာတုံရ၊ သိမိတ်ဆွေလေ၊ ကေတန္ဒိလျင်၊ မဟိကြသော်၊ ချမ်းမြရိပ်ငြိမ်၊ မေရို့အိမ်မှာ၊ တည်းမှီဖို့ရာ၊ ယခုပင်လျင်၊ မှန်စင်စစ်ကေ၊ လိုက်လတ်ပါဟု၊ ခေါ်ကာသူထ၊ တူမကွာဘဲ၊ လိုက်လာကြသော်၊ မွီးဖမိခင်၊ ၀ီးကပင်လျင်၊ ရှုမြင်တုံငြား၊ သားပမာကေ၊ မိတ္တာပွား၍၊ သနားတုံပြီး၊ ကြောင်းထိုထိုကို၊ သိလိုခြင်းနှင့်၊ သတင်းမီးလို့၊ သိပြီးတုံမြောက်၊ ရွယ်နုပျိုကေ၊ ထိုနှစ်ယောက်အား၊ စားသောက်စရာ၊ ဟင်းမိစ္ဆာနှင့်၊ ညစာထမင်း၊ မေလျင်နီကေ၊ အိမ်အတွင်းမှာ၊ တည်ခင်းပြီးသော်၊ ရှိပြုပ္ပါလေ၊ ဥဒေစွန်းက၊ လ၀န်းပေါ်ရေ။
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (၁)

မြောက်ဦးမြို့ ကျောက်ရစ်ကေဆရာ မောင်စံလှ စပ်ဆိုသည်။ ကောဇာသက္ကရာဇ် (၁၁၁၆)၊ ခရစ်သက္ကရာဇ် (၁၇၅၄) ခုနှစ် ရွီးကူးပီမူ

(၁) အောင်ကြောင်းမယေမင်္ဂလံ၊ အောင်ဆုပန်ကေ၊ အောင်သံညောင်းညောင်း၊ အောင်ပါစီဟု၊ ညောင်ရီလောင်းလို့၊ ဆုတောင်းပဌနာ၊ အဖန်ဖန်လေ၊ မှန်ယ္ခုလျှင်၊ ပြုပြီးခါဝယ်၊ မြတ်စွာဗုဒ္ဓ၊ အတုလံကေ၊ သမ္ဗုဒ္ဓနှင့်၊ ဓမ္မသံဃာ၊ မြတ်ဆရာလေ၊ မာတာပီတ၊ ဂုဏ်ကဲလွန်ကေ၊ အနန္ဒကို၊ ကာယ၀ဇီ၊ မနောချီကေ၊ သုံးလီဒွါရ၊ ကံသုံးဖြာလေ၊ ပဏာမဖြင့်၊ ညွတ်ခရိုကျိုး၊ လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးလို့၊ ရှိခိုးဦးချ၊ ကြိမ်ဖန်ဖန်ဖြင့်၊ ကျွန်ယ္ခုကေ၊ ပြုပြီးမှလျှင်၊ သူရဿတီ၊ လှဆင်းညီကေ၊ ဒေ၀ီရတနာ၊ ကျွန်ုပ်မှာတွင်၊ တည်ပါစီကြောင်း၊ အဓိဌာန်နှင့်၊ ဆုမွန်တောင်းမှ၊ ရှိဟောင်းပီစာ၊ ကျမ်းအလာကို၊ ယူကာညှိနှိုင်း၊ မြို့ဓညာကို၊ ပတ်ခါဝိုင်းသည်၊ သမိုင်းစဉ်လာ၊ နိဂုဏ်းရွာကို၊ ပြရာအခဏ်း၊ နောက်တဖြာ၌၊ ထပ်ခါညွှန်းသော်၊ ရွှေနန်းတည်ရာ၊ မြို့ဓညာဝယ်၊ စန္ဒာသူရိယ၊ ဘုန်းတောက်ထိန်ကေ၊ ရာဇိန္ဒနှင့်၊ ဗုဒ္ဓမြတ်စွာ၊ ဘဂ၀ါရို့၊ မဟာမုနိ၊ ခြောက်သွယ်ရောင်ဖြင့်၊ ပြောင်ပြောင်ညီး၍၊ သောင်းထီးကျော်လှန်း၊ မြတ်ဘုန်းမော်လေ၊ ကိုယ်တော်ရုပ်ကို၊ သွန်းလုပ်ခန်းနှင့်၊ မြို့နန်းဖြာဖြာ၊ တည်ထောင်ရာတွင်၊ ရှည်ကြာသက်တမ်း၊ အတန်တန်ကို၊ ကာရန်ဆန်းနှင့်၊ ညွှန်းကာခုဝယ်၊ နောက်နောင်လာကို၊ သိပါရအောင်၊ ပြလိုက်မည်လေး။
ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (နောက်ဆုံးပိုင်း)

(ALD) ၏နာယကကြီးလည်းဖြစ် ရခိုင်-မြန်မာပဏ္ဍိတ်လည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (နောက်ဆုံးပိုင်း)

ကျွန်တော်ရို့၏ကိုယ့်တိုင်းကိုယ့်ဒေသတိမှာ တဒေသနန့်တဒေသမတူပါ။ တိုင်း (သို့မဟုတ်) ပြည်နယ်တိမှာဆိုကေ ကိုယ့်ဒေသ၏စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးတိကိုဆွဲရပါဖို့။ မပေါ်ပါသိမ့်လည်း အဂုထိုမှာ ဇာပိုင်မျိုးဖြစ်လာမည်ကားမသိ။ ဆိုကေ အသူ့ပါးကတောင်းရဖို့လဲ။ လာဘန်ဗျာကား ရခိုင်သား။ ကကောင်းပညာဟိရေကား၊ ယင်းသူရို့ပီးမှ ရမည်နန့်။ ဥပမာတခုပြောပါမည်။ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီဆိုစွာကိုပြောပါမည်။ ယင်းပိုင်ပြောနီရေရခိုင်သားလူကြီးတိ စာတတ်တိ အသံချပ်ချပ်နန့်ပြောနီစွာတိ နိုင်ငံရေးခေါင်းဆောင်တိ ၀ါရင့်တိ တချို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစောမြအောင်ကို မတတ်၊ နိုင်ငံရေးနားမလည်၊ ပလင်စနီတလုံးလတ်။ ကွက်စိတပိုဒ်နိုင်လိမ့်မည်ဆိုပါရေ။ ဆိုပတ်စီ ကိစ္စမဟိပါ။ သူရို့ပြောလိုက်ကေ နိုင်ငံရေးဝါတော်ကြီးတိ နိုင်ငံရေးမှာ အနှစ် (၄၀) လုပ်ခရေ (၃၀) လုပ်ခရေလတ်။ ယင်းချက်ကိုပြောရပါဖို့။ စစီးနားထောင်ကတ်ပါ။ ကနိထမင်းငတ်ပျာယ်မှတ်ပါဖိ။ မစုံကေမကောင်း ပြောရဖို့။ နိုင်ငံရေးဝါတော်ကြီးကို ကျောက်တော်နန့်စစ်တွေမြို့မှာ ပြောခပါဗျာ။ နိုင်ငံရေးဝါတော်ကြီး။ အဝေ ဆရာတော်ကြီးဝါတော် (၄၅) ၀ါရရေ။ ဓမ္မစရိယရွှေထီးဆောင်းလာလတ်စွာ ကနိပါရာဇိကကျကေ အသုံးမကျဗျာ။ မင်းရို့နိုင်ငံရေးခေါင်းဆောင်တိ ၀ါတော်ကြီးတိ သွီးစွန်းသောလက်ဖြင့် ပါရာဇိကကျနီဗျာ။ ရခိုင်ပြည်ကိုခေါင်းဆောင်ဖို့လာစွာ ဘစောင်မျက်နှာနန့်လာရေလဲလို့။ ဗြောင်ပြောခပါရေ။ အသာချေပြောလို့ မရပါဗျာ။ ယေခါ ကျွန်တော်ရို့ဘဇောင်နည်းနန့်၊ ဇာဥပဒေပင်ရရ ဖယ်ဒရယ်ပင်ရရ ဖယ်ဒရယ်မဟုတ်ကေ တခြားရချင်စွာကိုရရ ဒီမိုကရေစီအစစ်ရကေ ကျွန်တော်ရို့တန်းတူရေးကိုဆွဲရဖို့။ ယင်းအတွက်နန့် ဗမာအသုံးအနှုံးကိုဖျောက်လို့ မြန်မာလို့ဆိုရေကား။ အကြောင်းက သူရို့စွာ လူမျိုးစုနန့်မသင့်မမြတ် ဖြစ်ပါလတ်တေ။ လူမျိုးစုနန့်မသင့်မမြတ်ကေ ပြည်တွင်းပြည်ပ သူပုန်ထလို့ အစိုးရမှာ ငွေကုန်ကျရေ။ တိုင်းပြည်တည်ဆောက်ရေးကိုလုပ်ဖို့မရ။ ယင်းအတွက်နန့် တိုင်ပြည်မွဲလားခရေလို့မှတ်ပါ။ ယင်းအချက်ကို ဖက်ခွက်တပ်မတော်က မလိုလားပါ။ မလိုလားရေအတွက် (ပြည်ထောင်စုမပြိုကွဲရေး) လို့ ဟောနီစွာပါ။ ဆိုခါ အေခရီးကလားရေခါ ကျွန်တော်ရို့ကို အနာရှာလို့မရပါ။ စည်းရုံးရေခါ စကားမလွန်ပါစီကဲ့။ လူမျိုးရေးကိုထိခိုက်၍မရပါ။ ဥပဒေနန့် ဆန့်ကျင်၍လည်းမရပါ။

ယင်းပိုင်လားဖို့ဆိုခါ ရခိုင်ပြည်မှာ ဥက္ကဌနန့်ဖွဲ့စည်းလို့ရဖို့လား။ ရခိုင်တိုင်းဒေသတခုလုံးမှာ ဥက္ကဌနန့်ကောင်စီကိုရာ အဆင့်ဆင့်ဖွဲ့ဖို့လား။ လွန်ခရေဆယ်နှစ်လောက်က မေဇူတိသူပုန်ထရေခါ ပလက်ဝကိုကျရေလတ်။ ကြားဖူးကြပါလိမ့်မည်။ အဂု ပလက်ဝချောင်းဒေဖက် မကျေးပင်ချောင်း ထိုဖက်ကိုကျော်ခါ မီဇူရမ်ဆိုပြီးကေပြည်နယ်ရလို့ သမ္မတနန့်ပါ။ အိန္ဒိယအစိုးရကပီးလိုက်စွာ အဂုထိုဖက်ကမ်းကိုကြည့်လိုက်တေခါ တိုက်တာအဆောက်အဦးတိ ဟိမ်းနီယင့်။ ရခိုင်သားမျိုးမှာဝါ နှစ်ပေါင်း (၂၀၀) နှစ်ဟိလတ်ပျာ။ ဂန်ဒဂေါက်နန့်၊ အုန်းထရံနန့်။ ၀ါးထရံ၊ အုန်းထရံကို ဂန်ဒဂေါက်နန့် နီချင်တုန်းသိမ့်။ ကနိ ထိုဖက်ကိုကျော်လိုက်ကေ ဟိမ်းလို့မြင်ပါလိမ့်မည်။ ယေကေလည်း ကြေနပ်နီကေ ဇာဖြစ်လားခရေလဲ။ ၀မ်းနည်းဖို့ကောင်းပါရေ။ အေပိုင်မကျချင်လို့ ကျွန်တော်ရို့အသီခံလို့ လုပ်နီကတ်စွာပါ။ သို့သော် ကျွန်တော်မှာချင်စွာက အေလူကြီးတိတော့ခါ သင်းချိုင်းကုန်းတဖက် အိမ်တဖက်ကျနီပါယာ။ ကျန်လိုက်ဖို့အချေတိစွာ ကျွန်တော်ရို့တည်ဆောက်ခရေအုတ်မြစ်တိစွာ အေပိုင်ကြီးကျယ်ဖို့မြင်လို့ အဂု ကျွန်တော်ရို့ရှိတွင်မှာပင် ပျက်အောင်ဖျက်ပါလိမ့်မည်။ ခိုင်ခန့်အောင်ထားပါလီကတ်။ ခိုင်မြဲစွာထားလို့ဟိကေ တိုင်းရင်းသားလူမျိုးစုတိနန့်တန်းတူဖို့ဆိုကေ နောက် (၂၄-၂၅) နှစ်အတွင်းမှာ ထိုသူရို့နန့်တန်းတူ ဖြစ်ပါလိမ့်မည်။ ယင်းအခါမှ ကျွန်တော်ရို့၏စီးပွားရေးကို ဘဇောင်ဆွဲဖို့လဲ၊ ရခိုင်ပြည် နိုင်ငံတကာနန့် ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေးကို ဘဇောင်ဆွဲဖို့လဲဆိုစွာ လိုပါဖို့သိမ့်။ ယင်းဆွဲဖို့စွာက ရဖို့ပြည်အပေါ်မှာ မူတည်ပါရေ။ ဖယ်ဒရယ်မူကတော့ ပီးဖို့မဟုတ်ပါ။

တဆင့်တဆင့်ပီးကေ ဇာလုပ်ဖို့လဲဆိုစွာလိုပါရေ။ ယင်းအခါ လုပ်လာခါ ယင်းဥပဒေကိုဆွဲဖို့ ပညာတတ်တိ ကကောင်းလိုလာပါရေ။ ဆိုခါ ပြည်တွင်းထဲမှာ ပညာဟိတိမဟိလို့မရ။ ဆွဲဖို့စွာမှာ ကိုယ်စားလှယ်မှရာ ဆွဲရဖို့။ ကိုယ်စားလှယ်မှာ ၀က်ချုပ်နာတိကို မတင်နိုင်ပါ။ သူရို့မှာဇာတိပါလဲ။ ၀က်ချုပ်၊ မာဒရာမစင်စွာတိပါပါရေ။ ကြည့်ပါ၊ မျက်စိဖွင့်လို့။ ယင်းအတွက်နန့် (၂၆) နှစ်တိုင်တိုင်စားလို့မ၀သိမ့်လို့ အရာလိမ်ပြီးကေ လုပ်နီစွာတိကိုကြည့်ကတ်ပါ။ ဆိုခါ ယခုမျက်မှောက်အမှားပါ။ မျက်မှောက်အမှားနောက်ကပါနီကတ်လို့ ၀မ်းနည်းလို့ ကျွန်တော်ပြောစွာပါ။ သတိထားပါ။ လွန်လီပြီးသောအခါက ဇာမှားခရေလဲ။ အတိတ်က လွန်လီပြီးသောအခါက မှားခစွာကိုမပြောကေ အတိတ်နန့်ပစ္စုပ္ပန်ကိုမပေါင်းကေ အနာဂါတ်ကို ခြီလှမ်းမလှမ်းနိုင်လို့မှတ်ပါ။ ယင်းအချက်တိကိုသတိမထား ရုပ်ဝါဒီနန့် ကွန်မျူနစ်ဆန်စွာက ကျွန်ဖြစ်လာသောလူမျိုး။ ရခိုင်သမိုင်းကို မကြားဖူးသူ (၁၀၀) မှာ (၁၀၁) ယောက်ဖြစ်နီပါယာ။

ကျန်တော်ရို့ ရခိုင်လို့ဇာဖို့ခေါ်ရေလဲ။ နားထောင်ကတ်ပါနန်း။ အမျိုးသီလနှစ်ဌာနကိုစောင့်လို့ ရခိုင်လို့ခေါ်ပါရေ။ အေနိ သီလမဟိ၊ အမျိုးကိုမစောင့်၊ အမျိုးစောင့်တရားမဟိကေ ရခိုင်ပျက်ပါယာ။ သတိပီးပါရေ။ အေနိကပင်စပြီးကေ ရခိုင်ကိုချက် အစစ်လုပ်ပါကတ်မည်။ ရခိုင်ကပျက် ရခိုင်နခေါင်း မဖြစ်ပါကတ်ကဲ့။ ရခိုင်သားနခေါင်း ကောင်းကောင်းများလားခပါယာ။ ဆိုခါ ရှည်လျားလှစွာသော သမိုင်းကိုထားလိုက်ပါဖိ။ ရခိုင်ဟူ၍ခေါ်သောသမိုင်းကိုပဲ ကျွန်တော်ရို့ပြောပါမည်။ ဇာနိကခေါ်ပါရေလဲ။ လွန်ခရေအနှစ် (၅၀၀၀) ကဖြစ်ခကတ်ပါဖို့ ရခိုင်ခေါ်စွာ။

ကျွန်တော်ရို့သည် လွန်ခရေ အနှစ် (၅၀၀၀)က ကုဿမင်းသက္ကရာဇ် (၅၉၅) ခုမှာ ဘီစီ (၃၃၀၀) ကျော်က ကျွန်တော်ရို့ရခိုင်ပြည်မှာ ပထမဓည၀တီမြို့ကိုတည်ပါရေ။ မာရာယုမင်းကြီးဆိုစွာ လူတိုင်းသိပါလိမ့်မည်။ မာရာယုမင်းကြီးသည် ဇာကလာပါလဲဆိုစွာ ဆန်းစစ်ဖို့လိုပါလိမ့်မည်။ မာရာယုမင်းကြီးသည် အိန္ဒိယပြည် ကပ္ပိလ၀တ်တိုင်းက အသူ့သားလဲဆိုစွာ သိဖို့လိုပါလိမ့်မည်။ သစ္စနမင်းကြီးသားပါ။ ကပ္ပိလတိုင်းနန့် ကောသလတိုင်းစစ်ဖြစ်ကတ်တေ။ လယ်ထွန်ဖို့ရီကိုလုလို့ ဂင်္ဂါမြစ်ရီကြောင့် စစ်ဖြစ်စွာမှာ သူရို့၏ငြိမ်းချမ်းရေး ဘုရားသခင်တည်းဟူသော ဘူးသီးစောင့်ရေဘုရားသခင်က ကောင်းခင်ကစောင်းတီးလိုက်တေ။ ထိုအခါ ငြိမ်းချမ်းပြီး ငြိမ်းညောင်းသောအသံကိုကြားရ၍ ကောင်းကင်ကိုမော့ကြည့်လိုက်သောခါ ဘုရားသခင်က ကောင်းခင်ကတရားဟောပါရေ။ ဟေး သစ္စန၊ သင်စစ်ပွဲအောင်လို့ ကောင်းကောင်းပျော်ရေလား။ နောင်ခါ မင်းမျက်ရည်အသွယ်သွယ်စီးကျလိမ့်မည်။ ဇာဖြစ်လို့လဲ။ မင်းမျိုးမင်းအသွီးနှင့် တိုင်းပြည်ကသွီးကိုနင်းပြီး သျှင်ဘုရင်လုပ်တေ။ ကကောင်းကောင်းရေထင်လား၊ ဆိုခါ ကောင်းကောင်းသံဝေဂရပြီးကေ အားလုံးစွာကိုစွန့်ပနာ တောထွက်လာလတ်စွာပါ။ ရခိုင်ပြည် ဂစ္စပနဒီမြစ်၏လက်ဝဲလက်ယာ ကိုးဆယ့်ကိုးမြို့ဟိစွာမှာ ဤအကြောင်းအရာကို ပုဏ္ဏားကျွန်းမြို့မှာဟောရေခါ တယောက်ထပြီးကေ ဇာပြောလည်းဆိုကေ ပုဏ္ဏားကျွန်းဝကနီပြီးကေ ပလက်ဝထိဟိစွာမှာ ရွာချေတောင်မှ ကိုးဆယ့်ကိုးဟိဖို့မဟုတ်ပါဆရာကြီး။ ကျွန်တော်ရို့က မယုံဆိုပါရေ။ မှန်ပါရေ။ မှန်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင်ကံမကောင်းလို့ ဆုတ်ယုတ်လာလတ်လို့မှတ်ပါလီ။

ယင်းခါ သိစ္စနသျှင်ရသေ့သည် တောတလျှောက်က ရခိုင်ပြည်ကိုလာရေပလက်ဝကို ရောက်ဖူးလူတိုင်း သိပါလိမ့်မည်။ အရှိဖက်ကို ရက္ခပူရတိုင်း။ ပလက်ဝ၊ မီးဝကပင်အထက်ကို ဥဿလင်းတိုင်းလို့ခေါ်ပါရေ။ တိုင်းတတိုင်းကိုခွဲစွာမှာ အနည်းဆုံး မြို့ဆယ်မြို့ပါပါရေ။ ရခိုင်၏ဖွဲ့စည်းပုံအရပါ။ ရခိုင်စွာ သာမညနိုင်ငံ အနည်းချေကားမဟုတ်။ ပျက်စီးလားခစွာ အဂုမျိုးပြုတ်ဖို့ကြံနီဗျာ။ ကောင်းကောင်းသတိထားကတ်ပါ။ ယေကေ ဥဿလင်းတိုင်းအရှိဘက်ကိုဆန်လိုက်ခါ ဇာခေါ်လဲဆိုကေ အရှိဘင်္ဂလားတိုင်း။ အဂု ဘင်္ဂလားဒေခ်ျနိုင်ငံရေ ကျွန်တော်ရို့ပိုင်စွာပါ။ ယေကေ ၄င်း၏လက်ယာဖက်ကိုကြည့်လိုက်တေအခါ နာဂသေနတိုင်း။ အဂု ထရိပူရပြည်ပါ၊ ယင်းဘက်မှာ ရခိုင်သားကိုကြည့်လိုက်ကေ အဂုတသန်းခွဲဟိပါသိမ့်ရေ။ မြုံတိ၊ ဖလံတိ ရခိုင်စကားပြောပါရေ။ အဂု ကျွန်တော် ဒေကဥဿလင်းတိုင်းအလယ်တရိုးကိုကြည့်လိုက်ကေ ဇာတွိလဲ။ ကာမရူပတိုင်းပါ။ ၄င်း၏အနောက်ဘက်ကိုကြည့်ခါ မဟိံသကတိုင်း။ ရခိုင်ပြည်ပိုင်ရေတိုင်းတိပါ။ အဂုဇာသူရို့ဝင်နီလည်းကြည့်ပါ။ အားလုံးအသီးသီးဝင်လားခပါယာ။ ရခိုင်တိတောင်တန်းကပ်လို့ တ၀ိုင်းချေကျန်ဗျာ။ အဂု ယင်းဖက်ကရခိုင်သားတိ ထိုဘက်ကိုကြည့်လိုက်ကေ လူနှစ်သန်းခွဲလောက် ဟိပါသိမ့်ရေ။ လာချင်နီကတ်ယာ။ ထိုဘက်မှာ အ၀ကျွန်းဆိုစွာ ပပေါ့ချေရွာကြီးတိမဟုတ်ပါ။ အဂု ကုလားတိဝင်လာပါယာ။ တဖြည်းဖြည်းစိမ့်ဝင်လို့ စုစုပေါင်းလူနှစ်ထောင်မဟိပါယာ။ အားလုံး ဘုရားစေတီတိနန့် ကျောင်းတိရာကျန်လိုက်ပါရေ။ ယင်းပိုင်ထိုးဝင်လာရေပိုင် ကျွန်တော်ရို့၏နီရာကို ထိုးဝင်လာရေ။ ဇာခါထိုးဝင်ရေလဲ အင်္ဂလိပ်သက္ကရာဇ် ၁၆၆၆ မှာထိုးဝင်လာစွာပါ။ ဇာဖြစ်လို့လဲ ယင်းအခါ ရခိုင်အင်အားညံ့လာလို့ပါ။

ရခိုင်တိမညံ့ခင် ဂွဖက်မှာ ဟိုင်းကြီးကျွန်းဟိပါရေ။ ထိုဖက်က ကတ္တရာပူရကျွန်း၊ သောင်းကြီးကျွန်း၊ ဒေကအ၀ကျွန်း ကျွန်းစုတိပါ။ ရခိုင်ပြည်၏ကျွန်းကြီးသည် သောင်းကြီးကျွန်း။ ကတ္တရာပူရကျွန်းလို့ခေါ်ရေ။ ကမ္ဘာ့အရပ်ရပ်မှလူတိစွာ အဂုရခိုင်ပြည် သံတွဲငပလီသို့ အပန်းဖြေဖို့လာကတ်တေပိုင် ရခိုင်ဘုရင်လုပ်ထားလို့ အကောက်ခွန်ရနီရေကျွန်းစွာ သောင်းကြီးကျွန်းပါ။ ယင်းကို အင်္ဂလိပ်က (Sandwip) လို့ခေါ်ပါရေ။ ကုလားစကားနန့် (ချူဒရောကြမ်န်) လို့ခေါ်ပါရေ။ ကမ်းခြီလှလတ်။ ယင်းကျွန်းကို ဆင်မဖြူကျွန်းပါ။ ဘဇောင်ရွီးထားကတ်လဲဆိုကေ အင်္ဂလိပ်နန့်ဟိန္ဒူကျမ်းတိမှာရွီးထားစွာက ကမ္ဘာပေါ်မှာ အလှဆုံးကမ်းခြီပါ။ အဂုအသူပိုင်လားခရေလဲ။ ရခိုင်သားတိအကျင့်ပျက်လို့ ဆုတ်လာစွာပါ။ အရာလည်းမလွတ်သိမ့်ဆိုကေ ဥက္ကဌကြီးပြောခရေပိုင် ပျူလူမျိုးပိုင် တခုလည်းမကျန်ပါဗျာလို့မှတ်ပါလီ။ ယင်းအတွက်နန့် ၁၆၆၆ ခုနှစ်လောက်က စစ်တကောင်းထိုဘက်ကို မိုင် (၅၀) ထိပိုင်ခရေ။ အယင် ပထမ၀ါလို့ဆိုကေ ထိုမှာ ဗြမ္မာပုတ္တမြစ်ကြီး ဒေဘက်မှာ ကူကသိမြစ်ဝ။ ယင်းမြစ်ထိုဘက်မှာ လွန်ခရေ (၁၀) နှစ်လောက်က ဘင်္ဂလားဒေ့ခ်ျအစိုးရက တူးဖော်ရေးလုပ်ရေခါ ထိုမှာ စိုင်းဒြားမင်း၏လက်ရာဘုရားနန့် အနုပညာလက်ရာတိ ကကောင်းပေါ်ထွက်လာလို့ အားလုံးကိုမော်ကွန်းတင်ဗျာ ရွီးထားခပါရေ။

ယင်းချင့်တိအားလုံး ရခိုင်သားစွာတိပါ။ ဘလောက် ပိုင်ခရေလဲဆိုခါ သစ္စိနသျှင်ရသေ့တောထွက်ရေခါ ယင်းနားမှာ ထိုဖက်ကအိန္ဒိယ ဒေဖက်ကရခိုင်ပါ။ ခြီတလှမ်းလှမ်းလိုက်စွာနန့်ရောက်တေအတွက် အနီးချေနန့် ရခိုင်ဒေသကို ရောက်လာစွာပါ။ တရားအားထုတ်ဖို့ ရီကြိုင်ရာမြက်နုရာကိုရှာရေအခါ ကုလားတန်မြစ်ကို ကျပါရေ။ သစ္စိနသျင်ရသေ့လည်း ကုလားတန်မြစ်ကိုမှီ၍ တရားဆောက်တည်ပြီးနီပါရေ။ ယင်းအနားမှာ သက်ပြည်တပြည်ဟိပါရေ။ သက်ပြည်ကို သက်မင်းစန္ဒြသိဒ္ဓိဆိုရေမင်းက အုပ်ချုပ်နီပါရေ။ စန္ဒြသိဒ္ဓိဆိုရေ သက်မင်းရေ ထိုသျှင်ရသေ့သိစ္စိနကို မြင်တွိဖူးမျော်ရရေခါ ကြည်ညိုသဒ္ဒါတရားပွား၍ ပစ္စည်းလေးပါးဖြင့် ဆွမ်းကွမ်းယာဂုတ်တိကို အမြဲမပြတ်ပူဇော်လျက်ထားပါရေ။ ထိုအခါ တနိသောအခါ သက်မင်းစန္ဒြရသိဒ္ဓိ၏ သမီးတော်ဣန္ဒာမာရယုကို ဆွမ်းပို့ဖို့ခိုင်းစီပါရေ။ ထိုအခါ ဘ၀အနန္ဒကကုသိုလ်ရီစက်ကြောင့် ရသေ့လူထွက်ဗျာ ဣန္ဒာမာရယုနန့် ရလားခကတ်ပါရေ။ တချို့တချို့သော ရာဇာဝင်က တိရိစ္ဆာန်ဆတ်မနန့် ရရေလို့ဆိုပါရေ။ မဟုတ်ပါ။ တခါလည်းမရကောင်းပါ။ ဇာဖြစ်လို့လဲဆိုကေ တချို့က ရခိုင်သားကို တိရိစ္ဆာန်ဟု ဆိုလိုချင်သောကြောင့် ရွီးထားသောကျမ်းတိရာဖြစ်ပါရေ။

ရခိုင်ရာဇာဝင်ဆိုတိုင်း မယုံကတ်ပါကဲ့။ ကျွန်ဘ၀မှာ ရွီးပစ်ခရေစာတိ ကောင်းကောင်းဟိပါရေ။ ငါ့အဖိုးသျင်စာ၊ ငါရို့ဆရာတော်ကြီးစာကိုလည်း ကောင်းကောင်းအားမကိုးကတ်ပါကဲ့။ ကြည့်ကြည့်ချင်း ကျွန်တော်ရို့ကမြင်ပါရေ။ ယင်းအတွက်နန့် ဣန္ဒာမာရယုမည်သော စန္ဒြသိဒ္ဓိသမီးတော်နန့် သကျသာဂီဝံသ၊ မဟာဝံသ၊ ခတ္တိယမင်းမျိုးမှဆင်းလာသော သစ္စနနန့်ထိမ်းမြားလို့ မာရယုမင်းသားကို မွီးပါရေ။ ဥပမာအားဖြင့် ဂေါတမဘုရားသည် ကပ်ကမ္ဘာမှာပွင့်ဖို့ သာသနာစောင့်နတ်များနန့်တကွ သိကြားဗြဟ္မာရို့ရေ သုသီတာက အလောင်းတော်နတ်သားကို မည်တော်မာယာ၏၀မ်း၌ ပဋိသန္ဓေတည်ပြီးသကဲ့သို့ အဂုလည်း အနောက်မဉ္စိမဒေသမှာ ဘုရားပွင့်ရေခါ ရခိုင်ပြည်ဓည၀တီကို ဘုရားသျှင်ကြွတော်မူဖို့ ထိုအခါ ထုံးစဉ်အတိုင်း ဗျာတိတ်ပီးရန်အလို့ငှာ ရခိုင်ပြည်မှာ မင်းဆက်ပြုတ်မလားဖို့အတွက် မင်းဆက်ဆက်ပီးစွာလို့မှတ်ပါ။

ထို့ကြောင့် သုတိသာနတ်ပြည်က သောနသိဒ္ဓိယနတ်သားကိုပင့်ပြီးကေ သစ္စိနမင်းကို တောထွက်အောင် လုပ်လိုက်စွာပါ။ ယင်းမှာ သစ္စနနန့်ဣန္ဒာမာရယုရို့ဇနီးမောင်နှံနှစ်ဦး ပျော်ပါးနီကတ်ကေ တခါလည်းဆုံးဖို့မဟုတ်လို့ ကုလားတန်မြစ်မှာရီချိုးရေခါ မြစ်မှာတယောက်တခြားမျိုးလို့ပါလားခစွာပါ။ လင်သစ္စနက ဇာကိုရောက်လားလဲမသိ၊ ဣန္ဒာမာရယုကလည်း ဇာကိုရောက်လားမှန်းလဲမသိ ဆိုခါ ကျန်ရစ်တေ သုံးနှစ်သားအရွယ် မာရယုမင်းသားငယ်က တငိုငိုနန့်နီရေလတ်။ ယင်းခါ မြိုတောင်မင်း ငအောင်ကလည်း တောခရီးထွက်လို့လာရေ။ ထိုအခါ အချေတယောက်တောထဲမှာငိုနီရေဆိုကာ လားကြည့်ခါ အမိမဲ့သား ရီမဲ့ငါးပမာ ဒုက္ခသည်မာရယုမင်းသားငယ်ကို မြိုတောင်မင်းက ကောက်ယူမွီးစားထားပါရေ။ မွီးစားထားရေခါ မြိုတောင်မင်းမှာလည်း သမီးချေတယောက်ဟိပါရေ။ နာမည်က မဗညှာလတ်။ ဆိုအခါ မာရယုမင်းသားငယ်ကို ဒါး၊ ဒုတ်၊ လှဲအစဟိသော အဌာရသ (၁၈) ပါးသောယောက်ျားရို့တတ်အပ်သော ပညာရပ်တိကိုသင်ပီးလို့ တောင်မင်းရာထူးကိုပီးလိုက်သဖြင့် ၀ါးအလုံး (၁၀၀) တိုင်အလုံး (၁၀၀) ရို့ဖြင့် မာရယုမင်းသားငယ်ကို နန်းတင်ပါရေလတ်။ ကျွန်တော်စီ မကြာမကြာပြောပါရေ။ ဒေအကြောင်းကို။ ထိုအခါ ဓည၀တီပြည်ကြီးကို တည်ထောင်ပြီး ဗုဒ္ဓဂေါတမပွင့်ဖို့စွာကိုအကြောင်းပြုလို့ သိကြားမင်းဖန်ဆင်းပြီးကေ သံလျက်တော်ကို ဆက်သက်လီပါရေ။ ဆက်တေခါ ဒေချက်မှာပျော်ပိုက်နီကေမဖြစ်ဆိုရေခါ နောင်မှာ သမီးမဗညှာနန့် ပေါင်းဖက်လို့ သမီးချေတယောက်မွီးကျန်ရစ်တေ။ နာမည်က (မာရ)။ သူရို့မြို့စကားနန့် (အမာရ) လို့ခေါ်ပါရေ။ အဖအသူလဲ။ သကျသာဂီဝင်မင်းသား ရခိုင်မင်းမျိုးကဆင်းလာရေ။ အမိဝါ မြိုတောင်မင်းကြီးသမီး မြိုမ။ ရခိုင်သားနန့်ရကေ ရခိုင်သားကပျက်မချေတယောက်ကျန်ရစ်တေ။ မြိုထက်ဝှက်၊ ရခိုင်ထက်ဝှက်။

ကိုင်ယေကေ မြိုဇာဖို့ခွဲချင်ကတ်လဲ။ မိန်းကြည့်ကေ ဖေသာမဟိလား၊ ဟိပါရေလတ်၊ နောက် ကျွန်တော်ရို့ မဟာမြတ်မုနိဘုရားကြီးကို သွန်းပြီးရေနောက် မင်း (၁၀၁) ပါးထီးဆောင်းလို့ စန္ဒာသူရိယမင်းအပြန်မှာ လက်ဆောင်ပီးပါရေ။ ဇာပီးလိုက်တေလဲ၊ မြိုမင်းကို နဗက်ကြီး (၉) ရံပီးလိုက်တေ။ ငွေလက်ကောက်နှစ်ရံ ပီးလိုက်တေ။ လောင်ဗွန်းတချပ်ပီးလိုက်တေ။ ကြီးဟင်းဇားနှစ်လုံးပီးလိုက်တေ။ ထိုအခါ ပျော်လို့ မြိုတိကောင်းကောင်းမကကတ်လားဆိုခါ ကပါရေလတ်။ ယင်းလက်ကောက်တိဟိပါသိယင့်လားဆိုခါ ဟိပါရေလတ်။ နားဋောင်းကို တောင်မင်းကဆုံနန့်ထောင်းလို့လည်းမပျက်လို့ ၀တ္ထုပြောလာပါသိမ့်ရေ။ မြိုတောင်မင်းက ယင်းပိုင် ဘုရားလက်ထက်ကပင် ရခိုင်အမျိုးနန့်ဆက်ပြီးလာစွာ ဘုရားပွင့်ခါလည်း မြိုနန့်ဆက်ပြီး ဗုဒ္ဓဘာသာဖြစ်လာစွာပါ။

အဂု ကိုယ်ရို့မြိုအမတ်လောင်းကနီပြီး ခရစ်ယာန်ဝင်လာခါ ထားပါဖိ။ မခံချင်ဗျာဆိုခါ မြိုလူကြီးခြောက်ယောက်စွာ အ၀တ်ဖြူဝတ်ပြီး ခေါင်းပေါင်းကြီးတိနန့် ကျွန်တော်ရို့နန့်တတူ ၀တ်လို့စားလို့ လိုက်လတ်ပါရေ။ ဇာဖြစ်လို့ ဖြစ်ရပါရေလဲဆိုကေ ကျောက်တော်၊ မြောက်ဦးပိုင်းမှာ မဲဆန္ဒသျင်ငါးသောင်းနန့် နှစ်ထောင်ဟိပါရေ။ မဲဆန္ဒပီးဖို့လူပါ။ ဆိုခါ ကုလားမောင်မောင်ခင် (လွှတ်တော်တရားယုန်း ဗဟိုရှိနီချုပ်) သူက ကိုယ်စားလှယ်၊ သူ့မှာ ကုလားဘလောက်ဟိရေလဲဆိုကေ (၁၂၇၀၀) ဟိပါရေ။ မြောက်ဦးမော်လဗီနန့် ကျောက်တော်မြို့မှာ သူရို့ဟိပြီးသားပါ။ ဆိုင်းဘုတ်တင်ဖို့မလို။ ဘလောက်ကောင်းလဲဆိုရေခါ မြိုခေါ်ခမီးအမျိုးသား ကျော်ဇောလှ၊ မြောက်ဦးမြို့မှာ စာသင်ခပါယင့်။ သူ့မှာအားလုံး (၉၇၀၀) ဟိပါရေ။ မဲဆန္ဒသျှင် သူ့မှာလည်း သီးခြားတက်နီရေ။ (၉၇၀၀) နန့် (၁၂၇၀၀) ပေါင်းလိုက်ကေ (၅၀၀၀) မဲကို နှုတ်လိုက်ပါ။ တစညပါတီမှာ ဘဇောင်မဆို တရားသူကြီးဥက္ကဌ၊ ကောင်စီဥက္ကဌသားသမီး (၃၀) က (၅၀) ရွာတိုင်းရွာတိုင်းမှာ မဟိပါလား၊ ပြိုလို့ ထွက်လို့မလားနိုင်ပါ။ ဟောစရာကလည်းမလို၊ ပြောစရာလည်းမလိုပါ။ သူရို့ ကျော်တော်မြို့နယ်မှာ ရွာပေါင်း (၃၃၅) ရွာဟိစွာမှာ ခွဲပစ်လိုက်ကေ ဘလောက်ဖြစ်လာပါလဲ၊ (၁၇၀) လောက်ဖြစ်ပါရေ။ ယင်းကို တစညလူ (၅၀) နန့်မြှောက်လိုက်ကေ အလျော့မဲလို့မှတ်ပါ။ အေအချက်စွာ ကျွန်တော်ရို့ မဲချင့်ချိန်စွာပါ။

မြောက်ဦးမြို့မှာ ယ္ခုထက်ထိမဟိပါသိမ့်။ မဟိကေ ကုလားပါးမှာယှုံးပါဖို့။ စည်းရုံးပုံကမတူပါ။ ဆိုခါ လျော့မဲဘလောက်ကျန်လိုက်တေ (၂၀၀၀၀) ဆိုလိုက်ပါဖိ၊ (၂) သောင်းကို ကိုယ်စားလှယ် (၄) ယောက်က၀ီပါဖို့။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်ဆိုခါ တယောက်ကို (၇၀၀) လောက်စီရလိုက်ပါဗျာ။ ယေကေ မဲအများဆုံးအသူလဲ။ ကုလား (၁၂၀၀၀) ရဗျာဆိုကေ ကျောက်တော်မြို့သားတိပြိုပါယေနန့်ရာ။ ဆိုခါ အဂုဆင်းလို့ ၀ါကျီးတိပါဆင်းလို့စုဖြစ်ကတ်ပါရေ။ ကျောက်တော်မြို့လယ်မှာ တရားဟောရေခါ ကျွန်တော်ဟောခစွာပါ။ ကျောက်တော်မြို့ကိုစည်းရုံးလို့မရ၊ လူတတ်တိ ရေဒီယိုနားထောင်ရေ။ အောင်ဆန်းစုကြည်ကိုကောင်းရေလို့ အထင်ကြီးနီရေ။ တစညပြန်နိုင်ဖို့လားမသိလို့လည်း ကြောက်ကတ်ပါရေ။ ကျွန်တော်ဟောခါမှ ကျောက်တော်မြို့လေးခွဆုံမှ ပြိုထွက်လာပါရေ။ အဂုလုပ်ကတ်ရဖို့။ နက်ဖန်ခါဆိုကေ ကုလားအောက်ကိုရောက်လားပါလိမ္မည်လို့ ကျွန်တော်ယှင်းပြခါမှ။ ယကေ ဇာလုပ်ကတ်ရဖို့လဲလတ်။ ကျွန်တော်က ကုလားမဲဆန္ဒသျှင် (၁၂၀၀၀) ဆိုကေ ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မဲပြား (၁၅၀၀၀) ရမှနိုင်ပါဖို့။ ယင်းတွက်နန့် အဂုရောက်ဟိလာကတ်တေ ကျောက်တော်မြို့သားမဲဆန္ဒသျှင်တိစွာ မဲပြား (၁၅၀၀၀) ထက်မနည်းစီဖို့ အိမ်တိုင်းလူတိုင်း အိပ်သွန်ဖာမှောက် ကြိုးကြိုးစားစားနန့် ကိုယ်စီကိုယ်ငှ ကျွန်တော်ရို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏သင်္ကေတဖြစ်တေ ဆီမီးခွက်ကို မဲပီးကတ်ဖို့ ကျွန်တော်ပြောကြားလိုက်ပါရေလို့ မြို့လယ်ခေါင်မှာ ကျောက်တော်မြို့သူမြို့သားတိကို အဂုပိုင် စည်းရုံးရေးတရားဟောခလီပါရေ။

ဆရာကြီးသည် ချမ်းအီးလှရေဆောင်းရာသီမှာ ပုဆိုးပါးချေနန့် စစ်တွေအကျဉ်းထောင်မှာ အလှူးအလှိမ့်ခံယင်း (၁၉၉၀) ပြည့် သြဂုတ်လ (၁၄) ရက်နိမှာ တိုင်းပြည်နန့်လူမျိုးအတွက်အသက်ပီး၍ တာဝန်ထမ်းဆောင် လားခပါသည်။ ဖက်ခွက်တိ အဆိပ်ကျွေးသတ်ဖြတ်ခြင်းကို ခံလားရပါသည်။ ဖက်ခွက်တိကို ကမ္ဘာကြီကေလဲ့ အခဲမကြီလီကဲ့ ရခိုင်သားရို့။ ကျန်ရစ်သူများမှ ဆရာကြီးအားသတိရလျှက် သျှစ်သောင်းဘုရားရှိတွင် အရိုးဇာတီတဆူ တည်ထားကိုးကွယ်ထားပါကြောင်း စာရွီးကာဂုဏ်ပြုလိုက်ရပါသည်။

အသျင်ဣန္ဒာစက္က
ဗေဒင်နှင့် သမိုင်းသုတေသီ
(5/7/2006)

(ရခိုင်ပြည်လွတ်လပ်ရေးစာစောင်မှ)
ဆရာကြီးဦးသာထွန်းမိန့်ခွန်း အပိုင်း (၂)

(ALD) နာယကကြီးလည်းဖြစ်၊ ရခိုင်-မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ဒုတိယပိုင်း)

ထမင်းထုပ်ကိုပြလို့ မိသားစုစားနီရစွာဝမ်းသာပြီးကေ ကိုယ့်လူမျိုးကို အောက်တွင်းသွင်းပြီး စည်းရုံးနီကတ်တေ။ ကောင်းကောင်းသတိထားကတ်ပါ။ ပြည်ဖျက်လား။ တိုင်းဖျက်လား။ ရခိုင်ပြည်ဖျက်ဖို့ကြံနီကတ်တေလားလို့။ ကကောင်းကြောက်ဖို့ကောင်းပါရေ။ အဂု ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လူမျိုးစုတိနန့်စုမိပါဗျာယ်။ ၀မ်းသာကတ်ပါ။ တန်းတူရဖို့အရေးဆောင်ရွက်ထားဗျာယ်။ ၀မ်းသာကတ်ပါ။ ကိုယ့်လူကိုကိုယ် ပြုစုကတ်ပါလို့ တိုက်တွန်းလိုပါရေ။ (ကိုင်) ဘဇောင်ပျင်ဖို့လဲ။ စစ်တွေမြို့မှာ တပ်ပေါင်းစုဆိုပြီးကေ ကျောင်းသားဂေါင်းကို ရောင်းပြီးကေ ရက္ခိုင်ကျောင်းသားများအဖွဲ့ ငါရို့ဖက်ပါရေဆိုပြီးကေ စာအုပ်တိထုတ်နီကတ်ပါရေ။ စစ်တွေမြို့က ရခိုင်ကျောင်းသားများအဖွဲ့က မခံမရပ်နိုင်လို့ပြောရေ။ ငါရို့မပါကိုး။ အကိုရို့ ဇာလုပ်ကတ်စွာလဲလို့ ပြောပါရေ။ ယင်းပိုင်ရောင်းစားနီကတ်လို့ ပုဏ္ဏားကျွန်းမြို့တမြို့ပြိုလားခရေ။ အေအချက်တိ ဇာလုပ်စွာလဲ။ ကျွန်တော်ရို့ဥက္ကဌကြီးပြောရေအတိုင်း စစ်တွေမြို့မှာ အလီလီ။ ကျောက်တော်မြို့မှာလည်း အလီလီ။ မြောက်ဦးမှာလည်း ကျွန်တော်ရို့ပါးကိုလာကတ်တေ တခုပိုင်လည်း စည်းရုံးလို့မရခပါ။ မရခစွာ အသူ့လက်ညှိုးထိုးလို့လဲ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည် တစည်းတရုံးတည်း အင်အားတခုတည်း လားဖို့စွာကိုမရ။ ရခိုင်တမျိုးသားလုံး၏အဖျက်သမားဆိုပြီးကေ စာတန်းထုတ်ပါရေ။

ယင်းပိုင် ပေါင်းစည်းလို့မရရေအကြောင်းပြောခါ ပေါင်းစည်းရေးကိစ္စနန့်ပတ်သက်လို့ အစည်းအဝေးချခါ ဟုတ်စွာမဟုတ်စွာ မသိ။ မကြားဖူးခါ ပါလားခစွာမြို့တိဟိပါရေ။ ပေါက်တောမြို့ပါလားရေ။ ကျောက်ဖြူတခြမ်းပါလားရေ။ ယင်းသူရို့နှောက်ယှက်လို့။ အဂုယင်းသူရို့နှောက်ယှက်စွာကိုလိုက်ပြီး လုပ်နီရပါရေ။ စည်းရုံးရေးကိုပစ်ခလို့ ဘလောက်နောက်ကျပါလဲ။ လပိုင်းဟိပါဗျာ။ ထိုတရက်နိက စစ်တွေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က စာရွက်ချေတရွက်ထုတ်လိုက်ပြီးမှ အရှက်ရလို့ ငိုသူငို ရယ်သူရယ် ဖြစ်လားခပါရေ။ ဘလောက်နှောက်ယှက်ပါရေလဲ။ စာရွက်ထုတ်ရအောင်ထိဖြစ်လားပါရေ။ ကျွန်တော်ရို့ရခိုင်သားတိထဲက ကျွန်တော်တနားက လူဦးရေပြခရေပိုင် ဒေဖက်ကကျန်ရစ်တေ လူဦးရေ (၁) သန်း (၂) သန်းမျလောက်နန့် လားရဖို့စွာပါ။ အားလုံးညီညွတ်နိုင်မှ ဖြစ်ပါဖို့။ သျှမ်းမှာ (၆၂) နီရာရစွာ အပြိုင်အဆိုင်ဆိုကေ (၂) လီတိုး။ ဥပမာအားဖြင့်ဆိုကေ (တစည) (၆၂) နီရာ၊ သျှမ်း (၆၂) နီရာ (၁၂၄) နီရာလားရပါဖို့။ (၁၂၈) နီရာလောက်ရာဝင်ပါရေ။ ယင်းပိုင်စွာမှာ (၂၆) နီရာမှ (၁၅၅) ယောက်။ (ရခိုင်သားရူးလာ) လို့မိန်းစရာ ဟိပါရေ။ လူမျိုးစုတိက ရယ်နီပါဗျာ။ ဘဇောင်စွာလဲဥက္ကဌကြီး ရှက်တေ။ ကျွန်တော်လည်း ရှက်ပါရေ။ တခါတခါ တိုင်ပင်ပါရေ။ (ငါရို့လုပ်စွာမှားဗျာယ်ဟန်) လို့။ ကိုယ်စွာကိုယ် လက်ကိုင်မရကား။ (ရခိုင်သားအရူးတိကို) လို့ စဉ်းစားကတ်ပါရေ။ ကျွန်တော်နန့်တကွ ကျွန်တော်ရို့ရခိုင်သားတိအားလုံး ပါရေလို့မှတ်ပါ။ သို့သော် ကျွန်တော်ရို့မရသိမ့်ကေလည်း သည်းခံလို့နီရဖို့လားဆိုခါ မနီပါ။ ကျွန်တော်ကိုယ်တိုင် ဓိဌာန်ချက်နန့် သီအောင်လုပ်ပါရေ။ ကျွန်တော်ကိုယ်တိုင် (၁) လနန့် (၁၀) ရက်လောက် ကုလားတန်တရိုး၊ ပြိန်းချောင်းတရိုးတက်ကေ မတန့်ခပါ။ ထိုမြို့ဒေမြို့က အကူတောင်းလို့ ပုဏ္ဏားကျန်းမှာ ကူခရပါရေ။ ပိုးရီပြင်ကလာစွာပါ၊ မိုးရွာကေ ထီးဆောင်းလို့။ ဆိုရေခါ ကျန်တော်ရို့ စိတ်မပျက်ကတ်ပါကဲ့။ ရရေပိုင် တတ်နိုင်သည့်လမ်းကြောင်းက ၀င်ပြီးနီပါ။ မြောက်ဦးမြို့တောင်ခြမ်းနန့် မြောက်ခြမ်းမှာ (၄) သောင်းကျော်ထိ ဟိပါရေ။ မဲဆန္ဒသျင် (၂) သောင်းကျော်ရကေ ကျွန်တော်ရို့နိုင်ပါဖို့။ အခြားသူတိ ခွဲချင်ပိုင်ခွဲလီ (၂) သောင်း (၅) ထောင်ရကေ ကျွန်တော်ရို့လက်ခုပ်တီးလို့ ကကတ်ဖိ။ ယင်းအကြံကို ပီးလိုပါရေ။ ထိုင်မနီကတ်ပါကဲ့။

ကျွန်တော်ရို့အားလုံး ကျီလားပါယာ။ ကျောက်တော်မြို့ကို ၀င်လိုက်ကေ ကျောက်တော်မြို့နယ် ကောင်းကောင်း ကြောက်ဖို့ကောင်းပါရေ။ ကုလားရလားဖို့ပျင်ခါ ကျောက်တော်မြို့အတွက် မီးပိုင်ပူပြီးကေ လူကြီးရွယ်တူ (၁၅၀) လောက် ကျွန်တော်ရို့နန့်တွဲပြီးလိုက်ပါရေ။ လူလတ်တိ၊ လူငယ်တိ အားလုံးတွဲပြီးကေ ဖေသာဟိရေ ဆီစက်ပိုင်သျှင်တိ၊ စက်ရုံပိုင်သျှင်တိ တယောက်တယောက်ကို (၅) ထောင်၊ (၆) ထောင်ထည့်ပြီးကေ လုပ်လိုက်လို့ အဗြင်းအောင်လားခပါရေ။ မြောက်ဦးမြို့မှာပိုင် (၅၀၀) မလှူဝံ့၊ (၁၀၀၀) မလှူဝံ့ကေ ကျောက်တော်မြို့ကျပါရေ။ ကျကေ ဆင်းပါယာ။ တချိန်တည်းနန့် ပိုင်းဖြတ်နီကတ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရွာတိုင်းရွာတိုင်းမှာ ထိုးနှက်ချက်တိ ပြည့်လားခရေအတွက် စည်းရုံးရေးဆိုင်ရာမှာ ကိုယ့်ဖဲသာနန့်ကိုယ် လိုက်နီရရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရေ လှူဖို့သူမဟိကေ စည်းရုံးရေလူမှာ တာဝန်မဟိပါ။ မြောက်ဦးမြို့သားတိမှာ တာဝန်ဟိရေလို့ မှတ်လီပါကတ်။ ကနိ ဖွင့်လို့ပြောပါရေ။ အမျိုးဘာသာအတွက် အေပိုင်လုပ်လို့လဲမရလိုက်ကေ ပြည်ပျက်ဖို့၊ အများ နှစ် (၂၀) မကြာပါဗျာယ်။ အကုန်သူတိ နက်ဖန်ခါ တတုတ်ကုန်ဖို့စွာ မှတ်လီပါ။ ပြည်ကိုတည်ထောင်လို့ မရလိုက်ကေ ပြောစွာပါ။ အဂုဇာလဲ။ စည်းရုံးရေး။ စည်းရုံးရေးမှာ ဇာလဲ။ တန်းတူညီမျရေးနန့်ပြောလို့ စည်းရုံးရပါရေ။ တန်းတူညီမျရေးကို နက်ဖန်ခါ အစိုးရမှာ ဖွဲ့စည်းလားဖို့။ မရကေ အရာ (၂၅) နှစ်တောင်မကသိမ့်လို့ နှစ် (၅၀) ခံဗျာလို့မှတ်လီ။ နောက်ကုန်းမှာ ဖဖြုတ်ရီ ထနီဗျာ။ သံခွါရာ အရာလည်း ခံချင်ကတ်သိမ့်ရေ။ (ငါ့အိမ်သားလွတ်ကေကျီ။ ပြည်သူကို နှိပ်စက်ကေ စက်ပတ်စီ) ဆိုစွာ ဇာပိုင်စွာအမျိုးလဲ။ ရခိုင်ပင်ဟုတ်သိမ့်ယင့်လားလို့ ကျွန်တော်ပြောစွာပါ။ တန်းတူရရေးကို ကျွန်တော်ရို့ဥက္ကကြီး အကြံပီးချက်အရ ရခိုင်က အကြံပီးချက်အရ၊ အားလုံးတူညီထားပါဗျာ၊။ လူမျိုးများထဲမှာ မြန်မာတမျိုးကိုပယ်ကေ ကျန်လူမျိုးစုတိရေ ဆင်းရဲခံဖက် နှိပ်စက်ခံဖက်ဖြစ်လို့ ကနိ စုရုံးဗျာ အင်အားစုတခု ဖြစ်နီပါဗျာယ်။

လူမျိုးစုထဲမှာ လူမျိုးချေတိ ဟိပါရေ။ ကချင်မှာ (၃၇) မျိုးလောက်ဟိပါရေ။ သျှမ်းမှာလည်း (၃၀) ကျော်ဟိပါရေ။ ကရင်မှာလည်း ယင်းပိုင်ပါ၊ ကွဲဖို့ဆိုကေ ယင်းလူမျိုးစုတိစွာ ဘာသာမတူ။ အ၀တ်မတူ။ ကွဲဖို့သင့်ပါရေ။ အဂု နှစ်ဖွဲ့မဟိပါ၊ ဇူမီးချင်းနန့် တောင်ပေါ်ချင်းစွာ အမျိုးမတူ။ စကားမတူ၊ သို့သော် တဖွဲ့တည်းပါ။ ဇူမီးချင်းလည်းချင်း။ တောင်ပေါ်ချင်းလည်းချင်း။ သို့သော် ချင်းပြည်ကို (တ-စ-ည) မ၀င်ဝံ့ပါ။ အနည်းငယ်မျှရာ ၀င်ဝံ့ပါရေ။ ခိုင်စွာ တပ်ကောင်းစွာကိုမြင်လို့ မ၀င်ဝံပါ။ ချင်းမှာ အောင်ပြီးသားပါ။ အနီအထားကောင်းပါရေ။ ဒေလူမျိုးစုထဲမှာ ချင်းအတော်ဆုံးပါ။ တနားက ဥက္ကဌကြီးပြောခရေ နောက်မွန်။ ကချင်၊ သျှမ်း၊ အားလုံးတော်ပါရေ။ အေရခိုင်လူမျိုးစုရေ ဇာဖြစ်နီလဲ။ ကျွန်သက်ရှည်လို့ ကျွန်စိတ်ဝင်နီရေ။ ပြောင့်ပြောင့်ပြောဖို့ဆိုကေ အေလူတိအပြစ် မဟုတ်ပါ။ (၁၁၄၆) ခု ရခိုင်ပြည်ကြီးပျက်ပြိုကတည်းကပင် အေနိအထိ (၂၀၅) နှစ်တိုင်တိုင် ကျွန်စိတ်ပေါက်နီရေရခိုင်သားသည်၎င်း၊။ လွတ်လပ်ရေးရလို့ လွတ်လပ်ရေးအရသာ မခံစားရရေ (၄၂) နှစ်ကာလအတွင်း ရခိုင်သားသည်၎င်း၊ အမြတ် (၂) ခုထွက်ပါရေ။ ဇာအမြတ်လဲ။ (တစ်) ကြောက်စွာနန့် (နှစ်) မွဲစွာ (၂) ခု အမြတ်ထွက်တေမှတ်ပါ။

အရာ အေအမွီကိုယူဖို့ဆိုကေ အေအတိုင်းထိုင်နီကတ်ပါဖိ။ ယင်းအတွက်နန့် ကျွန်တော်ရို့ရေ ဇာပိုင်စည်းရုံးလားရဖို့လဲ။ တန်းတူရေးကို လူမျိုး (၁၉) မျိုးသဘောတူလို့ ချပြီးဆွဲထားပါဗျာ။ ဇာအခါတင်ဖို့လဲ။ ကျွန်တော်ရို့ အဂုဇာပိုင်ထင်မြင်ကတ်တေလဲဆိုကေ ကျွန်တော်ရို့က တခြားတခြားသော အဖွဲ့အစည်းရို့သည် သိလျက်နန့်မိုက်နီစွာတမျိုး။ သိလျက်နန့် ကိုယ်လူကြီးဖြစ်ပြီးကေ ကိုယ့်မိသားစု ထမင်းတဆုပ်စားရကေ ကျီဗျာဆိုရေ ပါတီတိပါပါရေ။ ယင်းချက်က ဇာခါလဲဆိုကေ အယင် (ဖဆပလ) ပါတီ ပါလီမာန်မှာအမတ်ဖြစ်ပြီးကေ တက်ဆွေးနွေးခီရဖို့ပိုင် အလားတူထင်လို့ပါ။

ယလောက်ထိ အထင်သေးသောရခိုင်လူမျိုးသည် ဇာပိုင်လူမျိုးလဲ။ ကနိ ယင်းမျိုး အနီအထားမဟုတ်ပါ။ မဟုတ်ကြောင်းကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည်ကြီးသည် တိုင်းကြီး (၁၂) တိုင်း၊ ၀တီ (၇) ရပ်နန့် ဖွဲ့စည်းလာရေ ရက္ခပူရနိုင်ငံတော်ကြီးသည် အရှိတောင်အာသျှမှာ နှစ်ပေါင်းငါးထောင်တိတိ ကြီးမားနီခရေနိုင်ငံကြီးပါ။ ကနိဇာဖြစ်လို့ ခွီးဖြစ်လားခရေလဲ။ အေပိုင်သစ္စာဖောက်တိကြောင့်။ ရခိုင်ပြည်ကြီး ခွီးဖြစ်လားခပါရေ။

အေကန္တ ဇာပိုင်ခွီးဖြစ်လားခရေလဲဆိုစွာ ကျွန်တော်ပြန်ပြီး ၀တ္ထုပြောပြပါဖို့။ ရခိုင်ပြည်ကြီးပျက်ပြီးသည်နောက် အသူပိုင်ရေလဲ။ မြန်မာမြို့ဝန် အနှစ် (၄၀) ပိုင်ပါရေ။ စစ်အာဏာနန့်အုပ်ချုပ်လားခရေအတွက် ကျွန်တော်ရို့ မော်ကြည့်ဖို့ မရ။ နောက် အင်္ဂလိပ်သိမ်းလာလတ်တေ။ အနှစ် (၁၁၂) နှစ်ပိုင်ရေ။ နောက်ဆုံး ဆရာတော်ဦးဥတ္တမအာသျနီဝန်း အလင်းရောင်ပြလိုက်လို့ တိုင်းပြည်ကြီးလွတ်လပ်လားခရေ။ လွတ်လပ်ပြီးသည့်နောက် (ဖဆပလ) အဖွဲ့ချုပ်ဖွဲ့ရေ။ မဖွဲ့ခင်မှာ အင်္ဂလိပ်အစိုးရလက်ထက်ခါ အေမှာရောက်ဟိနီရေထဲက အသက် (၆၀) ကျော်ဟိရေ လူကြီးတိသိပါလိမ့်မည်။ (၉၁) ဌာနနန့် ဒိုင်အာခီအုပ်ချုပ်ရေးလို့ တခုလဲ ရခိုင်သားကောင်းစားဖို့စွာမပါ။ အနှစ် (၁၁၂) နှစ်ခံခပါရေ။ သို့သော် ကိုင်တွယ်ပုံသည် ညှင်းပမ်းလို့မအုပ်ချုပ်။ လျော့ပြီးအုပ်ချုပ်တေအတွက် အစာဝရေ၀က်ပိုင် ပျော်ပါရေ။ (၁၁၂) နှစ် အုပ်ချုပ်ပုံသည် (၉၁) ဌာနနန့် ဒိုင်အာခီအုပ်ချုပ်ရေး အရေးကြီးစွာတခုလည်းမပါကေလဲ့ လွတ်လပ်စွာ စပါးတိရောင်းချနိုင်ရေအတွက် ဖဲသာတပြားတချပ်ချမ်းသာလို့ ကျေးဇုသျင်လို့ ပြောဖို့ကျပါရေ။ ယင်းပိုင် ဘ၀က နီမ၀င်နိုင်ငံဖြစ်တေ အင်္ဂလိပ်မင်းနိုင်ငံအစိုးရကို အိန္ဒိယပြည်က သန်းပေါင်းထောင်ကိုချီလို့ ဟိရေ။ ပညာဟိအပေါင်းလည်းဟိရေ။ မပြောဝံ့။ ထိုဖက်က ဂျပန်ပြည်မပြောဝံ့။ အေဖက်က ကမ္ဘာမှာ လူဦးရေအများဆုံး တရုတ်ပြည်ကြီး မပြောဝံ့။ မြန်မာပြည် မပြောဝံ့။ ယလောက်ထဲမှာ ရခိုင်မသားထဲက မွီးလာရေ အာဇာနီပုဂ္ဂိုလ်ကြီး ဦးဥတ္တမပေါ်လာပါရေ။

ယင်းအချိန်မှာ ရန်ကုန်မှာဘုရင်ခံမင်းကြီးသည် မစ္စတာကရက်ဒေါက်ပါ။ ကရက်ဒေါက်လွန်ပြီးမှ လွတ်လပ်ရေးရခါ (ဆာကိုပတ္တလာ) လက်ထက်မှာရစွာပါ။ ကရက်ဒေါက်လက်ထက်မှာ မစ္စတာကရက်ဒေါက်ကို မော်မကြည့်ဝံ့ကတ်။ ကျွန်တော်ရို့အရွယ်လောက်ဟိရေ အေပုဂ္ဂိုလ်ရို့သိပါလိမ့်မည်။ မြောက်ဦးမြို့မှာ မြို့ပိုင်ချေတယောက် ရှိကဖြတ်သန်းလားကေတောင်က (ရှိခိုးပါရေအသျင်ဘုရား) လို့ ရှိခိုးနီရရေအချိန်ပါ။ လျောက်လွှာမှာလည်း (သနားခံရှိခိုးလျောက်ထားအပ်ပါ၏) လို့ ရွီးရရေအချိန်ပါ။ ယင်းပိုင်အချိန်မျိုးမှာမှ ရခိုင်အာဇာနီ အာသျနီဝန်းဆရာတော်ဦးဥတ္တမက မစ္စတာကရက်ဒေါက်ကို (ကရက်ဒေါက်မင်းထွက်လားလီ) လို့ နှင်ပါရေ။ ကမ္ဘာမှာ နာမည်တထွက်ကြီး ထိုးတက်လားခပါရေ။ ယင်းအကြောင်းနန့် ဆရာတော်ဦးဥတ္တမ စည်းရုံးလိုက်တေခါ အိန္ဒိယမဟာသပအသင်းကြီးမှာ ဥက္ကဌနာယကဖြစ်ပါရေ။ နောက် ဂျပန်ပြည်၊ တိုကျိုမှာ ဥက္ကဌနာယကဖြစ်ပါရေ။ ထိုနည်းတူ တရုတ်ပြည်ကဂေါင်းဆောင်ကြီးဆွန်ယက်ဆင်ခေါ်လို့ လားခီပါရေ။ အာသျနီဝန်းကြီး ဆရာတော်ဦးဥတ္တမ၏အမြင်ကို ကျွန်တော်ပြောပါမည်။ ရခိုင်ပြည် လူတသန်းချေဟိစွာက ငါရခိုင်သားဖြစ်ယင့်သားနန့် ဦးဆောင်လိုက်ကေ ကကြွတ်ကြီးချိုးပစ်လိုက်ဖို့ဗျာ။ အေအချက်သည် စုပေါင်းလုပ်ဆောင်မှ ဖြစ်ဖို့ဆိုပြီးကေ အာသျှတိုက်တတိုက်လုံးကိုစုပေါင်းပြီး အလင်းရောင်ပြခရေအတွက် ဆရာတော်ဦးဥတ္တမသည် (အာသျှနီဝန်း) ဟူသောစကားကို ရခပါရေ။

ကနိရခိုင်သားတိမသိ။ ကျေးဇူးမသိရေအတွက် အဖကိုပုန်ကန်လို့ အဂုပိုင်ဆင်းရဲနီရေလို့မှတ်။ ဆရာတော်ဦးဥတ္တမတရားဟောရေခါ စစ်တွေမြို့မှာ ရွှေပေါင်ခံရေ။ ငွေချီးစားရေ။ လယ်ငှားစားရေ။ စပါးစိုက်တေ။ စားနီရရေခါ လူတိစွာ နိုင်ငံရေးကိုစိတ်မ၀င်စားရေအပြင် ဇာပြောလဲ။ (ဘုန်းကြီးဆိုဝါ နိုင်ငံရေးလုပ်တေ) လို့ဆိုခါ ဆရာတော်ဆွမ်းခံလို့ဆွမ်းမရ။ ရခိုင်သားတိ ရခိုင်သမတိစွာ ယင်းပိုင် ပုန်ကန်ခလီရေအတွက် ဆရာတော်ဦးဥတ္တမရေ ရခိုင်ပြည်ကိုစွန့်လို့ တခါတည်းနန့် အိန္ဒိယပြည်ကြီးနန့် ဂျပန်ပြည်မှာနီလီစွာ နောက်မြန်မာပြည်မှာနီပါရေ။ သခင်ကိုယ်တော်မှိုင်းအတ္ထုပ္ပတ္တိ သိန်းဖေမြင့်ရွီးရေစာအုပ်ကို ကြည့်ပါလီ။ ယင်းစာအုပ်မှာ ဆရာတော်ဦးဥတ္တမကို ခွီးပိုင်ရွီးထားပါရေ။ ဇာဖြစ်ပါလို့လဲ။ ဆရာတော်ဦးဥတ္တမသည် အာသျတိုက်ကိုစိုးခလို့ အင်္ဂလန်တိုင်းပြည်မှာ ဟုမ္မရူးကိုတောင်းဖို့လားခီရေ ဦးဘဖေ၊ ဦးရှိန်တည်းဟူသော (၂) ယောက်။ အေဦးဥတ္တမတရားကြောင့်။ သခင်ကိုယ်တော်မှိုင်း သခင်ပါတီကိုထူထောင်ရေ။ မြန်မာပြည်ကြီးမှာ သခင်လို့ပေါ်လီရေ။ အသူ့ကျေးဇူးကြောင့်လဲ။ ဆရာတော်ဦးဥတ္တမကျေးဇူးကြောင့်။ နောက်ဆုံး ဆရာတော်ဦးဥတ္တမကို မန္တလေးအစည်းအရုံးတခုကို ဖိတ်တေဆိုခါ ကမ္ဘာနန့်အရေးကြီးရေ ကမ္ဘာ့မှာညီလာခံကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယပြည်ကြီး သုံးပြည်မှာ အိန္ဒိယမဟာသဗအသင်းကြီးက ဖိတ်ထားစွာယင်လို့ လားခီရေအတွက်ကြောင့် (ငါရို့ကိုအရေးမစိုက်) ဆိုပြီးကေ ခွီးပိုင်ရွီးထားပါရေ။ ဟုတ်ဖို့လားမှန်ဖို့လား ကြည့်ကတ်ပါလီတချက်။ နောက်ဆုံး မြန်မာပြည်သို့ ပြန်လာလတ်တေခါ ဆရာတော်ဦးဥတ္တမကို အရေးမစိုက်သည့်အပြင် တချို့တချို့လူတိ ယှဉ်းကပ်ပလိုက်စွာမှာ ဆရာတော်ဦးဥတ္တမ ရူးလားခပါရေ။ ရန်ကုန်မြို့မှာ နပျိုးသီးခွံကောက်စားလို့။ ဆီးလိပ်ပိုင်းကောက်စားလို့။ နောက်ဆုံး ညောင်တုံးတိုက်မှာ ကွယ်လွန်လားပါရေ။ သတိထား။ ယင်းအတွက် အေလောက် ကျေးဇူးသျင်ကြီးဖွင့်ခလို့ ကနိမြန်မာပြည်ကြီးလွတ်လပ်ရေးရနီစွာ။ ဆရာတော်ဦးဥတ္တမရုပ်ထုသည် ကမ္ဘာပေါ်မှာတက်လို့မဟိ။ ဦးဝိစာရကတော့ ရွှေတိဂုံဘုရားနောက်က ဟိလီပါယင့်။ သို့သော် ရခိုင်သားတိ ယင်းအချက်တိကို မသိလိုက်ကေ အာသျတိုက်ကိုအလင်းရောင်ပီးခရေဆရာတော်ကို အိန္ဒိယကထုတ်တေ အိန္ဒိယသမိုင်းကြီးမှာ အင်္ဂလိပ်ဘာသာနန့်ထုတ်တေစာအုပ်မှာ ရွီးထားပါရေ။ ဇာရွီးထားလေ။ ဘုရားရုပ်တော်ပိုင် ရွီးထားပါရေ (The Light of Asia) (အာသျှတိုက် အလင်းရောင်) လို့ ရွီးထားပါရေ။

ကနိ ရခိုင်သားရို့ရေ ကျွန်တော်ရို့အဖမဟိလို့ အေပိုင်ခံနီရရေ။ (ငါရို့၏ ကမ္ဘာကိုဂေါင်းဆောင်ပြီး ဖခင်ပြုလားခရေ ရခိုင့်ဂေါင်းဆောင်ကြီးကို အေနိ မမိခြင်းအားဖြင့် ငါရို့သည်အောင်မြင်အံ့) ဟူ၍ ပထမဆုံး ဆရာတော်ဦးဥတ္တမကို ဂါရ၀ပြုကတ်ပါ။ ကျေနပ်ကတ်ပါ။ ကျောက်တော်မြို့မှာကျခါ အေအချက်ကို လွမ်းလွမ်းဆွီးဆွီး တေးခြင်းချေတပုဒ် (၃) မိနစ်၊ (၃) စက္ကန့်လောက်လုပ်ပြီးကေ ဖွင့်ခပါရေ။ (အိုအသျှင်၊ ကျေးဇူးတော်အသျင်ဦးဥတ္တမ ရခိုင်သူရခိုင်သားရို့၏မြီးငယ်မြစ်ငယ်ရို့ကို အဂုအခါ ဇာဘုံဘ၀မှာပဲဖြစ်ဖြစ် တချက်ချေလာပြီး ကြည့်ပါ။ ကျွန်တော်ရို့ ဦးချပါ၏) လို့ ဦးချခပါရေ။ ဆရာတော် ဦးဥတ္တမအရုပ်နန့်တကွ ကျွန်တော်ရို့ဦးချစွာပါ။

(ဒုတိယပိုင်းပြီး၏)

ဆရာကြီးသည် မိန်းခွန်းဟောပြောရာ၌ ဆရာတော်ဦးဥတ္တမကဲ့သို့ မကြောက်မရွံ့ ပြတ်ပြတ်သားသား၊ ပွင့်ပွင့်လင်းလင်း ဟောပြောတတ်သဖြင့် (တစည) ပါတီမှ သူရဦးစောဖြူ၊ ဦးညီညီလွင်ရို့သည် သက်သီခံပစ္စည်းများနန့်အတူ မြန်မာတိုင်းမှူးထံမှာလည်းကောင်း၊ န၀တအကြီးအကဲရို့ထံမှာလည်းကောင်း အရေးယူဖမ်းဆီးရန် လားရောက်တိုင်ကြားကြသောကြောင့် စစ်တွေအကျဉ်းထောင်၌ ဤသို့ မသီသင့်ဘဲ လျင်မြန်စွာသီဆုံးလားရခြင်းဖြစ်ပါရေ။ ဆရာကြီးအား စာရွီးသူ ဤသို့ဂုဏ်ပြုအပ်ပါသည်။

အသျင်ဣန္ဒာစက္က
(ဗေဒင်နှင့်သမိုင်းသုတေသီ)
(၄။၆။၂၀၀၅)

(ရခိုင်ပြည်လွတ်လပ်ရေးစာစောင်မှ)
ဆရာကြီးဦးသာထွန်းမိန့်ခွန်း အပိုင်း (၁)

(ALD) ၏ နာယကကြီးလည်းဖြစ်၊ ရခိုင်မြန်မာပဏ္ဍိတ်ကြီးလည်းဖြစ်သော ဆရာကြီးဦးသာထွန်း၏သမိုင်းဝင်မိန့်ခွန်းများ (ပထမပိုင်း)

ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ ကျွန်တော်ထက်အသက်ကြီးရေပုဂ္ဂိုလ်များကို ရှိခိုးပါရေ။ ကျွန်တော်ထက်အသက်ငယ်ရေပုဂ္ဂိုလ်ရို့ကို ကျန်တော်အလေးအမြတ်ဂါရ၀ပြုပါရေ။ ကျန်တော်ပြောဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည် နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကိုပြောဖို့စွာပါ။ ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ ဦးစောမြအောင်က ပြောလားခပါယာ။ တနာရီကျော်လောက်ပြောလားခတောင်မှမ၀သိမ့်။ ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်စွာ ကကောင်းအများကြီးပါ။ ယကေ ပြောပြီးနားမလည်လိုက်ကေ ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့။ ထိုပုဂ္ဂိုလ်၏ဖွင့်ဆိုချက်တိကို တင်ပြပါဖို့။ ယင်းခါမှ ကျွန်တော်ရို့ရခိုင်သားတိ ဇာလုပ်ရဖို့လဲ နားလည်ကတ်ပါဖို့။ လုပ်ဖို့စွာမှာ ဇာနီရာကစရဖို့လဲ အရေးကြီးပါရေ။ ကွက်ကျော်ကေမှားပါလိမ္မည်။ ရခိုင်သားတိ ကွက်ကျော်တိကိုမြင်လာရပါလိမ္မည်။

နောက် အေလမ်းခရီးမှာ ဇာစူးငုတ်ခလုတ်တိက အတွင်းရန်၊ အပရန်လဲဆိုစွာ အာရုံစိုက်ပြီးကြည့်ရပါဖို့။ အေနိဥက္ကဌကြီးပြောလားခရေပိုင် တခြားတခြားသောလူမျိုးတိမှာ စုပေါင်းပြီး ဘုံရန်သူတည်းဟူသော (တစည) မဆလကိုတိုက်တေနီရာမှာ အင်အားအပြည့်နန့်တိုက်ရဖို့ဆိုစွာကိုသိထားရေအတွက် အင်အား နောင်းနီကတ်ပါဗျာ။ ကျန်တော်ရို့ရခိုင်သားတိမှာကြည့်လိုက်တေခါ အင်အားက ထထွတ်ကြီးကြီနီပါရေ။ ကကောင်းဝမ်းနည်းဖို့ကောင်းပါရေ။ ဂေါင်းဆောင်တိကလည်း ပြောခီကေ သတိရရေဆိုပါရေ။ ဆိုရေခါ ရခိုင်သားမှာ မျက်စိမဟိပါ။

ကျန်တော်ရို့ရခိုင်သားတိမှာ ခံနီရစွာဇာကြောင့်လဲ။ တဦးတည်းတယောက်တည်းကောင်းစားရေးကို မ၀သိမ့်ရေဂေါင်းဆောင်တိက တခုလည်းမလိမ္မာမသိနားမလည်ရေရခိုင်ပြည်သူတိကို အမျိုးမျိုးလိမ်စား၊ ၀ါစားနီကတ်တေအတွက် ကျန်တော်ရို့ရခိုင်ပြည်ကြီးပြိုဖို့ကြံနီပါရေ။ ယေဇုနန့် ဥက္ကဌကြီး မိန့်ခွန်းပြောလားခရေပိုင် ကမ္ဘာ့အလယ်မှာ ကကောင်းရှက်ဖို့ကောင်းနီပါဗျာ။ ယေကေလဲ့ သူရို့လူတစု ပျော်တုန်းပါ။ ယင်းကိစ္စကိုသတိထားဖို့ ပြောလိုပါရေ။ ဆိုရေခါ ကျန်တော်ရို့ဗုဒ္ဓဘာသာရခိုင်လူမျိုးစွာ ဘုရားဟောဒေသနာတော်နန့် သီလကိုစောင့်ရေအတွက် ရခိုင်လို့ခေါ်ပါရေ။ အမျိုးနန့်သီလကို ကနိမစောင့်ကေ ကနိရခိုင်မခေါ်ပါဗျာ။ (ကပျက်) လို့တောင်ခေါ်ဖို့မရ။ မျိုးဖျက်အဆိုးလို့ခေါ်ရပါဖို့။ ယင်းအတွက်နန့် ကျန်တော်ရို့ သတိထားပြီးကေ လူတစိချေကျန်စွာက လားကတ်ရဖို့စွာပါ။ ပထမ ယင်းအကြောင်းကိုမပြောခင် ကျွန်တော်ပြောပါဦးမည်။ ရခိုင်ပြည်လားဖို့အင်အားကို ကြည့်လိုက်တေခါ တော်တော်ခိုင်ခိုင်ခန့်ခန့်နန့် လားကတ်ရပါဖို့။ ဇာဖြစ်လို့လဲ၊ ကနိလူဦးရေကိုကြည့်လိုက်တေခါ (၂ ဒသမ ၀၆) သန်းဟိပါရေ။ ယင်းအထဲမှာ စပါးကြီးမျိုရေပိုင် အမျိုးမျိုးသောနည်းလမ်းနန့်ဝင်လို့ ဘူးသီးတောင်၊ မောင်တောကျလားခပါယာ။

ယင်းအထဲမှာ ဘလောက်ပါရေလဲဆိုခါ တဒင်္ဂမသန်မန်လူမျိုးတိ ရိုဟင်ဂျာဆိုပြီး ဟိတ်ဟောနီပါရေ။ ရိုဟင်ဂျာလို့ ရခိုင်ပြည်မှာမဟိမှတ်ထားပါ။ ယင်းအချက်ကိုကြည့်ကေ ဇာဖြစ်လို့လဲ။ မျိုလားခလို့။ ဖြစ်တေနည်းနန့်မျိုရေ။ ခြောက်လို့ခြိမ်းလို့မျိုရေ။ ငွေနန့်ပေါက်လို့မျိုရေ။ ကနိဘူးသီးတောင် မောင်တောရောက်ကေ ဥက္ကဌကြီးဦးစောမြအောင်ပြောရေပိုင် နက်ဖန်ခါ ကုလားတန်ကိုရောက်ဖို့။ ရခိုင်သားရို့ အရာ (၅) နှစ်အတွင်းမှာ ကျောက်ဖြူမြို့တဖက် ရခိုင်ရိုးမကိုကျော်လို့ ပြီးဖို့ပျင်ထားကတ်ဖိ။ မိမိယော့ယော့နန့် (ငါရို့နိုင်ငံရေးလုပ်ဖို့မဆိုင်၊ ထမင်းတဆုပ်စားနီရစွာအဖမ်းခံရဖို့။ ငါရို့နန့်နိုင်ငံရေးဇာဆိုင်လဲ) လုပ်နီကေတော့ ရခိုင်သားရို့ ပြီးဖို့ပျင်ထားကတ်ဖိ။ အရာမပြောလိုပါယာ။

ကျွန်တော်ပြောရဖို့စကားပပြောင့်ပါ။ ၁၁၄၆ ခု ဘိုးတော်မောင်ဝိုင်း ရခိုင်ကိုသိမ်းရေနိကပင် ကနိမှာ (၂၀၅) နှစ်ပြည့်ပါဖို့။ ကျွန်သားပေါက်ဖြစ်တေ (၂၀၅) နှစ်ကာလမှာ ကျွန်စိတ်ပေါက်နီကတ်တေ။ ရခိုင်သားတိ ကနိ တဒင်္ဂလူမျိုးတိကိုမှီလို့ ကြီးပွားနီရေအတွက် ယင်းအတိုင်းလားဖို့ကြံနီကတ်ပါရေ။ ကနိ ယင်းအခြေအနေမဟုတ်ပါ။ သတိထားကတ်ပါ။ (၂၀၅) နှစ်မျိုသိပ်ထားရေစကားကို ကျွန်တော်ကနိဖွင့်ပါဖို့။ ကျောက်တော်၊ စစ်တွေမှာဖွင့်ခပါဗျာ။ ဇာဖြစ်လို့ဖွင့်ရဖို့လဲ။ ကိုယ့်အမျိုးသားအတွက် ကျွန်တော်ရို့ ဂုလောက်အသက်အရွယ် (၇၄-၇၅) ဖြစ်နီဗျာ။ မတန်ကေလဲ့ ရခိုင်တိမသိရေအတွက် အေပိုင်ဒုက္ခခံလို့ မဖွင့်ခကေ သမိုင်း<ကီးဆပ်လို့ကုန်ဖို့မဟုတ်။ လူမျိုးအတွက် ဒေ၀ါကြီးတိထွက်လို့ လားနီကတ်စွာပါ။ ကျွန်တော်နန့် တခြားပါလာကတ်တေပုဂ္ဂိုလ်တိအားလုံး ၀ါကြီးတိပါ။ ထိုင်နီဖို့တန်ရေအချိန်မှာ မထိုင်ဘဲနန့် ဇာဖြစ်လို့လားနီကတ်တေလဲ။ အယင်က အဖျက်သမားပါတီတိက ဇာပြောလဲ။ (၀ါကြီးတိရာလုပ်ဖို့ တက်လာကတ်တေ) လို့ပြောပါရေ။ ကျွန်တော်မပြောချင်ပါ။ အဂုရခိုင်ပြည်မှာ ဇာဖြစ်နီလဲဆိုခါ ကျွန်တော်ရို့ရခိုင်ပြည်သည် သျှမ်းပြည်၊ ချင်း၊ ကရင်၊ ကယား၊ မွန်နှင့်မတူပါ။ အနောက်ဖက်က စပါးကြီးတကောင်မျိုနီပါရေ။ ဒေအထဲမှာ မျိုးဖျက်တိ ကွဲအောင်ဖျက်နီရေ။ အေပိုင် ကိုင်ဖို့မရအောင် ဖြစ်နီစွာကို ကုဖို့လာစွာပါ။ သတိထားကတ်ပါ။

ဆိုခါ ကနိ ဥက္ကဌကြီိးဦးစောမြအောင်ပြောခရေပိုင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို စဖွဲ့ရေနိကပင် ဇာလောက်ရောက်ပျာလဲဆိုခါ မနှစ်ကစဖွဲ့စွာ အဂု တနှစ်နန့် (၃-၄) လရောက်ပါယာ။ သျမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်စရေ တခြားတခြားသောလူမျိုးတိမှာ ကကောင်းနောင်းလားပါယာ။ သူရို့တိမှာ တဖွဲ့နှစ်ဖွဲ့ရာဟိရေ။ ရခိုင်မှာ ပါတီဘလောက်ဟိရေလဲ။ (၁၅၅) ဖွဲ့။ ဘလောက်ကြောက်ဖို့ကောင်းပါရေလဲ။ လူကိုကြည့်ကေ (၂) သန်းနန့် (၆) သိန်း။ ကုလား (၈) သိန်းဟိရေ။ ကျန်စွာအားလုံး ရခိုင်မဟုတ်သိမ့်။ မာရမာကြီးတမျိုးပါရေ၊ ချင်းပါရေ။ မြိုပါရေ။ ခမီးပါရေ။ ယင်းအထဲမှာ ကမန်ဆိုရေလူမျိုးတမျိုးပါသိမ့်ရေ။ ဒိုင်းနက်ပါရေ။ သက်ပါရေ။ တခြားတခြား ကုလား၊ တရုတ်၊ တရုတ်ကပျက်၊ ဗမာပါရေ။ ယေခါ ရခိုင်သားတိက အေလောက်လူနှုတ်လိုက်ကေ ဘလောက်ကျန်ဖို့လဲ။ ရခိုင်သားတိထဲက အေလောက် ကျန်စွာတိထဲက တဆယ်နန့်သျစ်သိန်းခွဲနှုတ်လိုက်ကေ ဇာကျန်ဖို့လဲ။ နင်းပြားဖြစ်နီကတ်ဖိ။ တခုလဲမလိုပါဗျာ။ မပြောလိုပါယာ။

ယလောက်စွာကိုဖျက်လို့ မဟောသထာပြဿနာပိုင် အမျိုးမျိုးဖြစ်နီရေ။ တချို့ပါတီတိကလူတိ ရွာတိုင်းဆင်းပြီးကေ အေက မိခင်ရခိုင်လူမျိုးစစ်စစ်ကို ဘေးဖယ်ထားကတ်တေ။ မဟောသထာ ပြဿနာကိုကြည့်ပါ။ ကျန်ရေ ပြည်ဖျက်သစ္စာဖောက်တိက ဘီလူးမကိုအစွယ်ဖြတ်တေပိုင် ဖြစ်နီကတ်တေ။ သတိထားကတ်ပါ။ ကျန်တော် မြောက်ဦးမြို့နယ်ကလာပြီးကေ အကြောင်းကြောင်းကြောင့် ကျောက်တော်မြို့နယ် မဲဆန္ဒအမှတ် (၂) ကို ရောက်လားခပါရေ။ ကျန်တော် ကျောက်တော်မြို့ကို စထွက်တေလောက်ကပင် ကျန်တော်ရို့မရောက်ဖူးရေရွာတိ ကကောင်းအများကြီးပါ။ ဇာပိုင်ပျင်လို့ စည်းရုံးကတ်ဖို့လဲ။ ကျောက်တော်မြို့အကြောင်းပြောရကတ်ဖို့ဆိုကေ ကျောက်တော်မြို့မှာ ရွာပေါင်း (၃၃၅) ရွာဟိပါရေ။ ကျန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ့်ဖေသာနန့်ကိုယ် ထူထောင်ထားရေအတွက် လားဖို့စားစရိတ်၊ ဘုတ်စရိတ် မတတ်နိုင်ပါ။ ခြီကြောင်းလားရပါရေ။ ကျောက်တော်မှာ ရံပုံငွေထည့်မည့်သူဟိပြီးကေ မြောက်ဦးမှာ ဒင်္ဂါး (၁၀၀၊ ၂၀၀) ထည့်မည့်သူမပေါ်။ ထည့်မည့်သူတချို့လည်း ဟိကောင်းဟိပါလိမ္မည်။ ယကေ ဇာနန့်အလုပ်လုပ်ပါဖို့။ ယင်းအတွက်နန့် မြောက်ဦးမြို့ညံ့လားပါရေ။ ကျောက်တော်မြို့မှာ ကျွန်တော်လာရေခါ ကကောင်းများကြီးတွိရပါရေ။ (တစည) ပါတီ သူတောင်းစားအလှူခံပိုင် ရံပုံငွေတိလျံလားပါယာ။ ကကောင်းရလားပါယာ။

ယေခါ ကျွန်တော်ရို့အချေတရွီ ကိုယ့်စွာကိုယ်စားပြီးကေ အငတ်ခံနီလို့ အေအနီထားရောက်စွာ။ ရခိုင်ပြည်မြောက်ပိုင်း ကျောက်ဖြူ၊ တောင်ကုတ် သူရို့ပါတီ သံမဏိပိုင်နောင်းနီယာ။ ကျောက်တော်နယ်မှာ ကျန်တော်တရားဟောခါ ရွာလိုက်လာပါရေ။ မြောက်ဦးမြို့ကရောက်လာဝေးဆိုခါ မရောက်ပါ။ ကျန်တော်စိတ်ညစ်ပါရေ။ အဂုနားက ဥက္ကဌကြီးဦးစောမြအောင် အခြားလူမျိုးစုတိနန့်ယှဉ်ပြိုင်ခါ စိတ်ညစ်ရေပိုင် ရခိုင်ပြည် (၁၇) မြို့နယ် အရပ်ရပ်အမြို့မြို့၊ အနယ်နယ်ကို ပါတီတာဝန်နန့်စည်းရုံးရေခါ ပုဏ္ဏားကျန်းမှာ ခရမ်းတောင်ကိုရောက်ခီပါရေ။ ကျွန်တော်မြောက်ဦးမြို့သားအနီနန့် မြောက်ဦးမှာဖြစ်ရစွာကို အားလည်းငယ်၊ ရှက်လည်းရှက်ပါရေ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ တောင်ပိုင်းမှာ အားလုံးဝင်လားခယာ။ ရခိုင်သားဆိုစွာ တခါဝင်ကေ ပြန်ထွက်ဖို့မလွယ်။ ရှက်တတ်တေ။ ယင်းအတွက်နန့် ရခိုင်ပြည်နယ်အတွင်း (၁၇) မြို့နယ် ကတောက်ကရောက်လုပ်နီကတ်တေအထဲမှာ သူရို့မှာ ရမ်းဗြဲမြို့နယ်က ဇာပိုင်လူတိပါလဲကြည့်ပါ။ ကျွန်တော်ရို့မှာလဲ မပါစွာမဟုတ်။ ပါပါရေ။ မြောက်ဦးမြို့ ဇာဖြစ်နီရေလဲ။ ကိုယ့်မြို့ကို အပြစ်တင်စွာပါ။ အေအတိုင်းဖြစ်နီကေ ကျွန်တော်ရို့မြောက်ဦးမြို့ နောက်ဆုံးကျဖို့။ ယေကေလဲ့ ဟောပြောပုံဟောပြောနည်း လိုပါသိမ့်ရေ။ ထိုကထိုးနှက်ချက်တိကို မိမ္မရန်ဖြစ်နီစွာထက် ဖြေယှင်းပစ်စွာက ကောင်းပါရေ။

ယင်းထိုးနှက်ချက်တိကိုမဖြေယှင်းကေ ဖြီလို့မပြီပါဗျာယ်။ ယင်းအတွက်နန့် ကျွန်တော်ပြောဖို့စွာက ကနိ ကျွန်တော်ရို့ဇာလုပ်ဖို့လဲဆိုခါ အေနိနိုင်ငံရေးမဟုတ်ပါသိမ့်။ နိုင်ငံရေးအတွက်စည်းရုံးရေးပါ။ ဥက္ကဌကြီးမိန့်ခွန်းမှာပါရေပိုင် စည်းရုံးရေးကဏ္ဍမှာ စည်းရုံးရေးမအောင်မြင်ကေ အဂု (၁၀) တန်းစာမိန်းပွဲဖြေရေပိုင် စာမိန်းပွဲမှာစာမရကေ စာမအောင်လိုက်ကေ ဂေဇက်ထွက်ခါ ကိုယ့်နာမည်မပါ။ ယင်းအတွက်နန့် ကျွန်တော်ရို့သည် စည်းရုံးရေးမှာ စည်းရုံးရေးကို အောင်မြင်အောင်လုပ်ရပါဖို့။ အလားတူ ကျောင်းသားမှာလည်း စာမိန်းပွဲမစစ်ခင် စာရအောင်ဖတ်ရပါဖို့။ ဖတ်ရုံလား။ ဘာသာတိုင်း၌ နားလည်အောင်လေ့ကျင့်ရဖို့။ ယင်းနည်းတူစွာ မြောက်ဦးမြို့မှာ စည်းရုံးရေးဆိုစွာ ဇာပိုင် ဇာဘာသာနန့်လားဖို့လဲ။ ဇာပိုင်လားဖို့လဲဆိုစွာမသိလို့ ကကောင်းစိတ်ဓါတ်ကျပါရေ။ တခြားတခြားမြို့နယ် စည်းရုံးရေးနံပါတ် (၁-၂) အထဲက တက်တက်ကြွကြွမြင်ရလို့ ၀မ်းသာပါရေ။ ဆိုင်းဘုတ်ကြီးတင်လို့ တဟဲဟဲနန့်လူစုနီလို့ နောက်ဆုံးဂဇက်ထွက်ခါမပါကေ လားဗျာလို့မှတ်။ ယေကေ ဇာပိုင်လုပ်ရဖို့လဲဆိုခါ အေနိစည်းရုံးရေးအချိန်။ စည်းရုံးရေးအချိန်မှာ ဇာလုပ်ဖို့လဲ။ စည်းရုံးရေးလုပ်ရဖို့။ လုပ်ခါ ဇာမူနန့်ဟောဖို့လဲ။

စည်းရုံးရေးမှာ လူထုစိတ်ပါလာအောင် အချက်ကြီးလေးချက်ဟိပါရေ။ အဂုသေနားက ဥက္ကဌကြီးပြောရေပိုင် (၁) တန်းတူရေး။ (၂) ဒီမိုကရေစီစစ်မှန်ရေး။ (၃) မူမှန်ရေး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မူမှန်ဖို့လည်း အရေးကြီးပါရေ။ မူမမှန်ကေမကြိုက်။ ယင်းမူချထားစွာကိုသုံးသပ်ဆောင်ရွက်ဖို့။ (၄) လူမှန်ရေးလို့ (၄) ချက်ဟိပါရေ။ ယင်းလေးချက်မှာ ရခိုင်ရိုးမတဖက်က (၁၇) မြို့နယ်၊ ရန်ကုန်တမြို့နယ်၊ (၁၈) မြို့နယ်ထဲမှာ ရခိုင်အမျိုးသားကိုယ်စားလှယ်ရို့သည် ဘဇောင်ပိုင်ပုဂ္ဂိုလ်တိပါရေလဲ ရွီးချယ်လို့တင်ပြထားစွာ ဖတ်ကြည့်ကတ်ပါ။ ပါပါယင့်။ ယင်းအချက်မှာ မိုးဦးကျငပြီတက်တေပိုင် (သူတက်ဖို့၊ ငါတက်ဖို့) ဖြစ်နီကတ်တေခါ ရခိုင်ပြည်နယ်မှာ (၂၆) နီမှာ (၁၅၅) ယောက်ဆိုခါ ကျွန်တော်ရင်ဖတ်ဆို့ပါဗျာ။ နိုင်ဖို့လား ယင်းသူရို့မနိုင်။ မနိုင်ကေဇာပျင်ဖို့။ မဲဖျက်ကတ်ကေ အေကလျော့ဖို့။ လျော့ကေ ကျားသီအသက်ဝင်ဗျာ ကိုက်ဖို့။ ကျားသီအသက်ဝင်ကိုက်ကေ အေလူတိ တကောင်လဲမကျန်ပါဗျာလို့မှတ်။ ကောင်နန့်သုံးစွာ ကျွန်တော်လည်းပါပါရေ။ အားမရလို့ပြောစွာပါ။ ယင်းအတွက်နန့် ယင်းစခန်းကို ကျွန်တော်ရို့ နနောင်းလားကတ်ရပါဖို့။

ကျွန်တော်ရို့သည် တန်းတူရေးကို ဥက္ကဌကြီးပါးစကထွက်လားခရေပိုင် (သျမ်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်) လူမျိုး (၇) မျိုးသည် (၄၂) နှစ်တာကာလပတ်လုံး လွတ်လပ်စွာတန်းတူမရခလို့ ပြောက်ကျားလည်းမကန်၊ ပြည်သူလည်းနှိပ်စက်ခံလို့ တတုတ်သီဗျာ။ ကိုယ်တွိပါ။ ထိုခါ တနားက ဥက္ကဌကြီးပြောခရေပိုင်ပါ သဘောပေါက်ပါလိမ္မည်။ ကျွန်တော်ရို့လည်း သဘောပေါက်ပါရေ။ ရခိုင်နန့်တကွ ကျန်လူမျိုး (၆) မျိုးက သဘောပေါက်သောကြောင့် ရခိုင်သည် ဘဇောင်ဥာဏ်နန့် ဘဇောင်ပိုင်ပျင်နီလဲဆိုခါ ရိုသေမှုမဟိ။ ကိုယ်ရို့မှာ ခြံပြိုလို့။ အခုခြံပြိုစွာကို ပျင်ဖို့စွာပါ။ လုပ်နိုင်ကေလုပ်၊ ကြားမှာ (၁) လခွဲရာ ဟိယာ။ နောက်စည်းရုံးကေရယင့်။ အဂုဆင်းခီကေအဂုရယင့်။ ချက်ပြီးသားထမင်းကိုစားဖို့လားစွာယာလို့ မထင်ပါကဲ့။ မြောက်ဦးမြို့ကို အကြိမ်ကြိမ်ကျန်တော်ပြောလိုပါရေ။ ကိုယ့်လူလို့မှတ်လာ။ မလွယ်ပါ။ လေးမြို့ချောင်း တချောင်းနန့်အစပိုင်း ဒေဖက်ပိုင်း။ ယင်းအတွက်နန့် ကကောင်းသတိထားရပါဖို့။ တခြားတခြားမြို့တိမှာ ၀မ်းမြောက်လို့ လက်ခုပ်တီးနီကတ်ပါယာ။ မြောက်ဦးမြို့မှာ မဆင်းရပါသိမ့်လတ်။

ဇာအချိန်စည်းရုံးဖို့စိတ်ကူးရေလဲ။ အဂုသေနားကစကားကို ပြန်စပါဖို့။ အေမှာ ညီမျရေး၊ တန်းတူရေး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံကိုလားခီရေ။ လူမျိုးခြောက်မျိုးကိုစည်းရုံးရေ။ ယင်းတိုင်းရင်းသား လူမျိုးတိထဲမှာ ရခိုင်မပါလို့ ရခိုင်ပြည်ကိုချန်လှပ်ထားခရေ။ သူရို့ မြောက်ဦးမှာ ကျွန်တော်ရို့နန့်တွိလို့ ပြောလို့ဟိပါရေ။ ထိုပုဂ္ဂိုလ်သီလားရေခါ မရလိုက်ပါယာ။ တန်းတူရေးကို ကိုင်ခစွာပါ။ တဒင်္ဂလူမျိုးကို ကိုင်စွာမဟုတ်။ ရလတ်တေခါ (၄၂) နှစ်ကာလပတ်လုံး ရိုးမတောင်ထိုဖက် ရန်ကုန်ကိုလားကေ မြင်ပါလိမ္မည်။ မှန်ကြည့်ဖို့ရရေလမ်းတိ။ တိုက်တကတိုက် တာတကတာ၊ အလုပ်ရုံကြီးတိ၊ စက်ရုံကြီးတိ ဟိန်းလို့။ ဒေဖက်ကိုကျော်ကေ၊ ပြာပြာဟဟောက် ကျွန်းရွာချေတရွာဖြစ်နီရေ။ (၄၂) နှစ် လွတ်လပ်ရေးရစွာ အသူခံစားရေလဲကြည့်လိုက်ပါ။ မျက်စိဖွင့်ကြည့်လိုက်ပါ။

(ပထမပိုင်းပြီး၏)

အသျင်ဣန္ဒာစက္က
ဗေဒင်နှင့်သမိုင်းသုတေသီ
(6/2/2005)

စာရွီးသူကိုယ်တော် အသျင်ဣန္ဒာစက္ကသည် ရခိုင်မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်းဟောပြောခသော တိတ်ခွေတိကို အခက်အခဲအမျိုးမျိုးကြားထဲက ရခိုင်ပြည်ကမှာယူပြီး တိတိကျကျမှန်မှန်ကန်ကန် ထုတ်နှုတ်ကူးယူကာ ဆရာကြီးကိုဂုဏ်ပြုလို၍၄င်း၊ ကျေးဇူးဆပ်ဖို့ကို သိတတ်သူတယောက်အဖြစ်၎င်း၊ ဤဟောပြောချက်ပထမပိုင်းကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပါသည်။ နောက်စာစောင်တိမှာ (ဒု၊ တ) ပိုင်းကိုပါ ဆက်လက်ဖော်ပြလားပါမည်။

(ရခိုင်ပြည်လွတ်လပ်ရေးစာစောင်မှ)
ရခိုင်တော်လှန်ရေးနိဒါန်း (ဒုတိယပိုင်း)

မြန်မာမြို့ဝန် ငလှရာဇာ (ခေါ်) ငကျော်လှသည် နှစ်နှစ်ခန့်ကြာသော် ရာထူးမှပြုတ်ကျပြန်ပါ၏။ မြန်မာငစိန်ဘူးသည် ငလှကျော်ထင်နာမည်ကိုခံ၍ ရခိုင်သက္ကရာဇ် (၁၁၅၆) ခု နတ်တော်လတွင် ရခိုင်နိုင်ငံ မြောက်ဦးမြို့တွင် ၀န်ပြုပြန်၏။ ထို့အပြင် ဘိုးတော်င၀ိုင်းလည်း မင်းကွန်းစေတီတည်ရန် ရခိုင်လူမျိုးနှစ်ထောင်ပီးရမည်ဟု တောင်းလာပြန်၏။ ရခိုင်နိုင်ငံတ၀ှမ်း လေးမြို့၊ မြောက်ဦး၊ သံတွဲ၊ ရမ်းပြည်။ မာန်အောင်ရို့မှ အုတ်ဖုတ်ရန်အတွက် လူပေါင်းနှစ်ထောင်ကို စုရုံးကောက်ခံလာသောကြောင့် မခံမရပ်နိုင်သော ရခိုင်ပြည်သူပြည်သားရို့သည် လက်ယာမြန်ရွာအုပ် ဗိုလ်ထုံးစံ၊ ဗိုလ်ကောစွေ၊ င်္ဒဂါးတောင်စား ဗိုလ်တုံးစံရွှေရို့၏ ဦးထောင်မှုကိုခံယူက ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တန်းဆောင်ဘုန်းလဆန်း င်္အဂါနိတွင် မြန်မာကျူးကျော်သူရို့အား ထပ်မံတော်လှန်ပါသည်။

မြို့စောင့်မြန်မာတပ်ရို့လည်း ရခိုင်ရို့၏တော်လှန်မှုကိုတိုက်ဖျက်ရန် သူရဲလက်နက်များစွာနှင့် မြို့သူကြီးငသံတွေ၏သား စိုင်းတင်စားဗိုလ်ချင်းပြန်ကို စေလွှတ်လိုက်၏။ မယူကမ်းအောင်တပ်သို့ရောက်လျင် သစ္စာစောင့်သိသော ဗိုလ်ချင်းပြန်သည် မြန်မာမြို့ဝန် သီရိငကျော်ထင်နှင့် အခွန်စာရွီး ဇေယျငကျော်ရို့အား အစတုန်းသတ်ပစ်လိုက်၏။ ဗိုလ်ချင်းပြန်သည် အောင်တပ်အရပ်က စတင်တော်လှန်၍ လက်ရုံးဗိုလ်နှင့်ပူးပေါင်းကာ မယူကမ်းအောင်တပ်တွင် တပ်တည်၍နီ၏။ ရခိုင်နိုင်ငံ သံတွဲမြို့ကို ကျူးကျော်အုပ်ချုပ်နီသော မြန်မာကျော်ထင် ငသီဟသည် ဤသတင်းကိုကြားသောအခါ ရဲမက်ဗိုလ်ပါအပေါင်းဖြင့် မြောက်ဦးသို့ချီလာ၍ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့ဝန်ရို့အား ဗိုလ်ချင်းပြန်အားတိုက်ခိုက်ရန် မယူကမ်းသို့ ချီတက်ခိုင်း၏။

ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် ပြာသိုလတွင် မယူကမ်းကျွဲရိုင်းခုံ၌ တပ်တည်၍နီသော ရခိုင်ဂေါင်းဆောင်ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံအမှုးပြုသော ရခိုင်တပ်များနှင့် ကျူးကျော်လာသော မြန်မာတပ်ရို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ရို့တပ်သည် အနောက်စစ်တကောင်းနယ်သို့ ဆုတ်ခွာပီးရ၏။ မြန်မာတပ်ရို့သည် နောက်ထပ်လိုက်၍ ပင်းဝါဂေါ်တောပလ’င်တွင် တပ်တည်လာ၏။ ထိုအကြောင်းကို စစ်တကောင်း အင်္ဂလိပ်မြို့ဝန်ကြားသော် အင်္ဂလိပ်စစ်တပ်အားချီတက်ခိုင်း၍ ဂေါ်တောပလ’င်တွင် တပ်ပြိုင်ချထား၏။ ထိုအကြောင်းကို ဘိုးတောင်င၀ိုင်းကြားသောအခါ ပင်းတလဲငဗိုလ်ကို တောင်ကြောင်းခရီး၊ အရှိဝင်းမှုးငတာကို ရီကြောင်းခရီး၊ အသီးသီးလွှတ်၍ အင်အားဖြည့်တင်းလာပြန်၏။

ရခိုင်သို့ရောက်သောအခါ မြန်မာကျူးကျော်သူများသည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်ကောစွေ၊ ဗိုလ်တုံးစံရွှေရို့အားဖမ်းပီးရန် အင်္ဂလိပ်အစိုးရထံ တောင်းခံ၏။ အင်္ဂလိပ်ကမပီးဘဲငြင်းဆန်သောအခါ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တပိုးထွဲလပြည့်နိတွင် မြန်မာကျူးကျော်တပ်နှင့် အင်္ဂလိပ်တပ်ရို့စစ်ဖြစ်ပွား၏။ အင်္ဂလိပ်ဖက်မှ အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးကျဆုံး၍ ကုလားစစ်သည် (၁၀၀) ကျော် သီဆုံး၏။ ကျူးကျော်သူမြန်မာတပ်ရို့သည် ဗိုလ်ချင်းပြန်၏တော်လှန်မှုကိုအကြောင်းပြု၍ ရခိုင်နိုင်ငံအ၀ှမ်း ရခိုင်သားအမြောက်အမြားကို သတ်ပစ်လိုက်၏။

ဤသည်မှာ ရခိုင်သက္ကရာဇ် (၁၁၅၇) ခုနှစ်မှ (၁၁၆၀) ပြည့်နှစ်အထိ ဒုတိယပိုင်း ရခိုင်တော်လှန်ရေးနိဒါန်း စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ ပထမအကြိမ် မြန်မာတော်လှန်ရေးဖြစ်သည်။

(တတိယပိုင်းဆက်ရန်)
ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း)

ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း စိုင်းတင်မြို့စားရခိုင်ဗိုလ်ချင်းပြန်၏ဒုတိယအကြိမ်မြန်မာတော်လှန်ရေး

မြန်မာရို့သည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်တုံးစံရွှေ၊ အရှိဝင်းမှူး၊ လက်ဝဲမြန်ဖောင်သာရို့အားဖမ်းဆီးပီးရန် အင်္ဂလိပ်အစိုရထံ အကြိမ်ကြိမ်တောင်းဆို၏။ အိန္ဒိယတိုင်းမင်းကြီးလည်း အကောက်ဝန်ဧရကောက်ကိုသံပြု၍ မြန်မာဝန်များဖြစ်ကြသော ကျော်ထင်ငသီဟ၊ ရမ်းပြည့်ဝန် ငလယ်ကိုင်းစား၊ မာန်အောင်ဝန်ရို့နှင့် ရခိုင်သက္ကရာဇ် (၁၁၆၁) ခု နတ်တော်လတွင် မြောက်ဦးမြို့ ဗားဗူတောင်ထိပ်၌ မျက်နှာစုံညီစည်းဝေး၏။

သက္ကရာဇ ၁၁၆၈ ခု နံယုန်လတွင် ယိုးဒယားထိုင်းနိုင်ငံသို့ စစ်တိုက်ရန် ရခိုင်လေးမြို့တွင်နီသောလူပေါင်းများစွာကို မြန်မာရို့သည် အတင်းအဓမ္မသိမ်းရုံးဆောင်ယူလား၏။ ဗိုလ်ချင်းပြန်သည် စစ်တကောင်းနယ်မှယှောင်ထွက်လာပြီးလျှင် များစွာသောသူရဲအပေါင်းနှင့် နတ်မြစ်လက်ယာဖက်၌အစောင့်ချထားသော မြန်မာတပ်မှူးမုံတောစားကို ခြီမှုန်းပြီးလျှင် မယူကမ်းအောင်တပ်၌ အောင်တပ်တည်၍နီ၏။

သက္ကရာဇ် ၁၁၇၃ ခု ကဆုန်လတွင် မြောက်ဦးမြို့ကို အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၍ မြန်မာကျူးကျော်သူများထံမှ ပြန်လည်သိမ်းပိုက်လိုက်၏။ ဤသည်ကိုကြားလျှင် မာန်အောင်၊ ရမ်းပြည်၌တပ်စွဲထားသော မြန်မာတပ်များ လာ၍တိုက်ခိုက်၏။ ဗိုလ်ချင်းပြန်၏တပ်များသည် လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာကာ ဆည်တိုင်ကန်တွင် တပ်တည်၍နီ၏။

မာန်အောင်ဝန် ငရန်တိုင်၊ ရမ်းပြည့်ဝန် လက်ယာစည်သူ ငနော်ရထာ၊ သံတွဲဝန်ငရွှေပန်းစသော မြန်မာကျူးကျော်သူများသည် ဗိုလ်ချင်းပြန်တပ်စွဲရာသို့ လာ၍တိုက်၏။ သို့သော် မာန်အောင်ဝန်အစဟိသော မြန်မာကျူးကျော်သူများသည် တယောက်မကျန် ခြီမှုန်းခြင်းခံရ၏။ ထိုအခါ မြန်မာတပ်မှူး ဗိုလ်မှူးရို့သည် ရှိဆက်မတိုက်ဝံ့ဘဲ ကြောက်ရွံ့ကာ လောင်းကိုပစ်၍ ကုန်းကြောင်းထွက်ပြီးကြကုန်၏။

မြန်မာငရွှေပန်း၊ ရမ်းပြည့်မြန်မာဝန် လက်ယာစည်သူ ငနော်ရထာရို့သည် သူရဲဘောကြောင်စွာ ထွက်ပြီးကြကုန်၏။ ထိုအခါ ဗိုလ်ချင်းပြန်နှင့် လက်ရုံးဗိုလ်ရို့သည် မြန်မာလူမျိုးအများအပြားကိုသတ်၍ လက်နက်အမြောက်အများကို သိမ်းပိုက်ရယူလိုက်၏။ ဗိုလ်ချင်းပြန်လည်း ဗိုလ်ချုပ်မျက်တောင်ရှည်ကို နန္ဒိသေနဗန္ဓုလဘွဲ့အပ်နှင်း၍ စစ်သူကြီးအရာ ပီးသနားတော်မူ၏။ ဗိုလ်ချင်းပြန်။ လက်ရုံးဗိုလ်၊ ဗိုလ်ချုပ်မျက်တောင်ရှည်ရို့ဦးဆောင်သော ရခိုင်တပ်ရို့သည် ဆက်လက်ချီတက်ကာ ရမ်းပြည့်၊ မာန်အောင်၊ သံတွဲနယ်အားလုံးကို မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။

ရခိုင်နိုင်ငံတော်၏ပြည်မဖက်တွင် ဗိုလ်ချင်းပြန်သည် လက်ယာမြန်အရပ်၌ ပလက်စားဗိုလ်စံ၊ တပ်မှူးဗိုလ်မောင်ရွှေရို့ကို၎င်း၊ ငရကောက်အရပ်၌ နောင်တော်လေးမြို့စားကျော်အောင်ကို၎င်း၊ ရွှေနတ်ပင်အရပ်၌ ဗိုလ်အောင်ကျော်ရွှေကို၎င်း၊ လောင်းကြက်မြို့ဟောင်း၌ ဗိုလ်စော်ကဲ၊ တပ်မှူးသောက်ကြာအောင်ကို၎င်း၊ ရန်းဝမြစ်က ဗိုလ်နန်းရွှေ၊ တပ်မှူးသာရကန္တ၊ ဗိုလ်တိုးအောင်ကျော်ရို့ကို၎င်း၊ ခုနှစ်ခရိုင်တောင်စိုင်တွင် မြန်မာရို့လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို၊ တပ်မှူးညိုရောင်ဖြူရို့အား အသီးသီးတပ်စောင့်ချထား၏။

ဤသို့အသီးသီးတပ်စောင့်ချထားပြီး ဗိုလ်ချင်းပြန်သည် ဂစ္ဆပနဒီမြန်အနောက်ဖက်ကမ်း ရိုးငူအရပ်၌ တပ်စီးတပ်နင်းပြု၍နီသည်ကို ဘိုးတော်င၀ိုင်းကြားသောအခါ ရခိုင်နိုင်ငံတော်တွင်ကျန်ဟိနီသော အကြွင်းအကျန်မြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် ငလှစည်သူကို စေလွှတ်လိုက်၏။ ထိုနှစ်တွင် ဗိုလ်ချုပ်မျက်တောင်ရှည်၊ လမ္မုစားရို့ဦးစီးသော ရခိုင်တပ်များနှင့် ရမ်းပြည့်မြို့တွင်ဟိသော မြန်မာတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ရခိုင်တပ်များသည် အင်အားဖြည့်တင်းထားသော မြန်မာတပ်များနှင့်တိုက်ခိုက်ရာ အင်အားမမျှသဖြင့် လက်ဖန်အညာအရပ်သို့ဆုတ်ခွာပီးရကာ ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လဆန်း (၂) ရက် စနီနိတွင် စနည်းချောင်း၌ လှီတပ်တည်၍ နီကုန်၏။

သံတွဲမြို့ကိုဝိုင်းရံထားသော ရခိုင်ဗိုလ် မြို့သစ်စားမောင်ငယ်၊ ဗိုလ်ဘချစ်ရည်ရို့လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ် ၀ါခေါင်လတွင် လမ္မုချောင်းဝ၌ တပ်တည်၍နီကတ်ရကုန်၏။ မာန်အောင်မြို့ကို ၀ိုင်းရံထားသော လက်ရုံးဗိုလ်၊ တိမ်ကြားဗိုလ်ရို့လည်း စစ်ရေးမမျှသဖြင့် မာန်အောင်မြို့ အုန်းချောင်းဝ၌ တပ်တည်၍နီရကုန်၏။

ဤသို့ ရမ်းပြည့်၊ သံတွဲ၊ မာန်အောင်ရို့၌ ရခိုင်တပ်ရို့ အင်အားမသာကြောင်းကြားသိရလျှင် မြန်မာမြို့ဝန် ငလှစည်သူသည် အသစ်ခန့်ထားသော မာန်အောင်ဝန်ကို အရှိခုနှစ်ခရိုင်ကိုတိုက်ရန် လွှတ်လိုက်၏။ မြန်မာမာန်အောင်ဝန် သူရဲတထောင်နှင်ချီလာပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လပြည့်နိ၌ မအီချောင်းဝတွင် တပ်တည်လာ၏။ ယင်းသို့ တပ်တည်လာသော မာန်အောင်ဝန်သစ်တပ်အား ရခိုင်ဗိုလ်လမ္မုစားရွှေလူလား၍တိုက်သော် မြန်မာမာန်အောင်ဝန်သစ်တပ်တည် တယောက်မကြွင်းသီ၏။

ထိုအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်သည် အရေးမလှသောမြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် လူတထောင်နှင့် စစ်ကူရောက်လာ၏။ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလချောင်းဝ၌ တပ်တည်လာပြန်၏။ ထိုသတင်းကိုကြားသောအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်တပ်အား ရခိုင်တိမ်ကြားဗိုလ်တပ်လား၍တိုက်သော် မြန်မာတပ်ရို့ အတုန်းအရုံး သီကြီပျက်စီးရကုန်၏။ ယင်းနှစ်တွင် မြောက်ဦးဝန် မြန်မာငကျော်ထင်သည် မြို့သူကြီးငရကောက်ကို ဗိုလ်ချုပ်ခန့်ပြီးလျှင် ကုန်းအားရီအားချီလာပြီး လောင်းကြက်မြို့ဟောင်း၌ တပ်စောင့်ချ၍နီသော ရခိုင်ဗိုလ်စော်ကဲ၊ ဗိုလ်မှူးသောက်ကြာအောင်ရို့တပ်အား အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၏။ တပ်မှူးသောက်ကြာအောင်သည် လက်နက်ထိမှန် သီဆုံး၏။

၎င်းသက္ကရာဇ် တန်းဆောင်ဘုန်းလဆုတ် (၅) ရက် တလင်းလာနိတွင် လက်ယာမြန်အရပ်၌ တပ်စောင့်နီသော ပလက်စားဗိုလ်စံ၊ တပ်မှူးမောင်ရွှေရို့ဦးစီးသောရခိုင်တပ်ရို့အား မြန်မာတပ်ရို့လာတိုက်သဖြင့် အင်အားနည်းသော ရခိုင်တပ်ရို့သည် ကုန်းကြောင်းအားဖြင့် ဆုတ်ခွာပီးရ၏။ ငရကောက်အရပ်၌ တပ်စွဲထားသော ဗိုလ်အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် ဗိုလ်အောင်ကျော်ရွှေရို့လည်း ဗိုလ်ချင်းပြန်နီသော ဇေယျဝတီမြို့သို့ ဆုတ်ခွာပီးရ၏။

အရေးမသာသောအခြင်းအရာများကို ကြားရသောအခါ ဗိုလ်ချင်းပြန်သည် ဇေယျဝတီမြို့၌ဟိသော တပ်မှူးဗိုလ်မှူးရို့နှင့်တိုင်ပင်၍ စစ်ယှုံးသော ဗိုလ်မျက်တောင်ရှည်၊ လမ္မုစားဗိုလ်ရွှေလူ၊ ဗိုလ်တလိုင်းရှည်၊ ဒင်္ဂါးတောင်စား တုံးစံရွှေ၊ ဗိုလ်စော်ကဲအစဟိသော သုံးရာ့ခုနှစ်ကျိတ်သောလူရို့ကို မြန်မာနှင့်စစ်ပြီးသောအခါ အကုန်သူသတ်ပစ်မည်ဟု မှားယွင်းစွာ တိုင်ပင်ကြကုန်၏။

ထိုအခိုက် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် နဂါးရစ်မော်တင်လမ်းက ချီလာ၏။ မကျည်းကျွန်းအနားသို့ရောက်သောအခါ စတုကျွန်း၌တပ်စောင့်ချနီသော ရခိုင်ဗိုလ် တိုးအောင်ကျော်တပ် ဆီးကြိုတိုက်ခိုက်သဖြင့် တိုင်းတာဝန်အာကာငကျော်ထင်သည် မခံမရပ်နိုင်ဖြစ်ကာ ထွက်ပြီး၍ သံတွဲမြို့ထဲသို့ဝင်ကာ သံတွဲဝန်နှင့်ပေါင်းဖက်၍နီ၏။ တခါ ဗိုလ်ကျားကြီး၊ မြို့သစ်စားငဝေစသော မြန်မာတပ်ရို့ပေါင်းဖက်၍ စတုမြစ်သို့ချီလာ၏။

ဗမာဗိုလ်ကျားကြီးတပ်နှင့် စတုကျွန်း၌တပ်စွဲနီသော ရခိုင်တပ်ရို့သည် ရီကြောင်းတိုက်ပွဲဖြစ်ပွားရာ စစ်ကူမရသော ရခိုင်တပ်ရို့ အရေးမလှဆုတ်ခွာပီးရ၏။ ၄င်းရခိုင်စတုတပ်လည်း ရမ်းပြည့်စနည်းဖက်သို့ဝင်ကာ ဗိုလ်မျက်တောင်ရှည်တပ်နှင့် ပေါင်းဖက်၍နီ၏။

ထိုအခါ မြန်မာတိုင်းတာဝန်အာကာငကျော်ထင်နှင့် မြင်းဝန်ငမှိုင်းရို့သည် ကုန်းရီအားချီလာပြီး သံစစ်မြစ်သို့ရောက်လျင် စနည်းတွင်တပ်ချ၍နီသော ဗိုလ်ချုပ်မျက်တောင်ရှည်တပ်နှင့်တွိဆုံ၍ တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ပြောဆိုသောစကားကိုကြားနှင့်ပြီးသော ဗိုလ်ချုပ်မျက်တောင်ရှည်သည် အနည်းငယ်မျှရာ ရင်ဆိုင်တိုက်ခိုက်ပြီး ယှောင်ထွက်လား၏။

မြန်မာတိုင်းတာဝန်ငကျော်ထင်လည်း ရမ်းပြည့်၊ မာန်အောင်၊ သံတွဲမြို့ကို အစောင့်ချထားခပြီးလျှင် မြောက်ဦးမြို့တော်သို့ ချီတက်လာကုန်၏။ ကျောက်ငနွားအရပ်သို့ရောက်သောအခါ ရခိုင်တပ်များနှင့်တွိဆုံ၏။ သို့သော် ရခိုင်တပ်မှူးရို့သည် ဗိုလ်ချင်းပြန်၏စကားကို ကြားနှင့်ပြီးဖြစ်သောကြောင့် တိုက်ခိုက်လိုသည့်ဆန္ဒမဟိဘဲ တိမ်းယှောင်၍ နီကုန်၏။

ဗိုလ်ချင်းပြန်လည်း ကျူးကျော်လာသောမြန်မာတပ်ရို့အားတိုက်ခိုက်ရန် လမ္မုစားရွှေဗိုလ်၊ မြုံထောင်စားရို့ကို ထပ်လောင်း၍ ချီတက်ခိုင်း၏။ ရခိုင်တပ်မှူးဗိုလ်မှူးရို့သည် ဗိုလ်ချင်းပြန်၏အကြံကို သိရင်းစွဲဟိကြသည်နှင့် ထိုသို့ဤသို့ရာ တိမ်းယှောင်လားကြကုန်၏။ ဗိုလ်ချင်းပြန်သည် ဤအခြင်းအရာကို ကြားသိရသောအခါ မတည်မရပ်နိုင်ဘဲ နောင်တပူပန်ယူကျုံးမရဖြစ်ကာ လေးမြို့နီ ရခိုင်လူဦးရေစုစုပေါင်း ကိုးသောင်းကိုးထောင်ကို သိမ်းကျုံးပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ပြာသိုလပြည့် ဗုဒ္ဓူးနိတွင် ဇေယျဝတီမြို့မှ အင်္ဂလိပ်ပိုင် အနောက်ဘင်္ဂလားနယ်သို့ တိမ်းယှောင်ထွက်ခွာလာရ၏။

မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် တပ်အလုံးအရင်းဖြင့် အနောက်ဘင်္ဂလားဖက်သို့ချီတက်လာပြီး မုံတောတွင် တပ်စခန်းချလာပြန်၏။ ဤသို့ မြန်မာတိုင်းတာဝန်တပ်ချီလာကြောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန် ကြားသိလီလျှင် အင်္ဂလိပ်တပ်ရို့သည်လည်း အင်အားများစွာနှင့် နတ်မြစ်လက်ယာဖက်ကမ်းအရပ်၌ တပ်တည်၍ နီလာ၏။ ဤသို့ ဗိုလ်ချင်းပြန်နှင့် လက်ရို့ဗိုလ်ရို့သည် ရခိုင်နိုင်ငံတ၀ှမ်းလုံးအား မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ပြီးခါမှ မြန်မာစစ်အင်အားဖြည့်တင်းလာသည်ကို မခုခံနိုင်ဘဲ ပြန်လည်ဆုတ်ခွာ ပီးရကုန်၏။

(ဤသည်မှာ ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း စိုင်းတင်မြို့စား ရခိုင်ဗိုလ်ချင်းပြန်၏ ဒုတိယအကြိမ်မြန်မာတော်လှန်ရေးပင်ဖြစ်ပါသည်)
ရခိုင့်တော်လှန်ရေးနိဒါန်း (ပထမပိုင်း)

(ရခိုင်ရာဇ၀င်သစ်ကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။)

ကုန်းဘောင်မင်းဆက် မြန်မာဘုရင်ဘိုးတော်င၀ိုင်း၏သားတော် အိမ်ရှိငဥပရာဇာဦးစီး၍ ၇ာမရကန်ငတိုးလိုက်ပါသော မြန်မာကျူးကျော်သူနယ်ချဲ့ရို့သည် လွတ်လပ်သော အချုပ်အချာအာဏာလက်နက်ပိုင် ရခိုင်နိုင်ငံတော်ကြီးအား ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၇) ရက် စနီနိ။ ခရာဇ်သက္ကရာဇ် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နိတွင် မတရားကျူးကျော်သိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးရို့သည် မြန်မာကိုလိုနီကျန်ဘ၀သို့ ရောက်ခြင်းမလှ ရောက်လားရပါသည်။

ရခိုင်နိုင်ငံတော်၏ဘုရင်မဟာသမတရာဇာ (နံတော်စနီသား၊ သက်တော် ၄၂ နှစ်၊ နန်းစံ (၂) နှစ်အား) ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၁၅) ရက် တလဂုင်္နီနိ။ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခု ဇန္န၀ါရီလတွင် မြန်မာကျူးကျော်သူရို့သည် မတရားဖမ်းဆီး သံခြီချင်းခတ်ကာ မြန်မာပြည်သို့ အကျဉ်းသား သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လားပါသည်။

မြန်မာကျူးကျော်သူရို့သည် ရခိုင်နိုင်ငံတော်အား မတရားသိမ်းပိုက်ပြီးနောက် ရခိုင်နိုင်ငံတော်၏မြို့တော် မြောက်ဦးမြို့တွင် ဗမာနန္ဒငပကျန်အား မြို့ဝန်ထား၍အုပ်ချုပ်ခိုင်း၏။ ယေကေလဲ့ ရခိုင်ရို့သည် မြန်မာ့သူ့ကျွန်မခံဘဲ (၁၁၄၆) ခု တပေါင်းလကစ၍ ဒါးပိုင်ကြီး၏ယောက်ဖတော်ကျော်ပုံ၏ဦးဆောင်မှုကိုခံယူကာ မြန်မာကျူးကျော်သူများအား စတင်တော်လှန်ခကတ်ပါသည်။

တောင်မင်းကြီးကျော်ထွီး၊ ယင်း၏နောင်တော် မုဇုန္တတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့အမှုးပြုသော ရခိုင်တပ်ရို့သည်လည်း မြန်မာကျူးသော်သူရို့အား အနောက်အရပ်က အယာမခံ စွမ်းမာန်တရဲ တော်လှန်တိုက်ပွဲဝင်ခပါသည်။

မြန်မာနန္ဒငပကျန်သည် ရခိုင်ရို့၏တော်လှန်မှုကိုအကြောင်းပြုပြီး အပြစ်မဟိသော ရခိုင်ပြည်သူရို့အား လက်နက်ချရန်ဟု အကြောင်းပြကာ ပေါင်းတုန်အရပ်၌လူပေါင်းတထောင်၊ သရက်အုပ်အရပ်၌တထောင်၊ စံကားတောင်အရပ်၌နှစ်ထောင်၊ မြို့တော်ပရိစ္ဆေဒ၌ သုံးသောင်းခုနှစ်ထောင်၊ ပုခက်တွင်းသားအသူငယ်ရို့အား ဒါးကဇတ်သည်ကတသောင်း၊ ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောက်အရပ်၊ ဂေါင်းပြိုတောင်အရပ်၊ ပုရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြည်အရပ်၊ လက်မဖက်အရပ်၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်အရပ်ရို့၌ လူပေါင်း တသောင်းသျစ်သောင်းလေးထောင်ရို့ကို ယင်းနှစ်အတွင်းမှာပင် ယုတ်မာရိုင်းပြစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခကတ်ပါသည်။

ထို့အပြင် မြန်မာနန္ဒငပကျန်သည် ဒါးပိုင်ကြီးကျော်ပုံ၏မယား ကောင်းကျော်ထင်မကိုလည်း ကာမပိုင်လင်ယောက်ကျား ဟိယင့်သားနန့် ဗလက္ကာယ ယုတ်မာရိုင်းပြစွာ စော်ကားခသိမ့်၏။

တောင်မင်းကြီးကျော်ထွီးသည်လည်း စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ထံမှ စစ်ရေးအကူအညီရယူ၇န် ကြိုးစားခသည်။ အင်္ဂလိပ်ဗိုလ်ချုပ်နှင့် တွိဆုံဆွေးနွေးရာတွင် ဒါးပြန်စီး၏သမက် သာမကောင်းစံရွှေကို ဘာသာပြန်စီခိုင်း၏။ ယေကေလဲ့ မပြည်လည်သောကြောင့် မြို့သစ်ချောင်းညာဖက်သို့ခိုဝင်ကာ မြန်မာကျူးကျော်သူများအား ရရာလက်နက်စွဲကိုင်ကာ တော်လှန်ခပါသည်။

အားမတန်သဖြင့် လက်ဝဲမြန်ကုန်းဖောင်သည်၊ မုဇုန္ဒာတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့သည် အနောက်စစ်တကောင်းနယ်သို့ခိုဝင်၍ အင်္ဂလိပ်မြို့ဝန်က ကျွန်းရွာများပီးသနားထား၏။

(၁၁၄၆) ခု ကဆုန်လတွင် တောင်မင်းကြီးကျော်ထွီးသည် အနောက်စစ်တကောင်းအရပ်က တပ်စွဲ၍ မြန်မာကျူးကျော်သူရို့အား ခုခံတော်လှန်ယင်း လက်နက်ထိမှန်၍ ကျဆုံးခရသည်။

မြန်မာနန္ဒငကျန်၏တပ်များသည် တောင်မင်းကြီးကျော်ထွီး တော်လှန်သည်ကိုအကြောင်းပြု၍ မြို့သစ်ချောင်းအရပ်မှ မိမ္မအသူငယ်ရို့အား ကြိုးတုတ်ချိုင်နှောင်ကာ မြစ်ဝတွင်ပစ်ချ၍ ရက်စက်စွာ သတ်ဖြတ်ခကတ်သည်။ အနောက်စစ်တကောင်းအရပ်မှာ ရောက်လာသူ လူအပေါင်းရို့ကိုလည်း တောင်မင်းကြီးကျော်ထွီး၏လူဟုစွပ်စွဲကာ များစွာသတ်ဖြတ်ခကတ်၏။

ရခိုင်ပြည်တောင်ပိုင်း အနောက်ခုနှစ်ရိုင် တောင်စိုင်အရပ်၌ စနည်းရွာသားရို့သည်လည်း မြန်မာ့သူ့ကျန်မခံဘဲ ရမ်းပြည့်စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်လာခိုင်ရို့နှင့်ပေါင်းဖက်ကာ မြန်မာကျူးကျော်သူရို့အား တော်လှန်တိုက်ပွဲဝင်ကတ်ပါသည်။ ဤသည်ကိုအကြောင်းပြု၍ သံတွဲမြို့ကို ကျူးကျော်သိမ်းပိုက်ထားသော မြန်မာရာဇငသင်္ကြန်သည် သူ၏စစ်ကဲငလှကို လွှတ်ကာ စနည်းရွာသူရွာသားအားလုံးကို အစတုန်းသတ်ဖြတ်လိုက်ကြသည်။

မြန်မာကျူးကျော်သူရို့သည် ၁၁၄၉ ခု တပေါင်းလတွင် ရခိုင်ပြည်မှ ဘုန်းကြီးရဟန်း၊ မင်းသားမင်းသမီးစုစုပေါင်း ခုနှစ်ထောင့်ခုနှစ်ရာကို အမရပူရမြို့သို့ ဖမ်းဆီးခေါ်ဆောင်လားသည့်အပြင် သက္ကရာဇ် (၁၁၅၁) ခု နံယုန်လတွင် မြောက်ဦး၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့စသည်အရပ်ရို့က လူပေါင်းခြောက်ထောင်ကိုလည်း ယိုးဒယားကို စစ်တိုက်ရန် ဖမ်းဆီးခေါ်ဆောင်လား၏။

သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်း (၉) ရက်နိတွင် မြန်မာအနောက်ဖက်ငတိုက်ဝန်သည် ရခိုင်နိုင်ငံတော်မြောက်ဦးမြို့သို့ ၀န်ပြုလာပြီး (၂) နှစ်ကြာလျင် မြို့ဝန်ရာထူးမှ ပြုတ်ကျ၏။ မြန်မာပုသိမ်ငသခင်သည် ငသီဟဘွဲ့နာမည်ကိုခံလျက် ၁၁၅၂ ခု တပေါင်းလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့၌ ၀န်ပြုလာပြန်၏။ တနှစ်ဟိလျင် သီပြန်၏။

ပုသိမ်ငသခင်စုတေ့ပြီးလျင် မြန်မာတိုင်းတာဝန်သည် အာကာကငကျော်ထင်ဟူသောနာမည်ကိုခံလျက် ရခိုင်သက္ကရာဇ် (၁၁၅၃) ခု တန်းခူးလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့ကို ၀န်ပြုလာပြန်၏။ ယင်း အာကာငကျော်ထင်သည် (၂) နှစ်ဟိလျင် ရာထူးမှချောကျ၏။ အာကာငကျော်ထင်ရာထူးမှချောကျပြီးလျင် မြန်မာငကျော်လှသည် ငလှရာဇာဘွဲ့ကိုခံယူ၍ ရခိုင်သက္ကရာဇ် (၁၁၅၅) ခု တပိုးထွဲလဆန်း (၉) ရက် စနီနိတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့သို့ ၀န်လုပ်လာပြန်၏။

ငကျော်လှလက်ထက်တွင် ရမ်းပြည့်စားဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျဲတကောင်နိုင်ရို့သည် အနောက်စစ်တကောင်းနယ်ကို ခြီကုတ်ယူကာ မြန်မာကျူးကျော်သူများအား တော်လှန်တိုက်ပွဲဝင်ခပါသည်။ နေမျိုးငကုန်ဒရာ၊ ငပေါတလီစသော မြန်မာတပ်မှုးရို့သည် အင်္ဂလိပ်စစ်တကောင်းမြို့ဝန်နှင့်ပေါင်းဖက်ပြီး ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီးပီးရန်တောင်ဆို၏။

မြန်မာသူယုတ်ရို့သည် ရမ်းပြည့်၊ မာန်အောင်၊ မြောက်ဦး၊ လေးမြို့အရပ်အသီးသီးမှ လင်မယားအိမ်ထောင်စုံတအိမ်ကို ငွေဒင်္ဂါး (၅) ပြားစီကောက်ယူကာ စုစုပေါင်းငွေဒင်္ဂါး တသိန်းနှစ်သောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန်အား လဘ်ထိုး၏။ စစ်တကောင်းအင်္ဂလိပ်မြို့ဝန်သည်လည်း ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီး၍ (၁၁၅၆) ခု ပြာသိုလပြည့်ကျော် (၂) ရက် တလဂုင်္နီနိတွင် ပင်းဝါ (ရာမူး) ရာဇဖက်အရပ်၌ မြန်မာတပ်များအား လွှဲအပ်ပီးလိုက်၏။ အင်္ဂလိပ်မြို့ဝန်ကိုယ်တိုင် ကုလားဆင်ချောင်းဖျားတိုင်အောင် လိုက်ပို့ပီး၏။

သို့သော် ရခိုင့်ဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ပက်လက်၊ ဗိုလ်ကိုးခွက်စား၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျက်တောင်ဖြူ၊ ဗိုလ်တိုင်းချစ်ပရံ၊ နတ်တောင်စားဗိုလ်ရွှေကျော်၊ ဗိုလ်ဆယ်ခင်းစီးစသော သွီးသောက်ရဲဗိုလ်ကိုးဦးကား အင်္ဂလိပ်ရို့၏အဖမ်းအဆီးကိုတိမ်းယှောင်ကာ မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမာန်တရဲ ဆက်လက်တော်လှန် တိုက်ပွဲဝင်ခကတ်ပါသည်။

ဤသည်မှာ ပထမအကြိမ် (ရခိုင့်တော်လှန်ရေးနိဒါန်း) ပင်ဖြစ်ပါသည်။

(ဒုတိယပိုင်းဆက်ရန်)