Pages

Tuesday, January 29, 2013

သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်


Written by ဇင်ကီး    Tuesday, 29 January 2013 15:16    PDF Print E-mail
Ngapali-Thandwe-Sandoway-Rakhine-State-Myanmarရခိုင်ပြည် သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မူဆလင်ဘာသာဝင် ဘင်္ဂလီလူငယ်တစ်ဦးက ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေတွင် အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာနေ ရခိုင်ဗုဒ္ဓဘာသာဝင် (ဘ)ဦးပုတို၏သမီး မ၀င်းခင် (၃၄)နှစ်အား အောက်နတ်မော် ကျေးရွာအုပ်စု မြင်းစိမ်းမော်ကျေးရွာနေ ဘင်္ဂလီ မူဆလင် ဘ(ဦးမျိုးနိုင်)၏သား မျိုးကိုကိုဦး (ခ) အရှည်ကြီး (၂၁)က ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေ ၆ မိနစ် ၃၀ ခန့်တွင် ဆိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက် ဂိတ် ၅၀ ကွာ၊ ပြားတောထဲ၌ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ညနေက ဆိပ်ကြီးဘုန်းတော်ကြီးကျောင်းတွင် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မ၀င်းခင်ပွဲသို့သွားရောက်စဉ် မျိုးကိုကိုဦးက ၎င်းပွဲသို့လာရောက်ရာမှ အခင်းဖြစ်ပွားခဲ့ကြပြီး သမီးပျောက်၍ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန်က လိုက်ရှာရာဖြစ်၍ အဆိုပါပြားတောထဲ၌ မ၀င်းခင်ထိုင်၍ ငိုနေသည်ကိုတွေ့ရှိခဲ့ရသဖြင့် မေးမြန်းသောအခါ မျိုးကိုကိုဦးက အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ရှင်းပြသည်။
ယင်ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဒေါ်ပိန်ပိန်သည် ကွေ့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်းညွှန့်၊ ဂေါပက အဖွဲ့ဝင်များဖြစ်သော ဦးမြင့်နိုင်နှင့် ကိုလေးမောင်တို့ကို အခင်းဖြစ်ပြီး မကြာမီ သွားရောက်တိုင်တန်းခဲ့သော်လည်း အရေးယူခြင်း တစုံတရာမရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်ပိန်ပိန်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်တွင် ရွှေလှေရဲစခန်းသို့ သွားရောက် တိုင်တန်းရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ရဲစခန်းမှ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော မျိုးကိုကိုဦးအား ဖမ်းဆီးကာ သံတွဲမြို့နယ် ရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။   ARAKAN TIMES

No comments:

Post a Comment