Pages

Wednesday, October 9, 2013

သံတွဲတွင် ဒဏ်ရာရ၍ ဆေးရုံ ရောက်နေသူများကို RNDP မှ ငွေလှူဒါန်း

သတင်းOctober 9, 2013 at 12:56 pm

 

(နိရဉ္စရာ- ၉ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ
Than Dway
သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံ ရောက်နေသူများကို RNDP ဥက္ကဌ  ဒေါက်တာ အေးမောင်နှင့် အဖွဲ့က ငွေများလှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
ဒဏ်ရာရသူ တစ်ဦးကို ကျပ်ငွေ ငါးသောင်းစီ လှူဒါန်းသွားခဲ့သည်ဟု  ဒေသခံ လူမူရေး လူပ်ရှားနေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“၁၂ နာရီလောက်မှာ ဒေါက်တာအေးမောင်နဲ့အဖွဲ့ ရောက်လာပြီးတော့ ဖြစ်စဉ်တွေအားလုံးကို မေးမြန်း ပါတယ်။ လူနာတွေ ပြန်လည် ဖြေကြားတာတွေကို အသံသွင်းယူပါတယ်။  နောက်ပိုင်းမှာ လူနာတစ်ဦးကို ကျပ်ငွေ ငါးသောင်းစီ လှူဒါန်းသွားပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဒေါက်တာ အေးမောင်နှင့် အဖွဲ့သည် လူနာများကို အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။
ပဋိပက္ခ အတွင် ဒဏ်ရာရသူ  ၄ ဦးရှိပြီး  ဦးသောင်းကြည်မှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသူများမှာ  ဦးမြသိန်း၊ လင်းလင်းထွန်းနှင့် ကိုရန်နိုင်တို့ကို ဖြစ်ကြောင်း၊ သူတို့ကို လှူဒါန်းသွားခြင်းဖြစ်ကြောင်း ဆိုသည်။
အလားတူ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းလည်း သံတွဲဆေးရုံသို့ နံနက် ၁၀ နာရီက ရောက်ရှိလာပြီး ဒဏ်ရာရသူ တစ်ဦးကို ကျပ်ငွေ တစ်သောင်းစီ ကူညီ လှူဒါန်းသွားသည်ဟု သိရသည်။
ယင်းအပြင် သံတွဲမြို့နယ်တွင် ရခိုင်အိမ်ခြေ အများအပြားလည်း မီးရှို့ဖျက်ဆီးခံရရာတွင် ပါဝင်သွားခဲ့ပြီး လူပေါင်း ၅၀၀ ခန့်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရသဖြင့် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကူညီပေးကြရန်  သံတွဲကမ်းခြေ လူမူ ကွန်ယက်မှ မေတ္တာရပ်ခံထားသည်။
ကူညီလိုသူများသည်  ပုလဲဆရာတော် (ဖုံး- ၀၉၈၅၁၆၆ ၂၃ နှင့် ၀၀၉၅- ၄၃- ၄၂၀၃၀)သို့၎င်း၊  သိမ်ကုန်းဆရာတော် (၀၉၄၂၁၇ ၃၀၂၉) သို့၎င်း၊ သုခဝတီဆရာတော်-(၀၉၄၂၁၇၃၅၄၀၅) ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
- See more at: http://www.narinjara.com/burmese/?p=7308#sthash.9ERRRLUU.dpuf

No comments:

Post a Comment