“
သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး
ရဟန်းတော်များအဖွဲ့ ဗဟိုဌာန၊ သိမ်ကုန်း ကျောင်းတိုက် သံတွဲမြို့၊
ရခိုင်ပြည်နယ်”
ဖုန်း-ဥက္ကဋ္ဌဆရာတော် 09.4
21735387၊
ဒုတိယဥက္ကဋ္ဌဆရာတော် 09.421730291၊ အတွင်းရေးမှူးဆရာတော် 09.421735405၊
တွဲဖက်အတွင်းရေးမှူးဆရာတော် 09.421730211၊
၁၃၇၅-ခုနှစ် တော်သလင်းလကွယ်နေ့ 4.10.2013 သောကြာနေ့။
သဘောထားကြေငြာချက်။
၁၃၇၅ခုနှစ် တော်သလင်းလပြည့်ကျော် (၁၄) ရက် 3.10.2013 ကြာသာပတေးနေ့ ည (၈)
နာရီ မြန်မာ့အသံမှ ကြေငြာသွားခဲ့သော သံတွဲမြို့တွင် ဗုဒ္ဓဘာသာအိမ်များတွင်
သာသနာ့အလံများ စိုက်ထူကာ မူဆလင်ဘာသာ ဝင်များအိမ်နှင့် ခွဲခြားခြင်းဖြစ်ပြီး
ဗုဒ္ဓဘာသာများမှ အကွက်ချ တိုက်ခိုက်ခြင်း သဘောမျိုး သက်ရောက်အောင်
ကြေငြာသွားခဲ့ပါသည်။
သံတွဲမြို့နယ် ဗုဒ္ဓဘာသာအိမ်များ နေအိမ်တွင် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့
အခမ်းအနားကျင်းပစဉ်ကပင် မိမိ အစီအစဉ်ဖြင့် သာသနာ့အလံများ
စိုက်ထူခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် ပြန်မချပဲ စိုက်ထူးထားဆဲပင်ဖြစ်သည်။
ထိုအထဲတွင် မြို့ပေါ်၌သာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ထူပြီး တောနယ်များတွင်
သဘောမျှသာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာ့အသံမှ ကြေငြာချက်သည် မှားယွင်းသောကြေငြာခြင်းဖြစ်ပြီး
ဗုဒ္ဓဘာသာများအပေါ် တစ်ဖက်သက် စွပ်စွဲ၊ စော်ကား၊ ပုတ်ခတ်ရာရောက်ခြင်းကြောင့်
သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့မှ ရှုတ်ချပါကြောင်းနှင့် ပြန်လည်ပြင်ဆင် ကြေငြာ ပေးပါရန် သဘောထားကြေငြာချက် ထုတ်ပြန်လိုက်ပါသည်။
အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး
ရဟန်းတော်များအဖွဲ့
သံတွဲမြို့၊ ရခိုင်ပြည်နယ်။ — with Khin Tin and 19 others.
No comments:
Post a Comment