September 18, 2013 Posted by သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားတပ်ဖွဲ့များနောက် မြန်မာစစ်တပ်က လိုက်လံသဖြင့် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်းနေ ဒေသခံများကပြောပါသည်။
“စက်တင်ဘာ ၁၇ ရက် မနေ့က မွန်းလွဲပိုင်း ၂ နာရီ ကျော်ကျော် နမ္မတူမြို့ မိုင်းယင်အုပ်စုကောင်းကေးရွာဘက်
အင်အား ၅၀ ကျော်ရှိ SSPP/SSA က အဆိုပါ မြန်မာစစ်တပ်အား ကြိုတင်အကြောင်းကြားပြီးမှ လာရောက်လှုပ်ရှားခြင်း ဖြစ်ကြောင်း သို့သော် မြန်မာစစ်ကြောင်းသည် ၎င်းတို့နောက် တကောက်ကောက်လိုက်ရာ ကောင်းကေးရွာတွင် နားနေစဉ် ချောင်းမြောင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိ ကပြောသည်။
ထိုနေ့တွင်ပင် သျှမ်းပြည်တပ်မတော်၏ တပ်ရင်း ၄၂၃ အား မြန်မာစစ်တပ် ၅၀၄ ကပင် မိုင်းယင်အုပ်စု အနောက်ဘက်ရှိ မိုင်းယင်နှင့် ပန်ဟိုင်းရွာကြားတွင် လည်းကောင်း ကောင်းကုလားခေါ် ကောင်းခါးရွာဘက်တွင်လည်းကောင်း တပြိုင်နက် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
၎င်းနှင့်ပတ်သက်၍ SSPP/
ယခုလပထမပတ်နှင့် ဒုတိယပတ်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် နမ့်ခမ်း မန်တုံ မြို့နယ်မှ အစိုး ရတပ်မတော်နှင့် တိုင်းရင်းသား တပ်ပေါင်းစု (သျှမ်း၊ ကချင်၊ တအာင်း) တို့ ၂ ကြိမ်တိုက်ပွဲဖြစ်ပွါးရာ မြန်မာ အစိုးရ တပ်မတော်ဘက်မှ အကျ များ ကြောင်း ကွတ်ခိုင်မြို့ အခြေ စိုက် ပြည်သူ့စစ်အရာရှိငယ် မာတူး က ပြောပါသည်။
“ ကွတ်ခိုင်မြို့နယ် ကျေးရွာအုပ်စု ၀မ့်နှုတ်ခုံ့ရွာ ဆလန်းတောင်ကျော ဘက်မှာဖြစ်တဲ့တိုက်ပွဲပေါ့ ။ အစိုးရဘက်က ၁၀ ယောက်ကျော်ကျတယ်။ တပ်ပေါင်းစုဘက်က ၂ ယောက် သေတယ်။ သူတို့ရဲ့ လက်နက်တွေကိုလဲ အစိုးရဘက်က ဖမ်းမိ တယ် ” ဟု မာတူးကပြောသည်။
အဆိုပါ ကွတ်ခိုင်တိုက်ပွဲမတိုင်ခင်က ပြည်သူ့စစ်တပ်ဖွဲ့အား တပ်ပေါင်းစုက တိုက်ခိုက်ရာ မကျေနပ်သဖြင့် ပြည်သူ့ စစ်နှင့် အစိုးရပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင
“ဘာဖြစ်လို့ဒီတိုက်ပွဲဖြစ်လာသလဲ
တိုက်ပွဲကြောင့် ဒေသအတွင်းနေ ကချင်၊ သျှမ်း၊ ပလောင်၊ တရုတ် ဒေသခံများ မြို့ပေါ်သို့ လည်းကောင်း၊ တရုတ်နယ်စပ် ဘက်သို့လည်းကောင်း တိမ်းရှောင် ခဲ့ကြရကြောင်း ကွက်ခိုင်ဒေသခံ ဒေါ်အေးဆာ က ပြောပါသည်။
မြောက်ပိုင်း သျှမ်း ပြည်တပ်မတော် SSPP/

No comments:
Post a Comment