September 30, 2013 Posted by သျှမ်းသံတော်ဆင့်
၂၀၁၃ စက်တင်ဘာလလယ်အတွင်း မြန်မာအစိုးရစစ်တပ် နှင့် သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အစိုးရတပ်ဘက် လူသူ ၈၀ ထက်မနည်း သေကြေဒဏ်ရာရရှိသည်ဟု RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း မြန်မာစစ်တပ်နှင့် RCSS တို့အကြား တိုက်ပွဲ ပေါင်း ၈ ကြိမ် ထက်မနည်း ဖြစ်ပွါးခဲ့၏။ မြောက်ပိုင်းက SSPP/SSA တို့နှင့်လည်း ပစ်ခတ်ခဲ့မှုများရှိသည်ဟုဆို၏။ သျှမ်းပြည် တပ်မတော် ၂ ဖွဲ့စလုံးနှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် မြန်မာစစ်တပ်ဘက်က ၈၀ ထက်မနည်း သေကြေဒဏ်ရာ ရရှိသည်ဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။
“အခုလ ၁၀ ရက် အတွင်း ကျနော်တို့တပ်ဖွဲ့ နဲ့ကော၊ မြောက်ပိုင်းတပ်ဖွဲ့နဲ့ရော တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားတယ်။ အပစ် တွေ ရပ်ထားပြီးတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာမဖြစ်သင
စက်တင်ဘာလ ၂၈ ရက်က ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်မျူးကြီးစိုးဝင်းဆီထံ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကော
ထိုသို့ အပစ်ရပ် ထားပြီးနောက်ပိုင်းလည်း အစိုးရတပ် နှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုလုံး နှင့် တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့သည်။

No comments:
Post a Comment