Pages

Wednesday, March 13, 2013

ခိုးဝင်သူများနှင့် စားပွဲဝိုင်း အဖြေ မရှာနိုင်ဟု RNDP ဆို



ရခိုင်ပြည်နယ်သို့ ခို်းဝင်သူများနှင့် စာပွဲဝိုင်းတစ်ခုတည်းတွင် ထိုင်ကာ ပြဿနာ အဖြေရှာရန် အမေရိကန်သံအမတ် Derek Mitchell ၏ ပြောဆိုချက်ကို ရခိုင်တိုင်းရင်းသားများတိုးတက်
ရေးပါတီ (RNDP) က ငြင်းဆိုလိုက်သည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် နိုင်ငံသားစိစစ်ပြီးမှ သာလျှင် စာပွဲဝိုင်း အဖြေရှာနိုင်မည်ဖြစ်ကြောင်း RNDP ပါတီဝင်လည်းဖြစ်သော ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော် လူမှုစာမျက်နှာတွင်ဖော်ပြသည်။

အမေရိကန် သံအမတ် Derek Mitchell နှင့် အတူ ဗြိတိန် ဒုတိယ သံအမတ်၊ သြစတြေးလျ ဒုတိယ သံအမတ်နှင် USAID မှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မတ်လ ၁၁ ရက်နေ့တွင်ရောက်ရှိပြီး ယင်းနေ့ မွန်းလွဲ ၃နာရီကျော်မှ ၅နာရီကျော်အထ RNDP ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်။

တိုင်းရင်းသားများဆိုပါက စားပွဲဝိုင်းတွေ့ဆုံရန် ၀န်မလေးကြောင်း RNDP က ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို ရခိုင်ပြည်နယ်တွင် ပိတ်လှောင် မထားပဲ တစ်နိုင်ငံလုံးကို သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့် မရသူများကို ဒုက္ခသည်စခန်းဖြင့် ထားရန်၊ တတိယနိုင်ငံသို့ ပို့ရန် ယင်းသံအဖွဲ့ကို RNDPက အကြုံပြုခဲ့သည်။   facebook

No comments:

Post a Comment